ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, April 29, 2015

== ရီးရဲမက်ဒရစ်အတွက်၃မှတ်ရမယ့်ပွဲနဲ့ လာလီဂါပွစဉ်(၃၄)လာပြီ==

> (၂၀၁၄၂၀၁၄-၁၅ဘောလုံးရာသီ စပိန်လာလီဂါရပ်ဝန်း)
လာလီဂါပွစဉ်(၃၄)ကို ဧပြီ ၃၀ ရက်မှာ ယှဉ်ပြိုင် ကစားတဲ့ အခါ ရီးရဲမက်ဒရစ်တို့ က အယ်လ်မာရီယာနဲ့  ဆုံတွေ့ရမှာဖြစ်လို့  ဂိုးပြတ်သွင်း အောင်ပွဲခံဖို့ ရှိနေပြီး အက်သလက်တီကိုတို့ က ဗီလာရီးရဲကွင်းမှာ သွား ရောက်ကစားရမှာမို့  ပွဲကျပ်ဖြစ်နေပါတယ်။ တန်းစီ ဇယားကိုစိုးမိုးပြီး လက်ကျန်ပွဲစဉ်တွေကို နိုင်ပွဲတွေနဲ့  ဖြတ်သန်းဖို့  ကြိုးစားနေတဲ့  ရီးရဲမက်ဒရစ်ရဲ့  ခြေစွမ်းကို စောင့် ကြည့် ရမှာဖြစ်ပါတယ်။

** ရီးရဲမက်ဒရစ် နဲ့ အယ်လ်မာရီယာ**
တန်းဆင်းဇုန်ဖိအားရှိနေတဲ့  အယ်လ်မာရီယာတို့  အတွက် အဝေးကွင်း ဖြစ်ပေမယ့်  တစ်မှတ်ရယူရေး မျှော်လင့်ချက်နဲ့ ဘာနေဗျူးကွင်းကို ချီတက်လာမှာ ဖြစ်ပါတယ်။ ဒါပေမယ့်  အနိုင်ရလိုစိတ်ပြင်းထန်နေတဲ့  ရီးရဲမက်ဒရစ်အဖွဲ့သားတွေကို ခြေရည်တူကစားဖို့ ဆို တာ မလွယ်ပါဘူး။ ရီးရဲမက်ဒရစ်တို့ ကတော့ အယ်လ် မာရီယာနဲ့ နောက်ဆုံးသုံးပွဲတွေ့ ဆုံခဲ့ မှု မှတ်တမ်းကို ကြည့် ရင် ဂိုးပြတ်သွင်း အောင်ပွဲခံခဲ့ တာချည်းဖြစ်တာ မို့  အခုပွဲမှာလည်း အဲဒီမှတ်တမ်းကောင်းကို ဆက်လက်ရေးထိုးမှာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်က အယ်လ်မာရီယာကို ရှစ်ဂိုးအထိသွင်းယူနိုင်ခဲ့ တဲ့  ရလဒ် ကို ဒီပွဲမှာ ပြန်လည်ဖော်ထုတ်နိုင်မလားဆိုတာ ရီးရဲ မက်ဒရစ်တိုက်စစ်မှူးတွေကို စောင့် ကြည့် ရမှာဖြစ်ပါတယ်။

 ** ဗီလာရီးရဲ နဲ့  အက်သလက်တီကို**
ဒီနှစ်သင်းရဲ့  ဆုံတွေ့ မှုကိုကြည့် ရင် အကြိတ်အနယ် ရှိခဲ့ ပြီး ဗီလာရီးရဲတို့ က အသာစီးရခဲ့တာများပါတယ်။ ဗီလာရီးရဲဟာ အက်သလက်တီကိုအသင်းကို ဘယ်လို ကစားရမယ်ဆိုတာ သိထားပြီး အမှတ်ရအောင်ကစား နိုင်တဲ့ စွမ်းရည်လည်းရှိပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင် အတွက် တိုက်ပွဲစိတ်ဓာတ်အပြည့် ရှိနေတဲ့  ဗီလာ ရီးရဲကိုပဲ အားပေးရမှာဖြစ်ပါတယ်။

