>
၂၀၁၈ကမ္ဘာ့ ဖလားအာရှဇုန်ခြေစစ်ပွဲတွေကိုဇွန် ၁၁ ရက်မှာစတင်ကစား ကြမှာဖြစ်ပါတယ်။ ခြေစွမ်းအဆင့် အတန်းတိုးတက်လာကြတဲ့  အာရှအသင်း တွေဟာ တစ်ဖက်စောင်းနင်း အနိုင်ယူ၊ အရှုံးပးရတဲ့ အနေအထားမဟုတ်တော့ တဲ့အတွက် ပွဲစဉ်တိုင်း အကြိတ်အနယ်ရှိလာနေပြီဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာ့ ဖလားစင်မြင့်ကို တက်ရောက်ကြမယ့်  အာရှအသင်းတွေရဲ့ ကြိုးစား အားထုတ်မှုကိုအားပေးသုံးသပ်ခွင့် ရဦးမှာဖြစ်ပါတယ်။
**အိန္ဒိယ နဲ့ အိုမန်**
အာရှဇုန်ခြေစစ်ပွဲရဲ့  အုပ်စု(D)မှာ ပါဝင်တဲ့  ဒီနှစ်သင်းရဲ့  တွေ့ ဆုံမှုရလဒ် ကိုကြည့် ရင် အိုမန်တို့က ငါးဂိုး-တစ်ဂိုးနဲ့  နိုင်ပွဲရထားပါတယ်။အိန္ဒိယရဲ့ နောက်ဆုံးကစားခဲ့ တဲ့  သုံးပွဲရလဒ်ကိုကြည့် ရင်လည်း တစ်ပွဲမှ နိုင်ပွဲမရခဲ့ ပါဘူး။ အိုမန် တို့ ကလည်း ပွဲရလဒ်ကောင်းဖို့  အားထုတ်မှုလျှော့လို့ မရတာမို့  အိုမန်တို့ ပဲ နိုင်ပွဲ ရယူသွားမယ်လို့  ယူဆပါတယ်။
** ဂူအမ် နဲ့ တာ့မင်နစ္စတန်**
တစ်ပွဲတိုးကစားတတ်တဲ့  တာ့မင်နစ္စတန်တို့ ဟာ ဂူအမ်ကို တွန်းတွန်းတိုက်တိုက်နဲ့  ဖိအားပေးကစားဖို့  ကြိုးစားပါလိမ့် မယ်။ တာ့မင်နစ္စတန်တို့ က လာအိုကို ငါးဂိုး-တစ်ဂိုးနဲ့  နိုင်ပွဲ ရအောင် ကစားနိုင်ခဲ့ ပေမယ့်  ဖိလစ်ပိုင်နဲ့အာဖဂန်နစ္စတန်တို့ကိုတော့ ရှုံးပွဲကြုံထားပါတယ်။ ဂူအမ်တို့ကတော့ စင်ကာပူလို အသင်းကို နှစ်ဂိုးစီသရေကစားထားခဲ့ ပေမယ့်  ခြေစွမ်းက အတက်အကျမြန်တာမို့  ယုံကြည်လို့ မရပါဘူး။ တာ့မင်နစ္စတန်တို့  နိုင်ပွဲဖြစ်သွားပါလိမ့် မယ်။
**မလေးရှားနဲ့ အရှေ့ တီမော**
ထိုင်းအသင်းကိုသုံးဂိုး-နှစ်ဂိုးနဲ့  အနိုင်ယူခဲ့ ပေမယ့်  အိုမန်ကို ခြောက်ဂိုးပြတ်ရှုံးထားတဲ့  မလေးရှားရဲ့  ခြေစွမ်းကလည်း စိတ်ပူပင်စရာတော့ ကောင်းနေပါတယ်။ ပါဝါသုံးကစားနိုင်ပေမယ့်  အဆုံးသတ်ပိုင်းနဲ့ တစ်ဦးချင်း ကျွမ်းကျင်မှုပိုင်းအားနည်းတဲ့  တီမောကို မလေးရှားတို့  အနိုင်ရအောင်ကြိုးစားပါလိမ့်မယ်။ လက်ရှိမလေးရှားရဲ့  ခြေစွမ်းက တီမောကို အသာစီးရယူနိုင်တဲ့  အနေ အထားရှိနေတာအမှန်ပါပဲ။
