ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, May 19, 2015

==ကိုပါအီတာလီယာဖလား ဗိုလ်လုပွဲ..ဘယ်အသင်းဖလားပိုက်မလဲ===

>
ကိုပါအီတာလီယာဖလား ဗိုလ်လုပွဲကို မေ ၂၁ ရက်မှာ ဂျူဗင်တပ်နဲ့  လာဇီယိုအသင်းတို့  ယှဉ်ပြိုင်ကစား ကြတော့မှာဖြစ်ပါတယ်။ ဂျူဗင်တပ် ရဲ့  ကြိုးစားအားထုတ်မှုကြောင့်  ဒီနှစ်မှာ ဖလားသုံးလုံးလမ်းကြောင်းပေါ် ရောက်ရှိနေပြီး အခု ကိုပါအီတာ လီယာဖလားကို ရယူနိုင်ခဲ့ရင်တော့ ဒုတိယမြောက် ဖလားရရှိခြင်းဖြစ် လို့  ဒီပွဲမှာတော့ ဂျူဗင်တပ်တို့  နိုင်ပွဲရ အောင် အားထုတ်ဖို့ စိတ်ဓာတ်ပြင်းထန်ဆူဝေနေပြီဖြစ်တာကြောင့် ရသစုံပေးစွမ်းဦးမယ့် ပွဲကောင်းတစ်ပွဲအဖြစ် အားပေးကြရဦးမှာဖြစ်ပါတယ်။ ကိုပါအီတာလီယာဖလား ဗိုလ်လုပွဲမှတ်တမ်းဟောင်းတွေကို ကြည့် ရင် ၂၀၀၃-၂၀၀၄ ဗိုလ်လုပွဲမှာ ပထမ အကျော့လာဇီယိုကွင်းမှာ ဂျူဗင် တပ်တို့  နှစ်ဂိုးပြတ်ရှုံးပြီး ဂျူဗင်တပ် ကွင်းမှာတော့ နှစ်ဂိုးစီသရေပွဲဖြစ်ခဲ့ တာကြောင့်  နှစ်ပွဲပေါင်းရလဒ် လေး ဂိုး နှစ်ဂိုးနဲ့ ဂျူဗင်တပ်တို့ ဖလား လက်လွှတ်ခဲ့ ရပါတယ်။ ဒါ့အပြင် ၂၀၁၁-၂၀၁၂ ဘောလုံးရာသီမှာလည်း ဂျူဗင်တပ်တို့ ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ ပြီး နာပိုလီ အသင်းနဲ့ကစားတဲ့ အခါ နှစ်ဂိုးပြတ်ရှုံးခဲ့ပြန်တာမို့  ဂျူဗင်တပ်တို့  ဖလား ကို လက်လွှတ်ခဲ့ရပြန်ပါတယ်။ ဒါ့ကြောင့်  ဆယ်စုနှစ် တစ်ခုတာ အတွင်းမှာ ဂျူုဗင်တပ်တို့  ဗိုလ်လုပွဲ နှစ်ကြိမ်တက်ရောက်ခဲ့ ပေမယ့် နှစ်ကြိမ်စလုံး ဖလားဆုံရှုံးခဲ့ ပါတယ်။ လာဇီယိုတို့က ၂၀၀၃-၂၀၀၄ ဘောလုံးရာသီမှာ ဂျူဗင်တပ်တို့ကို နိုင်ပြီး ကိုပါအီတာလီယာဖလားရရှိ ခဲ့ သလို ၂၀၁၂-၂၀၁၃ ခုနှစ်မှာလည်း ရိုးမားကို တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ကစားပြီး ဖလားရယူနိုင်ခဲ့ပြန်ပါ တယ်။ ဒါပေမယ့် ဂျူဗင်တပ်တို့က ကိုပါအီတာလီယာဖလားကို စုစု ပေါင်း ကိုးကြိမ်ဆွတ်ခူးနိုင်ခဲ့ ပြီး လာဇီယိုတို့ ကတော့ စုစုပေါင်း ခြောက် ကြိမ်ဆွတ်ခူးနိုင်ခဲ့ ပါတယ်။ဂျူဗင်တပ် တို့ က နောက်ဆုံးဖလားရယူနိုင်ခဲ့ နှစ် က ၁၉၉၅ခုနှစ်မှာဖြစ်ပြီး ၂၀နှစ်တာ ဝေးကွာခဲ့ ရတဲ့ဖလားကို အခု တစ်ကြိမ် ပြန်လည်ဆွတ်ခူးနိုင်ဖို့  