ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, April 30, 2015

== မေ၀ဲသားနဲ့  ပတ်ကွီယို ..ဘယ်သူအလဲထိုးမလဲနှင့် ယခုလအတွင်းဟိုအကြောင်း၊ဒိအကြောင်း၊သူတို့ အကြောင်း==

>
** မေ၀ဲသားနဲ့  ပတ်ကွီယို ..ဘယ်သူအလဲထိုးမလဲ** 

လက်စ်ဗီးဂတ်စ်မြို့တွင် မေ ၂ ရက်မှာ ထိုးသတ်မယ့်  မေ၀ဲသားနဲ့  ပတ်ကွီယိုတို့ ရဲ့  လက်ဝှေ့ပွဲကတော့ ပရိသတ်တွေ အတော်လေး စိတ်ဝင်တစားရှိနေကြပါတယ်။ ပြိုင်ပွဲမတိုင်မီက လက်မှတ်တွေ ရောင်းမလောက်အောင် ဖြစ်ခဲ့ရတဲ့ ပြိုင်ပွဲပါ။ ပြိုင်ပွဲ စီစဉ်သူတွေက ပရိသတ်တွေကို လက်မှတ်ထုတ်ရောင်းမှုနည်းခဲ့ တာကြောင့် လက်မှတ်ဈေးတွေ အဆမတန်မြင့် တက်ခဲ့ တဲ့ ပွဲဖြစ်ပါတယ်။ ဒီလက်ဝှေ့ပွဲက လက်စ်ဗီးဂတ်မြို့မှာ ထိုးသတ်တဲ့  လက်ဝှေ့ သမိုင်းမှာ ကြေး အကြီးဆုံးပြိုင်ပွဲလို့ ဆိုပါတယ်။ ပြိုင်ပွဲမှာ အနိုင်ရတဲ့ လက်ဝှေ့သမားဟာ ထိုက်ထိုက်တန်တန် ဆုကြေးငွေ ဆွတ်ခူးရရှိနိုင်မှာ ဖြစ်ပါတယ်။ ပေါင်သန်း ၂၅၀ အထိ ၀င်ငွေရရှိလိမ့် မယ်လို့  မျှော်လင့် ထားတယ်လို့  ဆိုပါတယ်။
ဒီလက်ဝှေ့  ပွဲမှာ ဘယ်သူအနိုင်ရသွားမလဲဆိုတာကိုတော့ ပရိသတ်တွေ အထူးစိတ်ဝင်စားနေကြပါတယ်။ ဗြိတိသျှ ဂန၀င်လက်ဝှေ့ သမားကြီး ရစ်ကီးဟက်တန်ကတော့ ဒီပွဲမှာ မေ၀ဲသား အနိုင်ရသွားနိုင်တယ်လို့  ခန့် မှန်းထားပါတယ်။ မေ၀ဲသားနဲ့  ဟက်တန်တို့ ဟာ ၂၀၀၇ ခုနှစ်က ယှဉ်ပြိုင်ထိုးသတ်ခဲ့ ကြပါတယ်။ ဒီပွဲမှာ မေ၀ဲသားက ဟက်တန်ကို ၁၀ ချီနဲ့  အလဲထိုး နိုင်ခဲ့ ပါတယ်။ နှစ်နှစ်အကြာမှာ ပတ်ကွီယိုကလည်း ဟက်တန်ကို အလဲထိုး အနိုင်ယူနိုင်ခဲ့ ပါတယ်။ ပတ်ကွီယိုနဲ့ မေ၀ဲ သားတို့ ရဲ့  အစွမ်းကို သိထားတဲ့  ဟက်တန်က ဒီပွဲမှာမေ၀ဲသားအနိုင်ရသွားနိုင်တယ်လို့  ခန့် မှန်းထားပါတယ်။ မေ၀ဲသား နဲ့ ပတ်ကွီယိုတို့ရဲ့  ပြိုင်ပွဲဟာWBC-WBA-WBO ၀ယ်တာဝိတ်တန်း ပြိုင်ပွဲဖြစ်ပါတယ်။ အနိုင်ရတဲ့  လက်ဝှေ့  သမားဟာ ချန်ပီယံခါးပတ်ဆုကို ပိုင်ဆိုင်မှာ ဖြစ်ပါတယ်။(ကောင်းမြတ်သူ)

