ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, May 14, 2015

== ကျနော့် ကိုယ်တွေ့(ညမှောင်မိုက်လေ-ဖတ်ကောင်းလေဘာသာပြန် ဇာတ်လမ်းတစ်ပုဒ်)====

>
ဘက်စ်ကား မောင်းတဲ့အလုပ်ဖြင့် အသက်မွေးလာခဲ့သည်မှာ ခုဆိုရင် ၁၂နှစ်ကျော်ခဲ့ပါပြီ။ ကျနော်ရဲ့ ပုံမှန်အလုပ်ချိန်ကိုတော့ ညနေပိုင်း အလုပ်ချိန်ယူထားသဖြင့် အိမ်ပြန်ရောက်တဲ့ အချိန်တွေဟာ ညဥ့်နက်တဲ့ ညပိုင်းအချိန်ပါပဲ။ ကျနော့်အတွက်တော့ အထူးအဆန်း မဟုတ်တော့ပင်မဲ့ ထူးထူးဆန်းဆန်းလေး ဖြစ်သွားခဲ့တဲ့ အိမ်ပြန်ချိန် အမှတ်တရလေးကိုတော့ မှတ်မိနေပါသေးတယ်။ အဲဒီနေ့က စနေနေ့ ည ကျနော်အိမ်ပြန်ချိန်မှာပေါ့.............။ ညဥ့်နက်နေပြီး ဆိုပေမဲ့လည်း ပြန်နေကျဖြစ်တဲ့ ကျနော်အတွက်တော့ ဘာမှ မထူးခြားသလိုပါပဲ။ တိတ်ဆိတ်နေတယ် ဆိုပင်မဲ့ အေးဆေးနေတဲ့ အရသာကိုတော့ ကျနော် နှစ်သက်နေမိတာအမှန်။ ကျနော် နေတဲ့အထပ်ရောက်လို့ ဓါတ်လှေးကားမှ အထွက်မှာတော့ ပုံမှန်မဟုတ်တဲ့ ခံစားမှုမျိုးနဲ့ ကျနော့် ကို ဝင်တိုးသွားတဲ့ လေစိမ်းတစ်ချို့ရဲ့ မသိမသာ တိုက်ခက်သွားတာကို ခံစားလိုက်ရတယ်။ တဆက်တည်း ဓါတ်လှေခါးရှေ့တည့်တည့်မှာ အဖြူရောင်ဂါဝန်လေးဝတ်ပြီး ထိုင်နေတဲ့ ကလေးမလေးတစ်ယောက်ကို သတိထားလိုက်မိတယ်။ ဒီလိုအချိန် ဒီလိုနေရာမှာ တွေ့မြင်လိုက်ရတဲ့ ကျွန်တော်အတွက်တော့ ထူးဆန်းနေတာတော့ အမှန်။ သူမရဲ့မျက်နှာမှာလည်း မျက်ရည်တွေနဲ့ ဘယ်လောက်တောင် ငိုထားလည်းတော့ မသိဘူး။ သူမရဲ့ မျက်လုံးဟာ နီရဲ လို့ နေတယ်။ သူမရဲ့ အနီးသို့ရောက်အောင် ကျနော် လျှေက်လာခဲ့တယ်။ " ကလေးမ. ဘာဖြစ်လို့ ဒီမှာတစ်ယောက်တည်း ထိုင်နေရတာလဲ " .... ကျွန်တော် မေးသော မေးခွန်းကို သူမ ကြားရပင်မဲ့ တုန်ပြန်ခြင်း မရှိခဲ့။ ကျွန်တော်ကပဲ ထပ်မေးလိုက်တယ်။ "ဘာဖြစ်လို့လဲ သမီး ... ဦးကိုပြောလေ ..... ဦး ဘာကူညီပေးရမလဲ "..... သမီးဆိုတဲ့ အသုံးအနှုန်းကိုပဲ သုံးလိုက်၍လား၊ ဒါမှမဟုတ် ကျွန်တော်ကို ယုံကြည်သွား၍ပဲလား ကျွန်တော် မပြောတက်၊ သူမရဲ့မျက်ဝန်းမှာ ကြေကွဲဝမ်းနည်းတဲ့ အကြည့်တွေနဲ့ ကျနော့် ကို တစ်ချက်ကြည့်ပြီး..... "ဖေဖေနဲ့ မေမေ ကသမီးကိုမချစ်ဘူး။ ဖေဖေကလည်း သမီးကို စကားမပြောဘူး။ မေမေလည်း သမီးကို လုံးဝဂရုမစိုက်ဘူး။" "သမီးက သမီးမိဘတွေ စိတ်ဆိုးအောင် ဘာလုပ်မိလို့လဲ" " ဟင်းအင်း သမီး ဘာမှ မလုပ်ပါဘူး" " မိဘဆိုတာ သူ့တို့သားသမီးကို မချစ်ဘူးဆိုတာ မရှိဘူးသမီး၊ အကြောင်းမဲ့ စိတ်ဆိုးတယ် ဆိုတာလဲ မရှိသလောက်ပဲ၊ သူ့တို့မှာ အကြောင်း တစ်ခုခုရှိလို့ဖြစ်လိမ့်မယ်။ သမီးမေးကြည့်ပါလား" " ဟင်းအင်း သမီးမမေးရဲဘူး " " ဒါဆို သမီးက နားလည်ရမှာပေါ့။ သမီးရဲ့ မိဘတွေက အလုပ်များတဲ့ လူတွေဆိုတော့ အိမ်ပြန်ရောက်တဲ့ အခါ ပင်ပန်းနေကြမှာပေါ့။ ဒါကိုကြည့်ပြီး သမီးက သမီးကိုမချစ်ဘူးလို့ ပြောလို့မရဘူးလေ သမီရဲ့" ကျွန်တော်ရဲ့ အပြောကို နားလည်သွားဟန်ဖြင့် " ဦး ပြောတာတကယ်လား ၊ ဒါဆို သမီးအိမ်ပြန်တော့မယ်" " အေးအေး.... ဦးလိုက်ပို့ပေးမယ်" သူမနေတဲ့ အထပ်က ကျနော်နေတဲ့ အထပ်ရဲ့ သုံးထပ်မြောက်ကို လိုက်ပို့ပြီး ကျွန်တော်လည်း လှေကားမှ ပြန်ဆင်းလာခဲ့သည်။ ခုနက ကလေးမလေး ထိုင်တဲ့နေရာအရောက်မှာတော့ လက်ကောက်လေး တစ်ကွင်းကို တွေ့လိုက်ရတယ်။ ဒါနဲ့ ကျနော်လည်း ကောက်သိမ်းလိုက်ပြီး မနက်ကျမှ ပြန်ပေးတော့မယ်ဆိုပြီး အိမ်ထဲဝင်လာခဲ့တော့တယ်။
------------------- ။။။။။။။။ -------------------------------

