ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, May 15, 2015

==ချန်ပီယံလိဂ်နောက်ဆုံးဗိုလ်လုပွဲမှာ ဂျူဗင်တပ် နဲ့ ဘာစီလိုနာထိပ်တိုက်တွေ့ဆုံမယ်==

>
အီတလီစီးရီးအေကလပ် ဂျူဗင်တပ်အသင်းသည် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့် တွင် ရီးယဲလ်မက်ဒရစ်အသင်းအား နှစ်ကျော့ပေါင်း ရလဒ် သုံးဂိုး-နှစ်ဂိုးဖြင့်  အနိုင်ရရှိခဲ့ ပြီး ချန်ပီယံလိဂ်နောက်ဆုံးဗိုလ်လုပွဲသို့  တက်လှမ်းလာခဲ့ ရာဗိုလ်လုပွဲတွင် ဘိုင်ယန်မြူးနစ်အသင်းအား ငါးဂိုး-သုးံဂိြးုဖင် အနိုင်ရရှိခဲသ့ည့် စပိန်လာလီဂါကလပ် ဘာစီလိုနာအသင်းနှင် ထိပ်တိုက်တွေ့ဆုံမည်ဖြစ်သည်။ ဂျူဗင်တပ်အသင်းသည် ၂၀၀၂-၂၀၀၃ ဘောလုံးရာသီနောက်ပိုင်း ချန်ပီယံလိဂ် နောက်ဆုံးဗိုလ်လုပွဲသို့ ပထမဆုံးအကြိမ်တက်လှမ်းခဲ့ ခြင်းဖြစ်ပြီး အဆိုပါဗိုလ်လုပွဲတွင် အင်တာ မီလန်အား သုံးဂိုး-နှစ်ဂိုးဖြင့် ရှုံးနိမ့် ကာ ချန်ပီယံလိဂ်ဖလားချန်ပီယံအဖြစ်မှ လွဲခဲ့ ရသည်။ ဂျူဗင်တပ်အသင်းသည် ရီးယဲလ်မက်ဒရစ် အသင်းအား ပထမအကျော့ တူရင်မြို့တွင် ကစားခဲ့ စဉ်က နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိ ထားခဲ့ ပြီး ယခုဒုတိယအကျော့ ဘာနေဗျူးကွင်း တွင် တစ်ဖက်တစ်ဂိုးစီ သရေပွဲဖြစ်ခဲ့ ခြင်း ကြောင့်  နှစ်ကျော့ပေါင်း သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ ခြင်းဖြစ်သည်။ ဂျူဗင်တပ်အသင်းသည် လက်ရှိတွင် အီတလီစီးရီးအေဖလားကိုလည်း ရယူဆွတ်ခူး ထားနိုင်ခဲ့ သည့်အသင်းဖြစ်သည်။ ရီးယဲလ် မက်ဒရစ်အသင်းမှာမူ လာလီဂါအမှတ်ပေး ဇယားတွင် ဘာစီလိုနာ၏နောက် လေးမှတ် အကွာဖြင့်  အမှတ်ပေးဇယားဒုတိယနေရာတွင် ရပ်တည်နေခြင်းကြောင့်  လာလီဂါဖလားရဖို့  မျှော်လင့် ချက်မရှိတော့သလိုယခု ဂျူဗင်တပ် အသင်းကို ရှုံးနိမ့်ခဲ့ခြင်းကြောင့် ချန်ပီယံလိဂ်ဖလားကိုပါ ထပ်မံလက်လွှတ်လိုက်ရပြီ ဖြစ်သဖြင့်ယခုနှစ် ဘောလုံးရာသီတွင်မူ ရီးယဲလ်မက်ဒရစ်အသင်းအတွက် ဖလားလက်မဲ့ ရာသီ ကို ဖြတ်သန်းရတော့မည်ဖြစ်သည်။ ဂျူဗင်တပ်အသင်းမှာချန်ပီယံလိဂ်ဖလား နှစ်ကြိမ်အထိ ဆွတ်ခူးထားနိုင်ခဲ့ ပြီး ၁၉၈၄-၈၅ ဘောလုံးရာသီနှင့်  ၁၉၉၅-၉၆ ဘောလုံးရာသီ တို့တွင် ဆွတ်ခူးထားနိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းသို့  ချန်ပီယံလိဂ်ဖလားရယူပြီးချိန် ကတည်းက ဂျူဗင်တပ်အတွက် ချန်ပီယံလိဂ် ပြိုင်ပွဲတွင် ဗိုလ်စွဲထားခဲ့ ခြင်းမရှိခဲ့ ပေ။ လက်ရှိတွင် ကားလို့တိဗက်ဇ်၊ မော်ရက်တာ၊ လော်ရန်တီ၊ ပီယာလို၊ ပေါ့ဘာ စသည့် ကစားသမားများ၏ စွမ်းဆောင်ရည်နှင့်အတူ အီတလီစီးရီးအေဖလားကို ရာသီမကုန်မီ ဆွတ်ခူးထားနိုင်ခဲ့ ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲတွင် လည်း ဥရောပ၏ အင်အားအတောင့်တင်း ဆုံးဟုကင်ပွန်းတပ်ခြင်းခံထားရသည့်  ရီးယဲလ်မက်ဒရစ်အသင်းကိုပင် အနိုင်ယူကာ ဘာလင်မြို့တွင် ကျင်းပမည့် ချန်ပီယံလိဂ် နောက်ဆုံးဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့ ပြီ ဖြစ်သည်။ ဂျူဗင်တပ်အသင်းမှ တိဗက်ဇ် သည် ချန်ပီယံလိဂ်ဂိုးသွင်းအများဆုံးကစား သမားဖြစ်ပြီး ခုနစ်ဂိုးသွင်းယူထားသည်။
ထို့ကြောင့် နောက်ဆုံးဗိုလ်လုပွဲတွင် ဘာစီလိုနာအသင်းကို အနိုင်ကစားကာ ချန်ပီယံလိဂ်ဖလားသုံးကြိမ်မြောက်ဆွတ်ခူး သွားမည်လားဆိုသည်မှာစောင့်ကြည့် ရဦး မည်ဖြစ်သည်။ ဘာစီလိုနာအသင်းသည်လည်း ဂျာမန်ဘွန်ဒက်လီဂါ၏ ထိပ်တန်းအသင်း ဖြစ်သည့်  ဘိုင်ယန်မြူးနစ်အသင်းကို ဆီမီး ဖိုင်နယ်အဆင့် တွင် နှစ်ကျော့ပေါင်း ငါးဂိုး- သုံးဂိုးဖြင့်  အနိုင်ရရှိကာ ဗိုလ်လုပွဲကို တက် လှမ်းနိုင်ခဲ့ ခြင်းအပါအ၀င် ချန်ပီယံလိဂ်သမိုင်း ကြောင်းမှာလည်း ရလဒ်ကောင်းများထွက် ပေါ်ခဲ့ သည့် အသင်းဖြစ်သည်။ ဘာစီလိုနာအသင်းသည် ၁၉၉၁-၉၂၊ ၂၀၀၅-၀၆၊ ၂၀၀၈-၀၉ နှင့် ၂၀၁၀-၁၁ ဘောလုံးရာသီတို့ တွင် ချန်ပီယံလိဂ်ဖလားကို လေးကြိမ်အထိဆွတ်ခူးထားနိုင်ခဲ့ သည့် အသင်း ဖြစ်ပြီး လက်ရှိတွင်လည်း မက်ဆီ၊ နေမာ၊ ဆွာရတ်ဇ်၊ ဆန်ဒရို ၊ရာမီရက်ဇ်၊ ရာကီတစ် စသည့်  ကစားသမားများ၏ စွမ်းဆောင်ရည်နှင့်  အတူ လာလီဂါဖလားချန်ပီယံဖြစ်ဖို့  အလွန် နီးစပ်နေသည့် အသင်း ဖြစ်သည်။ မက်ဆီသည် ယခုနှစ်ချန်ပီယံလိဂ်တွင် သွင်းဂိုး ၁၀ ဂိုးသွင်းယူပေးထားပြီး နေမာသည် ကိုးဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ ခြင်းကြောင့်  အဆိုပါ ကစားသမားနှစ်ဦးအနက် ဗိုလ်လုပွဲတွင် သွင်းဂိုးများထပ်မံသွင်းယူကာ ချန်ပီယံလိဂ်ဂိုးသွင်းအများဆုံးဆုကို ဆွတ်ခူး သွားနိုင်မည့် ကစားသမားသည် မည်သည့် ကစား သမားဖြစ်လာမည်လဲဆိုတာ စိတ်ဝင်စားဖွယ် ကောင်းနေသည့် အပြင် ဘာစီလိုနာအသင်း အနေဖြင့်  ဗိုလ်လုပွဲတွင် ဂျူဗင်တပ်အသင်းကို အနိုင်ကစားကာ ချန်ပီယံလိဂ်ဖလားကို ငါးကြိမ်မြောက်ဆွတ်ခူးသွားနိုင်မည်လားဆို တာလည်း စောင့် ကြည်ရဦးမည်ဖြစ်သည်။ ဂျူဗင်တပ်အသင်းနှင့်  ဘာစီလိုနာအသင်း တို့သည် ချန်ပီယံလိဂ်နောက်ဆုံးဗိုလ်လုပွဲ အဖြစ် ဇွန် ၆ ရက်တွင် ဂျာမနီနိုင်ငံ ဘာလင် မြို့၊ ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ 

+မိုးမြင့်လင်းလက်+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)