**ဆူကီဝါးတားဟောက်စ်နဲ့  ဂျိမ်းစ်မာ့စ်ဒွန်တို့ တွဲနေပြီလား**
ဆူကီဝါးတားဟောက်စ်နဲ့  ဂျိမ်းစ်မာ့စ်ဒွန်တို့နှစ်ဦးရဲ့  ဟောလိဝုဒ်ပြင်ပမှာအတူတကွညစာ ထွက်စားတဲ့ပုံတွေ အွန်လိုင်းမှာတက်လာပြီးနောက် သူတို့နှစ်ဦးတွဲနေပြီလားဆိုပြီး မီဒီယာ တွေက အသားပေးဖော်ပြလာကြပါတယ်။ အသက် ၂၃ နှစ်အရွယ်ဆူကီနဲ့ အသက် ၄၁ နှစ်ရှိနေပြီ ဖြစ်တဲ့  X-Manကြယ်ပွင့် မာ့စ်ဒွန်တို့ နှစ်ဦးဟာ ဧပြီ ၂၅ ရက်က မထင်မရှားစားသောက်ဆိုင်လေး ထဲကထွက်လာပြီး ဆူကီကို ဂျိမ်းစ်ကကားတံခါးအထိပါလိုက် ဖွင့် ပေးခဲ့ လို့ အခုလိုသတင်းတွေ ထွက်လာတာဖြစ်ပါတယ်။ သတင်းရင်းမြစ်တစ်ခုကတော့ ““သူတို့နှစ်ဦးဟာ အလုပ်အတွက်ပဲဆွေးနွေးခဲ့တာ ဖြစ်ပြီး ဆူကီကအခုထိတစ်ယောက်တည်းပါပဲ။ သူကတစ်စုံတစ်ယောက်နဲ့ ဒိတ်လုပ်ရမှာ စိတ်လှုပ်ရှားနေခဲ့ပြီး သူ့ ဘ၀ရဲ့  တိုးတက်ရာတိုးတက်ကြောင်းအတွက်ပဲ အချိန်ပေးချင်နေတယ်”” လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ၀ါးတားဟောက်စ်နဲ့ ချစ်သူဟောင်းဘရက်ဒလေကူးပါးတို့ဟာ ပြီးခဲ့တဲ့မတ်လက ချစ်သူအဖြစ်ပြတ်စဲခဲ့ ပေမယ့် လည်း အခုချိန်ထိမိတ်ဆွေကောင်းအဖြစ်ဆက်လက်ရှိနေတုန်းပါပဲ။ ပြီးခဲ့ တဲ့  မတ်လကE! Newsမှာ ““ဘရက်ဒလေနဲ့ဆူကီတို့ နှစ်ယောက်ဟာ ဖြစ်ချင်တဲ့ ဆန္ဒတွေမတူညီခဲ့ကြလို့လမ်းခွဲခဲ့ ကြပေမယ့် မိတ်ဆွေကောင်းအနေနဲ့ ဆက်လက်ရှိနေတုန်းပဲ။ ဘရက်ဒလေကသူ့ အသက်အရွယ်အရ မိသားစုဘ၀ကိုထူထောင်ချင်ပေမယ့်  ဆူကီကအဲဒီအတွက်အဆင်သင့်ဖြစ်မနေခဲ့ ဘူး။ ဆူကီကဘရက်ဒလေကိုချစ်သလို၊ ဘရက်ဒလေကလည်း ဆူကီ့ကိုချစ်ပါတယ်။ ဒါပေမယ့် ဆူကီကငယ်သေးတော့ မိခင်ဘ၀မရောက်ခင် အောင်မြင်တဲ့ အနုပညာရှင်အဖြစ်စိတ်လွတ် ကိုယ်လွတ်လုပ်ကိုင်ချင်တဲ့ဆန္ဒရှိနေခဲ့ တယ်””လို့ ဖော်ပြခဲ့ ပါတယ်။ ၀ါးတားဟောက်စ်နဲ့မာ့စ်ဒွန်တို့နှစ်ဦးကတော့ ပြီးခဲ့တဲ့အပတ်ကကျင်းပခဲ့တဲ့ကိတ်ဟက်ပ် ဆန်ရဲ့ မွေးနေ့ပါတီမှာ စတင်တွေ့ခဲ့ ကြတာဖြစ်ပြီး အဲဒီပွဲမှာအတူတကွ တွဲကခဲ့ ပါသေးတယ်။ (မေလဲ့သင်း)

