**ခြံတောင်ယာလုပ်သား
သီးနှံရုံများအကြား
ပျော်ပါးနေ့ စဉ်
အသင်မြန်မာလုပ်သားတို့ ဆီ
ဟောဒီအဖြူရောင်
အမောင်မြန်မာပြည်သား
လာထားပါလေ ပြုံးပန်းဝေ.**
ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ တောင်ဘက်ရှိဖုတ်ဖရာ့မြို့ နယ်ဘက်မှာလည်း အဖြူရောင်ပုလဲပန်း(မြန်မာပြည်သားစာစောင်)လစဉ်ဖူးပွင့်တာကိုဟောဒီ မြန်မာစိုက်ပျိုးရေးလုပ်သားတွေ
ကသက်သေခံနေကြပါပြီလေ။
ဒီဖုတ်ဖရာ့မြို့ နယ်ဆိုတာမဲဆောက်မြို့ တောင်ဘက်ကိုအုန်းဖန်လမ်းမကြီးအတိုင်း သါားရတာဖြစ်ပြီးမဲဆောက်မြို့ တောင်ဘက်ကကြယ်ဒီခို့ တိုက်နယ်(၂၅မျ၂ ၉ကီလိုမီတာ)အကွာအဝေးကိုလွန်လာရင်ဥယာဉ်၊ခြံ၊တောင်ယာ၊သီးနှံသိုလှောင်ရုံ တွေရှိပြီးမြန်မာစိုက်ပျိုးရေး
လုပ်သား(မြန်မာနိုင်ငံမှာဆိုရင်-တောင်သူလယ်သမား) တွေ၇သောင်းလောက်ရောက်ရှိလုပ်ကိုင်နေကြတဲ့
ဖုတ်ဖရာ့မြို့ နယ်(၃၀မှ၉၀ကီလို မီတာအထိ)ဧရိယာထဲကိုရောက်ပါပြီ။
တနှစ်ပတ်လုံးသိးနှံတွေဖြစ်ကြတဲ့(ပြောင်း၊ကြံ၊မုန်လာ၊သရက်၊သဘောံ၊ခရမ်းချဉ်၊ ကြက်သွန်ဖြူ၊ကြက်သွန်နီ၊လွေ့ -မုန်ညှင်းတစ်မျိုး၊စပါး၊လိမ္မော်)စသဖြင့်စိုက်ပျိုးကြသလို ရာသီပေါါ်သီးနှံတွေဖြစ်ာကတဲ့(အာလူး၊ပလောပီနံ၊သခွား၊ပဲတောင့်ရှည်၊ပဲအမျိုးမျိုး၊ ငြုပ်အမျိုးမျိုး၊)
စတာတွေကိုလည်းစိုက်ပျိုးလုပ်ကိုင်ကြပါတယ်။
အဲ.....နှင်းဆီ၊သပြေ၊ဇော်စိမ်း၊ဇော်ကျား၊---ဂန္ဒမာ-ကစ်စ်မီ၊ကုလားပန်း(ခေါါ်)ရွှေဒဂါးံပန်း၊
စတဲ့အလွမ်းမမ၊ပန်းမမကိုတယုတယစိုက်ပျိုးကြတာတွေလည်းရှိပါတယ်။
အလုပ်ရှင်တွေကတော့(ထိုင်း၊မုံ(ခေါါ်)လာအိုနွယ်ဖွားတွေ၊ထိုင်းကရင်၊ထိုင်းတရုတ်)
စတာတွေဖြစ်ပြီးဂျပန်ကုမ္ပဏီ(ဧက၁၀၀၀သိပ္ပံနည်းကျစိုက်ပျိုးရေးခြံ)၊စသဖြင့်
၂ခြံ၃ခြံလည်းရှိပါတယ်။နေ့ စားခအနေနဲ့ အလုပ်သင်၅၀-၆၀ဘတ်ကနေအလုပ်သဘာဝအလိုက်နေ့ စားခ(၈၀ဘတ်ကနေ၁၂၀ဘတ်အထိ)
ရကြပါတယ်။ဖုတ်ဖရာ့မြို့ နယ်ဘန် ရာမဲကလိုဆာဟာမစ်တိုက်နယ်(အရပ်အခေါါ်-၄၈ကီလိုမီတာ)ဘက်ကသိပ္ပံနည်းကျစိုက်ပျိုးရေးခြံတစ်ခြံကတော့ခြွင်းချက်အနေနဲ့ 
နေ့ စားခ၂၀၀ဘတ်
ရတာတွေ့ ရပါတယ်။
၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊
+သောင်ရင်းနဂါး+

No comments:
Post a Comment