>
“တံခါးကို သေချာသော့ခတ်ထား။ ဘယ်သူလာလာဖွင့်မပေးနဲ့။ မေမေပြန်လာရင် ဘဲလ်နှစ်ချက်တီးလိုက်မယ်။ ရေနွေးအိုးတည်ထားတာဆူရင် မီးပိတ်ပြီး ဓာတ်ဘူးထဲထည့်ထား။ ကြားလား”
“ဟုတ်”
“သြော်… အိမ်ရှေ့မှာနေပူလာရင် အပင်တွေကို နောက်ဖေးရွှေ့ဖို့ မမေ့နဲ့ဦး။ အ၀တ်တွေခြောက်ရင်လဲ သိမ်းလိုက်ဦး။ မှာတာတွေ မမေ့နဲ့နော်။”
“အင်းပါ”
မေမေက တံခါးပေါက်နားမှာရပ်ရင်း အမှာတော်ခြွေနေတာမို့ “စု” ငြိမ်နေရသည်။
“ကဲ… တံခါးသော့ခတ်တော့”
စုက သော့ခတ်ပြီး ၀ရန်တာမှ ထွက်ကြည့်လိုက်သည်။ စုတို့အခန်းက အပေါ်ဆုံးခြောက်လွှာမြောက်လေ။ မေမေ့ကိုကြည့်ပြီး စု အိမ်ထဲ ပြန်ဝင်လာခဲ့သည်။
ပြီးတော့မှ အခန်းထဲဝင်၊ ဗီရိုကိုဖွင့်ကာ မချုပ်ရသေးသော အကျီစများကိုယူ၊ မကြာသေးခင်ကမှ ဖေဖေပို့လိုက်တဲ့ ဒေါက်မြင့်ဖိနပ်ကိုစီး၊ အ၀တ်စများကို ကိုယ်ပေါ်တွင် ပုံစံအမျိုးမျိုးတင်၍ လမ်းလျှောက်လိုက်သည်။
“အင်း…ဒီလိုဆိုတော့ ငါက ဘယ်ဆိုးလို့လဲ” ဟု မှန်ထဲ လှည့်ပတ်ကြည့်ရှုရင်း ဘာသာ ရေရွတ်လိုက်သည်။
စုကတော့ ခုလို ဒေါက်ဖိနပ်မြင့်မြင့်ကိုစီး၊ ပြီးတော့ ဟန်ပါပါနဲ့ ကြွကြွရွရွလေး လမ်းလျှောက်ရသော ဖက်ရှင်မယ်လေးတွေကို အားကျသည်။ အထူးသဖြင့် ပြင်သစ်နိုင်ငံက ဖက်ရှင်မယ်လေးတွေဆိုရင် အရမ်းစတိုင်လ်ကျပြီး အရမ်းကြည့်ကောင်းတာပဲ။ အရပ်တွေကလည်း အမြင့်ကြီးပဲ။ နောက်တစ်ခါ ဖေဖေ့ဆီစာရေးရင် ဒီ့ထက်မြင့်တဲ့ဖိနပ် ပို့ပေးဖို့ မှာရဦးမယ်။
စုသည် ဖက်ရှင်မယ်များအတိုင်း လမ်းလျှောက်ရင်း “အခုနေများ ငါ့ပုံစံကို တစ်ယောက်ယောက်ကမြင်ပြီး ကြော်ငြာရိုက်ဖို့ကမ်းလှမ်းလာရင် ဘယ်လိုဆုံးဖြတ်ရမလဲ” ဟု တွေးလိုက်သေးသည်။
“အင်း… ကြော်ငြာတစ်ခုရိုက်ရင် အ၀တ်စားဖိုးတွေ၊ ဖိနပ်ဖိုးတွေ ကုန်ရမှာ။ ဒါပေမယ့် ရမယ့်ပိုက်ဆံကလည်း မနည်းပါဘူးလေ။ အကျီံအမျိုးမျိုးဝတ်၊ ဖိနပ်အမျိုးမျိုးကိုစီးပြီး အိုက်တင်လုပ်ရတာ သိပ်တော့မခက်ပါဘူး။” ထို့နောက်စုသည် တီဗွီမှလာသော ကြော်ငြာများကို သူမရသလောက် သီချင်းဆို၍ ကြော်ငြာတွေတစ်ခုပြီးတစ်ခု မပြီးနိုင် မစီးနိုင်လုပ်တော့သည်။ ထက်ထက်မိုးဦး၊ မေသန်းနု၊ နန္ဒာလှိုင် စသူတို့၏ကြော်ငြာတွေ တစ်ခုမကျန် သူမ အမျိုးမျိုးလုပ်ကြည့်သည်။
