ဥရောပ၀င်ခွင့်သေချာဖို့အတွက် ရုန်းကန်နေတဲ့  အက်သလက်တီကိုအပါ အ၀င် တန်းဆင်းဇုန်ထဲက ရုန်းထွက်ဖို့ ကြိုးစားနေတဲ့ အယ်လ်မာရီယာ၊ တန်းဆင်း ဇုန်ထဲ မကျဆင်းအောင် ခြေကန်ထုတ်မယ့် လီဗန်တေးတို့ရဲ့ လာလီဂါပွဲစဉ် (၂၉)ကတော့ ပြင်းထန်တဲ့  ပေါက်ကွဲမှုတွေနဲ့ အတူ ဧပြီ ၄ ရက် ညပိုင်း နဲ့  ၅ ရက်နေ့တွေမှာ အသုံးတော်ခံကြပါဦးမယ်။
ကော်ဒိုဘာကွင်းမှာ သွားရောက်ကစားရမယ့်  အက်သလက် တီကိုအတွက် တကယ်ဆိုရင် ဒီပွဲက ရင်ခုန်စရာမကောင်းပါဘူး။ ဒီနှစ်လာလီဂါမှာ အိမ်ကွင်းတစ်ပွဲသာရှုံးထားတဲ့  အက်သလက်တီကို တို့ အတွက် ခြေစွမ်းကျဆင်းနေတဲ့  ကော်ဒိုဘာဟာ ပြိုင်ဘက်ကောင်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့်  အက်သလက်တီကိုရဲ့  ဆိုးရွားတဲ့ ခံစစ်ကြောင်းက ပြိုင်ဘက် ကော်ဒိုဘာ တိုက်စစ်မှူးတွေအတွက် အခွင့် အရေးတွေ ရရှိသွားနိုင် ပါတယ်။ ၂၆ ပွဲမှာ ၅၁ ဂိုးသွင်းထားနိုင်တဲ့  အက်သလက်တီကို တိုက်စစ်မှူးတွေ ဟာ အနိုင်ဆိုတာကို ဖန်တီးပုံဖော်နိုင်သူတွေဖြစ်တာမို့  ဒီပွဲမှာ အက်သလက်တီကို ပရိသတ်တွေ အောင်ပွဲခံတေးကို ဟစ်ကြွေးကြဦးမှာပါ။
ဆီဗီလာနှင့်  ဘီဘာအိုတို့ က ပြိုင်ဘက်ကောင်းတွေဖြစ်တဲ့ အပြင် လက်ရှိခြေစွမ်းက လည်း တူညီနေတာမို့ အကြိတ်အနယ်ရှိမယ့်  ပွဲကောင်းတစ်ပွဲဖြစ်ပါလိမ့် မယ်။ ဆီဗီ လာကို ဘယ်လိုကစားရမယ်ဆိုတာ သိရှိထားတဲ့  ဘီဘာအိုတို့ က အစဉ်အလာအရ နိုင်ပွဲရအောင်တော့ အားထုတ်ပါလိမ့် မယ်။ ဆီဗီလာရဲ့  ဒီနှစ်လာလီဂါမှာ စွမ်းဆောင် မှုကိုကြည့် ရင် အိမ်ကွင်း၊ှုံးပွဲမရှိအောင် ကစားနိုင်သူဖြစ်ပါတယ်။ ဒါပေမယ့်  ဆီဗီလာ ခံစစ်ကြောင်းက ကျိုးပေါက်နေတာမို့  ဘီဘာအိုတို့  တွန်းတွန်းတိုက်တိုက်နဲ့  ကစားရင် အခြေအနေကောင်းနိုင်ပါတယ်။ ၊ုန်းအားတူညီတဲ့ နှစ်သင်းမို့ ဒီပွဲရဲ့ရလဒ်ဟာ သရေတစ်မှတ်ဆိုရင် မျှတတယ်လို့  သတ်မှတ်ရမှာပါ။
