ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **
Wednesday, May 27, 2015
====ကျနော်နဲ့ အပေါ်ထပ်ဇာတ်လမ်း===
>
အပေါ်ထပ်ကို တက်ဘူးကြပါသလား၊ အပေါ်ထပ်ကို တက်ဘူးကြပါလိမ့်မည်၊ အိမ် ရုံး အဆောက်အဦး တို့တွင် အပေါ်ထပ်ရှိပါသည်၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဘုန်းကြီးကျေားင်းတွေမှာလည်း အပေါ်ထပ်ရှိ ကြပါသည်၊ တစ်ချို့ အဆောက်အဦးတွေမှာ အပေါ်ထပ်ပေါင်း များစွာ အထပ်ထပ် ရှိကြပါသည်၊ ထို အပေါ်ထပ်ပေါင်းများစွာကို လူပေါင်းများစွာက အတက်အဆင်း အကြိမ်ပေါင်းများစွာ လုပ်နေကြသည်မှာ အချိန်နဲ့အမျှ ဖြစ်ပါသည်။ ဒီလို လူပေါင်းများစွာက တက်လိုက်ဆင်းလိုက် အကြိမ်ပေါင်းများစွာ လုပ်နေသည့်ကြားက အပေါ်ထပ်ဆိုသည့် အသံကိုကြားတာနဲ့ တုန်လှုပ်နေသူ တစ်ယောက်ရှိပါသည်၊ ဟုတ်ပါသည်၊ ထို အပေါ်ထပ်ဆိုသည့် အသံကိုကြားတာနဲ့ တုန်လှုပ်နေသူ တစ်ယောက်ကတော့ ကျနော် ကိုယ်တိုင်ပါပဲ။
 ------------------------------------
 ခုတလော ခရီးတွေထွက်ခဲ့ရသည်၊ လုပ်ငန်းအားလုံးကိုလည်း စုပုံပြီး ဖြေရှင်းခဲ့ရသည်၊ သည့်အတွက် လူသည် စိတ်ရော ကိုယ်ရောပင်ပန်းလျက် ရှိနေသည်၊ မိန်းမက မောင်ရေ စပါ (spa) သွားပါလားလို့ ကိုယ်ဖြစ်နေပုံကိုကြည့်ပြီး အကြံပေးလာသည်၊ ကိုယ်ယောကျားံ ဘာဖြစ်နေသည်ကို အလိုက်သိသော တော်လိုက်တဲ့ မိန်းမလို့ စိတ်ထဲက ချီးကျူးလိုက်သည်၊ ဒါပေမဲ့ ခက်နေပါပြီ၊ ဘန်ကောက်၊ စင်္ကာပူ၊ တိုင်ပေ၊ တိုကျို တို့မှာ စပါ (spa) ကို အကြိမ်ကြိမ် သွားရောက်ခဲ့ဘူးသည်၊ ကိုယ်နေတဲ့ မြို့မှတော့ စပါ (spa) ဘယ်ဆီရှိမှန်းမသိပါ၊ ကိုယ်ရဲ့ညံ့ဖျင်းချက်လည်း ဖြစ်နိုင်သလို၊ ကိုယ့်လူမျိုးတွေရဲ့ ဆားဗစ်ကို အထင်သေး သောကြောင့်လည်း ဖြစ်နိုင်ပါသည်၊ ဒါကလည်း ကြုံခဲ့ရတဲ့ လက်တွေ့ အခြေအနေတွေကြောင့်ပဲ ဖြစ်သည်၊ ဒါအပြင် လူတွေရဲ့ အမြင်တွေကြောင့်လည်း ဖြစ်နိုင်ပါသည်၊ စပါ (spa) ကို သွားတယ်၊ အနှိပ်ခန်းက ပြန်လာတယ်ဆိုရင် လူတွေရဲ့ အကြည့်က တစ်မျိုးဖြစ်လို့နေသည်၊ ဒါတွေကလည်း စပါ (spa) တို့ အနှိပ်ခန်းတို့ကို ဘန်းပြပြီး လုပ်စားကြသော လူတစ်ချို့ကြောင့် ဖြစ်ပါလိမ့်မည်၊ စပါ (spa)တို့ အနှိပ်ခန်းတို့ကို တရားဝင်ဖွင့်ခွင့်ပေးမပေး မသိပါ၊ ဒါပေမဲ့ ဖွင့်နေကြပါသည်၊ တကယ်တော့ အကြောဖြေချင်သူ အညောင်းဖြေချင်သူ စိတ်အပန်းဖြေလိုသူတွေ Relax, Refresh တွေလုပ်ချင်နေသူတွေ အတွက် လိုအပ်နေသည် မဟုတ်ပါလား။ “ဘယ်က စပါ (spa) ကို သွားမှာလဲ”၊ မိန်းမကို မေးလိုက်သည်၊ ‘စုံစမ်းလိုက်ရင် ရပါတယ် မောင်ရယ်’ ဆိုတဲ့အဖြေနဲ့အတူ မိန်းမကတော့ စပါ (spa) သွားရေးကို စတင် လုပ်ဆောင်နေပါပြီ၊ အမေ ရော မင်းရော သွားလို့ရတဲ့ စပါ (spa) ကို ရှာပါလို့၊ လိုလိုမယ်မယ် ပြောလိုက်သည်၊ မကြာခင်မှာပဲ “တွေ့ပြီ မောင်ရေ မြို့ထဲ ဘုရားသွားတဲ့လမ်းမှာပဲ၊ အမေ ကိုမေးပြီး ကျမ အချိန်ကို တောင်းလိုက်တော့မယ်”၊ ဒီလိုနဲ့ ကျနော်တို့ ဒီညနေ စပါ(spa) သွားဖြစ်တော့မှာပါ၊ ကိုယ်နိုင်ငံမှာ ကျနော် ပထမဦးဆုံးအကြိမ် စပါ(spa) သွားဘူးခြင်းဖြစ်ပါလိမ့်မည်။ မြို့ထဲမှာ ရှိတဲ့ စပါ (spa) ကို နေ့လယ် ၂နာရီခွဲ အရောက်သွားရမည် ဖြစ်သည်၊ လမ်းမှာကားကြပ်နိုင်၍ နေ့လယ်တစ်နာရီလောက် အိမ်ကထွက်ဖြစ်ကြသည်၊ မိန်းမက စီစဉ်ထားသည့် အတွက် သူနောက်ကိုပဲ လိုက်ရန် ဆုံးဖြတ်ထားသည်၊ ဘယ် စပါ(spa) လည်း ဆိုတာလဲ မမေးမိပါ၊ အမေသည်လည်း ဘန်ကောက်တို့ စင်္ကာပူတို့တွင် စပါ (spa)ကို သွားဘူးသဖြင့် သူ့အတွက် မစိမ်းပါ၊ တကယ်တော့ ကျနော်တို့ သုံးယောက်လုံးသည် ကိုယ်နိုင်ငံမှာ ပထမဦးဆုံးအကြိမ် စပါ(spa) သွားကြခြင်းဖြစ်ပါသည်။ စပါ(spa) ကို ရောက်သွားသောအခါ ဝင်လိုက်သည်နဲ့ ကောင်မလေး တစ်ယောက်က လာကြိုသည်၊ appointment ယူထားသလားလို့မေးသည်၊ မိန်းမက ယူထားကြောင်းနဲ့ သူ့နာမည်ကို ပြောလိုက်သည်၊ ခဏစောင့်ပါ ဆိုပြီး ဆိုဖါတွေမှာ ကျနော်တို့ကို ထိုင်ခိုင်းထားသည်၊ ထိုင်စောင့်ရင်း ဘေးပတ်ဝန်းကျင်ကို အကဲခတ်ကြည့် လိုက်သည်၊ အပြင်ခန်းကို ကြည့်တော့ အပြင်အဆင်က ယိုးဒယားက အနှိပ်ခန်းတွေနဲ့တူသည်၊ အထဲမှာတော့ ဝင်မကြည့်ရ၍ မသိရသေးပါ။ များမကြာမီ ပိုင်ရှင် ဖြစ်ဟန်တူသော အမျိုးသမီးတစ်ယောက် ထွက်လာသည်၊ အသက်သုံးဆယ်ကျော် လေးဆယ်နီးပါး ဖြစ်နိုင်သည်၊ ဝတ်စားထားပုံကတော့ ခေတ်မှီ စမတ်ကြသည်၊ ထိုအချိန်တွင် ကျနော်တို့ကို ဂရင်းတီး နွေးနွေးလေး လာတိုက်သည်၊ ပိုင်ရှင်အမျိုးသမီးသည် ကျနော့်မိန်းမကို spa package တွေ အကြောင်းရှင်းပြနေသည်၊ တကယ်တော့ ရောင်းချနေခြင်းဖြစ်ပါသည်၊ ကျနော်ကတော့ ကျနော်ဘာလုပ်ချင်သည်ကို မိန်းမကို ပြောထားပြီး၍ စောင့်၍ပဲနေလိုက်ပါသည်၊ ခဏနေကြတော့ ‘မောင်ရေ ကျမတို့ နှစ်ယောက်အတွက်တော့ သုံးမျိုးပေါင်း၊ အမေ့အတွက်ကတော့ အကြောဖြေ တစ်မျိုးပဲ ယူလိုက်တယ်၊ သူတို့လာခေါ်လိမ့်မယ်’ ဆိုလာပါသည်၊ ကျနော်ကတော့ အဆင်ပြေသလိုပေါ့လို့ ပြန်ပြောလိုက်မိသည်။ ခဏနေကြာတော့ ဝတ်စုံပြည့်ကောင်မလေး တစ်ယောက်ရောက်လာပါသည်၊ ကျနော်တို့ကို spa အဝတ်အစားတွေလဲရန်ပေးပါသည်၊ ကျနော်တို့အသီးသီး အခန်းထဲ ဝင်လဲပြီးသောအခါ၊ ကျနော့်မိန်းမအတွက် အခန်းသည် အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်းနှင့် ကောင်မလေးက သူနှင့်လိုက်ခဲ့ရန်ပြောသည်၊ ကျနော်နဲ့ အမေကို ဆယ်ငါးမိနစ်လောက် စောင့်ပါလို့ဆိုသည်၊ တဆက်ထဲမှာပင် အမေနှင့် မိန်းမက အောက်ထပ် အခန်းတွေမှာဖြစ်ပြီး၊ ကျနော့်အတွက်တော့ အပေါ်ထပ်အခန်းမှာလို့ဆိုသည်၊ အမေ့အတွက် အကြောဖြေတာက တစ်နာရီပဲဖြစ်သည်၊ ကျနော်တို့ နှစ်ယောက်ကတော့ နှစ်နာရီကျော်ကျော်ကြာမည်ဖြစ်သည်လို့ ဆိုသည်၊ ဒီလိုနဲ့ မိန်းမကတော့ ပြုံးပြုံးလေးနဲ့ ကောင်မလေးနောက်သို့် လိုက်သွားတော့သည်။ ကျနော်တို့ စောင့်နေတုန်း ပိုင်ရှင်အမျိုးသမီးထွက်လာပြီး ဒီနေ့မှ အခန်းတွေပြည့်နေလို့ ခုလိုစောင့်ပေးနေတာ ကျေးဇူးတင်ပါတယ်လို့ ဆိုပြီး ရုံးခန်းထဲသို့ ပြန်ဝင်သွားသည်၊ စောင့်နေတဲ့အခန်းမှာတော့ ကျနော်တို့ရယ် ဧည့်ကြိုကောင်မလေးရယ်ပဲရှိသည်၊ အခန်းတစ်ခုလုံးကတော့ ငြိမ့်ညောင်းသော တေးသံဖြင့် ဖုံးလွှမ်းလျက် ရှိပါသည်၊ ခဏနေကြာ ကျနော်စိတ်ထဲမှာ အလွန်သာယာဖွယ်ရှိသော အမွေးရနံ့တစ်ခုကို ရရှိလိုက်သည်၊ ထိုအချိန်မှာ အပေါ်ထပ်မှ အစိမ်းရောင် ဝမ်းဆက်နဲ့ ဆံပင်ရှည်ရှည် ကောင်မလေး တစ်ယောက် ဆင်းလာပါသည်၊ ထိုနောက် အလွန်ယဉ်ကျေးပျူငှာစွာဖြင့် ကျနော်ကို အပေါ်ထပ်ကို လိုက်ခဲ့ဖို့ ခေါ်ပါသည်၊ ကျနော်လည်း အမေကို သားအပေါ်ထပ် လိုက်သွားလိုက်ဦးမယ် ဆိုပြီး ကျနော်လိုက်သွားခဲ့သည်၊ အမေက အမေအရင်ပြီးလို့ရှိရင် ဒီမှာပဲ သားကိုစောင့်နေမယ်လေ ဆိုပြီး ကျန်ရစ်ခဲ့ပါသည်။ 
