ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, May 6, 2015

==*နန်းတက်ပွဲ(၆၅) နှစ်မြောက်တက်ရောက်သည့်ထိုင်းဘုရင်ဘူမိဘောနှင့် ယခုလအတွင်းဟိုအကြောင်း ၊ဒီအကြောင်း၊သူတို့ အကြောင်း=

>
**နန်းတက်ပွဲ(၆၅) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားသို့ ထိုင်းဘုရင်ဘူမိဘောတက်ရောက်**
 (ဗန်ကောက် မေ ၅)
ထိုင်းဘုရင် ဘူမိဘော အဒူယာဒက်သည် ယင်း၏ နန်းတက်ပွဲ(၆၅) နစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ရန် မေ ၅ ရက်က ဆေးရုံမှ ထွက်ခွာခဲ့ ကြောင်း ၊ရိုက်တာ သတင်းဌာနက သတင်းထုတ်ပြန်သည်။ ဘုရင်ဘူမိဘောသည် ယခုအခါသက်တော်(၈၇) နှစ်ရှိပြီး ကမ္ဘာပေါ်တွင် နန်းသက်အရှည်ကြာဆုံးဘုရင်တစ်ပါးဖြစ်သည်။
ဘုရင်ဘူမိဘောကိုအောက်တိုဘာလတွင် ဗန်ကောက် မြို့ရှိဆီရီရတ်ဆေးရုံသို့  တင်ပို့ ခဲ့ပြီး သည်းခြေအိတ်ဖယ်ရှားသည့်  ခွဲစိတ်ကုသမှုကိုခံယူခဲ့ သည်။ ဘုရင်ဘူမိဘောသည် တော်ဝင်နန်းတော်သို့ ရောက်ရှိခဲ့ ပြီးနောက် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ၏ ပရိတ်ရွတ် မှုကိုနာကြားခဲ့ ပြီး တစ်နာရီ မပြည့် မီတွင် နန်းတော်မှ ဆေးရုံသို့ မော်တော်ယာဉ်ဖြင့်  ပြန်လည်ထွက်ခွာခဲ့ ရာ ပြည်သူပြည်သားများကဘုရင်ကြီး သက်တော်ရာကျော်ရှည်ပါစေဟု ဆုတောင်းကာ ကြွေးကြော်နှုတ်ဆက်ခဲ့ကြ သည်။ထိုင်းနိုင်ငံ နိုင်ငံရေးတည်ငြိမ်မှုအတွက် ကြားနေ ရပ်တည်ပေးနေသူမှာဘုရင်ဘူမိဘောဖြစ်သည်။ ဘူမိ ဘောသည်လပေါင်းအတန်ကြာကာလအတွင်း ပြည်သူ့မြင်ကွင်းသို့ ရောက်ရှိလာခြင်းမှာ
ဒုတိယအကြိမ်ဖြစ်သည်။(ရိုက်တာ) ၊