**မက်ဆီ၊ နေမာ၊ ဆွာရက်ဇ်တောင်အမေရိကတိုက်စစ်အတွဲ..ယခုရာသီမကုန်မီ သွင်းဂိုး၁၀၀ကျော်ရှိလာ**

တောင်အမေရိကတိုက်စစ်အတွဲဖြစ်တဲ့  မက်ဆီ၊ နေမာ၊ ဆွာရက်ဇ်တို့ ဟာ ဘာစီလိုနာက ဂီတာဖေးကို ခြောက်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိတဲ့ ပွဲမှာ သူတို့တိုက်စစ်တွဲကပဲ ငါးဂိုးအထိသွင်းယူနိုင်ခဲ့တဲ့ အတွက် ယခုရာသီမှာတိုက်စစ်မှူးသုံးဦးပေါင်း သွင်းဂိုး၁၀၂ ဂိုးအထိရှိလာခဲ့ ပြီ ဖြစ်ပါတယ်။ ဒီတောင်အမေရိက တြိဂံတိုက်စစ် အတွဲဟာ ၂၀၀၈-၂၀၀၉ နည်းပြဂွါဒီယိုလာလက်ထက် အွန်နရီ-မက်ဆီ-အီတူးသွင်းယူခဲ့ တဲ့  စံချိန်တင် သွင်းဂိုး ၉၉ ဂိုးကို ကျော်လွန်ခဲ့ တာဖြစ်ပါတယ်။ ပြီးခဲ့ တဲ့ ရာသီက လာလီဂါအကောင်းဆုံးတိုက်စစ်တွဲအဖြစ်သတ်မှတ်ခံခဲ့ရတဲ့ စီ၊ိုနယ်လ်ဒို- ဘင်ဇီမာ- ဂါရတ်ဘေးလ်တိုက်စစ်အတွဲကတောင်ပြိုင်ပွဲစုံ စုစုပေါင်း၁၄၃ပွဲမှာ သွင်းဂိုး၉၇ဂိုးပဲ သွင်းယူနိုင်ခဲ့တာပါ။ ဒါကြောင့်  တိုက်စစ်မှူးဆွာရက်ဇ်က မေ၆ရက်မှာယှဉ်ပြိုင်ကစားမယ့်  ချန်ပီယံလိဂ်အကြိုဗိုလ်လုပွဲမှာ ဘာကာအနေနဲ့ လက်ရှိကော င်းမွန်တဲ့ ခြေစွမ်းကိုဆက်ထိန်းပြီး ဘိုင်ယန်ကိုရင်ဆိုင်သွားမယ်လို့ ဆိုခဲ့ ပါတယ်။ ဘိုင်ယန်အနေနဲ့ လည်း လက်ရှိမှာအသင်းရဲ့ အားထားရတဲ့  တောင်ပံတိုက်စစ်မှူးအာဂျန်ရော်ဘင်ကို ဒဏ်ရာ ပြ၊နာကြောင့်  ဘာကာနဲ့ ပွဲမှာ အသုံးပြုနိုင်မှာမဟုတ်လို့  တိုက်စစ်ပိုင်းအားနည်းသွားနိုင်ပါတယ်။ ဘာစီလိုနာနည်းပြဟင်နရီကေးက““ ကျွန်တော့် အနေနဲ့  ကစားသမားတွေကိုဂိုးတွေ ဘယ်လောက်တော့ သွင်းဆိုတာမျိုးဘယ်တော့မှလုပ်မှာမဟုတ်ပါဘူး။ သူတို့ ရဲ့ သွင်းဂိုးတွေအပေါ် အသင်းကမှီတည်နေရတယ်။ ကျွန်တော်လေ့ကျင့် ရေးကွင်းမှာသူတို့ လေ့ ကျ င့် တာကိုကြည့် နေရင်းနဲ့  အလှည့် ကျပွဲထွက်ကစားခိုင်းဖို့  မလိုဘူး ထင်လို့  ဒီတိုက်စစ်အတွဲကိုပဲဆက်သုံးဖို့  ဆုံးဖြတ်ခဲ့ တာဖြစ်ပါတယ်။ သူတို့ ကတကယ်လုံလောက် ပြည့် စုံနေတဲ့  ပုံစံနဲ့  သွင်းဂိုးတွေရယူနေပြီးသူတို့ကိုတားဆီးဖို့ဆိုတာမဖြစ်နိုင်ပါဘူး””လို့  သူရဲ့ ဘာကာတိုက်စစ်အတွဲကို ချီးမွမ်းပြောကြားခဲ့ ပါတယ်။ (ရှိုင်းမင်းမင်း)

