ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, June 1, 2015

☣ နှစ်ချို့ဘလက်ကော်ဖီ ☣

>
နွေနှင်းပန်းတို့ ပွင့်လန်းချိန်တွင် လသည် သာယာသော သဘောရှိသည်။ ငြိမ်သက်တိတ်ဆိတ်မှုထဲမှ ရထားဥသြသံအချို့ သဲ့သဲ့ညှင်းညှင်းကြားရသည်။ အဆူညံဆုံးအသံကား နာရီလက်တန်၏ လှုပ်ခါချက်ဖြစ်သည်။အိမ်မြောင်စုပ်ထိုးသံကိုလည်း ရံဖန်ရံခါ ကြားရသည်။ ခွေးအူသံအချို့ နှင့် ကားဘီးပွတ်သံအချို့လဲ ထိုညတွင် မှော်ဝင်စားလေသည်။ခပ်ဝေးဝေးမှ ညှင်းသဲ့တိုက်ခတ်လာသောလေ၏ အေးစက်မှုသည် ညကိုအသက်ဝင်စေသည်။ ပိုးစိမ်းကောင်လေးများ လမ်းမီးရောင် မှိန်မှိန်အောက်တွင် အတုံးအရုံးတိုက်ပွဲကျနေကြသည်။ အသက်ရှုသံအချို့ လဲပြိုချိန်မှာ ဟောက်သံအချို့က ကြားကားဆွဲသည်။အိပ်စက်မည်ဟု မှိန်းရုံကြံနေသောမျက်စိအစုံက နောင်လာမည့်အာရုဏ်ကိုပဲ မျှော်နေသည်။အချိန်သည် ရွှေလျားနေသော်လည်း ကြာသည်ဟု ထင်ရသည်။ဆောင်းကူးနေသောကြောင့် သန်းခေါင်ညနက်မှု ရှည်သည်။အိပ်မပျော်သော ညတစ်ည သံသယာလည်ဆိုသောသီချင်းလဲ မဆိုချင်တော့ပြီ။ အိုက်စပ်ပူလောင်မှုကို ရေခဲရေဖြင့် မြောချလို့လဲမရ။ဗိုက်ထဲမှာလဲ တဂွီဂွိဖြင့် စစ်ပွဲတွေဖြစ်နေသည်။ ငြိမ်းချမ်းရေးယူဖို့ ညစာကျန်နေတဲ့ ထမင်းကြမ်းခဲကို ကြက်ဥကြော်ဖြင့် ပေါင်းရမည်။ကြက်ဥကို ညနေဈေးမှမဝယ်မိခဲ့။ဆီကြည့်ပြန်တော့လည်း တစက်နှစ်စက်သာသာ။ ဂစ်မီးဖိုကိုဖွင့်လိုက်တော့လည်း မီးတရှဲရှဲဖြင့် ဘာတည်ရမှန်းမသိ။ကယောင်ကတမ်းဖြင့် ရေနွေးကောက်တည် လိုက်သည်။လက်နှစ်လုံးလောက်ရေက အဆူတော့မြန်သည်။ကော်ဖီပဲ မော့တော့မည်ဟုကြံပြီး ကော်ဖီမှုန့် ထည့်တော့ ပုလင်းဝကခုန်ဆင်းလာတာ တမှုန်နှစ်မှုန်။ပုလင်းကိုထောင်ပြီး နှုတ်ခမ်းဝကငေးလိုက်တော့ ဗလာနတ္ထိ။ဆူနေတဲ့ရေနွေးကို အားနာလို့ ကော်ဖီပုလင်းထဲ ရေနွေးသွန်ပြီး ကျင်းလိုက်သည်။ရေနွေးကို ကော်ဖီရောင်လေးဆိုးပြီး သကြားပုလင်းလှမ်းကြည့်ပြန်တော့။ပုရွက်ဆိတ်တွေက သကြားတစ်မှုန်ဆီ သူတို့တွင်းထဲ သယ်သွားကြသည်။သကြားမပါတော့လည်း ဆီးချိုကင်းစင်တယ်ပေါ့။ဒီအတိုင်းပဲ ဘလက်စစ်စစ် မော့ချလိုက်သည်။ "ဂလု"။ဝင်ပြီးသား ကော်ဖီရောင်ရေနွေးတွေ ပြန်ခုန်ထွက်လာသည်။ အရသာမဲ့ နှစ်ချို့ကော်ဖီစစ်စစ်တခွက်ပါလား။ 

 (ဆက်လက်ကြိုးစားပါဦးမည်။ )

 +ချမ်းလင်းနေ+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)