ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, April 26, 2015

==လူထုကျန်းမာရေး(နွေရာသီ အုန်းစိမ်းရည်သောက်ခြင်းအကျိုး)==

>
**Public Health**
 ရှေးလူကြီး များသည် နွေရာသီ ရောက်လာသော အခါ ကျောက်၊ ဝက်သက် စသော အပူကန်၊ အပူငုပ် ရောဂါများ ကာကွယ်နိုင်ရန် အသားမရင့် သေးသော အုန်းစိမ်းရည်ကို တိုက်လေ့ ရှိသည်။ အသား တည်ခါစ ဇွန်းခြစ်ဟု ခေါ်ဆိုသော အုန်းစိမ်းရည်သ ည် အုန်းခြောက်ရည် နှင့်မတူ ဆန့်ကျင်ဘက် ဖြစ်သည်။ အကျိုးသွား မှာလည်းမတူ။ အုန်းခြောက်ရည် သောက်လျှင် အပူကန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ယားနာများ ထခြင်း စသော ဆိုးကျိုးများ ခံစားရလေ့ ရှိသည်။ အုန်းစိမ်းရည်နှင့် အုန်းခြောက်ရည် မတူညီသော ခြားနားချက်မှာ အုန်းရည်ပေါ်တွင် အဆီများ ဝေ့နေလျှင် အုန်းခြောက်ရည် ဖြစ်နိုင်သည်။ အရသာမှာ အချိုနှင့် အငန် ရောစပ်နေသည်။ လေသလပ် ထားလျှင် ခဏအတွင်း အချဉ်ဓာတ်ပေါက် သွားလေ့ ရှိသည်။ ထို့ကြောင့် ရှေးက ဆေးဆရာကြီး များက ကျောက်၊ ဝက်သက် ရောဂါများ ကုသရာတွင် အုန်းစိမ်းရည် ချက်ချင်းမရ နိုင်ပါက နတ်အုန်းသီး ကဲ့သို့ အုန်းခြောက်ရည် ကို ယူပြီး မီးဖြင့် ဆူပွက်အောင် ကျိုကာ ဆေးနှင့် ရောတိုက်လေ့ ရှိသည်။ စာရေးသူသည် အလွန် ပူပြင်းသော နွေရာသီ တစ်ခုတွင် ရန်ကုန်မြို့မှ မြစ်တစ်ဖက်ကမ်း သို့ကူးပြီး သန်လျင်မြို့ရှိ ကျောက်တန်း ရေလယ်ဘုရား သို့ သွားခဲ့ဖူးသည်။ ကျောက်တန်း ရေလယ်ဘုရား ၏ တစ်ဖက်ကမ်းတွင် ခိုလှုံစရာ အရိပ်မရှိ၊ နေကလည်း ပူပြင်း နေချိန်တွင် အရိပ်မိုး ပေးထား သော အုန်းစိမ်း အခိုင်လိုက်ကို ချက်ချင်း ဖောက်ပြီး သောက်ရန် ရောင်းချသော ဆိုင်လေးများကို တွေ့ရသည်။

  ဆိုင်ရှင် အမျိုးသမီးက ''နေပူထဲက လာရင် ရေခဲရေ မသောက်နဲ့ အပူငုပ်ပြီး လည်ချောင်း နာလိမ့်မယ်။ အုန်းစိမ်းရည် သောက်၊ အပူငြိမ်းတယ် '' ဟု ပြောသဖြင့် အုန်းစိမ်းရည် တစ်လုံးကို ပိုက်တပ်ပြီး စုပ်သောက်လိုက် သောအခါ ရင်တွင်းမှ အေးသွားပြီး အားရှိသွား သကဲ့သို့ ခံစားရ ပါသည်။ ဂျပန်ခေတ် ဆေးဝါး ရှားပါးသော ကာလက အားပြတ်သော လူနာများ၊ ဝမ်းလျှော၊ ဝမ်းပျက်သော လူနာများကို ဂလူးကို့စ် အချိုရည် မရှိသဖြင့် အုန်းစိမ်းကို ထိပ်မှ ကြွက်မြီးဖြုတ်ပြီး အပ်စိုက်ကာ အကြောဆေး အဖြစ် သွင်းပေး ရသည်ဟု ဖတ်ရဖူးသည်။ အုန်းစိမ်းရည် ၏ အစွမ်း သတ္တိမှာ အနောက်တိုင်း ဆရာဝန်များ ကပင် အသိအမှတ်ပြု သုံးစွဲကြ ရသည်။ အုန်းသီး၏ ထူးခြားချက် များမှာ အတွင်း၌ ရှိနေသော အုန်းရည်သည် မခွဲမဖောက် သမျှ ကာလပတ်လုံး ခန်းသွားသည်ဟု မရှိ၊ ချဉ်သွားသည် ဟူ၍လည်း မရှိပေ။

 ယခုအခါ လူနေ ထူထပ်သော မြို့ကြီးများတွင် အပူရှိန် မြင့်တက်လာ သဖြင့် Heat Stroke ခေါ်အပူရှပ်၍ လေဖြတ်ခြင်း၊ ဦးနှောက် သွေးကြော ပေါက်ခြင်းတို့ အဖြစ်များသော ရာသီဖြစ်သည်။ ဆီးပူ၊ ဆီးအောင့် ရောဂါများလည်း အဖြစ်များသည်။ အမျိုးသမီး များတွင် မီးယပ်ဖြူဆင်း ရောဂါ၊ သွေးဆင်းလွန် သောရောဂါများ ဖြစ်လေ့ ရှိသည်။ ထိုကဲ့သို့ အပူကန်၊ အပူငုပ် ရောဂါများအတွက် အုန်းစိမ်းရည်ကို သောက်ပေး ခြင်းဖြင့် သက်သာ စေနိုင်သည်။ အမျိုးသား လူကြီးများ ဖြစ်လေ့ရှိသော ဆီးကျိတ်ရောင် ရောဂါကိုလည်း သက်သာ စေနိုင်သည်။ အုန်းစိမ်း ရည်သည် အာဟာရဓာတ် ကြွယ်ဝပြီး အပူငြိမ်း ရုံသာမက အရိုးအဆစ်၊ အရွတ်၊ ကြွက်သားများပါ ကောင်းစေ နိုင်သော အာနိသင် အထူးရှိသည်။ 

Credit - ကြည်မြင့်လွင် (မုဒြာ) 
Yadanarpondaily

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)