 **ဗယ်လီကာနို နဲ့  ဗလင်စီယာ**

 ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာကို ခိုင်မာဖို့ အားထုတ် နေတဲ့  ဗလင်စီယာ တို့ အတွက် အကြိတ်အနယ်နွှဲရ မယ့်  ပွဲဖြစ်ပါတယ်။ ဗယ်လီကာနိုဟာ ဗလင်စီယာကို အကျပ်တွေ့အောင် ကစားနိုင်တဲ့အသင်းဖြစ်ပြီး တစ်မှတ်ရအောင်လည်း အားထုတ်နိုင်တဲ့စွမ်းရည် ရှိပါတယ်။ ဒါပေမယ့်  ဗယ်လီကာနိုကွင်းမှာ နောက် ဆုံးငါးပွဲကစားခဲ့ တဲ့ ခြေစွမ်းကိုကြည့် ရင် ဗလင်စီယာကို နိုင်ပွဲမရခဲ့ တာမို့  ဗလင်စီယာတို့  ဒီပွဲမှာ သုံးမှတ် စုဆောင်းနိုင်မယ့်  အခွင့် အရေးနည်းပါလိမ့် မယ်။  

** ဆယ်တာဗီဂို နဲ့ မာလာဂါ** 

 ခြေစွမ်းမကွာတဲ့ အသင်းတွေမို့  ပွဲကောင်းအဖြစ် မြင်တွေ့ ရဦးမှာဖြစ်ပါတယ်။ ဆယ်တာဗီဂိုကွင်းမှာ မာလာဂါနဲ့  နောက်ဆုံးငါးပွဲကစားခဲ့ တဲ့ ရလဒ်ကို ကြည့်  ရင် အိမ်ရှင်တို့  တစ်ပွဲသာနိုင်ပွဲရရှိထားပါတယ်။ မာလာဂါတို့ က ခြေစွမ်း ပြန်လည်တည်ငြိမ်နေတာမို့  အဝေးကွင်းဆိုပေမယ့်  အနိမ့် ဆုံးတစ်မှတ်တော့ စွမ်း ဆောင်နိုင်ပါလိမ့် မယ်။ 

**အီဘာ နဲ့ ဆီဗီလာ**
တစ်လှည့်စီအနိုင်ယူနေတဲ့  အသင်းတွေဖြစ်တာမို့ အခုပွဲမှာ အပြန်အလှန်ဖိအားပေးမှုတွေနဲ့  ရင်ဆိုင်ရ ပါလိမ့် မယ်။ ချန်ပီယံလိဂ်ဝင်ခွင့် အတွက် ဆီဗီလာတို့  ခြေကုန်ထုတ်မှာဖြစ်သလို အီဘာတို့ကလည်း တန်း ဆင်းဇုန်နဲ့  လွတ်ကင်းအောင် အားထည့် မှာမို့  ဆီဗီလာ တို့ သုံးမှတ်ဆိုတာ ခြေကုန်ထုတ်မှရပါလိမ့် မယ်။ 

**အယ်လ်ချီ နဲ့  ဒီပို့ တီဗို** 

တန်းဆင်းဇုန်က လွတ်ကင်းအောင်ကြိုးစားမယ့်  ဒီပို့ တီဗိုတို့ အတွက် ဒီပွဲမှာ အယ်လ်ချီဟာ အဟန့်  အတားဖြစ်နေပါတယ်။ အယ်လ်ချီတို့ က ဒီပို့ တီဗိုနဲ့  နောက်ဆုံးငါးပွဲ တွေ့ ဆုံခဲ့ တဲ့ ရလဒ်ကိုကြည့် ရင် နိုင်ပွဲ တစ်ပွဲသာ ရရှိထားတာမို့  ဒီပွဲမှာ အားကုန်ထုတ်မှာဖြစ် တဲ့ အတွက် ဒီပို့ တီဗိုတို့  ခက်ခဲမယ့် ပွဲပါ။ ဒါပေမယ့်  ဒီပွဲမှာ ဒီပို့ တီဗိုတို နိုင်ပွဲရှာဖွေပါလိမ့် မယ်။ ။ 

+မိုးမြင့်လင်းလက်+

(၂၀၁၄၂၀၁၄-၁၅ဘောလုံးရာသီ စပိန်လာလီဂါရပ်ဝန်း)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)