ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, May 14, 2015

==မန် ယူ နဲ့ အာဆင်နယ်..ရာသီကုန်ချိန်တွေ့ ဆုံပွဲလာပြီ==

>
ပရီမီယာလိဂ်ပွဲစဉ်တွေ တဖြည်း ဖြည်းနဲ့  ပြီးဆုံးတော့မှာဖြစ်ပါတယ်။ ပွဲစဉ်(၃၇) လက်ကျန်ပွဲစဉ်အဖြစ်
 မေ ၁၇ ရက်မှာ ဆွမ်ဆီးနဲ့ မန်စီးတီး၊ မန်ယူနဲ့  အာဆင်နယ်တို့ ယှဉ်ပြိုင် ကစားကြမှာဖြစ်လို့ ရာသီအကုန်မှာရင်ခုန်စရာမရှိတဲ့ ပွဲတွေဖြစ်ပေမယ့်  ဂုဏ်သိက္ခာကိုတန်ဖိုးထားတဲ့  ထိပ်တန်းအသင်းတွေဖြစ်တာမို့ ပွဲ ကောင်းတွေအဖြစ် မြင်တွေ့ ကြရဦးမှာ ဖြစ်ပါတယ်။

 **မန်ယူနှင့်  အာဆင်နယ်**
 ဒီနှစ်ပရီမီယာလိဂ် လက်ကျန်န်ပွဲစဉ်တွေထဲမှာအကောင်းဆုံးပွဲစဉ်ဖြစ်ပါတယ်။ ပထမအကျော့ပွဲစဉ်ဖြစ်တဲ့  မန်ယူရဲ့  အိုးထရက်ဖို့ ဒ်ကွင်းမှာ အိမ်ရှင်တို့ နှစ်ဂိုး-တစ်ဂိုးနဲ့ ရှုံးခဲ့တာမို့ အခုပွဲဟာ ပြန်လည်ချေပဖို့ အကောင်းဆုံးအခွင့်အရေး ဖြစ်နေ ပါတယ်။ မန်ယူရဲ့ လက်ရှိအနေ အထားက နည်းပြဗန်ဟားလ် မျှော်မှန်းချက်ဖြစ်တဲ့  ချန်ပီယံလိဂ်ဝင်ခွင့် ရရှိ ခဲ့ ပြီဖြစ်ပေမယ့်  ပြတ်သားတဲ့  အမှတ်ကွာခြားမှုနဲ့  တန်းစီဇယား နံပါတ်၅နေရာက လီဗာပူးကို ချန်ထားဖို့  အားထုတ်ရဦးမှာ ဖြစ်ပါတယ်။ ချယ်လ်ဆီး၊ အဲဗာတန်၊ ၀က်စ်ဘရွန်း တို့ကို ဆက်တိုက်၊ှုံးပွဲကြုံခဲ့ပြီး ခရစ်စတယ်ပဲလေ့စ်ကို နိုင်ပွဲပြန်ရလာ တဲ့  မန်ယူရဲ့ ခြေစွမ်းကလည်း ရာသီကုန်အထိ ယုံစားရခက်နေဆဲဖြစ်ပါ တယ်။ အထူးသဖြင့်  မန်ယူရဲ့ တိုက်စစ် ဟာ ထက်မြက်မှုမရှိသေးတာကြောင့်  ပြိုင်ဘက်ခံစစ်ကြောင်းကို ထိုးဖောက် ကျော်လွှားပြီး ဂိုးသွင်းဖို့ ဆိုတာ ရွန်းနေ၊ ဖယ်ကာအိုတို့ ရဲ့  လက်ရှိလုပ်အားနှုန်းနဲ့  လုံလောက်မှုမရှိသေးတာ အမှန်ပါပဲ။ အာဆင်နယ်တို့ ကတော့ တန်းစီဇယား တတိယနေရာမှာ ခိုင်ခိုင်မြဲမြဲရပ်တည်ပြီး ဒီနှစ် ဘောလုံးရာသီကို ကုန်ဆုံးဖို့  ကြိုးစား နေပြီဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ နောက်ဆုံးကစားခဲ့ တဲ့  ငါးပွရလဒ်ကို ကြည့် ရင်ချယ်လ်ဆီးကို ဂိုးမရှိသရေ ပွဲဖြစ်ခဲ့တာကလွဲရင် လီဗာပူး၊ ဘန်လေ၊ ရက်ဒင်းနဲ့  ဟားလ်စီးတီး တို့ ကို နိုင်ပွဲတွေချည်း ရယူနိုင်ခဲ့ ပါ တယ်။ ရာသီကုန်ခါနီးလေ ခြေစွမ်း ပိုတည်ငြိမ်လာလေဖြစ်တဲ့  အာဆင် နယ်ကို မန်ယူတို့  လွယ်ကူမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့်မန်ယူရဲ့ အားထုတ်မှုက ပိုပြီးပီပြင်မယ်လို့ ယူဆပါတယ်။  