အံမယ် ငါ့အသံနဲ့ဆိုရင် သီချင်းဆိုရင်တောင်ဖြစ်သေး။ စုသည် သီချင်းဆိုခြင်းကိုလည်း ၀ါသနာပါသူဖြစ်ရာ အဆိုတော်လုပ်ရင်ကောင်းမလားဟု စဉ်းစားမိသည်။ ထို့နောက် သူမသည် မှန်တီခုံပေါ်မှဘီးကိုယူ၍ သီချင်းအမျိုးမျိုးကို သီဆိုကျူးရင့်လေတော့သည်။
သူမ ရသမျှ ဟေမာနေ၀င်း၊ ပိုးဒါလီသိန်းတန်၊ ထူးအိမ်သင် စသော အဆိုတော်များ၏ သီချင်းများ ကုန်သလောက်ရှိသွားမှ သီချင်းဆိုခြင်းအမှု ပြီးစီးလေသည်။
“ဘယ်နှနာရီ ရှိပြီလဲ မသိဘူး။ ဟင်…ဆယ့်တစ်နာရီတောင် ထိုးတော့မှာပါလား။” စုသည် ထိုအခါမှ အပင်များကို နောက်ဖေးရွှေ့ဖို့ သတိရလေသည်။
စုသည် ၀ရန်တာသို့ အပြေးလေးထွက်၍ အပင်များကို အိမ်နောက်ဖေးသို့ သယ်ယူလေသည်။ “တစ်လက်စတည်း အ၀တ်တွေပါ သိမ်းလိုက်မှနဲ့ တူတယ်။” စုသည် အကျီံများကို စုသိမ်းရင်း အိမ်ရှေ့တိုက်ကို အမှတ်မထင်ကြည့်လိုက်ရာ စုတို့နှင့် မျက်နှာချင်းဆိုင်အခန်းမှ ကောင်လေးတစ်ယောက် သူ့ကို အံ့သြသလိုပုံစံနှင့် ကြည့်နေလေသည်။ “ဟောတော့” ဟု သူမပါးစပ်မှရေရွတ်၍ အိမ်ထဲအမြန်ပြန်ဝင်လာရလေသည်။
ကြည့်မှာပေါ့၊ စုကိုယ်ပေါ်မှာ အ၀တ်စတွေ ပုံစံအမျိုးမျိုးနဲ့ ဖရိုဖရဲဖြစ်နေတာကိုး။ ပြီးတော့ ဒေါက်ဖိနပ်ကလည်း စီးထားသေးတာ။ စုကိုမှ မကြည့်ရင် ဘယ်သူ့ကို သွားကြည့်မလဲ။ “မဖြစ်သေးပါဘူး၊ ဒီအ၀တ်တွေရော၊ ဖိနပ်ပါ ပြန်သိမ်းမှပါပဲ။ မေမေပြန်လာရင် ဆူခံထိနေဦးမယ်။”
စုသည် အ၀တ်များ၊ အကျီံစများကို ဗီရိုထဲထည့်နေရင်း ငါ့လိုတီဗွီမှာလဲ ကြော်ငြာတွေရိုက်၊ သီချင်းလည်းဆိုတဲ့ “ယွန်းစုငယ်” ကို ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းလာရင် ဘယ်လိုငြင်းရပါ့မလဲဟု စိတ်ကူးလိုက်လေသည်။
