ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, May 9, 2015

== " ချိုမြိန်စွာ ရစ်နှောင်တတ်သော "===

>
“အင်း …. သံယောဇဉ် …. သံယောဇဉ် ” သက်ပြင်းကို ခပ်ဖွဖွ ရှိုက်ထုတ်ရင်း သောက်လက်စ ကော်ဖီပူပူကို အလျင်စလို တစ်ကျိုက် မော့ချလိုက်တယ်။ လည်ချောင်းထဲ စီးမျောသွားတဲ့ ကော်ဖီအရသာကို ချိုသလား ခါးသလား မသိလိုက်မိချေ။ ဖြက်ကနဲ ကျမရဲ့ နှုတ်ခမ်းထောင့်မှာ အပြုံးတစ်စ တွဲလွဲခိုလာတယ်။ ကော်ဖီသကြားလုံးလေးတစ်လုံးကို ကျမနှုတ်ခမ်းဝအထိ တယုတယ ခွံ့ကျွေးခဲ့တဲ့သူ့ရဲ့ ကြည်စင်တဲ့ အပြုံးက စွဲမက်စရာ။ ပြီးတော့ သကြားလုံးခွံလေးတွေကို သူ့ဒိုင်ယာရီစာအုပ်ကြားထဲ ခပ်ဖွဖွ ညှပ်သိမ်းလိုက်တယ်။ ဒါ ကျမနဲ့ပတ်သတ်တဲ့ အမှတ်တရ တွေကို သူငယ်ချင်းဘ၀ကတည်းကခုချိန်ထိ သိမ်းဆည်းနေကျနည်းလမ်းတစ်ခုပါ။ သူ့လှုပ်ရှားမှုတိုင်းကို မပျင်းမရိ တမေ့တမော လိုက်ငေးနေတဲ့ ကျမ ကို လှည့်ကြည့်ပြီး ကျမဆံပင်တွေကို အသာအယာဆွဲဖွလိုက်ရင်း လှစ်ကနဲပြုံးလိုက်တယ်။ သူပြုံးလိုက်တိုင်း မျက်လုံးလေးတွေကပါ အရောင်တောက်ပြီးလိုက်ပြုံးသွားတာလေးကိုလေ ကျမ ချစ်လိုက်တာ။ သူနဲ့ ကျမရဲ့ ရွှေရောင်နေ့ရက်တွေထဲမှာ ဘတ်စ်ကား ကြပ်ကြပ်တိုးစီးခဲ့တာတွေလဲ ပါရဲ့၊ အဓိပတိလမ်းမှာ လမ်းလျှောက်ခဲ့တာလဲပါရဲ့၊ ရောင်စုံကျောင်းသူ၊ကျောင်းသားတွေကို လိုက်ငေးရင်းလဲ ပျော်ခဲ့ဖူးတာတွေလဲ ပါရဲ့ … ကံ့ကော်ပန်းလေးတစ်ပွင့် ကျမခေါင်းပေါ် ပန်ပေးခဲ့တာလဲပါရဲ့ …. ဂန္ဓ၀င် သစ်ပုပ်ပင်ကြီးကို မှီပြီး ချစ်ခွန်းသီခဲ့တာတွေလဲပါရဲ့ …. ရေတမာပင်အောက်ထိုင်ပြီး မင်းလူဝတ္ထုတွေကို နှစ်ယောက်သားခေါင်းချင်းဆိုင်ပြီး ဖတ်ခဲ့ရတာတွေလဲပါရဲ့ …. ကျမတို့နှစ်ယောက်အတွက် အမှတ်တရဆိုတာ တိုက်လာတဲ့ လေပြေညင်းလေးတွေက အစ ခြေလှမ်းအောက်က ရွက်ခြောက်ကြွေလေးတွေ အဆုံး သိပ်သိပ်သည်းသည်းပါဝင်ခဲ့ကြတယ်။ “ ဟဲ့ အမေကြီး တစ်ယောက်တည်း ပြုံးလို့ပါလား ဟ … ဘာတွေ များ သဘောကျနေတုန်း” ဆက်ကနဲ တုန်သွားတဲ့ ကျမ လက်ကကော်ဖီခွက်ပါလွတ်ကျပါလေရောလား။ “အမယ်လေး … ပူလိုက်တာတော် …. အဖေကြီးကလဲ အလန့်တကြား …..”
သူ ….. အပြေးကလေး ဖြေညှင်းစွာလှမ်းလာပြီး ကျမလက်က ကော်ဖီပူတွေကို တယုတယ ပွတ်သုတ်ပေးလိုက်တယ်။ တွန့်နေတဲ့ အရေးအကြောင်းတွေ ကြားက ကြည်စင်တဲ့ အပြုံးတွေ သူ့နှုတ်ခမ်းမှာ တွဲလွဲခိုနေတုန်း။ လက်ဘက်ရည်ဆိုင်က စားပွဲထိုးလေး သူ နဲ့ ကွမ်းယာသည်လေးကျမ ခုတော့ ကျောင်းထဲမှာ လက်ဘက်ဆိုင်လေးတစ်ဆိုင်အခြေတည်လို့ ကျမတို့ရဲ့ အမှတ်တရတွေလဲ ဝေစည်ဆဲ၊ မပြောင်းလဲတဲ့ ချစ်ခြင်းတွေလဲ တိုးပွားဆဲ …. သံယောဇဉ်တွေလဲ တနေ့ထက် တနေ့ ခိုင်မာဆဲ ……..။ >>>>>>>>>>>>>>>>>>>>

>>>>>>>>>>>>>>>>>>>&gt
;>>>>>>>>>> 

+ ကြယ်ပြာ +

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)