 ………………………………………
 အစိမ်းရောင် ဝမ်းဆက်နဲ့ ဆံပင်ရှည်ရှည် ကောင်မလေး နောက်သို့ လိုက်ရင်း အပေါ်ထပ်ကို ရောက်လာတော့သည်၊ လှေခါးထိပ်အဝမှာပင် ခါးတောင်းကျိုက်ထားသော ကောင်လေးတစ်ယောက်နဲ့ ထမိန်ရင်ရှားပုံစံ ဝတ်ထားသော ကောင်မလေး တစ်ယောက်တို့က ခရီးဦးကြိုဆိုသလို လက်ကလေးတွေနဲ့ ကျနော်သွားရမည့် နေရာကို ညွှန်ပြနေပါသည်၊ အစိမ်းရောင် ကောင်မလေးက အခန်းတစ်ခုကိုပြရင်း ဒီအခန်းထဲက စောင့်နေပါဆိုပြီး ခေါင်းလေးငြိမ့်ကာ တရိုတသေ ထွက်သွားသည်၊ ကျနော်လည်း အခန်းထဲသို့ ဝင်လိုက်ပါသည်။ အခန်းတစ်ခုလုံးသည် အေးစိမ့်နေပါသည်၊ ဖယောင်းတိုင် တစ်တိုင်အားထက် တစ်ဝက်နည်းသော အလင်းရောင် ရှိသည်၊ အခန်းအလယ်တွင် ခုတင်တစ်လုံးရှိနေသည်၊ ကုတင်သည် ကတ္တီပါ အပြည့်ခင်းထားပါသည်၊ ကတ္တီပါ စွတ်ထားသော ခေါင်းအုံးတစ်လုံးလည်း ရှိပါသည်၊ စပါ(spa) တို့ ထုံးစံအတိုင်း ခုတင်ပေါ်တွင် မှောက်လျက်အိပ်ကာ စောင့်နေပါသည်၊ အလွန်သာယာဖွယ်ရှိသော အမွေးရနံ့သည် အခန်းထဲမှာ ခုနကထက်ပိုပါသည်၊ တေးသံကလည်း တကယ့် ရေစီးဆင်းနေသလို အေးငြိမ့်နေပါသည်၊ အကြောမဖြေရခင်မှာပင် တစ်ဝက်လောက်ပြေလို့ နေပါပြီ၊ ကိုယ့်လူမျိုးတွေရဲ့ ဆားဗစ်ကို အထင်သေးသော ကျနော်သည် ဒီမှာတွေ့ရတာတွေက တခြားစီဖြစ်လို့ နေပါသည်၊ ဒီအချိန်မှာပဲ ထူးခြားသော အမွေးရနံ့ တစ်ခုကို ထပ်ရလိုက်ပါသည်၊ တစ်ချိန်ထဲမှာပင် ‘မောင်တော် နှမတော် စပြီးပြုစုပါရစေ’ ဆိုတဲ့ သာယာစရာအကောင်းဆုံး အသံကိုကြားလိုက်ရပါသည်၊ ရပါတယ် ရပါတယ်လို့ ပြောပြီး စဉ်းစားလိုက်မိသည်၊ ဒီ စပါ(spa)က သူ့ဝန်ထမ်းတွေကို ဆားဗစ်ကို တော်တော် လေ့ကျင့်ပေးထားတာပဲ၊ လာတဲ့ customer ကို မောင်တော်တို့ အကိုတော်တို့ အစ်မတော်တွေ ခေါ်ခိုင်းထားတယ်လို့ ဖြစ်ပါသည်၊ သူမကတော့ ကျနော့် ကို ဆီမွှေးနံ့သာတွေ လိမ်းပေးကာ အကြောတွေ စဖြေနေပါပြီ။ ကျနော်သေချာ ကြည့်လိုက်မိသည် ကျနော့်ကို အကြောဖြေပေးနေသော အမျိုးသမီးသည် ရွှေဝါရောင် ဝမ်းဆက်ကို ဝတ်ထားသော်လည်း ဒီဇိုင်းက အဆန်းဖြစ်သည်၊ ထမိန်ရင်ရှားပုံစံဖြစ်သော်လည်း အစိမ်းရောင် အထက်ဆင်က ကြီးမားကာ ဗိုက်ကစပြီး ရင်ကိုဖုံးစေသည်၊ ရွှေဝါရောင်ပုဝါကို ခြုံထားသည်မှာလည်း ဘယ်လိုလှုပ်ရှား လှုပ်ရှား ပုဝါသည် မကျပေ၊ ခဏအတွင်းမှာပင် အညောင်းအညာတို့သည် ယူပစ်သလို ပျောက်သွားခဲ့သည်၊ ‘အဆင်ပြေပါရဲ့လား မောင်တော်’လို့ သူမေးလာသည်၊ ကျနော်က အလိုက်သင့်ပင် ခေါင်းထဲမှာ stress တွေများနေလို့ ဆိုပြီး ဖြေလိုက်မိသည်၊ နှမတော် ဖြေပေးပါမယ် မောင်တော်လို့ ဆိုသည်၊ ထိုနောက် ကျနော်ကို တင်ပလ္လင်ခွေ ထိုင်ခိုင်းလိုက်သည်၊ သူမသည် ဒူးထောက်ခါ ကျနော်ရှေ့မှာနေသည်၊ သူမမျက်နှာကို ခုမှကြည့်မိပါသည်၊ အလွန်တစ်ရာမှ ကျက်သရေရှိလှသည်၊ နောက်ပြီး သူမ၏ သန့်ရှင်းလှပသော အပြုံးတို့ကို တွေ့လိုက်ရလေသည်။ ‘မောင်တော် မျက်စေ့လေးမှိတ်ပြီး