ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, June 8, 2015

==စကားပြောတဲ့ကြောင်===

>
အိမ်ကြီးက ကိုရာလိုင်းလာခဲ့တဲ့ အပြင်က အိမ်ကြီးနဲ့ လုံးဝ တစ်ပုံစံတည်းပဲ။ တစ်ပုံစံတည်း မဟုတ်တောင် အကုန်လုံးနီးပါးက အတူတူလောက်ပဲ။ မစ်စပင့်နဲ့ မစ်ဖော်စီဗယ်တို့ရဲ့ အခန်းတံခါးမှာလည်း ပိတ်လိုက်၊ ဖွင့်လိုက်ဖြစ်ပြီး စကားလုံးတွေကို ပုံဖော်နေတဲ့ အပြာရောင်နဲ့ အနီရောင် မီးသီးတွေ ရှိနေတယ်။ အခန်းတံခါးမှာ တလှည့်စီဖြစ်နေတဲ့ အလင်းရောင်က တစ်ရောင်နဲ့ တစ်ရောင် ကစားနေကြတယ်။ အချိန်ကလည်း ကိုရာလိုင်းထွက်လာတဲ့ နေ့လိုမျိုး တစ်ပုံစံတည်း နေသာနေပြီး အေးစိမ့်စိမ့်ဖြစ်နေတဲ့ နေ့တစ်နေ့ပေါ့။ ကိုရာလိုင်းက သူမရဲ့အနောက်ဘက်က ညင်သာတဲ့ အသံတစ်သံ ကြားလိုက်ရတယ်။ ကိုရာလိုင်း လှည့်ကြည့်မိလိုက်တော့ သူမအနားက နံရံပေါ်မှာ ရှိနေတဲ့ အနက်ရောင်ကြောင်ကြီးတစ်ကောင်ကို သွားတွေ့တယ်။ ဒီကြောင်က သူမရဲ့အိမ်မြေညီထပ်မှာတွေ့ခဲ့ဖူးတဲ့ အနက်ရောင်ကြောင်ကြီးနဲ့ တစ်ပုံစံတည်းပဲ။ "ကောင်းသော ညနေခင်းပါ" လို့ ကြောင်က စပြောတယ်။ ကြောင်ရဲ့အသံက ကိုရာလိုင်းရဲ့ခေါင်းအနောက်ဘက်က ထွက်လာတဲ့ အသံမျိုးနဲ့ တူနေတယ်။ စကားလုံးတွေပါနေတယ်လို့ သူတွေးမိတဲ့ အသံလိုမျိုး။ ဒါပေမယ့် အသံက ယောကျာံးကြီးတစ်ယောက်ရဲ့အသံနဲ့ တူတယ်။ မိန်းကလေးတစ်ယောက်ရဲ့အသံလိုမျိုးမဟုတ်ဘူး။ "ဟယ်လို" လို့ ကိုရာလိုင်းက ပြန်ပြောတယ်။ "ငါ နင်နဲ့တူတဲ့ ကြောင်တစ်ကောင်ကို အိမ်က ဥယျာဉ်ထဲမှာ မြင်ဖူးတယ်၊ နင်က တခြားကြောင်တစ်ကောင်ဖြစ်ရမယ်" ကြောင်က ခေါင်းကို ရမ်းလိုက်တယ်။ "မဟုတ်ပါဘူး၊ ငါက တခြားကြောင်တစ်ကောင်လည်း မဟုတ်ရပါဘူး၊ ငါက ငါပါပဲ" ကြောင်က သူ့ခေါင်းရဲ့ တခြားတဘက်ကို လျက်နေတယ်။ သူ့ရဲ့အစိမ်းရောင်မျက်လုံးတွေကလည်း တလက်လက် အရောင်ထွက်နေတယ်။ "နင်တို့လူတွေကျတော့ နေရာအကုန်လုံးမှာ ပျံ့နှံ့နေထိုင်ကြတယ်၊ ငါတို့ကြောင်တွေကတော့ ငါတို့ကို ငါတို့ အတူတူရှိနေအောင် ထိန်းသိမ်းထားကြတယ်။ ငါ ဘာကို ဆိုလိုလဲ နင်နားလည်ရဲ့လား" "ငါ နားလည်ပါတယ်၊ ဒါပေမယ့် နင်က ငါ့အိမ်မှာ မြင်ဖူးခဲ့တဲ့ ကြောင်နဲ့အတူတူပဲဆိုရင် နင် ဘယ်လို စကားပြောနိုင်သလဲ" ကြောင်တွေက လူတွေလိုမျိုး ပုခုံးတွေ မရှိဘူး။ ဒါပေမယ့် ဒီကြောင်ကတော့ ပုခုံးတွန့်လိုက်တယ်။ သူပုခုံးတွန့်ပုံက အမြီးထိပ်ဖျားကနေစပြီး နှုတ်ခမ်းမွေးတွေထောင်သွားတဲ့နေရာမှာ အဆုံးသတ်သွားတဲ့ နူးညံ့တဲ့ လှုပ်ရှားမှုလေးတစ်ခုနဲ့ .. ။ "ငါ စကားပြောနိုင်တယ်" "ကြောင်တွေက အိမ်မှာ စကားမပြောကြပါဘူး" "မပြောဘူးလား" လို့ ကြောင်က ပြန်မေးတယ်။ "မပြောပါဘူး" လို့ ကိုရာလိုင်းက ပြန်ဖြေတယ်။ ကြောင်က ညင်ညင်သာသာပဲ နံရံပေါ်ကနေ ကိုရာလိုင်းနားက မြတ်ခင်းပေါ်ကို ခုန်ချလိုက်တယ်။ ပြီးတော့ ကိုရာလိုင်းကို စိုက်ကြည့်နေတယ်။ "ထားပါတော့၊ မင်းကတော့ ဒီလိုတွေ သိမှာပေါ့" ကြောင်က ခြောက်ခြောက်သွေ့သွေ့နဲ့ ပြန်ပြောတယ်။ "ငါကတော့ ဒါတွေ ဘယ်လိုလုပ်သိနိုင်မှာလဲ၊ ငါက ကြောင်ပဲလေ" ကြောင်က သူ့ခေါင်းနဲ့ အမြီးကို ထောင်ပြီး ကျေနပ်တဲ့ပုံနဲ့ ထွက်သွားတယ်။ "ပြန်လာခဲ့ပါ" ကိုရာလိုင်းက လှမ်းပြောတယ်။ "ငါ တကယ်တောင်းပန်ပါတယ်" ကြောင်က လမ်းလျှောက်သွားတာကို ရပ်လိုက်တယ်။ ပြီးတော့ ထိုင်ချလိုက်ပြီး ကိုရာလိုင်းရှိနေတာကို ဂရုမစိုက်တဲ့ပုံစံနဲ့ သူ့ကိုယ်သူ စဉ်းစဉ်းစားစားနဲ့ ပြန်လျက်နေတယ်။ "ငါ .. ငါတို့ သူငယ်ချင်းဖြစ်လို့ရမလား" "ငါတို့တွေက နိုင်ငံခြားကနေ ပေါက်ဖွားလာတဲ့ အာဖရိက ဆင်အကအဖွဲ့ရဲ့ ရှားပါးတဲ့ မျိုးစိတ်တွေ ဖြစ်ကောင်းဖြစ်လိမ့်မယ်လို့ ဆိုကြတယ်၊ ဒါပေမယ့် ငါတို့က ဒီလိုမဟုတ်ပါဘူး" ကြောင်က ကိုရာလိုင်းကို ဖျက်ခနဲစိုက်ကြည့်လိုက်ပြီး မလိုတမာအသံနဲ့ ဆက်ပြောတယ်။