** ၂၀၁၅ ဂါလာတွေ့ ဆုံပွဲသို့ ငှက်မွေးတောင်ပေါင်း ၁၄၀၀ ဖြင့်  အလှဆင်ထားသည့် ဝတ်စုံကို လေဒီဂါဂါဝတ်ဆင်တက်ရောက်**
Mother Moonsterဟု တင်စားခေါ်ဝေါ်ခံခဲ့ ရသော အမေရိကန်ပေါ့ပ်စတား လေဒီဂါဂါသည် မေ ၄ ရက်က နယူးယော့ခ်မြို့တွင် ကျင်းပခဲ့ သော ၂၀၁၅ ဂါလာတွေ့ ဆုံပွဲသို့ ငှက်မွေးတောင်ပေါင်း ၁၄၀၀ ဖြင့်  အလှဆင်ထားသည့်  ၀တ်စုံကိုဝတ်ဆင်တက်ရောက်ခဲ့ သည်။ ဂါဂါသည် ဦးခေါင်းမှသည် ခြေဖျားထိတိုင် ငှက်မွေး တောင်များဖြင့်  အလှဆင်ထားသော အဆင်တန်ဆာများကို ၀တ်ဆင်ခဲ့ သည်။ သူသည် ငှက်မွေးတောင်များဖြင့် ပြုလုပ်ထားသော ကုတ်အကျ၊ရှည်၊ သရဖူနှင့် လည်တံရှည် ဖိနပ် တို့ ကိုတွဲဖက်ဝတ်ဆင်ခဲ့ ရာ ဂါလာ၏ညနေခင်းကိုအဖမ်းစား နိုင်ဆုံးဖက်ရှင် ဖြစ်ခဲ့ သည်။
ယခင်နှစ်များက ပြုလုပ်ခဲ့သော ဂါလာပွဲများသို့ လေဒီဂါဂါသည် တစ်ခါမျှ ကော်ဇောနီပေါ်တွင် တက် ရောက် လျှောက်လှမ်းခဲ့ ခြင်းမရှိခဲ့ ပေ။ ယခုနှစ်တွင် ပထမ ဆုံ အကြိမ် တက်ရောက်ခဲ့ခြင်းဖြစ်သော်လည်း ကမ္ဘာကျော်ဖက်ရှင် မင်းသမီးများဖြစ်ကြသော ဂျနီဖာလိုပက်စ်၊ ဘီယွန်းစေး၊ ရီဟားနား၊ ကင်ကာဒါရှီယန်တို့နှင့် အပြိုင် ဖက်ရှင်ကျကျ ဆျွဲဆာင်နိုင်ခဲ့ သည်။(မေလဲ့ သင်း) 

**ဘာစီလိုနာအား မည်သို့ အနိုင်ယူကစားရမည်ဆိုသည့်နည်းလမ်း ကို နည်းပြဂွါဒီယိုလာသိထားသောကြောင့် စိုးရိမ်ပူပန်ခြင်းမရှိကြောင်း ဘိုင်ယန်တိုက်စစ်မှူးသောမတ်စ်မူလာပြောကြား**
အနေဖြင့်  ဘာစီလိုနာအား မည်သို့ အနိုင်ယူကစားရမည်ဆိုသည့်နည်းလမ်း ကို အသေအချာသိထားသောကြောင့်  စိုးရိမ်ပူပန်ခြင်းမရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ သည်။ ဘာစီလိုနာသည်၂၀၁၅အတွင်းရလဒ်များသိသိသာကောင်းမွန်နေပြီး မည်သည့်  အသင်းကြီးမျိုးကိုမဆို အနိုင်ယူနိုင်စွမ်းရှိကြောင်းကို ရီးယဲလ်၊ ပီအက်စ်ဂျီနှင့် မန်စီးတီးတို့ အား အနိုင်ယူ၊ ပြသထားနိုင်ခဲ့ သည်။ ထိုကြောင့်  ချန်ပီယံလိဂ်အကြိုဗိုလ်လုပွဲတွင်လည်း ဘာကာကသာဘိုင်ယန်ကိုကျော်ဖြတ်နိုင်လိမ့် မည်ဟု ဘောလုံးကျွမ်းကျင် သူများက သုံးသပ် ပေးထားရာ မူလာက ယင်းသို့ တုံ့ပြန်ခဲ့ ခြင်းဖြစ်သည်။ ဂွါဒီယိုလာသည် ဘာစီလိုနာနည်းပြအဖြစ်ဆောင်ရွက်ခဲ့ သော ၂၀၀၈ မှ ၂၀၁၂အထိ လေးနှစ်သက်တမ်းအတွင်း ပြိုင်ပွဲအရပ်ရပ်၊ချန်ပီယံဖလားစုစုပေါင်း၂၄လုံးအထိ ဆွတ်ခူးပေးခဲ့ ရာ ဘာစီလိုနာကစားသမားများအကြောင်းကို ခရေစေ့တွင်းကျသိရှိထားသူဖြစ်သည်။ မူလာက““ ဘာကာက ကမ္ဘာ့ အကောင်းဆုံးအသင်းတစ်သင်းဆိုတာကို ကျွန်တော် လက်သင့် ခံပါတယ်။ နှစ်ကျော့စလုံးဟာအင်မတန်ခက်ခဲမယ်ဆိုတာလည်းသိပါတယ်။ဒါပေမယ့်  နောက်ဆုံးမှာတော့ ဘိုင်ယန်ကသာအနိုင်ယူသွားပါလိမ့် မယ်။ နည်းပြကလည်း ဒီပွဲအတွက် ကျွန်တော်တို့ ကို အသေအချာ ပြင်ဆင်ပေးခဲ့ပြီးပါပြီ။ နူးကမ့် ကွင်းဆီကိုယုံကြည်မှုအပြည့်နဲ့ သွားမှာပါ။ ကျွန်တော်တို့ က ဘယ်အတွက်ကြောင့် မှစိုးရွ့ံနေမှာမဟုတ်ပါဘူး”” ဟုဆိုသည်။ (မေလဲသင်း) 