အံမယ် ရုပ်ရှင်ရိုက်ဖို့ကိုလည်း စုက ၀ါသနာပါတာပဲ။ မင်းသမီးဆိုတာ အခန်းကဏ္ဍ အမျိုးမျိုးကနေ သရုပ်ဆောင်ရတယ်ဆိုတော့ ဆရာဝန်လဲ လုပ်ရမှာပဲ။ အင်ဂျင်နီယာလဲ ဖြစ်ရမှာပဲ။ ဆရာမကော လုပ်ဦးမလား။ အကုန်ဖြစ်တာပါပဲလေ။ မင်းသမီးဖြစ်မှတော့ ကျရာအခန်းကနေ ပီပီပြင်ပြင် သရုပ်ဆောင်ရမှာပဲ။ ပြီးတော့အကယ်ဒမီဆုပေးပွဲကို ဟီးလ်မြင့်မြင့်ချွန်ချွန်လေးစီးပြီး ကြွကြွကလေးတက်ရောက်။ ပျော်စရာကောင်းလိုက်တာနော်။
ဒါပေမယ့် မင်းသားတွေရဲ့ အဖက်ကိုခံရမှာဆိုတော့… မဖြစ်သေးပါဘူး။ ပြီးတော့ ကိုယ်က သူများခိုင်းတာလုပ်ရမှာဆိုတော့… သိပ်မလုပ်ချင်ဘူး။ ဒါရိုက်တာဆိုရင်တော့ အပိုင်ပဲ။ ကိုယ်ကြိုက်တဲ့ ၀တ္ထုမှန်သမျှ ရုပ်ရှင်ရိုက်။ ကိုယ်ကြိုက်တဲ့ မင်းသားမင်းသမီးတွေကို ဇာတ်ကောင်လုပ်ခိုင်း။ ဟာ… မကောင်းပါဘူး၊ မင်းသမီးလဲ မလုပ်ဘူး။ ဒါရိုက်တာလဲ မလုပ်ဘူး။ စာရေးဆရာမပဲ လုပ်တော့မယ်။
ဟုတ်တယ်… စာရေးဆရာမသာဖြစ်ရင် သိပ်ကောင်းမှာပဲ။ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒမှန်သမျှ စာထဲထည့်ရေးလိုက်။ ကိုယ်နှစ်သက်တဲ့ပုံစံတွေနဲ့ ဇာတ်ကောင်ဖန်တီး။ ပြီးတော့ “ယွန်းစုငယ်” ဆိုတဲ့ ကလောင်တပ်ပြီး နိုင်ငံကျော်စာရေးဆရာမဘွဲ့ကို ခံယူ။ ဘယ်လောက်ကောင်းလိုက်မလဲနော်။ ဒါပေမယ့် တစ်ခုတော့ရှိတယ်။ စုက စာရေးပျင်းတယ်။
သြော်… အခုမှပဲ ကိုယ့်အရည်အချင်းကို သတိရတော့တယ်။ စုက ကဗျာစပ်တာ သိပ်တော်တာ။ ကျောင်းမှာဆို သူငယ်ချင်းတွေကို ခဏခဏ ကဗျာစပ်ပေးတယ်။ ဒါပေမယ့် ကာရန်တော့ မညှိတတ်ဘူး။ အနုပညာနဲ့ပတ်သက်ရင် ပုံဆွဲတာလည်း ၀ါသနာပါတာပဲ။ ကိုယ်သိပ်ကြိုက်တဲ့ မင်းသားတစ်ယောက်ပုံကို ပုံတူဆွဲပြီး သူငယ်ချင်းတွေကို ကြွားလိုက်ရရင် သိပ်ကောင်းမှာပဲနော်။ အဲဒါကြောင့် ပန်းချီလည်း ဆွဲတတ်ချင်သေးတာ။ အကုန်ပါပဲလေ။
တကယ်တမ်းကျတော့ ပညာတတ်ဖြစ်တာ အကောင်းဆုံးပါပဲလေ။ စုသာ ဆရာဝန်ဖြစ်မယ်ဆို ပါရဂူဘွဲ့ကိုတောင် ယူချင်သေး။ “ဒေါက်တာ ယွန်းစုငယ်” ဆိုရင် အရမ်းကို ဂုဏ်ရှိမှာပဲနော်။ ဒါပေမယ့်လေ စုက သရဲတော့ ကြောက်တယ်။
အင်ဂျင်နီယာဆိုရင်တော့ တိုက်တွေအများကြီးဆောက်ပြီး ကန်ထရိုက်ဆွဲလိုက်မယ်။ အဲဒါဆိုရင် တစ်လတစ်လ ၀င်ငွေက မနည်းဘူးနေမှာ။ ဒါပေမယ့် ဆောက်လုပ်ရေးအင်ဂျင်နီယာဆိုရင်တော့ အသားမည်းမှာ သေချာတယ်။ တော်တော်ကြာ “ယွန်းစုငယ်” ကနေ “ယွန်းစုမည်း” ဖြစ်သွားဦးမယ်။ ဒါဆိုရင်တော့ ဗိသုကာအင်ဂျင်နီယာပဲ လုပ်တော့မယ်။