**ဆွမ်ဆီးနှင့်  မန်စီးတီး** 

ပထမအကျော့ပွဲစဉ်မှာ မန်စီးတီး တို့ အကြိတ်အနယ် ကစားပြီးမှ နှစ်ဂိုး-တစ်ဂိုးနဲ့  နိုင်ပွဲရရှိခဲ့ တာ ဖြစ်ပါတယ်။နှစ်သင်းစလုံး အမှတ်လိုအပ်မှု ဖိအားမရှိတာမို့ ဒီပွဲမှာ အိမ်ရှင် ဆွမ်ဆီးတို့ ပိုပြီးအားထုတ်လာဖို့ ရှိပါ တယ်။ နိုင်ပွဲတွေ ဆက်တိုက်ရရှိနေတဲ့  မန်စီးတီးဟာရာသီကုန်ခါနီးမှာ ပွဲတိုင်း သတိထားကစားနေပြီး အမှားအယွင်းလည်း နည်းအောင်ကြိုးစားနေတာမို့ ဆွမ်ဆီးတို့ ထင်တိုင်းမပေါက်နိုင်ပါဘူး။ ဒါပေမယ့်  နယူးကာဆယ်နဲ့  စတုတ်တို့ ကို နိုင်ပွဲတွေ ဆက်တိုက်ရယူလာတဲ့ ဆွမ်ဆီးရဲ့ ခြေစွမ်းကိုလည်း လျှော့တွက်လို့ မရ တာမို့  ဒီပွဲကို မန်စီးတီးတို့ အလေးအနက်ထားကစားမှ ရပါလိမ့်မယ်။ ဂိုးသွင်းစွမ်းရည် ပြန်လည်မြင့် မား လာတဲ့  မန်စီးတီးတိုက်စစ်မှူးတွေဟာ အဝေးကွင်းဆိုပေမယ့် ဆွမ်ဆီး နောက်တန်းကို အချိန်ပြည့်ခြိမ်း ခြောက်ပြီး အခွင့် အရေးတွေ ဖန်တီး လာနိုင်တာမို့  ဆွမ်ဆီးတို့  ခံစစ် အလုံအလောက် ပြင်ဆင်ရပါလိမ့်မယ်။ လေးပွဲမှာ ၁၁ ဂိုး သွင်းယူ ထားတဲ့  အဂူရိုဦးဆောင်တဲ့  တိုက်စစ်မှူးတွေကလည်း ကြုံသလို ဂိုးသွင်း နိုင်ကြသူတွေဖြစ်တာမို့ အခုပွဲမှာ ဆွမ်ဆီးခံစစ်မှူးတွေ အလုပ်များနိုင် တဲ့  အခြေအနေဖြစ်ပေါ်နိုင်ပါတယ်။ ဆွမ်ဆီးဟာ အသင်းလိုက် ကစားအား ပိုကောင်းမွန်ပြီး အိမ်ကွင်းမှာ အ၀င်အထွက်ရဲရဲနဲ့  ကစားတတ်တာမို့  မန်စီးတီးနဲ့ ပွဲကို အနိမ့် ဆုံးတစ်မှတ်ရအောင် အပြင်းအထန် ရင်ဆိုင်ပါ လိမ့် မယ်။ ဒါပေမယ့်  ငါးပွဲကို၁၀ ဂိုး သွင်းယူထားတဲ့  ဆွမ်ဆီးရဲ့ တိုက်စစ်ဟာ အလေးထားစရာဖြစ်တာမို့ မန်စီးတီးလည်း ပေါ့ဆဆကစားလို့ မရနိုင်ပါဘူး။ ကစားအားတက်နေတဲ့  မန်စီးတီးတို့ ကတော့နိုင်ပွဲရဖို့  အခွင့်အရေးများနေတာအမှန်ပါပဲ။ ။

 +မိုးမြင့်လင်းလက်+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)