>
ဒီနှစ်ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်ကိုဇွန် ၆ ရက် ညပိုင်းမှာ ဂျူဗင်တပ်နဲ့  ဘာစီလိုနာတို့  ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ နှစ်သင်းစလုံးက ချန်ပီယံလိဂ်မှာ မှတ်တမ်းကောင်းတွေ ရေးထိုးထားနိုင်တဲ့  အသင်းတွေဖြစ်ပါတယ်။ ဘာစီလိုနာက ချန်ပီယံလိဂ်ဖလားကိုလေးကြိမ်ဆွတ်ခူးထားပြီး ဂျူဗင်တပ်က နှစ်ကြိမ်ရယူထားနိုင်ခဲ့ပါတယ်။
ဒါကြောင့်  ဒီနှစ်သင်းရဲ့ အားပြိုင်မှုက ကမ္ဘာတစ်ဝန်းကပရိသတ် တွေကို ဖမ်းစားဦးမှာဖြစ်ပါတယ်။
ဂျူဗင်တပ်နဲ့  ဘာစီလိုနာအသင်းတို့ ရဲ့ အားပြိုင်မှုကိုကြည့်ရင်တော့ ဂျူဗင်တပ်တို့ က ခြေစွမ်းပိုင်းအားနည်းမှုရှိပေမယ့် နောက်ဆုံးတွေ့ ဆုံမှု ငါး ကြိမ်မှာဘာစီလိုနာတို့ က တစ်ပွဲနိုင်ပြီး ဂျူဗင်တပ်တို့က နှစ်ပွဲနိုင်ကာ သရေနှစ်ပွဲဖြစ်ထားတာမို့ ဂျူဗင်တပ်ကိုလျှော့တွက်ရင် ဘာစီလိုနာတို့ရဲ့ ဖလားသုံးလုံးအိပ်မက်ပျက်ပြယ်သွားနိုင်ပါတယ်။
ထူးခြားတာက ဒီနှစ်ဘောလုံးရာသီမှာ နှစ်သင်းစလုံးဖလားသုံးလုံး
ရရှိရေး ရည်မှန်းချက်တွေရှိနေပြီး ဘာစီလိုနာတို့ က လက်ရှိမှာလာလီဂါဖလား နဲ့  စပိန်ဘုရင့် ဖလားတွေရယူထားနိုင် ပြီးဖြစ်ပါတယ်။ ဂျူဗင်တပ်တို့ ကတော့ ဒီနှစ်မှာအကောင်းဆုံးခြေစွမ်းရရှိနေပြီး ဖလားသိမ်းပိုက်ရေးအတွက် ကစားသမားတွေလည်းဒဏ်ရာပြ၊နာကြီးကြီးမားမားမရှိတာမို့  ဘာစီလိုနာကို တန်ပြန်တိုက်စစ်တွေမှတစ်ဆင့်  ဂိုးရအောင်စွမ်းဆောင်နိုင်ရေး ကြိုးစားရပါလိမ့်မယ်။ ဘာစီလိုနာအသင်းအတွက် ချန်ပီယံလိဂ်မှာဂိုးအများဆုံးသွင်းထားတာကတော့ မက်ဆီဖြစ်ပြီး
စုစုပေါင်း ၁၀ ဂိုးသွင်းယူထားပါတယ်။ ဂျူဗင်တပ်မှာတော့ တီဗက်ဇ်က ခုနစ်ဂိုးသွင်းယူထားပြီး တိုက်စစ်မှာပေါ့ဘာ ကလည်းအခွင့်အရေးရရင် ဂိုးသွင်း နိုင်သူဖြစ်ပါတယ်။ တိုက်စစ်ပိုင်းမှာ တော့ မက်ဆီ၊ နေမာ၊ဆွာရက်ဇ်တို့ ရဲ့  စွမ်းဆောင်မှုက ပိုကောင်းပြီး ဘာစီလိုနာရဲ့ ရလဒ်ကောင်းဖို့ကိုပုံဖော်နိုင်မှုက တီဗက်ဇ်နဲ့ 
ပေါ့ဘာတို့ ရဲ့  ဂျူဗင်တပ်တိုက်စစ်ထက် ပိုပြီးအားကောင်းတာ
အမှန်ပါပဲ။ ဘာစီလိုနာတို့ က ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ပီအက်စ်ဂျီအသင်းကို နှစ်ကျော့ပေါင်း ငါးဂိုး- တစ်ဂိုးနဲ့  နိုင်ပွဲရခဲ့ ပြီး အကြိုဗိုလ်လုပွဲမှာ နာမည်ကြီးဘိုင်ယန်မြူးနစ်ကို နှစ်ကျော့ပေါင်း ငါးဂိုး-သုံးဂိုးနဲ ဖြတ်ကျော်ကာ နောက်ဆုံးဗိုလ်လုပွဲကို
တက်ရောက်လာဖြစ်ပါတယ်။
ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေကနေပြီး နောက်ဆုံးဗိုလ်လုပွဲအထိ ဘာစီလိုနာ တို့  စုစုပေါင်း ၂၈ ဂိုးသွင်းယူခဲ့ သလိုပေးဂိုး ၁၀ ဂိုးရှိခဲ့ ပါတယ်။ ဂျူဗင်တပ်တို့ကတော့ ကွာတားဖိုင်နယ်မှာ မိုနာကိုအသင်းကို နှစ်ကျော့ပေါင်း တစ်ဂိုး-ဂိုးမရှိနဲ့ နိုင်ခဲ့ပြီး အကြိုဗိုလ်လုပွဲမှာတော့ နာမည်ကြီး ရီးရဲမက်ဒရစ်ကို နှစ်ကျော့ပေါင်း သုံးဂိုး-နှစ်ဂိုးနဲ့ အနိုင်ယူကာ အခုလို နောက်ဆုံးဗိုလ်လုပွဲ တက်ရောက်လာ နိုင်ခဲ့ တာဖြစ်ပါတယ်။ ဂျူဗင်တပ်တို့ ဟာ ၁၀ နှစ်တာကာလအတွင်း ချန်ပီယံလိဂ်မှာဒုတိယအကြိမ် ဗိုလ်လုပွဲတက်ရောက်လာခဲ့ခြင်းဖြစ်ပါတယ်။ ဂျူဗင်တပ်တို့ ဟာ ဒီနှစ်ချန်ပီယံလိဂ် မှာကိုးပွဲဆက်တိုက်ရှုံးပွဲမရှိကစားထားနိုင်တဲ့ ခြေစွမ်းပိုင်ဆိုင်
ထားပါတယ်။ ဂျူဗင်တပ်တို့ ဟာ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်ကနေပြီး နောက်ဆုံးဗိုလ်လုပွဲအထိ
စုစုပေါင်း ၁၆ ဂိုးသွင်း ယူခဲ့ သလိုပေးဂိုး ခုနစ်ဂိုးရှိခဲ့ ပါတယ်။
ဒီနှစ်သင်းမှာဂျူဗင်တပ်တို့က ခံစစ်လုံအောင်ကစားပြီး
တန်ပြန်တိုက်စစ်နဲ့  ပုံဖော်မှာဖြစ်သလိုဘာစီလိုနာတို့ ကတော့ တိုက်စစ်ဖွင့်ကစားကာ အနိုင်ရရှိရေးအတွက် ဖိအားပေးကစား
ပါလိမ့်မယ်။ ဘာစီလိုနာ တို့ က ဒီနှစ်မှာချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ ရင်တော့ ဖလားသုံးလုံးအိပ်မက်ကို အပြည့် အ၀အကောင်အထည်ဖော်နိုင်မှာဖြစ်တာမို့  ခြေကုန် ထုတ်ပြီး အောင်ပွဲခံနိုင်ဖို့ ကြိုးစားပါ လိမ့်မယ်။ ဘာစီလိုနာအသင်းဟာ အီတလီကလပ်တွေနဲ့ ဆုံတွေ့ မှုမှတ်တမ်းကိုကြည့် ရင်
စုစုပေါင်း ၃၃ ပွဲကစားခဲ့ တဲ့  ရလဒ်မှာ၁၆ ပွဲနိုင်၊၁၁ ပွဲသရေနဲ့  ခြောက်ပွဲရှု့းံထားပါတယ်။ ဒါကြောင့်  ဂျူဗင်တပ်ကို ပြတ်သားတဲ့
ရလဒ်နဲ့ အနိုင်ရဖို့ ဆိုတာ ဘာစီလိုနာအတွက် ခက်ခဲနိုင်ပေမယ့်  အနိုင်ရလိုစိတ်ပြင်း ပြင်းနဲ့ ကစားမှာမို့ အဆုံးသတ်မှာ ဘာစီလိုနာတို့  အောင်ပွဲခံဖို့များနေတာတော့ အမှန်ပါပဲ။
ဒါပေမယ့်  ချန်ပီယံလိဂ်ဖလားကို သုံးကြိမ်မြောက် ဆွတ်ခူးနိုင်ရေး ပြင် ဆင်ထားတဲ့  ဂျူဗင်တပ်တို့ကလည်း မထင်မှတ်တဲ့ ရလဒ်တွေ ဖော်ဆောင် ပြီး ဖလားကိုင်မြှောက်အောင်ပွဲခံသွားနိုင်မလားဆိုတာ ရင်ခုန်စွာ စောင့် ကြည်ရမှာဖြစ်ပါတယ်။ ။
+မိုးမြင့်လင်းလက်+

Wednesday, June 3, 2015
Subscribe to:
Post Comments (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)

No comments:
Post a Comment