ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, May 11, 2015

==လူထုကျန်းမာရေး(ယားယံခြင်း)==

>
**Public Health**
 ယားယံတဲ့ အခါမှာ ခန္ဓာကိုယ် အရေပြားနဲ့ အရေပြားအောက်ရှိ အာရုံကြောငယ်များ အထိ ယားယံခြင်းကို ခံစားရပါတယ်။ ယားယံခြင်းဟာ လူအများအဖို့ အရေးမကြီးသော်လည်း ခံရ အလွန်ခက်ပါတယ်။ လူ့ခန္ဓာကိုယ်အနှံ့ ယားယံလာပြီးရင်တော့ အငြိမ်မနေနိုင်၊ အယားပြေ စေဖို့ လက်နဲ့ကုတ်လိုက်၊ ပွတ်လိုက်မှ အယားပြေတတ်တယ်။ ခန္ဓာကိုယ် အရေပြားနဲ့ အရေပြား အောက်မှာရှိတဲ့ အာရုံကြောငယ်တွေအထိ ယားယံခြင်းကို ခံစားရတတ်တယ်။ ကုတ်လိုက်တဲ့ အခါမှာ ယားယံခြင်း သက်သာသကဲ့သို့ အဖုအပိန့်ထွက်ခြင်း၊ အင်ပျဉ်ထွက်ခြင်း၊ တစ်ကိုယ်လုံးအနှံ့ ယားယံခြင်းဖြစ်ပေါ် လာတတ်တယ်။ ဝဲရောဂါဟာ ကမျဉ်းနီ ပိုးကောင်ငယ် တစ်မျိုးကြောင့် ဖြစ်တယ်။ ကမျဉ်းနီတွေဟာ အရေပြားမှာ ပေါက်ပွားပြီး သွားလာခြင်း၊ မစင်စွန့်ခြင်း၊ တွင်းတူး၍ နေခြင်းတို့ကြောင့် အရေပြားမှာ ယားယံလာတယ်။ မတည့်တဲ့အစာကို စားရုံ၊ မတည့်တဲ့ အနံ့ကိုရှူမိရုံ၊ မတည့်တဲ့ အဝတ်ဝတ်မိရုံနဲ့ ဓာတ်မတည့်ဖြစ်ပြီး တစ်ကိုယ်လုံး အင်ပျဉ်ထခြင်း၊ အဖုအပိန့်ထွက်ခြင်း၊ ပန်းနာရင်ကျပ် ထခြင်း၊ ယားယံခြင်းကို ဖြစ်စေတယ်။
ဆီးချိုရောဂါရှိသူဟာ ကိုယ်တွင်းသန်ရောဂါ၊ တုတ်ရောဂါတို့ကြောင့် အရေပြားယားယံပြီး သွေးကြောငယ်များသို့ ပျံ့နှံ့ကာ ယားယံစေတယ်။ သည်းခြေပြွန်ပိတ်ပြီး မျက်လုံးဝါ၊ အသားဝါတဲ့ အထိဖြစ်ပြီး နောက်ဆက်တွဲ ယားယံစေတတ်တယ်။ သည်းခြေရည်များ အူထဲ မဆင်းနိုင်လို့ သွေးကြောအတွင်း ပျံ့နှံ့ပြီး တစ်ကိုယ်လုံးအနှံ့ ယားယံစေတတ်တယ်။ သည်းခြေကျောက်၊ ပန်ကရိယထိပ်ပိုင်း ကင်ဆာနှင့် အခြားအကျိတ်လုံးများက သည်းခြွေပန်ကို ဖိထားလို့ သည်းခြေပြွန် ပိတ်ဆို့ရတယ်။ အသည်းကင်ဆာ၊ ရက်ထီကူ လိုဆင်၊ သားနံရည် အကျိတ်ကြီးတို့မှာ ခန္ဓာကိုယ်အနှံ့ ယားယံတတ်တယ်။ အချို့အမျိုးသမီးများ ကိုယ်ဝန်ရှိစဉ် သားဖွားခါနီး ယားယံလေ့ရှိကာ ပြန်ကောင်းသွားတယ်။ ဝဲ၊ ပွေး၊ နှင်းခူကြောင့် လက်ချောင်း ခြေချောင်းကြား၊ ချိုင်း၊ ပေါင်ခြံတစ်ဝိုက်၊ လည်ပင်နောက်ပိုင်း မခံရပ်နိုင်အောင် ယားယံလေ့ရှိတယ်။ ကြမ်ပိုးကိုက်ခြင်း၊ ပင့်ကူလျှပ်ခြင်း၊ မိတ်ပေါက်ခြင်းတွေ ကလည်း ယားယံစေတယ်။ အချို့ မည်သည့် အကြောင်းမျှမရှိဘဲ အလိုအလျောက်ကွက်ပြီး ယားယံစေတတ်တယ်။ သားမွေးလမ်းကြောင်း တစ်လျှောက် မှိုရောဂါတစ်မျိုးကြောင့်လည်း ယားယံတတ်တယ်။ မိုနီလီယားရောဂါဟာ အဖြူဆင်းတိုင်း ယားယံတတ်တယ်။ ရိုးရိုးအဖြူဆင်းရင် ပေါင်ခြံတွေမှာ ယားယံတတ်သလို ပဋိသန္ဓေ ̈တားပစ္စည်း တွေကြောင့်လည်း ယားယံခြင်းဖြစ်စေတယ်။ တုတ်ကောင်၊ သန်ကောင်ကြောင့် ယားယံစေတယ်။ နှစ်စဉ် သန်ချဆေးသောက်ရမယ်။ နေ့စဉ်ရေမှန်မှန်ချိုးခြင်း၊ သန့်ရှင်းစွာ နေထိုင်ခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းခြင်းတို့ဟာ ယားယံခြင်းကို ကာကွယ်စေတယ်။ ဓာတ်မတည့်ခြင်း မဖြစ်စေဖို့ မတည့်တဲ့ပစ္စည်းများကို မှတ်ထားရမယ်။ ပါးပြီး လေဝင်လေထွက် ကောင်းတဲ့အဝတ်များ ဝတ်ရမယ်။ ရေမှန်မှန်ချိုးရမယ်။ နေပူမခံရဘူး။ တင်းကျပ်တဲ့ အတွင်းခံ အဝတ်အစားများကို ရှောင်ရှားရမယ်။ သန်ချဆေးသောက်ကာ သန်များ၊ တုတ်များ ဖယ်ရမယ်။ တစ်ကိုယ်လုံးဖြစ်စေ၊ တစ်နေရာရာတွင်ဖြစ်စေ ယားယံလာရင် ဘာကြောင့် ယားသလဲဆိုတာကို ဆင်ခြင်ပြီး စိတ်ကြောင့် ယားခြင်းဟုတ်၊ မဟုတ်ဆင်ခြင်ရမယ်။ ဆရာဝန်နဲ့ ပြသပြီး တိကျသေချာတဲ့ ဆေးသောက်ဖို့လိုတယ်။ ယားယံခြင်းဟာ အလွန်ခံရ ခက်လို့ တစ်ကိုယ်ရေ သန့်ရှင်းခြင်းရှိဖို့ လိုပါတယ်။ 

+Myawady Health+

1 comment:

Armpit said...

ဟုတ်ပါတယ် ယားနာပေါင်းစုံကလူတွေကို တော်တော်လေးဒုက္ခပေးတတ်ပါတယ်
လူရှေ့သူရှေ့လည်း သိက္ခာမဆည်နိုင် ကနြေ္ဒမရနိုင်ဖြစ်စေတတ်တဲ့အတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးကို အထူးဂရုပြုသင့်ပါတယ်

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)