မမဲ့ နဲ့ ငါ့နှမ
ကျနော်တို့ နှစ်ယောက်ရှိတယ်
ကျနော်တို့ လုပ်နိုင်စွမ်းသလောက်
ကျနော်တို့ လုပ်ပေးမယ်။
အမညီမတို
့ကလေးမသုံးယောက်
ကလေးထိန်းသိမ်းရေးစခန်းရောက်တာ
ဒေါါ်အေးအေးမာကတဆင့်
ကျနော်တို့ ဆီရောက်လာကြတာပေါ့ဗျာ။
အလုပ်သမားသံမှူးးဦးသိမ်းနိုင်ရှိတယ်
မဲဆောက်မှာအထူးအရာရှိဦးမိုးအောင်ခိုင်ရှိတယ်
ပြီးတော့...ခင်ဗျားတို့ သိပ်အားကိုးတဲ့
ဆရာမိုးရှိတယ်။
သူတို့ နဲ့အတူ
ကိုအောင်နဲ့ ကိုကိုကျော်လည်းရှိတယ်ဗျ။
ဒီမိုးနှစ်မိုးက
မေတ္တာမိုးနှစ်မိုးပဲဗျ။
ဒါဘာလုပ်တာလဲ
အမလက်ထဲကတစ်ထောင်ဘတ်
အမရင်ထဲပြန်အပ်ထားလိုက်စမ်းပါ
အမတွေ့ ဘူးတဲ့..
အမဆုံဘူးတဲ့
ငွေဆိုရင်အရူးအမူး
ဂုဏ်သိက္ခာကျတော့ခြူးတစ်ပြားမရှိ
ဟိုငတိတွေနဲ့ နိုင်းယှဉ်
ကျနော်တို့ ကိုပေးမခိုင်းချင်ပါနဲ့ဗျာ။
အမအိပ်ထဲကိုအမပိုက်ဆံပြန်ထည့်
ကျနော်တို့ ဟာတာဝန်သိစိတ်
တာဝန်ရှိစိတ်နဲ့ အလုပ်လုပ်တာပါ
ရင်ဘတ်နဲ့ အလုပ်လုပ်နေတာပါ ။
ဒီတော့....အမကရှုံ့ မဲ့မဲ့ နဲ့ 
တစ်ခုခုကျွေးပါရစေတဲ့
မငိုနဲ့ အမ...မငိုနဲ့အမ
အမကြွပ်ကြွပ်အိတ်ထဲက
ထန်းလျက်ခဲကလေး
ရေနွေးနဲ့ လွေးမယ်ဗျာ
အဲဒါပေါ့...အဲဒါပေါ့...
ဂုဏ်သိက္ခာတဲ့ဗျာ
ရင်ဘတ်ကလာတဲ့
-မေတ္တာပေါ့ခင်ဗျာ။
(ကလေးမ၁ဦးမိခင်ကိုင်ဆောင်ထားတဲ့ ရွာလူကြီး နဲ့ ပြည်သူ့ စစ်ပူးပေါင်း၅၀၀ဘတ်တန်လိုင်းကြေးလက်မှတ်)
==ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ မှာပီးခဲ့တဲ့ဖေဖော်ဝါရီလထိုင်းစစ်တပ်ဦးစီးပြီး အဖွဲ့ စုံကအထူးစီမံချက်အရဖမ်းဆီး ခဲ့ရာမှာမြန်မာရွှေ့ ပြောင်းလုပ်သား(၆၀၀)ခန့် အဖမ်းခံခဲ့ရပါတယ်။ဒီအထဲမှာ အသက်၁၈နှစ်မပြည့်သေးတဲ့(သို့ )အသက်၁၈နှစ်ပြည့်နေပေမယ့်လည်း လူကောင်သေးညှပ်တာမို့ လို့ ကလေးယာယီထိန်းသိမ်းရေးစခန်း(တာ့ခ်) ရောက်နေတာတွေလည်း
ရှိနေပါသေးတယ်။ပြီးခဲ့တဲ့၁၀ရက်လောက်က ကာယကံရှင်ကလေး၎ဦးရဲ့ မိခင်ဖခင်တွေမဲဆောက်မြို
့One Stop Service ရုံးကိုလာရောက်ဆက်သွယ်ခဲ့တာကြောင့်မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးအောင်နဲ့  ထိုင်းနိုင်ငံဆိုင်ရာအလုပ်သမားသံမှူးးဦးသိမ်းနိုင် တို့ ရဲ့ ညွှန်ကြားချက်အရအထူးအရာရှိဦးမိုးအောင်ခိုင်ကတာဝန်ယူပြီးမိဘတွေထံ ပြန်လည်
အပ်နှံပေးခဲ့ပါတယ်။
(ပြီးခဲ့တဲ့ဖေဖော်ဝါရီလအဖမ်း
လူက၁၈နှစ်ပြည့်ပါလျက်နဲ့ အကောင်သေးညှပ်သဖြင့်
အဖမ်းခံထားရတဲ့ကလေးမတစ်ဦး)
ဟော..ဒီနေ့ မှာလည်းအမျိုးသမီးနဲ့ ကလေးများကာကွယ်စောင့်ရှောက်ရေးအဖွဲ(SAW) ညွှန်ကြားရေးမှူးဒေါါ်အေးအေးမာကတဆင့်ဆရာမိုးထံဆက်သွယ်အကူအညီတောင်း တာရှိပါတယ်။အထူးအရာရှိဦးမိုးအောင်ခိုင်ကမြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးအောင်နဲ့ ထိုင်းနိုင်ငံဆိုင်ရာအလုပ်သမားသံမှူးးဦးသိမ်းနိုင် တို့ ရဲ့ ညွှန်ကြားချက်အရဒီကလေးမ၃ယောက်မိဘရင်ခွင်ထဲပြန်ရောက်ဖို တာ့ခ်ခရိုင်(ပြည်နယ်)လ၀ကဌာနနဲ့  ဆက်လက်ဆက်စပ်ဆောင်ရွက်နေဆဲရှိပါတယ်။
၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊
+သောင်ရင်းနဂါး+
**မငိုနဲ့ အမ

No comments:
Post a Comment