ကျမ ပြောတာတွေ စိတ်ထဲကနားထောင်၊ မောင်တော်ရဲ့ အပူအပင်အမောတွေ ပျောက်သွားရလိ့မ်မယ်’၊ ‘ကဲ မျက်စေ့လေးမှိတ်လိုက်’ ဆိုပြီး ကျနော်ရဲ့ နားထင်လေးကို လက်ချောင်းလေးတွေနဲ့ ပွတ်ပေးပါသည်၊ ပြီးနောက်နဖူး၊ နောက်ဆံပင်လေးတွေကို လက်ချောင်းလေးတွေနဲ့ ပွတ်ပေးပါတော့သည်၊ အလွန်ညှင်သာသော ထိတွေ့မှုပါပဲ၊ တကယ်ပါ ဒီလိုမျိုး ကျနော် ပထမဦးဆုံး အကြိမ် ခံစားဘူးခြင်းဖြစ်ပါသည်၊ ‘မောင်တော်’ ‘နှမတော် မောင်တော်ကို အရင်တုန်းက တစ်ဝကြီး မပြုစုပေးလိုက်ရဘူး ခုမှပြုစုရမှာပါ၊ အဲဒီစိတ်က နှမတော်ကို အစွဲအလန်းကြီးစေခဲ့ပါတယ် မောင်တော်’ ‘ခုတစ်ဝကြီှးပြုစုပါရစေ မောင်တော်’ ကျနော်ကတော့ သူမ ပြောနေတာတွေကို သိပ်မသိတော့၊ သေချာတာကတော့ ဒီကို ကျနော် ပထမဦးဆုံးအကြိမ် လာဖူးခြင်းဖြစ်သည်၊ ဒီကောင်မလေး လူမှားနေတာဖြစ်နိုင်သည်လို့ တွေးလိုက်မိသည်၊ ပြီးနောက် အထိအတွေ့က ကျနော့်ကို ဖမ်းစားသွားသည်၊ သူမ ပြောနေသည့် စကားတွေထဲတွင် နားထောင်ရင်း မျောပါသွားခဲ့ပါပြီ။ မောင်တော် နှမတော်တို့ ရွှေတိဂုံ ဘုရား သွားဖူးရအောင်လေ၊ နှမတော်တို့ ဖူးခဲ့ဘူးကြတယ်လေ၊ ကျနော်သည် ရွှေတိဂုံ ဘုရားကို သွားနေသည်လို့ ခံစားလိုက်ရသည်၊ ဒီမုဒ်ဦးကို မှတ်ထားနော် မောင်တော် ဒီဘက်မှာ မယ်တော်ကြီး နန်းရှိတယ် မောင်တော်ရောက်လို့ရှိရင် ဝင်ပြီးကန်တော့ပေါ့၊ အရိုသေ ပေးတဲ့ သဘောပေါ့၊ ဒီလိုနဲ့ ကျနော်တို့ နှစ်ယောက် ရွှေတိဂုံဘုရား ပတ်ကြသည်၊ သူမသည် ကျနော်ကို အောင်မြေ၏ အနောက်ဘက်၊ မဟာဗောဓိဘုရား၏ အနောက်ဘက်တို့ကို ခေါ်သွားခဲ့သည်၊ ထိုထဲက ဘုရားတို့ကို ဖူးစေခဲ့သည်၊ နောင်ရောက်လျှင်လည်း ဖူးရန်မှာလေသည်၊ နောက်ဆုံးစေတီလေး တစ်ဆူစီရောက်လာသည်၊ စေတီပတ်လည်တွင် နတ်ဘီလူးရုပ်တွေ ဝိုင်းရံထားသည်၊ မောင်တော် နောင်အခက်အခဲတွေ ရှိခဲ့လျှင် ဒီစေတီလေးမှာ လာဆုတောင်းပါလို့ ဆိုသည်၊ ခုမှ သတိထားမိသည် ကျနော်ဖူးခဲ့သော စေတီလေးများ၊ ဘုရားဆင်းတုတော်များတွင် နတ်ဘီလူးရုပ်ပုံတွေနဲ့ ရှိလို့နေသည်၊ နောက်ပြီး ဘုရားပေါ်တွင် လူရှင်းနေသည်လို့ ထင်နေမိသည်၊ ဒီလိုနဲ့ ကျနော်တို့ စေတီလေးနှစ်ဆူကြား ရောက်ခဲ့ကြသည်၊ ကွက်လပ်ကလေးရှိသည်၊ လာ မောင်တော် နှမတော်တို့ ဒီနေရာကနေ ဘုရားကို အာရုံပြုကြရအောင်၊ ကျနော်ထိုင်လိုက်သည် ထိုနေရာလေးသည် ရွှေတိဂုံစေတီ တစ်ခုလုံးကို ကွက်ကွက်ကွင်းကွင်း ဖူးမြင်ရသည်ကို တွေ့ရလေသည်၊ ဒီနေရာလေးကနေ ဘုရားထီးတော်နားက ခေါင်းလောင်း ဆည်းလည်းသံတွေကို ကြားရတယ် မောင်တော် အဲဒီ ဆည်းလည်းသံတွေကို အာရုံပြုလိုက်ပါ မောင်တော် မောင်တော်ရဲ့ စိတ်မော လူမော ရင်မောတွေ ပျောက်သွားပါလိမ့်မယ်၊ အာရုံပြုထားသော ဆည်းလည်းသံတွေ တိုးတိတ်သွားချိန် မှာတော့၊ မောင်တော်ကို နှမတော် ပြုစုလို့ ဝခဲ့ပါပြီ၊ မောင်တော် ရေချိုးသန့်စင်ပြီး ပြန်ဆင်းလို့ရပါပြီ၊ ဆိုပြီး ကျနော်ကို ရေချိုးခန်းသို့ ပြပေးပါသည်၊ ကျနော်လည်း ပြန်ဆုံကြသေးတာပေါ့လို့ ပြောပြီး ရေချိုးခန်းထဲသို့ ဝင်လိုက်ပါသည်။ 
---------------------------------
 ---------------------------------- 