နှစ်သင်းစလုံး တိုက်စစ်ဖွင့် ပြီး အပြန်အလှန် ဖိအားပေးကြမယ့် ပွဲကတော့ အယ်လ် မာရီယာနဲ့  လီဗန်တေးတို့  ပွဲပါပဲ။
အယ်လ်မာရီယာနဲ့  ကစားတိုင်း ခြေကုန်ထုတ်ရလေ့ရှိ တဲ့  လီဗန်တေးတို့ အခုပွဲမှာလည်း အားထည့် ကစားရဦးမှာ ဖြစ်ပါတယ်။ ပြင်းထန်တဲ့  ထိပ်တိုက်ဆုံတွေ့ မှုတိုင်း လီဗန်တေးတို့  အသာစီးရခဲ့ တာများပေမယ့်  ပွဲကျပ်အဖြစ် ပင်ပန်းကြီးစွာ ဖြတ်ကျော်ခဲ့ ရတာချည်းပါပဲ။ အဝေးကွင်းမှာကစားတိုင်း တိုက်စစ်မှူး တွေရဲ့  ဂိုးသွင်းစွမ်းရည်တွေ တုံ့ဆိုင်းနေတတ်တာမို့  လီဗန်တေးတို့  မျှော်လင့် ချက် ကြီးကြီးထားလို့ မရတဲ့  အနေအထားပါ။ ဒီပွဲလည်း အမှတ်ခွဲယူပြီး ကန့် လန့် ကာချရ မယ့် ပွဲ ဖြစ်နေပါတယ်။
မာလာဂါနဲ့  ဆိုစီဒက်တို့ ပွဲကတော့ မှတ်တမ်းသစ်ရေးထိုးနိုင်မလား ကြည့် ရမယ့်ပွဲ ပါပဲ။ ဒီနှစ်လာလီဂါမှာ အဝေးကွင်းနိုင်ပွဲတစ်ပွဲမှ မရသေးတဲ့  ဆိုစီဒက်ရဲ့ စွမ်းရည်က ဒီပွဲမှာ ရလဒ်ကောင်းဆောင်ကြဉ်းနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။ ခက်တာက ဆိုစီဒက် တိုက်စစ်မှူးတွေက အဝေးကွင်းမှာဆိုရင် ဂိုးမိုးခေါင်နေတတ်တာမို့  အနိုင် ဆိုတဲ့ မျှော်လင့် ချက်အိမ်မက် လက်တွေ့ဖြစ်လာဖို့  မလွယ်ပါဘူး။ မာလာဂါတို့ ကတော့ အိမ်ကွင်းမှာ အကောင်းဆုံးပုံစံရရှိနေတာမို့  တိုက်စစ်မှူးတွေ စွမ်းရည်မထက်မြက်ပေမယ့်  သုံးမှတ်အပြည့် ယူမယ့် မျှော်လင့် ချက်ထားလို့ ရမယ့်ပွဲပါ။ မာလာဂါရဲ့  နောက်ဆုံး ကစားခဲ့ တဲ့ သုံးပွဲရလဒ်ကိုကြည့် ရင် ဂရန်နာဒါ၊ ဗယ်လီကာနိုတို့ ကို ရှုံးပြီး ကော်ဒို ဘာကိုတော့ နိုင်ပွဲရထားတာမို့  မာလာဂါကိုလည်း ယုံကြည်မှုပေးရဖို့ တော့ ခက်ခက် ခဲခဲပါပဲ။ ဒါပေမယ့်  ဆိုစီဒက်ရဲ့  အဝေးကွင်းရလဒ်ဆိုးကို ပြောင်းလဲပစ်ဖို့ ဆိုတာ ကလည်း ဖြစ်နိုင်ခြေနည်းတာမို့ အားပေးတာကတော့ အိမ်ရှင်ကိုပဲ ရွေးချယ် လိုက်တာ ကောင်းပါတယ်။
+မိုးမြင့်လင်းလက်+
(အောင်ပွဲခံတေးဟစ်ကြွေးမယ့် အက်သလက်တီကိုမက်ဒရစ်)

No comments:
Post a Comment