အခွင့် ကြုံခဲ့ပြီဖြစ်ပါတယ်။ လာဇီယိုတို့ က တော့ ၂၀၁၃ ခုနှစ်မှာ နောက်ဆုံး အကြိမ်ဖလားဆွတ်ခူးထားပြီး နှစ်နှစ် အကြာမှာအခုလို ဗိုလ်လုပွဲပြန်လည်တက်ရောက်နိုင်ခဲ့ တာဖြစ်ပါတယ်။ ဗိုလ်လုပွဲမှာတွေ့ ဆုံကြမယ့်  ဂျူဗင်တပ်နဲ့ လာဇီယိုတို့ ရဲ့  တွေ့ ဆုံမှုမှတ်တမ်းကိုကြည့်ရင် နောက်ဆုံးငါးပွဲမှာ ဂျူဗင်တပ်တို့ ချည်း နိုင်ပွဲတွေရ ရှိခဲ့တာမို့ လာဇီယိုရဲ့ အမြင့်ဆုံး စွမ်းဆောင်နိုင်ခဲ့ မှုက တစ်ဂိုးစီသရေပွဲပဲ ရှိခဲ့ တာဖြစ်ပါတယ်။ ဒါကြောင့် ဂျူဗင်တပ်ရဲ့  ခြေကုန်ထုတ်မှုအပေါ် လာဇီယိုတို့ ထိန်းချုပ်ဟန့်တားဖို့ မလွယ်တာတော့ အမှန်ပါပဲ။ လာဇီယိုရဲ့  လက်ရှိ ခြေစွမ်းပိုင်းကို ကြည့် ရင် တည်ငြိမ်မှုမရှိဘဲ အတက်အကျဖြစ်နေသလို အသင်းလိုက် အားထုတ်မှု အပိုင်းမှာလည်း လိုအပ်ချက်တွေရှိနေပါတယ်။
စီးရီးအေမှာကစားခဲ့ တဲ့  နောက်ဆုံးနှစ်ပွဲရလဒ်ကို ကြည့်ရင် အတ်တလန်လနာကို တစ်ဂိုးစီ သရေ၊ အင်တာမီလန်ကို နှစ်ဂိုး-တစ်ဂိုးနဲ့ ရှုံးခဲ့ တာမို့ လာဇီယိုရဲ့ ခြေစွမ်း က အားရစရာမကောင်းတာတော့ အမှန်ပါပဲ။ ဂျူဗင်တပ်ရဲ့ နောက်ဆုံးနှစ်ပွဲ ရလဒ်ကလည်း စီးရီးအေမှ ကက်ဂလီကာရီကို တစ်ဂိုးစီသရေ၊ ရီးရဲမက် ဒရစ်ကိုတစ်ဂိုးစီသရေ ကစားခဲ့ တာမို့  ဒီပွဲမှာ ရုန်းကန်အားကောင်းမှ ဖြစ်မယ့် အနေအထားပါပဲ။ ဂျူဗင်တပ် မှာတော့ ပါရဲရား၊ မိုရာတာနဲ့  ဂျီအိုဗင်တို့ အပြင် တီဗက်ဇ်လည်း ဂိုးသွင်း နိုင်နေတာကြောင့်  အနိုင်ပွဲတွေ ရရှိနေသလို လာဇီယိုမှာလည်း ကလိုဆေးနဲ့ ကီတာတို့က ခြေစွမ်းပြနေ နိုင်တာမို့  အကြိတ်အနယ်ရှိလာမယ့်  ဗိုလ်လုပွဲပါပဲ။ လိုရန်တီ၊ ပီပီနဲ့  မာချီစီယိုတို့ ဟာ တိုက်စစ်ကို လိုက်ပါနိုင်ကြသူတွေ ဂိုးသွင်းနိုင်သူတွေလည်း ဖြစ်တာမို့ ဂျူဗင်တပ်တို့ အခုပွဲမှာကိုပါအီတာလီယာဖလား ကိုင်မြောက်အောင်ပွဲခံနိုင်ဖို့အတွက်အခြေနေကောင်းတွေ ပိုင်ဆိုင်ထားပါတယ်။ဒါပေမယ့်  ဖလား ရယူနိုင်တဲ့  သမိုင်းအစဉ်အလာ ရှိနေတဲ့  လာဇီယိုတို့ ကလည်း ဗိုလ်လုပွဲမှာအပြင်းအထန် အားကုန်ထုတ်လာမှာ မို့ လက်ရှိခြေစွမ်းအရဂျူဗင်တပ်အရေးသာပေမယ့်အကြိတ်အနယ်ရှိမယ့်ပွဲ ဖြစ်လာမှာသေချာပါတယ်။ ။ 

+မိုးမြင့်လင်းလက်+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)