ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, April 6, 2015

== ပေါ့ဘာကိုလု ကြမယ့်ပွဲ-ယှဉ်ပြိုင်နွှဲကြပြီ===

> (ဂျူဗင်တပ်စ်ကလပ်အသင်းရဲ့ ပလာတီနီလက်သစ်ဆိုသော ပေါ့ဘာ)
 လက်ရှိ ဂျူဗင်တပ်စ်အသင်းမှာ ခြေစွမ်းပြနေတဲ့  ပြင်သစ်ကွင်းလယ် ကစား သမား ပေါ့ဘာကို လာမယ့် နွေရာသီ အပြောင်းအရွှေ့ ကာလမှာ ခေါ်ယူလို တဲ့  ထိပ်တန်းအသင်းတွေ များပြားနေတာမို့  အခုအချိန်ကတည်းက ပေါ့ဘာ လုပွဲကြီး စတင်နေပြီဖြစ်ပါတယ်။ ပရီမီယာလိဂ်ထိပ်တန်းအသင်းတွေရော၊ လာလီဂါ ထိပ်တန်းအသင်းတွေ ရော အရခေါ်ယူဖို့  အခုကတည်းက ချဉ်းကပ်ကြ၊ ဆွေးနွေးကြနဲ့  အလုပ်တွေ ၊ှုပ်နေကြတာမို့  ပေါ့ဘာရဲ့  ခြေစွမ်းထက်မြက်မှုကို အကဲဖြတ်ကြည့် ဖို့ လိုအပ် လာပြီဖြစ်ပါတယ်။ ကျောနံပါတ် (၆) ဂျာစီအကျီ ကိုဝတ်ဆင်ပြီး ဂျူဗင်တပ်စ် ကွင်းလယ်မှာ ကစားနေတဲ့  ပေါ့ဘာဟာ တကယ်တော့ မန်ယူကနေ ၂၀၁၂ ခုနှစ်က ထွက်ခွာခဲ့ တဲ့  ကစားသမားဖြစ်ပြီး မန်ယူမှာ သုံးပွဲသာ ကစားခဲ့ ရတဲ့ သူ ဖြစ်ပါတယ်။၂၀၁၂ ခုနှစ်က စတင်ပြီး ဂျူဗင်တပ်စ် အသင်းမှာ ကစားတဲ့ အခါ ၈၆ ပွဲမှာ ၁၉ ဂိုး သွင်းယူထားနိုင်တဲ့ သူတစ်ဦးအဖြစ် ခြေစွမ်းပြကစားနေတဲ့  ကွင်းလယ် ကစားသမား ဖြစ်ပါတယ်။

(ပေါ့ဘာဟာတချိန်တုန်းက ပြင်သစ်အသင်းရဲ့ အသင်း ခေါင်းဆောင်နဲ့ ဂျူဗင်တပ်စ်ကွင်းလယ်ဘုရင်ဟောင်း မိုက်ကယ်ပလာတီနီ(ယခု-ယူအီးအက်ဖ်အေ--ဥက္ကဋ္ဌ)နဲ့ ကစားဟန်တူတယ်၊ပလာတီနီလက်သစ်လို့ တောင်
 တင်စားပြောဆိုနေတာ တွေရှိပါတယ်။)
ဒါ့အပြင် ပြင်သစ်အသင်းနဲ့ အတူ ယူ ၁၆ မှာ ၁၇ ပွဲ ကစားပြီး တစ်ဂိုးသွင်းယူနိုင်ခဲ့ သလို ပြင်သစ် ယူ ၁၇၊ ယူ ၁၈၊ ယူ ၁၉နဲ့  ပြင်သစ်ယူ ၂၀ ပွဲစဉ်တွေအပြင် အခုဆိုရင် ပြင်သစ်လက်ရွေးစင်အသင်းမှာ လည်း ပါဝင်ခြေစွမ်းပြနေသူဖြစ်ပါတယ်။ ပြင်သစ်အသင်းအတွက် ၂၂ ပွဲ ကစားပေးထားပြီး ငါးဂိုးသွင်းယူပေးထားတာမို့ အသက် ၂၂ နှစ်အရွယ် ပေါ့ဘာကို လာလီဂါ ထိပ်သီးကလပ်တွေဖြစ်တဲ့  ဘာစီလိုနာနဲ့  ရီးရဲမက်ဒရစ် တို့ က ခေါ်ယူဖို့ ကြိုးစားနေကြပြီဖြစ်ပါတယ်။ မန်ယူက လာမယ့်နွေရာသီမှာ ပေါ့ဘာကို ခေါ်ယူဖို့ ပေါင်သန်း ၄၀ အသုံးပြုမယ်လို့  နည်းပြဗန်ဟားလ်က
ဆန္ဒ-ရှိနေတယ်လို့  ဆိုပါတယ်။ မန်ယူ ရဲ့  အထာကို သိရှိပြီးဖြစ်တဲ့  ပေါ့ဘာလို လူငယ်ကွင်းလယ်တိုက်စစ်မှူး တစ်ဦး ကို ပြန်လည်ခေါ်ယူတာဟာ မန်ယူအတွက် အဓိပ္ပါံယ်ရှိတဲ့ လုပ်ရပ်လို့လည်း နည်းပြဗန်ဟားလ်က ပြောကြားနေပါတယ်။ 