**ပိုဒေါစကီးအာဆင်နယ်အသင်းသို့ ပြန်လာမည်**
အင်တာနည်းပြမန်စီနီက တိုက်စစ်မှူး ပိုဒေါစကီးအနေဖြင့်  အင်တာနှင့်ချုပ်ဆို ထားသော အငှားစာချုပ်သက်တမ်းကုန်ဆုံးလျှင်အာဆင်နယ်အသင်းသို့ သာ ပြန်လည် သွားရောက်ကစားရန် ဆန၊ရှိနေသည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ အဆိုပါ ဂျာမနီလက်ရွေးစင်တိုက်စစ်မှူးသည် ပြီးခဲ့  သောဆောင်းရာသီ အပြောင်းအရွှေ့ ကာလက အင်တာသို့ အငှားဖြင့် လာရောက် ကစားနေခဲ့ ပြီး စီးရီးအေ၊ပုံမှန်ခြေစွမ်းရရန် ၊ုန်းကန်နေခဲ့ ရသည်။ မန်စီနီက ပိုဒေါစကီးအနေဖြင့်  အင်တာနှင့် အမြဲတမ်းစာချုပ်ချုပ်ဆိုရန်ထက် အာဆင်နယ်နှင့် သာ ပြန်လည်ပူးပေါင်းသွား ရန်ဆန၊ရှိနေသည်ဟု ဆိုသည်။ မန်စီနီက ““ ပိုဒေါစကီးက တကယ်အသုံးချတတ်ရင်ပရော်ဖက်ရှင်နယ်တကယ်ဆန်ပြီး ခြေစွမ်းခြေစ ကောင်းတဲ့ကစား သမားမျိုးပါ။ ဒါပေမယ့်  အခြေအနေက တစ်ခြားစီဖြစ်နေတယ်။ ဘာလို့ လဲဆိုရင် သူက အငှားနဲ့ လာကစားနေသူဖြစ်ပြီး အာဆင်နယ်ကိုပဲပြန်ချင်နေတယ်”” ဟုရှင်းပြခဲ့ သည်။ ပိုဒေါစကီးသည် အင်တာအတွက် (၁၃)ပွဲဝင်ရောက်ကစားခဲ့ ပြီး ယခုထိဂိုးတစ်ဂိုးမျှသွင်းယူနိုင်ခြင်းမရှိသေးပေ။(ရှိုင်းမင်းမင်း)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)