 **ပရီမီယာလိဂ်ဖလားသည်စွန့် စားမှုရဲ့  ဆုလာဘ်လို့ချယ်လ်ဆီးနည်းပြမော်ရင်ဟိုပြောဆို**

ချယ်လ်ဆီးအသင်းဟာ ပွဲမကုန်မီ ခရစ်စတယ်ပဲလေ့စ်ကို တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ဖလားဆွတ်ခူးသွားခဲ့ ပါပြီ။ ပရီမီယာလိဂ်ဖလားဆွတ်ခူးနိုင်တာဟာ စတမ်းဖို့ ဒ်ဘရစ်သို့  ပြန်လာပြီး စွန့် စားမှုရဲ့  ဆုလာဘ်လို့ နည်းပြမော်ရင်ဟိုက ဆိုပါတယ်။ အီဒင်ဟာဇက်ရဲ့  ပယ်နယ်တီဂိုးနဲ့  ချယ်လ်ဆီးအသင်း ဟာ ခရစ၊တယ်ပဲလေ့စ်ကို အနိုင်ရပြီး ဒီနှစ်အတွက် ချန်ပီယံဖြစ်သွားခဲ့ပါပြီ။ ပိုင်ရှင်အေဘရာမိုဗစ်ခ်ျရဲ့ ဆန္ဒ၊အရ ချယ်လ်ဆီးအသင်းမှာဘယ်လောက်ပင်ကြာကြာ ဆက်လက်နေသွားမယ်လို့ လည်း နည်းပြမော်ရင်ဟိုက ထပ်လောင်းပြောဆိုလိုက်ပါတယ်။ ဘယ်မှာပဲဖြစ်ဖြစ် စွန့် စားမှုရှိရင် အောင်မြင်မှုရှိနေမှာပါပဲ။ စွန့် စားမှုရဲ့ နောက်မှာ အောင်မြင်မှုဆိုတာရှိပါတယ်လို့ လည်း မော်ရင်ဟိုက ဆိုပါတယ်။ မော်ရင်ဟို ချယ်လ်ဆီးအသင်းသို့  ပြန်လာပြီးနောက် ပရီမီယာလိဂ်ဖလား အပါအ၀င် ဖလားနှစ်လုံးဆွတ်ခူးခဲ့ ပြီဖြစ်ပါတယ်။ ပေါ်တူဂီနိုင်ငံမှာဆိုရင် စွန့်စားမှုမရှိရင် အောင်မြင်မှုမရနိုင်ဘူးလို့ လူတွေက ပြောကြပါတယ်လို့ လည်း သူက ဆိုပါတယ်။(ကောင်းမြတ်သူ)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)