အမေက ကျနော်ကိုဖက်၍ ငိုသောအခါ ကျနော်လည်း ငိုမိပါသည်၊ အမေသည် တကယ့် အဖွားကြီး တစ်ယောက်လိုဖြစ်သွားပါပြီ၊ အမေနဲ့သားတို့ကြားတွင် အသက်တွေ အရွယ်တွေကို သတိမပြုနိုင်အားပါ၊ အမေနဲ့သားတို့ရဲ့ အလွမ်းသည်မှုသည် နှစ်နာရီလောက်ကြာခဲ့လေသည်၊ ပြီးနောက် အမေသည် ကျနော်နဲ့အတူ အိမ်ရှေ့သို့ ထွက်လာခဲ့သည်၊ အိမ်ရှိ လူအားလုံးတို့သည်လည်း အိမ်ရှေ့ဧည့်ခန်းသို့ ရောက်ရှိလို့နေပါသည်၊ အမေသည် ကျနော့်မျက်နှာကို တစိမ့်စိမ့်ကြည့်၍ နေသည်၊ “အမေ သားဘယ်ကိုမှ မသွားဘူးအမေ၊ သားအပေါ်ထပ်တက်ပြီး ပြန်အဆင်းမှာ အားလုံးဟာ ပြောင်းလဲနေတယ် အမေ”၊ “ယုံပါအမေရယ်” “ယုံပါအမေရယ်”၊ ကျနော် တုန်တုန်ရီရီနဲ့ အမေ့ကိုပြောလို့နေပါသည်၊ အမေယုံပါတယ် သားရယ်၊ ဒါကြောင့် ငါ့သားပြန်ရောက်လာမယ် ဆိုတဲ့ ယုံကြည်မှုဟာ အမေဆီမှာ အမြဲရှိခဲ့တာပေါ့၊ ဒါပေမဲ့ သားရယ်၊ သားအပေါ်ထပ်တက် သွားခဲ့တာ အနှစ်၂၀ကျော်ကြာခဲ့ပါတယ်၊ တကယ့်ကို အနှစ်၂၀ကျော်ကြာခဲ့ပါတယ်၊ ငါ့သားလည်း ယုံပါ၊ အမေတို့ မချိုတို့ ကိုစိုးဝင်းတို့ ရုပ်တွေနဲ့ အသက်တွေကိုပဲကြည့်လေ၊ သားပြောသလို သားအပေါ်ထပ်တက်သွားနေတုန်း ဘာတွေဖြစ်ခဲ့သလည်း ဆိုတာ အမေပြောပြမယ်လေ၊ အမေသည် လက်ရှိဖြစ်နေတာကို ပကတိအခြေအနေလို့ ယူဆကာ ကျနော်ကို တည်ငြိမ်စွာဖြင့် ပြောပြပါတော့သည်။ ငါသား စပါအပြီးကို အမေရော သမီး မီမီပါ ဆိုဖါပေါ်မှာထိုင်ပြီးစောင့်နေခဲ့ပါတယ်၊ နှစ်နာရီလောက်ကြာတဲ့အထိပေါ့၊ သားပြန်မဆင်းလာတော့ တစ်ခုခုမှားနေပြီ ဆိုပြီးတော့ မီမီက ကောင်တာကို သွားမေးပါတယ်၊ သူတို့က အပေါ်ထပ်တက်ကြည့်ပေးပါတယ်၊ အပေါ်ထပ်မှာ သားမရှိတော့ဘူးလို့ပြောတယ်၊ ပိုင်ရှင်အမျိုးသမီးလည်း ဝင်ရှာတာပေါ့သားရယ်၊ သားကိုလုပ်ပေးရမဲ့ ကောင်မလေးက၊ သားမလာလို့ တခြားတစ်ယောက်ကို လုပ်ပေးလိုက်တယ်ဆိုတယ်၊ ဒီလိုပဲ တစ်ချို့သူတွေလို မစောင့်နိုင်လို့ ပြန်သွားကြတယ် ထင်လို့ပါလို့ ဆိုတယ်၊ စပါ(spa) တစ်ခုလုံးကတော့ ရှုပ်ယှက်ခတ်လို့သွားခဲ့ပါတယ်၊ မီမီကလည်း သေချာအောင် သားအိမ်ပြန်သွားလား ဆိုပြီး အိမ်ကိုဖုန်းဆက် ရှာခိုင်း၊ ကိုစိုးဝင်းတို့က သားပြန်မလာဘူးလို့ ရှာပြီးတော့ ဖြေကြတယ်၊ နောက် အဝတ်လဲခန်းက လော်ကာဘူးထဲမှာ သားအဝတ်အစား၊ နာရီ၊ ဖုန်း နှင့် ပိုက်ဆံအိတ် တွေက ဒီအတိုင်းရှိနေတုန်းပဲလေ၊ သား ဒီ စပါ(spa) ဝတ်စုံ တစ်ခုထဲနဲ့ အပြင်ကို ဘယ်လိုမှ မထွက်သွားနိုင်ဘူးပေါ့၊ မီမီက ပိုင်ရှင်တွေနဲ့ ငြင်းတော့တာပါပဲ။ ဒီနောက် သူတို့က သား အပေါ်ထပ် တက်မလာဘူးလို့ ဆိုကြပြန်တယ်၊ အမေက အမေမျက်စိရှေ့မှာပဲ၊ သား အပေါ်ထပ်ကို တက်သွားတာလို့ ပြောရတာပေါ့၊ သားကို အစိမ်းရောင် ဝတ်ထားတဲ့ ကောင်မလေး လာခေါ်သွားတာလို့ ပြောတော့၊ အဲဒီမှာ သူတို့ကပြောတယ် သူတို့ဝန်ထမ်းတွေထဲမှာ ဘယ်သူမှ အစိမ်းရောင် မဝတ်ဘူးပေါ့၊ သေချာတာကတော့ အမေမျက်စိရှေ့မှာပဲ၊ သား အပေါ်ထပ် တက်သွားတာလို့ အမေလည်း ငြင်းတာပေါ့၊ အမေနှင့် သမီး မီမီတို့ အပေါ်ထပ် တစ်ခန်းပြီးတစ်ခန်း ဝင်ရှာပါတယ်၊ သားကို မတွေ့ရပါဘူး၊ နောက်ဆုံး အငြင်းအခုံတွေက ပိုပြီးပြင်းထန်လာတယ်၊ သူတို့က သား စပါ(spa) မလုပ်ပဲ၊ ဒီအတိုင်းပဲ ထွက်သွားတာလို့ ပြောတယ်၊ အမေတို့ကလည်း သား ဒီ စပါ(spa) မှာ ပျောက်နေတာ ဆိုပြီးတော့ပေါ့၊ ဒီလိုနဲ့ သမီး မီမီက နောက်ဆုံး ရဲကို အကြောင်းကြားလိုက်တယ်၊ ရဲတွေရောက်လာပြီး စစ်ကြမေးကြတာပေါ့၊ ရဲတွေလည်း စပါ(spa) တစ်ခုလုံးရှာ၊ အနံ့ခံ ခွေးတွေပါ ခေါ်ပြီး ရှာကြပါတယ်၊ ရှာလို့ မတွေ့ကြပါဘူး၊ သေချာတာ တစ်ခုက စပါ(spa)ရဲ့ တံခါးပေါက် CCTV မှတ်တမ်းထဲမှာ သားပြန်ထွက်သွားတာ လုံးဝ မရှိဘူးဆိုတာပေါ့။ ဒီလိုနဲ့ မေမေတို့လည်း အိမ်ပြန်ရောက်လာကြတယ်၊ မယုံနိုင်စရာကောင်းတဲ့ သားရဲ့ ပျောက်ဆုံးခြင်းပါပဲ၊ လူပျောက်ကလည်း သုံးရက်နေမှ အမှုဖွင့်လို့ရတယ်၊ စပါ(spa)ကိုလည်း ရဲတွေက ခဏပိတ်ခိုင်းလိုက်တယ်၊ နောက်ပိုင်း CID မှုခင်းရဲတွေတောင် စပါ(spa)ကို သွားထပ်ရှာကြသေးတယ်လို့ ဆိုတယ်သားရယ်၊ အမေလည်း နေ့တိုင်းနည်းပါး စပါ(spa)နားကို သွားပြီး သားပြန်အလာကို သွားစောင့်နေတာပေါ့၊ နောက်ပိုင်း စပါ(spa)လည်း ပိတ်သွားခဲ့တယ်၊ သမီး မီမီလည်း သားခုလို ရုတ်ခြည်းပျောက်သွားတော့ ဘယ်လိုခံစားရမလဲဆိုတာ သားပဲ တွေးကြည့်ပေါ့ကွယ်၊ ဒီလိုနဲ့ တစ်လ၊ နှစ်လ၊ တစ်နှစ် နှစ်နှစ်၊ ရက်တွေကြာလာခဲ့ပါတယ်၊ သမီး မီမီလည်း သားရဲ့ လုပ်ငန်းတွေကို သူတတ်သလောက် ဆက်လက်လုပ်တာပေါ့၊ သူလုပ်နိုင်တာတွေကိုပေါ့၊ တစ်ချို့ လုပ်ငန်းတွေကိုတော့ ၊ အမေပဲ ရောင်းခိုင်းလိုက်ပါတယ်၊ နောက်ပိုင်း ကိုယ့်သား အတွက်နဲ့ သမီး မီမီကို မခံစားစေချင်တော့ဘူး၊ မနစ်နာစေချင်တော့ဘူး၊ သား ပျောက်သွားပြီး ဆယ်နှစ်ပြည့်ပြီးတာနဲ့၊ ရဲစခန်းကလည်း အမှုလာပိတ်တယ်၊ တဆက်တည်းမှာပဲ သမီး မီမီ အရွယ်ရှိတုန်း မေမေကိုယ်တိုင်ပဲ သူ့မိဘတွေ ရွေးချယ်ခဲ့တဲ့ သင့်တော်တဲ့ သူတစ်ယောက်နဲ့ အိမ်ထောင်ထပ်ပြုစေခဲ့ပါတယ်။ ရဲစခန်းအမှုကိုတော့ အမေမပိတ်ခဲ့ဘူး၊ သားလေးကို ရှာရင်း၊ သားလေး ပြန်အလာကို အမေစောင့်နေခဲ့တာပေါ့၊ နောက်ပိုင်း အမေ နှလုံးရောဂါ ရခဲ့တာလေ၊ ဒါပေမဲ့ အမေ ဘုရားလမ်းကို သွားပြီး သားရှာတော့ မပျက်ခဲ့ပါဘူး၊ တစ်နေ့ပေါ့ စပါ(spa) ဖွင့်ခဲ့တဲ့ အိမ်အနားမှာ အမေမူးလဲမလို ဖြစ်နေတုန်း၊ ကလေးမလေး တစ်ယောက်က အမေကို ကူညီခဲ့တယ်၊ အိမ်အထိ ပြန်လိုက်ပို့ပေးခဲ့တယ်၊ နောက်ပိုင်း အဲဒီ့ကလေးမလေးက အမေကိုခင်ပြီး အမေ့ကို လာလာပြုစုပေးတယ်၊ နောက်ပြီး ကလေးမလေးက ငယ်ပေမဲ့ အမေကို တရားဓမ္မတွေနဲ့ နီးစပ်စေခဲ့တာ၊ ဒီလိုနဲ့ အမေလည်း ရောဂါသက်သာလာပြီး တရားတွေလုပ်ဖြစ်ခဲ့တာပဲ၊ ကလေးမလေးကြောင့် ခုသားနဲ့ အမေကျန်းကျန်းမာမာပါ ပြန်တွေ့ရတာပါ၊ အဲဒါ ကလေးမလေးရဲ့ကျေးဇူးပေါ့သားရယ်၊ အမေ ပြောပြလို့ ဘာတွေဖြစ်ခဲ့တာဆိုတာ ကျနော်သိခဲ့ရပါသည်၊ ကျနော် ကလည်း အပေါ်ထပ်မှာ ကျနော့်ကို ပြုစုပေးတဲ့ အကြောင်း၊ ပြီးနောက် အောက်ထပ်ကို ဆင်းလာတဲ့ အကြောင်း ဒီထက် ကျနော်ပို၍ မပြော နိုင်ခဲ့ပါ၊ အကြောင်းစုံကို နားထောင်ပြီးတဲ့ နောက် မချိုတို့ကတော့ သူတို့အချင်းချင်း ကျနော့် ကို နတ်ဖွက်လိုက်တာ၊ နတ်ရေတွေချိုးလာလို့ ရုပ်နုနေတာလို့ မကြားတကြား တီးတိုးပြောနေကြပါသည်။ ကျနော် ပြန်ရောက်ရှိလာသော သတင်းသည် ပျံ့နှံ့သွားခဲ့ပါသည်၊ နောက်နေ့မှာ ရဲတပ်ဖွဲ့ ဝင်တွေရောက်လာပါသည်၊ စစ်ဆေးမေးမြန်းပြီး လက်ဗွေတွေနှိပ် မှတ်ချက်တွေ ယူပါသည်၊ ကျနော်သည် ကျနော်ဖြစ်ကြောင်း