ဆံသားကျန်းမာသန်စွမ်းဖို့အတွက် ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့ ပျိုမေတွေကို အကြံပေးချင်ပါတယ်။ တစ်ယောက်တစ်မျိုး ညွှန်းနေကြတဲ့ အလှကုန်တွေကြား ဗျာမများ ရအောင် နည်းလမ်းကောင်းလေးတွေ ပေးချင်ပါတယ်၊
(၁) ဆံကေသာအတွက် (curry leaves) ပျဉ်းတော်သိမ်ရွက်ကို ကျိုရမယ့်အပိုင်းပါ၊ ပျဉ်းတော်သိမ်ရွက် အနည်းငယ်ကို ရေနဲ့ပွတ်ပွတ်ဆူအောင်ပြုတ်၊ သံပုရာတစ်လုံးကို အရည်ညှစ်ယူပြီး သကြား အနည်းငယ် ထည့်ပေးပါ။ ပျဉ်းတော်သိမ်ရွက်က အစာခြေ စနစ်အတွက် အထူးကောင်းမွန်ပြီး ဆံကေသာ ပြသနာ အတော်များများကို ကူညီ ဖြေရှင်းပေးပါတယ်။ ဒါကို သောက်ပေးရမှာဖြစ်ပါတယ်၊
(၂) ဆံပင်ကျွတ်ခြင်းမှ ကာကွယ်ဖို့ Hair mask တစ်ခုခုပြုလုပ်ရပါမယ်။ ပျဉ်းးတော်သိမ် အနည်းငယ်ယူပြီး ပျစ်ပျစ်လေးဖြစ်အောင် ကျိုလိုက်ပါ၊ အဲဒါကို ဒိန်ချဉ်နဲ့ ရောစပ်ပြီး ဆံပင်ကို လိမ်းပြီး အဲဒီအတိုင်း ဦးရေပြားပေါ် ၂၅ မိနစ်ခန့်ထားပြီး ဆံပင်ကို ခေါင်း လျှော်ရည်ပျော့ပျော့နဲ့ လျှော်ပေးပါ။ အဲဒီအတိုင်း တစ်ပတ် ၁ ကြိမ် လုပ်ပေးပါက အချိန်တိုအတွင်း ဆံပင်တွေ ရှည်ထွက်လာတာ တွေ့ရပါလိမ့်မယ်။ ဆံကေသာကို နက်မှောင် လင်းလက်တောက်ပြောင်စေပြီး သန်စွမ်းကျန်းမာစေမှာဖြစ်ပါတယ်။
(၃) ဆံပင်ကျွတ်ခြင်းကင်းဖို့ ဆံပင်သန်ဆေးပြုလုပ်ရပါမယ်။ ပျဉ်းတော်သိမ် အနည်းငယ် နဲ့ အုန်းဆီကို ဇလုံတစ်ခုထဲ ပေါင်းထည့်ပါ။ အဲဒီနှစ်ခုပေါင်းလိုက်တဲ့အခါ ဆံပင် ပို ကြီးထွားမြန်စေပါတယ်။ ဒီနှစ်ခုကို အနက်ရောင် အနယ်ထိုင်သွားတဲ့အထိ ပွက်ပွက် ဆူအောင် တည်လိုက်ပါ။ အနယ်ကျသွားပြီးလို့ အေးလာတဲ့အခါ ဦးရေဖျားတစ်ခုလုံး လိမ်းပေးပါ။ ၁ နာရီကြာအောင် ထားပြီး ခေါင်းလျှော်ရည် ပျော့ပျော့နဲ့ ဆေးချရပါ မယ်။ ဒီဆံပင်သန်ဆေးကို တစ်ပတ် ၂ ကြိမ်စလိမ်းပြီးလို့ ၁၅ ရက်အတွင်း အကျိုး ရလဒ်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီအဆီက ဆံပင်ကြီးထွားစေရုံ မဟုတ်ဘဲ ဆံပင် မဖြူအောင်လည်း ကာကွယ်ပေးပါတယ်။ ဒီနည်းလမ်းဟာ ဆံပင်သန်စွမ်းခြင်းနဲ့ ကြီးထွားဖို့အတွက် အကောင်းဆုံး နည်းဖြစ်ပါတယ်။
Ref:darkhouse.in RoyalHeroMedia

No comments:
Post a Comment