(ပြင်သစ်အသင်းရဲ့ ပေါ့ဘာ)

ဒါ့အပြင် ဘာစီလိုနာကလည်း ပေါ့ဘာကို ခေါ်ယူစာချုပ်နိုင်ရေး ကြိုးစားနေ ပေမယ့် ၂၀၁၆ နှစ်ကုန်အထိ ဘောလုံးသမားဝယ်ယူခွင့် မပြုထားတဲ့ အတွက် အခက်တွေ့ နေပါတယ်။ ဒါပေမယ့်  အခုကတည်းက ကြိုတင်စာချုပ်ချုပ်ဆိုထား လိုတဲ့  ဆန္ဒရှိနေတယ်လို့ ဆိုပါတယ်။ ဘာစီလိုနာ ကွင်းလယ်အားကို လူငယ် ခြေတက်တွေနဲ့  အစားထိုးဖို့  ကြိုတင်ပြင်ဆင်မှု တစ်ရပ်လည်းဖြစ်ပါတယ်။ မန်စီးတီးကလည်း ပေါ့ဘာကို ခေါ်ယူရေး ကြိုးစားနေပြီး ပြောင်းရွှေ့ ကြေး ပေါင်သန်း ၅၀ ပေးဖို့  အသင့် ရှိနေတယ်လို့  ဆိုပါတယ်။ ချယ်လ်ဆီးကလည်း အသင်းမှာ ခြေစွမ်းကျဆင်းနေတဲ့  အော်စကာနဲ့ ရာမီးရက်စ်တို့ ကို လာမယ့် နွေရာသီမှာထုတ်ရောင်းပြီး ရတဲ့ ငွေကြေးနဲ့ ပေါ့ဘာကို ၀ယ်ယူဖို့ စီစဉ်နေပါတယ်။ ပီအက်စ်ဂျီအသင်းကလည်း ကွင်းလယ်ကစားအားကို လူငယ်ကစားသမားနဲ့  အစားထိုးဖို့  စီစဉ်တဲ့ နေရာမှာ ပေါ့ဘာကို ပစ်မှတ်ထားနေတာမို့  ဂျုဗင်တပ်စ်က အခုဆိုရင် ဈေးကိုင်နေပြီဖြစ်ပါတယ်။

(၁၉၉၈ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်အသင်းရဲ့ အသင်း ခေါင်းဆောင်ဟောင်းနဲ့ လက်ရှိ ပြင်သစ်အသင်း

နည်းပြ ဒါဒီယာဒက်စ်ချမ့်  နဲ့ ပေါ့ဘာ)

 ဂျူဗင်တပ်စ်တို့ က ပေါ့ဘာကို ၂၀၁၈ ခုနှစ် ဇွန်လအထိ စာချုပ်ချုပ်ဆိုထားတာမို့ အခုအချိန်မှာ ထုတ်ရောင်းမှာ မဟုတ်ဘူးလို့  ဆိုနေပါတယ်။ ၂၀၁၃ ခုနှစ် ဖီဖာယူ - ၂၀ မှာ ရွှေဖိနပ်ဆု၊ အကောင်းဆုံး လူငယ်ကစား သမားဆု၊ ၂၀၁၄ ခုနှစ် အကောင်းဆုံး လူငယ်ကစားသမားဆုနဲ့ ဘရာဗို ၂၀၁၄ ဆုတွေ ရရှိထားတာမို့  ပေါ့ဘာရဲ့  စွမ်းရည်ကလည်း အကောင်းဆုံး ဖော်ထုတ်ပြသနေတာကြောင့်  လာမယ့်နွေရာသီ အပြောင်းအရွှေ့ ကာလမှာ ပေါ့ဘာဘယ်အသင်းကို ရောက်ရှိသွားမလဲဆိုတာ စောင့် ကြည့်ရမှာဖြစ်ပါ တယ်။

 +မိုးမြင့်လင်းလက်+

(ဂျူဗင်တပ်စ်ကလပ်အသင်းရဲ့ ပလာတီနီလက်သစ်ဆိုသော ပေါ့ဘာ)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)