ထောက်ခံပေးကြပါသည်၊ ကျနော်အပေါ်ထပ်တက် ပျောက်သွားတုန်းက အမှုလိုက် အရာရှိလေးသည်၊ အခုတော့ ရဲမှုးကြီး ဖြစ်လို့နေပါပြီ၊ မီမီလည်း ရောက်လာပါသည်၊ သူ့အမျိုးသားလည်း ပါလာပါသည်၊ မီမီသည် မိန်းမကြီး တစ်ယောက် ဖြစ်လို့နေသည်၊ အသက် လေးဆယ်ကျော်သွားခဲ့ပြီကိုး၊ ကျနော်ကိုကြည့်ပြီး ပထမတော့ ငိုပါသည်၊ နောက်တော့ စကားတွေပြောဖြစ်ကြပါသည်၊ သူတွင် ရှစ်နှစ်အရွယ် သားလေးတစ်ယောက် ရှိလို့နေပါပြီ၊ ကံတရားသည် မီမီနှင့် ကျနော်ကို ဒီလောက်ပဲ ပေါင်းခွင့်ပေးခဲ့တာပဲလို့ ဆိုပြီး ကျနော် ဖြေယူရပါသည်။ ဆွေမျိုးသူငယ်ချင်းတွေ အသိမိတ်ဆွေတွေ အိမ်သို့ လာရောက်နူတ်ဆက်ကြသည်ကို လက်ခံရင်း ကျနော်အတွက် အချိန်တွေကို ကုန်စေခဲ့ပါသည်၊ ပြန်ရောက်ပြီးကတည်းက အပြင်ကို ကျနော် မထွက်ဖြစ်ခဲ့ပါ၊ အသိမိတ်ဆွေတို့သည် အနှစ်နှစ်ဆယ်ပျောက်ပြီး ပြန်ရောက်လာသူ ကျနော်ကို သူတို့နည်း သူတို့နားလည်မှုနဲ့ လက်ခံကြပါသည်၊ ကျနော်သည် အောက်ထပ်က စာကြည့်ခန်းကို ကျနော့်အခန်းအဖြစ်ပြောင်းလဲ နေထိုင်ပြီး၊ ကျနော်သည် ကျနော် အနှစ်နှစ်ဆယ် ပျောက်သွားသည် ဆိုခြင်းကို လက်ခံ၍ မရသေးပါ၊ ကျနော်အတွက်ကတော့ ကျနော်သည် အပေါ်ထပ်တက်ကာ ပြန်ဆင်းလာခြင်းပဲ မဟုတ်ပါလား။ 
 -----------------------------
 ဒီနေ့ထိ အပြင်သို့ မထွက်သေးသော ကျနော်ကို အမေသည် ရွှေတိဂုံဘုရားသွားဘို့ ခေါ်ပါသည်၊ ဒီနေ့ ဘုရားမှာ ကလေးမလေးနဲ့ အမေ ချိန်းထားတယ်သားရယ်၊ သားလဲလိုက်ခဲ့ပေါ့၊ အမေ့ကျေးဇူးရှင်လေးကို သားတွေ့ရတာပေါ့၊ စိတ်ထဲတွင် တိုက်တွန်းမှု တစ်စုံတစ်ရာ ရှိနေသည် အလား၊ အမေနှင့်အတူ ဘုရားသွားချင်စိတ်တွေ ဖြစ်ပေါ်လာသည်၊ ဒီလိုနဲ့ ကျနော်သည် အမေနှင့်အတူ ဘုရားလိုက်ဖြစ်ခဲ့သည်။ ကျနော်တို့ ဘုရားကို အရှေ့ဘက်မုဒ် ဓါတ်လှေခါးမှ တက်ဖြစ်ခဲ့သည်၊ ဓါတ်လှေခါး တံခါး အဆုံးမှာ ကျနော်တို့ အမေကကျေးဇူးရှင်လို့ ခေါ်တဲ့ ကလေးမလေးကို စောင့်ရပါသည်၊ ခဏနေကြာ ကလေးမလေး ရောက်လာပါသည်၊ လက်ထဲတွင် ကြာပန်းတွေနဲ့ ဒီနေ့အမေကြီးက ကြာပန်းလှူမယ်ပြောထားလို့ သမီးသွားဝယ်နေတာနဲ့ ကြာသွားတယ်၊ တော်တော် သွက်လက်သော ကလေးမလေးပဲ၊ ကလေးမလေးကို သေချာကြည့်လိုက်တော့ ကျနော် ရင်တွေခုန် တုန်တုန်ရီရီ ဖြစ်သွားရပါသည်၊ ‘သားရေ ဒါက နှင်းမိုးသူဇာတဲ့ အမေပြောတဲ့သူလေးပဲ’၊ ‘သမီးလေး ဒါက အမေသား ဇော်နိုင်ထက် ပြန်ရောက်လာတာ’၊ ‘ဝမ်းသာလိုက်တာ ကိုကြီးရယ်၊ နှင်းမိုးလေ အမေကြီးနဲ့အတူ ဆုတွေတောင်းလိုက်ရတာ၊ ခုလိုတွေ့ရတာ အရမ်းဝမ်းသာတာပဲ’ ဆိုပြီး ပြုံးပြီးတော့ ကျနော်ကို နုတ်ဆက်ပါသည်၊ ‘ဟုတ်တယ်သားရေ၊ သားလေးအတွက် အမေဒီမှာ ဆုလာတောင်း၊ အဓိဋ္ဌာန်ပြီး ပုတီးစိတ် တရားထိုင်ရင် သမီးလေးပဲ လိုက်ပေးတာလေ’၊ ‘သမီးလေးနှင်းမိုးရေ ဒီနေ့ အမေ အင်္ဂါဒေါင့်မှာ ဘုရားရိုခိုးပြီးရင် နောက်က ဇရပ်သွားပြီး တရားထိုင်လိုက်တော့မယ်၊ အဓိဋ္ဌာန်ပြီး ပုတီးတော့ သွား မစိတ်တော့ဘူး သားလေးပြန်ရောက်လို့ ပြည့်သွားပြီလေ၊ အနှစ်နှစ်ဆယ်လောက် ဘုရားပေါ် မရောက်တဲ့ သားကိုသာ ဘုရားတစ်ပတ် လိုက်ပို့ပေးလိုက်နော်’၊ ‘ဟုတ်ကဲ့ပါ အမေကြီး’၊ အမေသည် ဇရပ်တွင် တရားထိုင်ရန် နေခဲ့သည်၊ ကျနော်နဲ့ နှင်းမိုးသူဇာဆိုသော