**ကမ္ဘာဒီးယား နဲ့ စင်ကာပူ**
ခြေစွမ်းပိုင်းတိုးတက်လာတဲ့ ကမ္ဘာဒီးယားကိုစင်ကာပူတို့  လျှော့တွက်လိုတော့မရပါဘူး။ စင်ကာပူဟာ ၂၀၁၄ ခုနှစ်ကကမ္ဘာဒီးယား နဲ့  တွေ့ ဆုံခဲ့ တဲ့ ပွဲမှာလေးဂိုး-နှစ်ဂိုးနဲ့  နိုင် ပွဲရယူထားပါတယ်။ ကမ္ဘာဒီးယားဟာ မကာအို၊ လာအိုတို့ သရေပွဲတွေကစားထားနိုင်ပြီး အခုလောလောဆယ်မှာလည်း အသင်းလိုက် ကစားပုံကောင်းမွန်နေတာမို့  စင်ကာပူတို့ နိုင်ရင်တောင် ရလဒ်မပြတ်နိုင်ပါဘူး။
**ဖိလစ်ပိုင် နဲ့ ဘာရိန်း**
ဒီနှစ်သင်းရဲ့  နောက်ဆုံးတွေ့ ဆုံခဲ့တဲ့ ရလဒ်ကိုကြည့်ရင် ဘာရိန်းတို့ က နှစ်ဂိုး-တစ်ဂိုးနဲ့  နိုင်ပွဲရထားပါတယ်။ ဖိလစ်ပိုင်ရဲ့  ခြေစွမ်းက လောလောဆယ်မှာ အားရစရာတော့မရှိ ပါဘူး။ ဒါပေမယ့်  ဘာရိန်းတို့ ကလည်း ကစားသမားစုဖွဲ့ မှုအပိုင်းမှာလိုအပ်ချက်တွေရှိနေတာမို့  ဖိလစ်ပိုင်တို့  သေသေချာချာအားထည့်ကစားရင်အခြေအနေကောင်းနိုင်ပါတယ်။
**ဘင်္ဂလားဒေ့ရှ် နဲ့ ကာဂျစ္စတန်**
ဘင်္ဂလားဒေ့ရှ်အသင်းဟာ ခြေစွမ်းပိုင်းတိုးတက်မှု သိသာထင်ရှားတာမရှိသေးပါဘူး။ ကာဂျစ္စတန်တို့ ကတော့ ဘင်္ဂလားဒေ့ရှ်နဲ့ နှစ်ကြိမ်ဆုံတွေ့ခဲ့ တဲ့ရလဒ်ကတော့ နှစ်ကြိမ်စလုံးနိုင်ပွဲ ရယူထားနိုင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်တို့ က သီရိလင်္ကာကို နိုင်ပွဲရထားပေမယ့်  စင်ကာပူကိုတော့ရှုံးထားပါတယ်။
ကာဂျစ်စတန်တို့ ကတော့ ကာဇက်စတန်နဲ့  တရုတ်တို့ ကိုရှုံးထားပြီး ရလဒ်ကောင်း အောင်ရုန်းကန်နေရပါတယ်။ ဒါကြောင့် ဒီပွဲဟာ အကြိတ်အနယ်ရှိမယ့်ပွဲပါပဲ။
**လာအို နဲ့  မြန်မာ**
မြန်မာနဲ့ ရင်ဆိုင်ကြုံတွေ့ တိုင်း လာအိုတို့  ရလဒ်မကောင်းတတ်ပါဘူး။ မြန်မာတို့ က ခြေစွမ်းကောင်းမွန်နေတာမို့  ရလဒ်တွေလည်း ကောင်းနေပါတယ်။
ဒီပွဲ မှာ မြန်မာတို့နိုင်ပွဲကိုဖော်ဆောင်ပြီး သုံးမှတ်အပြည့် ယူနိုင်မယ့်ပွဲ ဖြစ်ပါတယ်။
+မိုးမြင့်လင်းလက်+

Tuesday, June 9, 2015
Subscribe to:
Post Comments (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)

No comments:
Post a Comment