ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, May 20, 2015

==လာလီဂါရဲ့ နောက်ဆုံးပွဲစဉ်လာပြီ==

>
ဒီနှစ်လာလီဂါပွဲစဉ်တွေရဲ့  နောက်ဆုံးပွဲစဉ် (၃၈) ကို မေ ၂၃ ရက်မှာ ရာသီပိတ်ပွဲစဉ်အဖြစ် ဆင်နွှဲကြ ပါလိမ့်မယ်။ ဒီနှစ်ဘောလုံးရာသီရဲ့  ခက်ခဲကြမ်းတမ်းတဲ့ လာလီဂါခရီးကြမ်းကို အတက်အကျမျိုးစုံနဲ့ ဖြတ် ကျော်ခဲ့ ရတဲ့အသင်းတွေရဲ့ ပန်းအ၀င်နောက်ဆုံးပွဲစဉ်ဖြစ်တာမို့  အသင်းတိုင်းရလဒ်ကောင်းနဲ့  အဆုံးသတ်ဖို့  ကြိုးစားမှာဖြစ်ပါတယ်။ ဒါကြောင့်  ရာသီပိတ်ပွဲစဉ်တွေရဲ့  အားထုတ်မှုကို အကဲခတ်ခွင့် ရဦးမှာဖြစ်လို့ ထူးခြား တဲ့ ရသကို ပေးစွမ်းဦးမှာဖြစ်ပါတယ်။

**ဘာစီလိုနာနှင့်  ဒီပို့တီဗို**
လာလီဂါဖလားဆွတ်ခူးခဲ့ ပြီဖြစ်တဲ့  ဘာစီလိုနာတို့  ယခုပွဲကို အနိုင်ရဖို့  ခြေကုန်ထုတ်ကစားဖို့ မရှိတော့ပါဘူး။ ဒီနှစ်သင်းရဲ့  နောက်ဆုံးတွေ့ ဆုံမှုငါးပွဲမှာ ဘာစီလိုနာတို့ချည်း နိုင်ပွဲရရှိခဲ့တာဖြစ်ပါတယ်။ ဒီပို့တီဗိုတို့အနေနဲ့  လက်ရှိခြေစွမ်းအရ ဘာစီလိုနာကို အနိုင်ရဖို့ တော့ မလွယ်ပါဘူး။ ဒါပေမယ့်  ဒီပို့ တီဗိုရဲ့ ကစားအားမချတတ် တဲ့  စိတ်ဓာတ်ကြောင့် အမြင့်ဆုံး တစ်မှတ်တော့ မျှော်မှန်းနိုင်တဲ့ ပွဲပါ။

 **ရီးရဲမက် ဒရစ် နှ င့်  ဂီတာဖေး**
ဂီတာဖေးတို့  ၂၀၁၂ ခုနှစ်က ရီးရဲမက်ဒရစ်ကို နိုင်ခဲ့ ဖူးပေမယ့်  နောက်ပိုင်းပွဲစဉ်တွေမှာတော့ တောက်လျှောက်ရှုံးပွဲတွေချည်း ကြုံတွေ့ နေရပါတယ်။ ရီးရဲမက်ဒရစ်တို့  လာလီဂါဖလား လက်လွှတ်ခဲ့ ရပြီဖြစ်ပေမယ့်  အခုပွဲကိုတော့ အနိုင်ရအောင် အားထုတ်ပါလိမ့် မယ်။ ပထမအကျော့က ဂီတာဖေးကွင်းမှာသုံးဂိုးပြတ်နိုင်ပွဲရထားတာမို့  အခုပွဲမှာလည်း ခံစစ်ပိုင်းအားနည်းနေတဲ့  ဂီတာဖေးကို အနိုင်ကစားပြီး ဒီနှစ်ရာသီကို အဆုံးသတ်ပါလိမ့် မယ်။

**ဘီလ်ဘာအို နှင့်  ဗီလာရီးရဲ**

 နှစ်သင်းစလုံးအမှတ်အတွက် ဖိအားမရှိတော့တဲ့ ပွဲဖြစ်ပါတယ်။ ယူရိုပါလိဂ်ဝင်ခွင့် ရရှိထားတဲ့  ဗီလာရီးရဲဟာ ဒီပွဲကိုတော့ ဂုဏ်သိက္ခာအတွက် အားထည့် ပါလိမ့်မယ်။ ဘီလ်ဘာအိုတို့ ကလည်း သရေရလဒ်တွေချည်းများ နေတာမို့  အခုပွဲမှာခြေကုန်ထုတ်ပြီး နိုင်ပွဲရအောင် ကြိုးစားမယ့် ပွဲပါပဲ။

