ငယ်ငယ်တုန်းကလို
စာအုပ်အထူကြီးကို
ထမင်းမေ့ဟင်းမေ့ ထိုင်ဖတ်နေမှာ။
တချိန်ချိန်ကျရင်
ကြိုက်တဲ့ဇာတ်ကားတွေကို
သုံးလေးခေါက်လောက်
ထပ်ကာထပ်ကာ ပြန်ကြည့်နေမှာ။
တချိန်ချိန်ကျရင်
ခရီးတွေထွက်ပြီး
ရှုခင်းလှလှလေးတွေကို
ဓာတ်ပုံလိုက်ရိုက်နေမှာ။
တချိန်ချိန်ကျရင်
ငါ ကဗျာတွေ ထိုင်ရေးနေမှာ။
တချိန်ချိန်ကျရင်
ကွန်ပျုတာလေးတစ်လုံးနဲ့
ငါ့ကလေးလေးတွေဖတ်ဖို့အတွက်
စာတွေ ထိုင်ရေးနေမှာ။
တချိန်ချိန်ကျရင်
ကြိုက်တဲ့အကြောင်းလေးတွေ
ဘာသာထိုင်ပြန်နေမှာ။
တချိန်ချိန်ကျရင်
မသိတာ၊ နားမလည်နိုင်တာတွေကိုလဲ
သူ့အတိုင်း ဖြစ်နေပါစေဆိုပြီး
လျစ်လျူရှုတတ်နိုင်မှာ။
တချိန်ချိန်ကျရင်
ဒီအသက်အရွယ်
ဘယ်လိုရောက်လာသလဲလို့
ကိုယ့်ကိုကိုယ် အံ့သြနေမှာ။
တချိန်ချိန်ကျရင်
မက်ဖို့အိပ်မက်တွေကို
လိုက်ရှာနေရမှာ။
တချိန်ချိန်ကျရင်
ပျော်စရာအကြောင်း
လေးလေးနက်နက် စဉ်းစားနေရမှာ။
တချိန်ချိန်ကျရင်
ငါ နေမကောင်း အကြီးအကျယ်ဖြစ်ပြီး
ဆေးရုံတွေ ဘာတွေ တက်ရမှာ။
တချိန်ချိန်ကျရင်
မျက်လုံးက ဒီထက်ပိုမှုန်လာမှာ။
တချိန်ချိန်ကျရင်
စိုးရိမ်စိတ်တွေ မရှိတော့ဘဲ
နေချင်နေမှာ ။
အဲဒီ့တချိန်ချိန်တွေမတိုင်ခင်
ငါ သေချင်သေသွားမှာ ...။
+မိုးရဲ +
ငယ်ငယ်တုန်းကလို
စာအုပ်အထူကြီးကို
ထမင်းမေ့ဟင်းမေ့ ထိုင်ဖတ်နေမှာ။
တချိန်ချိန်ကျရင်
ကြိုက်တဲ့ဇာတ်ကားတွေကို
သုံးလေးခေါက်လောက်
ထပ်ကာထပ်ကာ ပြန်ကြည့်နေမှာ။
တချိန်ချိန်ကျရင်
ခရီးတွေထွက်ပြီး
ရှုခင်းလှလှလေးတွေကို
ဓာတ်ပုံလိုက်ရိုက်နေမှာ။
တချိန်ချိန်ကျရင်
ငါ ကဗျာတွေ ထိုင်ရေးနေမှာ။
တချိန်ချိန်ကျရင်
ကွန်ပျုတာလေးတစ်လုံးနဲ့
ငါ့ကလေးလေးတွေဖတ်ဖို့အတွက်
စာတွေ ထိုင်ရေးနေမှာ။
တချိန်ချိန်ကျရင်
ကြိုက်တဲ့အကြောင်းလေးတွေ
ဘာသာထိုင်ပြန်နေမှာ။
တချိန်ချိန်ကျရင်
မသိတာ၊ နားမလည်နိုင်တာတွေကိုလဲ
သူ့အတိုင်း ဖြစ်နေပါစေဆိုပြီး
လျစ်လျူရှုတတ်နိုင်မှာ။
တချိန်ချိန်ကျရင်
ဒီအသက်အရွယ်
ဘယ်လိုရောက်လာသလဲလို့
ကိုယ့်ကိုကိုယ် အံ့သြနေမှာ။
တချိန်ချိန်ကျရင်
မက်ဖို့အိပ်မက်တွေကို
လိုက်ရှာနေရမှာ။
တချိန်ချိန်ကျရင်
ပျော်စရာအကြောင်း
လေးလေးနက်နက် စဉ်းစားနေရမှာ။
တချိန်ချိန်ကျရင်
ငါ နေမကောင်း အကြီးအကျယ်ဖြစ်ပြီး
ဆေးရုံတွေ ဘာတွေ တက်ရမှာ။
တချိန်ချိန်ကျရင်
မျက်လုံးက ဒီထက်ပိုမှုန်လာမှာ။
တချိန်ချိန်ကျရင်
စိုးရိမ်စိတ်တွေ မရှိတော့ဘဲ
နေချင်နေမှာ ။
အဲဒီ့တချိန်ချိန်တွေမတိုင်ခင်
ငါ သေချင်သေသွားမှာ ...။
+မိုးရဲ +



No comments:
Post a Comment