ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, April 2, 2015

==လွမ်းမောရသောတခါကရန်ကုန်တက္ကသိုလ်နွေရက်များ(အပိုင်း-၂)==

>
**အို...အမိတက္ကသိုလ်
လှိုက်ဖိုရှိုက်တက်
 လွမ်းအိပ်မက်ရှည်
 မိုးဆောင်းနွေပြောင်း
ဘယ်ခါမဟောင်း
 အကောင်းသက်သေ
 ရင်ထဲနွေ...**

+(ကိုကို-ရန်ကုန်တက္ကသိုလ်)+

၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊ **ဟေ့..ဟေ့...ဟိုမှာဇော်မင်းလေး(ယခု-ဘောင်းဘောင်း၊၈၈ငြိမ်းပွင့်)က တက္ကသိုလ်ကျောင်းသူတစ်ဦးသီချင်းဆိုဖို့ စာရင်းပေးထားတယ်ကွ။** **အေးပါကွာ..ဒီကောင့်အလှည့်ကျရင်နားထဲဂွမ်းဆို့ ပြီးအားပေးခံစားကြတာပေါ့** သို့ နှင့်မကြာမီတက္ကသိုလ်ကျောင်းသူတစ်ဦးသီချင်းသီဆိုမည့်ပထ၀ီမေဂျာမှ ဇော်မင်းလေးစင်ပေါါ်တက်လာ
တာတွေ့ ရသည်။ကိုလင်း၊ချစ်ပို(ယခု-ကျော်ကျော်လွင် ၊အမေရိကန်)အပါအ၀င်လူရင်းများသည်ကားနားထဲသို့ တပြိုင်တည်းဆိုသလိုပင် တိုင်ပင်စရာမလိုပဲဂွမ်းကိုယ်စီဆို့ လိုက်ကြတာတွေ့ ရ၏။ ဇော်မင်းလေးကခြေဆင်းဖြင့်စ၏။
(အမှန်မှာဇော်မင်းလေးသည်အင်တာနေရှင်နယ်လူပုကလေးများကပင်အဘခေါါ်ရလောက်အောင်
ပုတက်ဖြစ်နေသဖြင့်သူမည်မျှပင် ခြေဆင်းသော်လည်းကျနော်တို့ ကိုမကန်မိပါချေ။)

ကိုင်း..သူခြေဆင်းပါလေပြီ။ **တက္ကသိုလ်ကျောင်းသူတစ်ဦး...ချစ်ကြည်နူးစရာ့..တွေ့ ရဘူးသည်မှာ..

 (အောက်ကတပြိုင်ထဲအောင်္ကြ)** မင်း...ဘူးတာအားလုံးသိတယ်ကွ..**

 ဇော်မင်းလေးကရှက်ကြောပြတ်နေသောအပြုံးဖြင့်ဆက်လက်ဟဲ
ပါတော့သည်။  

**ကြည်လွင်စွာ...ဘ၀င်နှလုံး..ရွှင်ပြုံးမိတာ...** 

(အောက်ကတပြိုင်ထဲအောင်္ကြ)*ရွှင်ပြုံးတင်ဘယ်ကမလဲ...ဒို့ ကျောင်းသားနဲ့ ရွှေသွေး လည်းပါတယ်ကွ။**

 ရော..ခက်ပြီ။အဲဒိခေတ်တုန်းကထုတ်ဝေဖြန့် ချီတဲ့ ရွှင်ပြုံး၊.ဒို့ ကျောင်းသားနဲ့ ရွှေသွေးဂျာနယ်တွေနဲ့ နောက်နေကြပြီလေ။ ဇော်မင်းလေးကားဘယ်သူတွေ
ဘာပြောပြောအဟဲမပျက်ခဲ့။ 

**ယနေ့ တာတိုင်...မေ့ပါနိုင်အမြဲ.......အသက်ထက်စိတ်ထဲ.......မျှော်ကာတွေး.. .ငေးမိအခါခါ...** **အင်းလျားကန်ပါး..လျှောက်ကာသွား....အနား..ယူသော..တစ်နေ့ မှာ... ယဉ်စွာ...ယဉ်စွာ..ဆင်ယင်ထုံးဖွဲ့ ..ပြုံးလဲ့လဲ့ချစ်စရာ..ပွင့်သစ်လာသည့်ပန်း.. လန်းတဲ့ပုံပမာ...*တက္ကသိုလ်ကျောင်းသူတစ်ဦး...ချစ်ကြည်နူးစရာ့..တွေ့ ရဘူး သည်မှာ.....**

 (ဟေး......)
(ဟေ့ကောင်..ဆင်းကွာ..ဂျောင်း)
အောက်ကသူငယ်ချင်းတွေ၊ပရိသတ်တွေမည်မျှပင်အားတက်ဖွယ်အားပေးနေစေ ကာမူဆိုခဲစေ၊မြဲစေဆိုသည့်ထုံးကိုနှလု့းံမူကာဇော်မင်းလေးတစ်ယောက် အသားကုန်စွတ်ရွတ်ပြီးဆိုပါတော့သည်။ 

