ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, May 22, 2015

=== ကြွက်ကြောက်တဲ့ သူ===

>
ငယ်ငယ်က ညဘက် အိပ်မပျော်ဘဲ ဂျီကျနေရင် အဘွားက ကြွက်သရဲကြီး လာနေပြီလို့ ခြောက်တယ်။ အိမ်ခေါင်မိုးသွပ်ပေါ်ကို အုန်းပင်က အုန်းသီးပေါက်စနလေးတွေ ကြွေကျတဲ့ အသံကို ကြွက်သရဲကြီး လာနေပြီလို့ ခြောက်ခဲ့တယ်။ အကြောက်တရားအစနဲ့ ညဘက်အိပ်ပျော်ခဲ့ရတယ်။ ငယ်ငယ်က ဦးလေးတစ်ယောက်ရဲ့ လက်မလေးက စက်ညပ်သွားလို့ အရိုးပေါ်ပြီး အသားမာတတ်နေတာလေး ရှိတယ်။ ဒါကို ဦးလေးက ထမင်းစားပြီးရင် လက်ကို ပြောင်အောင် ဆေး၊ မဆေးရင် ညအိပ်တဲ့အခါ ကြွက်လာကိုက်လိမ့်မယ်၊ ဒီလိုဖြစ်လိမ့်မယ်ဆိုပြီး သူ့လက်မကို ပြတယ်။ ဒီလိုနဲ့ ထမင်းစားပြီးတဲ့အခါ ဆပ်ပြာခဲဖြူဖြူလေးနဲ့ လက်ကို ပြောင်အောင်၊ ဘာအနံ့မှ မရှိအောင် အထပ်ထပ် အခါခါ ဆေးကြောခဲ့ဖူးတယ်။ ဒီလိုနဲ့ ဒုတိယအကြိမ် ထပ်ကြောက်ရတယ်။ ငယ်ငယ်က အံတီလေးနဲ့ လက်ဖက်ရည်ဆိုင်ထိုင်တော့ ပေါက်စီ မစားဖူးလို့ စားချင်လို့ မှာစားတယ်။ တမင်သက်သက် စချင်လို့ပဲ စတာလား၊ ဈေးကြီးလို့ မ၀ယ်ကျွေးချင်လို့ပဲလားတော့ မသိဘူး။ ဇာတ်လမ်းလေးတစ်ခု ပြောတယ်။ ညတုန်းက ပေါက်စီပေါင်းတဲ့ အိုးထဲကို ကြွက်ကလေး တစ်ကောင် ၀င်သွားတော့ ပေါင်းပြီးသား ဖြစ်သွားတယ်တဲ့။ ဖြစ်ချင်တော့ စားနေရင်း ပေါက်စီအထဲက အစာထဲမှာက ကြက်သားအရိုးနုနုလေးတွေ ပါလာတယ်။ ဒါကို ပေါင်းအိုးထဲဝင်သွားတဲ့ ကြွက်ကလေး ထင်ပြီး စားထားသမျှ အကုန် ပြန်ထွေးထုတ်မိတယ်။ ဒီနောက်ပိုင်း ပေါက်စီစားရင် အပြင်က အကာသားပဲ စားပြီး အတွင်းသားကို သူများကို ကျွေးတဲ့အထိ ကြောက်ခဲ့တယ်။ ဒီနောက်ပိုင်းမှသာ ဒီဇာတ်လမ်း မဟုတ်မှန်းသိပြီး၊ အတွင်းသားအစာတွေက စားလို့ ကောင်းမှန်းသိပြီး ပြန်စားရဲလာတယ်။ ငယ်ငယ်က လေး၊ငါးနှစ်လောက် မရှင်းဖြစ်ခဲ့တဲ ဗီရိုကို ရှင်းတော့ ကြွက်သိုက်ထဲက နီတာရဲ ကြွက်ပေါက်စလေးတွေ အဘွားက ပြောတယ်။ ဘာမှပြန်မပြောနိုင်အောင် ချွေးတွေပြန်ရင်း ကြောက်နေတော့တယ်။ ကြွက်နှစ်ကောင် တစ်ကောင်အမြီး တစ်ကောင်ကိုက်ပြီး လျှောက်ပြေးနေတာ မြင်တော့ အမေကပြောတယ်။ အဲဒါကို ကြွက်မြီးတန်းလို့ ခေါ်တယ်တဲ့။ ကိုက်ရင် သေတတ်တယ်တဲ့။ အကြောက်တရားက ငယ်ထိပ် ရောက်သွားတော့တယ်။ အခုကျတော့ အရင်က ထောင်စာအုပ်တွေဖတ်တဲ့အခါ ကွန်မြူနစ်ဖိုးဘီးယား၊ ဒညင်းသီးဖိုးဘီးယား၊ ကြွက်စုတ်ဖိုးဘီးယားတို့ရှိရင် ထောင်ထဲမှာ ရူးသွားနိုင်တယ်လို့ သိခဲ့တယ်။ ကျန်တဲ့ ဖိုးဘီးယားနှစ်ခုက ကိစ္စမရှိပေမယ့် ကြွက်စုတ်ဖိုးဘီးယားက အကြီးအကျယ် ရှော့ ရှိတယ်။ ထောင်ကျမခံနိုင်ဘူးလို့ စဉ်းစားမိတယ်။
သိပ်ကြိုက်တဲ့ ပါပီလွန်နဲ့ဗင်ကို စာအုပ်မှာ ပါပီလွန် ထောင်ကထွက်ပြေးပြီး နောက်တစ်ခါ အဖမ်းခံရတော့ အချုပ်ထဲမှာ ရေတတ်ချိန်ကျရင် ကြွက်တွေ လူတွေပေါ် စုပြုံတတ်လာတဲ့ အခန်းကို ဖတ်မိပြီး ကျောစိမ့်နေတယ်။ အင်ဒီရာနာဂျုံးဇာတ်ကား တစ်ကားမှာ မြေအောက်ခန်းထဲကို ၀င်ပြီး သွားမယ့်လမ်းမှာ ရှိနေတဲ့ ကြွက်တွေကို မီးနဲ့တိုက်တာ မှတ်မိနေတယ်။ ကြောက်လွန်းတဲ့ အတွက် ခန္ဓသုတ်ကို အလွက်ကျက်ထားခဲ့တယ်။ ခန္ဓသုတ်ဆိုတာက မြွေနိုင်တယ် ဆိုတာကိုး။ မြွေတောင် နိုင်တယ်ဆိုတော့ ကြွက်လောက်တော့ အပျော့နေမှာပေါ့လို့ ကိုယ့်ကိုကိုယ် အယုံသွင်း လိုက်တယ်။ အိပ်ခန်းထဲကို မျက်စိလည် လမ်းမှား ၀င်လာတဲ့ ကြွက်ကို ကိုယ်တိုင် မမောင်းရဲလို့ ညီဖြစ်သူကို ခေါ်မောင်းခိုင်းရတယ်။ ငယ်ငယ်က မသိမသာ စခဲ့တဲ့ အကြောက်တရားက အသက်ကြီးလာတဲ့အခါ ဖြတ်မရနိုင်အောင် အမြစ်တွယ်နေတာ သတိထားမိတယ်။ အရှေ့က ဇာတ်လမ်းတွေက တကယ် မဟုတ်မှန်းသိပေမယ့် ဒီအကြောက်တရားက ချွတ်လို့ မရတော့ဘူး။ ကိုယ့်အလှည့်ကျရင်တော့ ကိုယ့်သားသမီးတွေကို ဘယ်လို အကြောက်တရားမျိုးနဲ့မှ မကြီးပြင်းစေဖို့ ကြိုးစားမယ်လို့ ဆုံးဖြတ်ထားတော့တယ်။ တတ်နိုင်သလောက်ပေါ့။ 

+မိုးရဲ +

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)