ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, June 24, 2015

==ဥရောပထိပ်သီးကလပ်တွေရဲ့  အပြောင်းအရွှေ့အလှုပ်အခတ်==

>
ဒီနှစ်ဘောလုံးသမား အပြောင်းအရွှေ့ကာလမှာထိပ် တန်းကလပ်တွေရဲ့  လှုပ်ရှားမှုတွေက အရင်နှစ်တွေလောက်လှုပ်လှုပ်ခတ်ခတ် မရှိသေးတာတွေ့ ရပါတယ်။ အင်္ဂလန်ကလပ်တွေဖြစ်တဲ့ မန်ယူ၊ ချယ်လ်ဆီး၊ မန်စီးတီးတို့ အပြင် လာလီဂါမှာရီးရဲမက်ဒရစ်၊ ဘာစီလိုနာ၊ ဘွန်ဒက်လီဂါမှာဘိုင်ယန်မြူးနစ်၊ ဒေါ့မွန်စတဲ့ အသင်းတွေကတော့ တဖြည်း ဖြည်းနဲ့  စဉ်းစားစောင့် ကြည့် ပြီး ကစားသမားတွေ ခေါ်ယူနေတာတွေ့ ရပါတယ်။လာမယ့်  ၂၀၁၅-၂၀၁၆ ဘောလုံးရာသီအတွက် ပြင်ဆင်နေတဲ့  အင်္ဂလန်ကလပ်တွေကတော့ ကစားသမားသစ် ခေါ်ယူရေးမှာ ငွေကြေးကို ချိန်ဆပြီး အသုံးပြုနေကြပါတယ်။ မန်ယူအသင်းကတော့ ပီအက်စ်ဗီမှ ဒီပေးကိုယူရို၇ ဒသမ ၅ သန်းနဲ့  ခေါ်ယူထားပြီဖြစ်ပါတယ်။ ဒါ့အပြင် ရီးရဲမက်ဒရစ်ကို အငှားချထားတဲ့ဟာနန်ဒက်နဲ့  စပို့ တင်းလစ၊ဘွန်းကိုအငှားချထားတဲ့  နာနီတို့  မန်ယူအသင်းကိုပြန်ရောက်ဖို့ ရှိနေ ပါတယ်။ ဒါပေမယ့်  မန်ယူကနေပြီး အငှားခေါ်ထားတဲ့ဖယ်လ်ကာအို ထွက်ခွာမှာဖြစ်သလို ကလီဗာလေလည်း အဲဗာတန်ကိုအလွတ်ပြောင်းရွှေ့ ကြေးနဲ့  ပြောင်းရွှေ့ မှာဖြစ်လို့  ကစားသမားတွေ ပြန်လည်စုစည်းမှုတွေ ပြုလုပ်နေပါ တယ်။ လက်ရှိအချိန်မှာမန်ယူဟာ ကစားသမားအသစ်သုံးဦးလောက် ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ နည်းပြ ဗန်ဟားလ်က ပြောကြားနေပါတယ်။ ချယ်လ်ဆီးအသင်းကတော့ လောလောဆယ်မှာ မန်ယူက ထွက်ခွာမယ့်ဖက်လ်ကာအိုကိုခေါ်ယူဖို့ စီစဉ်နေပြီး အတွေ့အကြုံရှိပြီး ခြေစွမ်းထက်တဲ့ တိုက်စစ်မှူးတစ်ဦးအတွက်နည်းပြမော်ရင်ဟိုက ဖယ်လ်ကာအိုကိုခေါ်ယူဖို့ ကြိုးစားခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ဘရာဇီးကလပ် ပါရာနန်စီကကွင်းလယ်ကစားသမားနာသန်ဟိုကို ခေါ်ယူထား သလို ရိုမေးနီးယားကလပ် ဗီတို ရယ်မှ နောက်ခံလူမာနီယာကိုခေါ်ယူထားပြီး ဖြစ်ပါတယ်။ ချယ်လ်ဆီးကတော့ ဘော်ဂန်ဟာဇက်ကိုဂလာဘတ်အသင်းသို့  ယူရိုရှစ်သန်းနဲ့ ပြောင်းရွှေ့ ခွင့် ပြုခဲ့ ပြီး ကာကူကာကိုလည်း ဆီဗီလာကို ပြောင်းရွှေ့ ခွင့် ပြုခဲ့ ပါတယ်။ ဒါပေမယ့်  ဖီအိုရင်တီးနားကိုအငှားချထားတဲ့ ဆာလက်က ချယ်လ်ဆီးကို ပြန်ရောက်လာ ပြီဖြစ်ပါတယ်။ မန်စီးတီးအသင်းကတော့ ပေါ့ဘာကိုခေါ်ယူဖို့ ကြိုးစား နေပြီး နက်စတာဆစ်၊ ဆင့်ကလဲယား၊ ဘိုယာတာတို့ အသင်း မှထွက်ခွာမှာဖြစ်ပါတယ်။ လီဗာပူးကတော့ ဘန်လေမှ ဒန်နီအင့်စ်၊ မန်စီးတီးမှ မီလ်နာတို့ ကိုခေါ်ယူဖို့ ကြိုးစားနေပြီး ဘော်လ်တန်မှ ဘော့ဒန်ကိုလည်း အလွတ်ပြောင်းရွှေ့ခနဲ့ ခေါ်ယူပြီဖြစ်ပါတယ်။ အာဆင်နယ်ကတော့ အင်တာမီလန်ကိုအငှားချထားတဲ့  ပိုဒေါစကီးနဲ့  ဗီလာရီးရဲကိုအငှားချထား တဲ့ ဂျိုးကမ်းဘဲလ်တို့  အသင်းကိုပြန်လည်ရောက်ရှိလာပြီ ဖြစ်ပါတယ်။ လက်ရှိကစားသမားအစုအဖွဲ့ ကိုပြန်လည်တည်ဆောက်ပြီး တိုက်စစ်မှူးတစ်ဦးလောက်ပဲ အသစ် ခေါ်ယူမယ်လို့ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ဆိုနေပါတယ်။
လာလီဂါဘက်မှာလည်း ရီးရဲမက်ဒရစ်တို့ က ပေါ်တိုမှ နောက်ခံလူ ဒါနီလိုကို ပြောင်းရွှေ့ကြေး ယူရို၃၁ ဒသမ ၅ သန်းနဲ့  ခေါ်ယူထားသလိုမာရော့တာအသင်းမှ ကွင်းလယ်လူ အဆန်စီယိုကို ပြောင်းရွှေ့ ကြေးယူရို ၃ ဒသမ ၅ သန်းနဲ့ ခေါ်ယူထားပြီဖြစ်ပါတယ်။ ရီးရဲမက်ဒရစ်ရဲ့အားထားရတဲ့ခီဒီရာက ဂျူဗင်တပ်ကိုအလွတ်ပြောင်းရွှေ့ မှုနဲ့  ရောက်ရှိသွားလို့  အားနည်းချက်ကတော့ ဖြစ်ပေါ်နေတာအမှန်ပါပဲ။ ဘာစီလိုနာတို့ ကတော့ ဆီဗီလာအသင်းရဲ့ ညာတောင်ပံကစားသမား အဲလက်စ်ဗီဒယ်ကို ပြောင်းရွှေ့ ကြေးယူရို၁၇ သန်းနဲ့  ခေါ်ယူထားပြီး အိုလံပီယာကို့စ်အသင်းကိုအငှားချထားတဲ့  အဖယ်လေ၊ ဆီဗီလာကိုငှားချထားတဲ့ ဒယ်လော့ဖူ၊ ၀က်စ်ဟမ်းကိုအငှားချထားတဲ့  အဲလက်စ်ဆောင်တို့ ပြန်လည်ရောက်ရှိလာတာမို့  အင်တားစုဖွဲ့ မှု ကောင်းကောင်း ရရှိနေပါတယ်။ ဘာစီလိုနာကတော့ ကစားသမားခေါ်ယူဖို့  စိတ်ဆန္ဒပြင်းပြမှုမရှိဘူးလို့  ဆိုပါတယ်။ ဘွန်ဒက်လီဂါမှာတော့ ချန်ပီယံဘိုင်ယန်မြူးနစ်တို့ က ကစားသမားအသစ် ခေါ်ယူဖို့ အတွက် စတုဂတ်ကစားသမားတွေဖြစ်တဲ့  ကမ်မစ်ခ်ျကိုပြောင်းရွှေ့ ကြေး ယူရို၈ ဒသမ ၅ သန်း၊ ယူလစ်ကို ပြောင်းရွှေ့ ကြေး ၃ ဒသမ ၅ သန်းနဲ့  ခေါ်ယူထားသလိုဘိုင်ယန်မြူးနစ်မှ ရှာကီရီက အင်တာမီလန်ကို ပြောင်းရွှေ့ ကြေး ယူရို၁၈ သန်းနဲ့  ပြောင်းရွှေ့သွားပြီဖြစ်ပါတယ်။ ဒေါ့မွန်အသင်းကတော့ လေဗာကူဆင်အသင်းမှ ကတ်စ်ထရိုကိုပြောင်းရွှေ့ ကြေး ယူရို၁၁ သန်းနဲ့  ခေါ်ယူထားသလိုဖရိုင်းဘတ်အသင်းမှ ဘာကီကိုပြောင်းရွှေ့ ကြေး ယူရို၃ ဒသမ ၅ သန်းနဲ့  ခေါ်ယူထားပြီ ဖြစ်ပါတယ်။ အသင်းတိုင်းလာမယ့်ဘောလုံးရာသီမှာ အကောင်းဆုံးပုံစံရရှိဖို့ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေ ပြုလုပ်နေဆဲဖြစ်ပါတယ်။

 +မိုးမြင့်လင်းလက်+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)