ပြီးတော့လေ စုက သိပ်ပြီး ကျွမ်းကျင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်လည်း ဖြစ်ချင်သေးတယ်။ လုပ်ငန်းရှင် မဖြစ်ရင်တောင်မှ နာမည်ကြီးကုမ္ပဏီတစ်ခုမှာ သိပ်တော်တဲ့ အတွင်းရေးမှူးမလေးတစ်ယောက်ဖြစ်ဖြစ်ပေါ့။ ဘာသာခြားစကားသုံးလေးမျိုးလောက် ကျွမ်းကျင်ပြီး ဘယ်အရာမဆို ကွန်ပျူတာလေးနှိပ်ပြီး အလုပ်လုပ်ချင်တယ်။ အဲဒါဆိုရင် ဘယ်မှာ ပင်ပန်းမှာလဲနော့။ ဦးနှောက်အသုံးပြုပြီး မပင်မပန်းဘဲ လုပ်ချင်ရင်တော့ ဘွဲ့နှစ်ခုလောက်ရမှ ဖြစ်မှာ။
“ဘွဲ့” ဆိုမှ သတိရတယ်။ ကြည့်စမ်း… စုက ဘွဲ့တစ်ခုမပြောနဲ့။ မနေ့တစ်နေ့ကမှ ဆယ်တန်းဖြေထားတာပဲ။ ဟုတ်ပါရဲ့။ မေမေကတော့ အနည်းဆုံး ဒီလေးငါးလုံးလောက်မှ မပါရင်တော့ အသိပဲတဲ့။ စုက ဒီလောက်လည်း မညံ့ပါဘူး။ စု သူငယ်ချင်းတွေကတော့ ဘယ်လိုနေမလဲမသိ။ စုကတော့ စာမေးပွဲကို နည်းနည်းမှ သတိမရ။ ဘာပဲဖြစ်ဖြစ်ပေါ့ ခုလိုကျေားင်းရက်ရှည်ပိတ်ချိန်မှာ စိတ်ဆင်းရဲစရာတွေ မတွေးချင်ပေါင်။ စိတ်ညစ်စရာတွေ့ရင်လည်း တွေ့တဲ့အချိန်မှပဲ စိတ်ညစ်တော့မယ်။ အခုနေတော့ ပျော်ပျော်နေလိုက်ဦးမယ်။ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒတွေမှန်သမျှ စိတ်ကူးထဲမှာ ဖြစ်ကြည့်ရဦးမယ်။
ဒါပေမယ့် လောလောဆယ်တော့ ရေနွေးအိုးဆူနေလို့ မီးသွားပိတ်ရဦးမယ်။ ဘယ်အချိန်ထဲက ဆူနေတာလဲ မသိဘူး။ ရေခန်းတာလည်း တစ်ဝက်လောက်ပဲ ကျန်တော့တယ်။ မေမေပြန်လာရင် ဘယ်လိုဆင်ခြေပေးရမလဲ မသိဘူး။
“ဟော… ဘဲလ်နှစ်ချက်တီးသံကြားတယ်။ မေမေပြန်လာပြီနဲ့တူတယ်။ ဒုက္ခပါပဲ” စုသည် အိမ်ရှေ့သို့သွားရင်း မေမေ့ကိုဘယ်လို ဆင်ခြေပေးရပါ့မလဲဟု အပြေးအလွှားစဉ်းစားရလေတော့သည်။
.
...................
+ဇွန်မိုးစက် +

Monday, June 8, 2015
Subscribe to:
Post Comments (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)

No comments:
Post a Comment