**တပတ်လျှိ..ဆံထုံးကြော့မှာ.....တပွင့်ပန်းပန်ကာ..ရှုကာငေး...နူဝါအသွေး.. လက်ရှည်ထူထူလေးဝတ်ကာ...ကြက်သွေးနီနီ...ထမီပန်းနက်..ယဉ်သထက်ယဉ်စွာ... နက်မှောင်ကတ္တီပါ.....လှပယဉ်ကျေး....ပုံတော်လေးနဲ့ ပါ...** (ဟေ့..ဘာပုံလဲကွ...အမေဂျမ်းပုံလား) (မဟုတ်ဘူး....အမေရေယာဉ်) ဇော်မင်းလေးသည်ကားခပ်ပြုံးပြုံးဖြင့်ပင်ဆိုစရာရှိတာဆိုသွားပါသည်။ *(မြန်မာဆန်ဆန်.....အနောက်ဟန်မနှော...မဖောက်ပြန်သော...သဘောထား.. ၀တ်စားသန်သန်...)၂ ရှုတိုင်း..အဆင်ပြေစေမှာ...အချိုးကျကျ..လှပလွန်းချစ်စရာ.(.သြ)တွေ့ .....ခဲ့..... ဘူးတဲ့.....တက္ကသိုလ်...ကျောင်းသူ...တစ်ဦး.................................ပါ...**

 (ဟေး.......ဘူးတဲ့..ဘူးတဲ့)
 (ဘူးတစ်ထောင်ဗိုလ်ကွ..) 

ဤမည်သောရန်ကုန်တက္ကသိုလ်.အဆိုပြိုင်ပွဲတွင်အမှတ်ပေးကြီးကြပ်ရေးမှူးများမှာ ကားနှယ်နှယ်ရရတွေမဟုတ်ကြပါ။အဆိုတော်ကိုမင်းနောင်၊တွံတေးသိန်းတန်၊ ဦးမျိုးမြင့်လေး၊.တက္ကသိုလ်လဲ့လဲ့၊ရန်ပိုင်စိုးစသည့်နာမည်ကြီးမြန်မာ့အသံတေးသံရှင် များကဒိုင်လူကြီးဖြစ်ပါသည်။သူတို့ ၏အကဲဖြတ်ချက်များတွင်ဝါသနာရှင် ကျောင်းသားများထဲမှကိုယ်စီကိုယ်ငှ
သီဆိုသွားခဲ့ကြသောကိုလင်း(ချစ်ရက်ရှည်ရှည် အင်းလျားမြေသီချင်းရှင်)၊ရွှေသိုက်(မြတ်နိုးသူသီချင်းရှင်)၊ ချစ်ပို(သည်နွေမိုးဆောင်းပြောင်းသေည်လည်းသီချင်းရှင်)နှင့်ဇော်မင်းလေး (တက္ကသိုလ်ကျောင်းသူတစ်ဦးသီချင်းရှင်)တို့ သည် လွမ်းစရာအမူအယာ၊ဆွေးစရာအသွင်အပြင်များနေရာတွင်အလွန်မျက်နှာပြောင် ကာမလိုအပ်ပဲပရိသတ်ဘက်သို့ လက်ခဏခဏပြသခဲ့ခြင်း၊ကြေကွဲဝမ်းနည်းသည့်ပုံစံ လုံးဝမရှိပါဘဲပျော်ပျော်ရွှင်ရွှင်သီဆိုသွားသည်မှာအားနည်းချက်ဖြစ်နေပါကြောင်း၊ ၀ါသနာရှင်အဆင့်ဖြစ်သဖြင့်သီချင်းစာသားများကိုပီပီသသသီဆိုသွားနိုင်ခြင်း၊ ပရိသတ်ကိုလုံးဝမရှိန်ခြင်းတို့ ကိုမူချီးကျူးလိုပါကြောင်း၊သို့ သော်ပရိသတ်ကို မရှိန်စေရန်တလွဲရဲဆေးဖြစ်သောအပြောင်အပျက်အမူအယာထည့်ကာမိမိကိုယ် ကိုထိန်းဆိုသွားသည်ဟုယူဆပါကအလွမ်းသီချင်းများဖြစ်သောကြောင့် မသင့်တော်ပါကြောင်းအသီးသီးမှတ်ချက် ပေးကြပါသည်။ အလွမ်းသီချင်းဆိုရင်ဒီလိုပါလားဆိုသည်ကိုဦးမင်းနောင်ကမြတ်နိုးသူသီချင်း ကိုအမူအယာဖြင့်နမူနာသီဆိုပြသွားပါသည်။ 

အို.......နွေရက်တွေ.........။
အလို...ကြွေရွက်တွေ...................
 ဒို့ တတွေကို မလွမ်းလွမ်းအောင် ပို့ ဆောင်နေကြပြီလားကွာ။

 (မှတ်ချက်။ ။တက္ကသိုလ်ကျောင်းများသည်အခြားရိုးရိုးအထက၊အလက၊အမက ကျောင်းများနှင့်ကျောင်းဖွင့်ချိန်
၊ပိတ်ချိန်မတူညီပါချေ။တက္ကသိုလ်ကျောင်းများသည် နှစ်တနှစ်၏နှစ်ကုန်လဒီဇင်ဘာလတွင်စတင်ဖွင့်လှစ်သဖြင့်မတ်လကဲ့သို့ သောနွေရာသီ သည်ကျောင်းတက်ကောင်းနေဆဲအချိန်ပင်ဖြင်ပြီးအတာသကြံန်နှင့်နီးသောကြောင့် သကြံန်ယိမ်းတိုက်သူတိုက်၊သံချပ်တိုက်သူတိုက်၊အငြိမ့် တိုက်သူတိုက်တို့ ရှိနေ သကဲ့သို့ မြန်မာ့ရိုးရာအဆိုပြိုင်ပွဲသည်လည်းနှစ်စဉ်ဖေဖော်ဝါရီလတွင်ဖြစ်စေ၊ မတ်လတွင်ဖြစ်စေကျင်းပလေ့ရှိပါသည်။) ၊
၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊ ၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊ (ဆက်လက်ရေးသားဖော်ပြပါမည်။) 

+ကိုကို(ရန်ကုန်တက္ကသိုလ်)+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)