 နောက်မနက်မှာတော့ ညက ကလေးမလေး ပြတဲ့အိမ်ခန်းကို တံခါးသွားခေါက်လိုက်တော့ အိမ်ထဲမှ လူငယ်တစ်ယောက်ထွက်လာပြီး....
 " ဘာကိစ္စရှိလို့ပါလဲဗျာ" 
သံသယ မျက်လုံးနှင့် မေးလာသော လူငယ်အား လက်ကောက်လေးကိုပြပြီး
 " ဒါ မနေ့က ခင်ဗျာ သမီး မေ့ကျန်ခဲ့တဲ့ လက်ကောက်" 
 " ကျွန်တော် သမီး" လူငယ်ရဲ့ အလန့်တကြားပြောသံနဲ့အတူ လက်ကောက်ကလေးကိုလှမ်းယူပြီး သေသေချာချာကြည့်နေတာကို ကျနော် သတိထားလိုက်မိတယ်။ အိမ်ထဲ ဝင်ထိုင်ပါအုံးဆိုတာနဲ့ ကျနော်လည်း ကလေးမကို တွေ့ဖို့ ရည်ရွယ်ချက်နဲ့ ဝင်ထိုင်ပြီး အိမ်ထဲ တစ်ချက်မျက်လုံးကစား ကြည့်လိုက်မိသည်။ အိမ်ရဲ့ အနေအထားကို ကြည့်ရတာကလည်း ကလေးရှိနေတဲ့ အနေအထား မဟုတ်။ မီးဖိုချောင်ထဲမှ ထွက်လာတဲ့ လူငယ်ရဲ့ အိမ်သူလို့ ထင်ရသော အမျိုးသမီးငယ်အား ပြုံးပြလိုက်ရင်း.... 
 " ကလေးလည်း မတွေ့ပါလား။ ကျောင်းသွားပြီနဲ့တူတယ်" 
ကျွန်တော်ရဲ့ မေးခွန်းကြောင့် ထိုအမျိုးသမီးရဲ့ မျက်နှာမှာ အံ့သြခြင်း ကြောက်ရွံ့ခြင်းတွေနဲ့အတူ ရုတ်တရက်မျက်ရည်ကျလာပါတော့တယ်။ လူငယ်မှ ကျွန်တော်ကိုကြည့်ပြီး.....
 " ကျနော်တို့မှာ ကလေးမရှိဘူးဗျ" 
 " ကလေးမလေး ပြောတော့ ခင်ဗျားတို့ က သူ့ရဲ့ မိဘတွေတဲ့ဗျ။ ကလေးက အရမ်းငယ်ပါသေးတယ်ဗျာ။ အဲလိုကြီးတော့ ပစ်မထားသင့်ပါဘူးဗျာ"
 " ကျနော်တို့မှာတော့ သမီးလေး တစ်ယောက်တော့ ရှိခဲ့ဖူးတယ်" လူငယ်မှ ပြောလာသည်။ 
 " အကယ်၍ အပြစ်ပေးချင်ရင်လည်း ဆူယုံလောက်ပဲ ဆူပါဗျာ။ ကလေးက သနားပါတယ်။ မနေ့က ကျနော်နဲ့တွေ့တော့ လှေကားမှာ တစ်ယောက်တည်း ထိုင်ငိုနေတာဗျ။ သနားပါတယ်ဗျာ။"
 " ခင်ဗျား ပြောတဲ့ သမီးလေးက လွန်ခဲ့တဲ့ ငါးနှစ်လောက်ထဲက ဆုံးသွားပြီဗျ"
 " ဗျာ " 
အံ့သြခြင်းများစွာနှင့်အတူ ထိုလူငယ်အား သေသေချာချာ စိုက်ကြည့်လိုက်မိပါတော့တယ်။ 
( ပြီးမှ ကျွန်တော်သိခဲ့ရတာကတော့ နှစ်တိုင်းသွားနေကျဖြစ်တဲ့ ကလေးမလေးရဲ့ အုပ်ဂူကို သူ့တို့ ဒီနှစ် မရောက်သေးကြောင်း၊ လက်ကောက်ကလေးမှာလဲ သူ့တို့ သမီးလေးရဲ့ လက်ကောက်ဖြစ်ကြောင်း၊ များကို ပြောပြလာပါတယ်) ဒါဆို သေချာသွားပြီ။ မနေ့ညက ကျွန်တော် သရဲအခြောက်ခံလိုက်ရတာပေါ့။

 ၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊
 လေးစားစွာဖြင့် 

+ရီနိုမာန်+

 မှတ်ချက် - TRUE GHOST STORIES ထဲမှ ဘာသာပြန်ပါသည်။ ဘာသာပြန် လွဲမှားမူ ရှိခဲ့ပါက ကျွန်တော့်ရဲ့ အမှားနှင့် တာဝန်သာဖြစ်ပါကြောင်း.......

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)