ကောင်မလေးတို့ ဘုရားပတ်ဖြစ်ကြသည်၊ ကောင်မလေးကတော့ ဦးဆောင်သူပေါ့၊ ကောင်မလေး၏ အသက်သည် နှစ်ဆယ်လောက်ပဲရှိဦးမည်၊ ဆေးကျောင်းတက်နေသည် ပြောသည်၊ ‘အစ်ကိုကြီးကို ဓါတ်ပုံထဲမှာ တွေ့ဘူးကတည်းက အပြင်မှာ တွေ့ဖူးချင်နေတာ၊ ဓါတ်ပုံထဲမှာ အစ်ကိုကြီးကို မြင်လိုက်ကတည်းက သမီးစိတ်ထဲမှာ အရမ်းရင်းနှီးတယ်လို့ ခံစားရတယ်’၊ ကျနော်လည်း ဒီလိုပါပဲလို့ အလိုက်သင့် ပြန်ဖြေလိုက်သည်၊ ‘နှင်းမိုး ဖူးနေကြ ဘုရားတွေ အစ်ကိုကြီး ကိုလိုက်ပို့ပေးမယ်လေ’၊ ဒါဆိုလည်း ဖူးရတာပေါ့ ဆိုပြီး ကျနော်လည်း နှင်းမိုးသူဇာဆိုသော ကောင်မလေးနောက်ကို လိုက်ခဲ့မိသည်။ အောင်မြေ၏ အနောက်ဘက်၊ မဟာဗောဓိဘုရား၏ အနောက်ဘက်တို့ကို ခေါ်သွားခဲ့သည်၊ ထိုမှာရှိသော ဘုရားတို့ကို ဖူးကြသည်၊ ကျနော် သတိထားမိသည်မှာ ကျနော် နှင်းမိုးနဲ့အတူ လိုက်ဖူးခဲ့သော စေတီလေးများ၊ ဘုရားဆင်းတုတော်များတွင် နတ်ဘီလူးရုပ်ပုံတွေနဲ့ ရှိလို့နေသည် ကိုပဲဖြစ်သည်၊ နောက်ဆုံးစေတီလေး တစ်ဆူစီကို ရောက်လာသည်၊ စေတီပတ်လည်တွင် နတ်ဘီလူးရုပ်တွေ ဝိုင်းရံထားသည်၊ ‘ဒီစေတီလေးမှာ နှင်းမိုး အခက်အခဲတွေ တွေ့တိုင် လာဆုတောင်း နေကြလေ၊ အမေကြီးသား ဘေးမသီရန်မခ ပြန်ရောက်လာပါစေလို့လဲ ဆုတောင်းပေးခဲ့ဘူးပါတယ်’၊ ကျနော်စိတ်ထဲမှာ ဒီစေတီလေးကို တစ်စုံတစ်ယောက်နဲ့ လာဖူးဘူးသလိုပဲ မသေချာတဲ့ သဘောမျိုးနဲ့ပဲ ကျနော်သူကို ပြောလိုက်သည်၊ စိတ်ထဲမှာတော့ ငါတကယ်ဖူးခဲ့ဘူးတာပါ၊ စေတီလေးက မွမ်းမံပြင်ဆင်ထားတာကလွဲလို့ အားလုံး အတူတူပဲ၊ ဒီဘက်မှာ ဦးမောင်ဝိတ် ပြုပြင်မွမ်းမံသည်ဆိုတဲ့ကမုဒ်ပဲ ပိုလာတာ ပြောနေမိသည်။ ‘နှင်းမိုးလေ ဟိုအထက်ပစ္စယံပေါ်က ဘုရားစေတီနှစ်ဆူနားက ရွှေတိဂုံ ဘုရားကြီးကို တကယ်ဖူးချင်တာပဲ၊ တက်လို့မရလို့ အဲဒီနေရာလေးကနေ ဘုရားထီးတော်နားက ခေါင်းလောင်း ဆည်းလည်းသံတွေကို ကြားရတယ်တဲ့၊ အစ်ကိုကြီး တက်လို့ရလျှင် သွားဖူးနော်၊ နှင်းမိုးအတွက်ပါ ဖူးခဲ့ပေးပါ’။ ဒီလိုနဲ့ နှင်းမိုးသူဇာဆိုသော ကောင်မလေးနဲ့ ကျနော်တို့သည် တစ်ပတ်တစ်ခါ ဘုရားဖူး ဖြစ်ကြပါသည်၊ ကျနော်တို့၏ ခင်မင်ရင်နှီးမှုသည်လည်း ဘုရားဖူးသည့် အဆင့်မှ ကျော်လွန်ခဲ့ပါသည်။ ကျနော်ပြောဘို့ မေ့ခဲ့ပါသည်၊ ယခု ကျနော်သည် အပေါ်ထပ်ဆိုသည့် အသံကိုကြားတာနဲ့ တုန်လှုပ်နေသူ တစ်ယောက် မဟုတ်တော့ပါ၊ နောက်ပြီး နှင်းမိုးသူဇာဆိုသော ကောင်မလေးသည်၊ အပေါ်ထပ်တွင် ကျနော်ကိုပြုစုပေးခဲသော အမျိုးသမီးနဲ့ ရုပ်ရည် အသံ အမှုအရာတို့ ချွတ်စွတ်နည်းပါး တူ၍နေပါသည် ဆိုသည်ကိုပါ။ ပြီးပါပြီ။ ကျေးဇူးတင်ပါသည်။ လောကကြီးတွင်၎င်း ၊ ကမ္ဘာပေါ်တွင်၎င်း၊ လက်တွေ့အရ၎င်း၊ နည်းပညာအရ၎င်း၊ မဖြစ်နိုင်သော၊ မယုံကြည်နိုင်သော၊ မရှိနိုင်သော အရာများသည်၊ ဖြစ်ခဲ့ကြသည်၊ ပေါ်ခဲ့ကြသည်၊ ရှိခဲ့ကြလေသည်၊ ရှေးခေတ် စာပေ များတွင်၎င်း၊ ဘာသာတရား ကျမ်းစာအုပ် များတွင်၎င်း၊ သမိုင်းမှတ်တမ်း များတွင်၎င်း၊ဖေါ်ပြခဲ့ကြလေသည်၊ အမေရိကန် နိုင်ငံမှာတော့ ထိုမှတ်တမ်းများကို X file လို့ခေါ်လေသည်။ 
။။။။။။။။။။။။။။။။ 
+ Sosegado+
No comments:
Total Pageviews
Labels
ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)