  ** ဂရန်နာဒါနှင့်  အက်သလက်တီကို** 

တန်းဆင်းဇုန်ထဲကရုန်းထွက်ဖို့  နောက်ဆုံးအခွင့်  အရေးဖြစ်တာမို့ ဂရန်နာဒါတို့ ဒီပွဲမှာ ခြေကုန်ထုတ်ဖို့  အမာခံကစားသမားတွေအားလုံးနဲ့  ပွဲထွက်လာဖို့  သေချာနေပါတယ်။ ပုံမှန်ခြေစွမ်းနဲ့ ပွဲတိုင်းတည်တည်ငြိမ် ငြိမ်ဖြတ်သန်းနေတဲ့  အက်သလက်တီကိုတို့ အတွက် ကလည်း ဒီပွဲကို အနိုင်လို့  သတ်မှတ်ပြီးကစားမှာမို့  ဂရန်နာဒါတို့  သိပ်တော့မလွယ်ပါဘူး။ 

**မာလာဂါနှင့်  ဆီဗီလာ** 

ဆီဗီလာတို့ဟာ မာလာဂါနဲ့ ဆုံတိုင်း ပွဲကျပ်အဖြစ် ကစားခဲ့ ရတာချည်း ဖြစ်ပါတယ်။ ဒါပေမယ့်  အခုတလော မာလာဂါရဲ့  ခံစစ်ပိုင်းအားနည်းတာမို့ ဆီဗီလာတိုက်စစ်မှူးတွေကိုဟန့် တားဖို့  ခက်ခဲပါလိမ့်မယ်။ ဖီအိုရင်တီးနားနဲ့  ဆယ်လ်တာဗီဂိုတို့ ကိုရှုံးပွဲမရှိအောင် ကစားလာတဲ့ဆီဗီလာရဲ့  ခြေစွမ်းကိုတော့ နှစ်သက်မိတာအမှန်ပါ။ 

**အယ်လ်မာရီးယားနှင့်  ဗလင်စီယာ**
ချန်ပီယံလိဂ်ဝင်ခွင့် အတွက် ရုန်းကန်ရဦးမယ့်  ဗလင် စီယာနဲ့  တန်းမဆင်းရရေးကြိုးစားရမယ့်  အယ်လ်မာ ရီးယားတို့ ရဲ့ ပွဲကတော့ ပွဲကောင်းဖြစ်မှာပါ။ ဒီနှစ်သင်းရဲ့  နောက်ဆုံးတွေ့ ဆုံမှု ငါးပွဲမှတ်တမ်းကို ကြည့် ရင် ဗလင်စီယာတို့ က နိုင်ပွဲရထားတာ များပါတယ်။ ဒါပေမယ့်  အယ်လ်မာရီးယားရဲ့  အခုပွဲအားထုတ်မှုက ဗလင်စီယာကိုအခက်တွေ့ စေပြီး အမှတ်ခွဲ ပေးရမယ့်  ကိန်းဆိုက်သွားနိုင်ပါတယ်။ 

**လီဗန်တေးနှင့်  အယ်လ်ချီ**

 နောက်ဆုံးငါးပွဲကစားခဲ့ တဲ့  မှတ်တမ်းမှာတော့ လီဗန်တေးတို့  အယ်လ်ချီကိုရှုံးပွဲမရှိခဲ့ ပါဘူး။ လီဗန်တေးတို့ က အိမ်ကွင်းမှာ ရလဒ်ကောင်းအောင် စွမ်းဆောင်နိုင်တဲ့အသင်းဖြစ်ပြီး တိုက်စစ်မှူး တွေကလည်း ဂိုးရအောင် သွင်းယူနိုင်သူတွေမို့  အခုပွဲမှာ အိမ်ရှင်တို့  နိုင်ပွဲရဖို့  အခွင့် အရေးများပါတယ်။

 +မိုးမြင့်လင်းလက်+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)