"အနည်းဆုံးတော့ ငါက ဒီလို မဟုတ်ဘူး" ကိုရာလိုင်းက သက်ပြင်းချလိုက်မိတယ်။ "နင့်နာမည်က ဘယ်သူလဲ ပြောပြပါလား၊ ကိုရာလိုင်းက ကြောင်ကို မေးလိုက်တယ်၊ "ငါ့နာမည်ဆို ကိုရာလိုင်းလို့ ခေါ်တယ်လေ" ကြောင်က ပန်းနုရောင်သန်းနေတဲ့လျှာကိုထုတ်ပြီး ပါးစပ်ကိုဟလိုက်ပြီး ဖြည်းဖြည်းချင်း ဂရုတစိုက်နဲ့ သန်းနေတယ်။ "ကြောင်တွေမှာ နာမည် မရှိကြဘူး" "မရှိဘူးလား" လို့ ကိုရာလိုင်းက ပြန်မေးတယ်။ "မရှိဘူး၊ နင်တို့လို လူတွေမှာက နာမည်တွေ ရှိကြတယ်၊ ဘာလို့လဲဆိုတော့ နင်တို့က တစ်ယောက်နဲ့တစ်ယောက် ဘယ်သူမှန်း မသိကြလို့။ ငါတို့ကတော့ တစ်ကောင်နဲ့ တစ်ကောင် ဘယ်ကောင်လဲဆိုတာ သိကြတယ်။ အဲဒါကြောင့် ငါတို့တွေက နာမည် မလိုဘူး" ကြောင်ဆီမှာ စိတ်တိုစရာကောင်းလောက်အောင် တစ်ကိုယ်ကောင်းဆန်ချင်စရာ တစ်ခုခုရှိနေတယ်လို့ ကိုရာလိုင်း ဆုံးဖြတ်မိတယ်။ ဒီလိုရှိနေလို့ ကြောင်က ဘယ်ကမ္ဘာ၊ ဘယ်နေရာမှာမဆို ဒီနာမည်ကိစ္စက အရေးကြီးတာ မဟုတ်ဘူးလို့ ထင်နေတာဖြစ်ရမယ်။ သူမရဲ့စိတ်တ၀က်က ကြောင်ကို ဒေါသထွက်ချင်နေပြီး ကျန်တဲ့စိတ်တ၀က်က ကြောင်အပေါ် ယဉ်ယဉ်ကျေးကျေးနဲ့ ညှာညှာတာတာ ဆက်ဆံချင်နေတယ်။ ယဉ်ကျေးချင်တဲ့ စိတ်တ၀က်က နိုင်သွားပါတယ်။ "ကျေးဇူးပြုပြီး ဒါက ဘယ်နေရာလဲ ပြောပြပါလား" လို့ ကိုရာလိုင်းက မေးလိုက်တယ်။ ကြောင်က ပတ်ဝန်းကျင်ကို သာမန်ကာလျှံကာ ကြည့်လိုက်ပြီး "ဒါက ဒီနေရာပဲလေ" လို့ ပြန်ပြောတယ်။ "ငါ ဒါကိုသိပါတယ်၊ ဒါဆို နင် ဒီနေရာကို ဘယ်လိုရောက်လာသလဲ" "နင်လာသလိုပဲပေါ့၊ ငါလဲ လမ်းလျှောက်ပြီး ရောက်လာတာပေါ့၊ ဒီလိုပဲလေ" ကိုရာလိုင်းက ကြောင် မြတ်ခင်းကိုဖြတ်ပြီး ဖြည်းဖြည်းချင်းလျှောက်သွားတာကို ကြည့်နေတယ်။ ကြောင်က သစ်ပင်တစ်ပင် အနောက်ဘက်ကို ၀င်သွားတယ်။ ဒါပေမယ့် တခြားတဖက်ကနေ ပြန်လဲ မထွက်လာဘူး။ ကိုရာလိုင်းလဲ သစ်ပင်ဆီသွားပြီး သစ်ပင်အနောက်အနောက်ဘက်ကို သွားကြည့်မိတယ်။ ကြောင် မရှိတော့ဘူး။ ဒါနဲ့ သူမလဲ အိမ်ကြီးဆီကိုပဲ ပြန်လာခဲ့တယ်။ သူမရဲ့အနောက်ဘက်ကနေ နူးညံ့တဲ့ အသံတစ်သံကို ထပ်ကြားရပြန်တယ်။ စောစောတုန်းက ကြောင်ပဲ။ "ဒါနဲ့ အဆောင်၊ အကာအကွယ်ယူလာရင် မင်းအတွက်သင့်တော်မယ်လို့ ငါခံစားမိတယ်။ ငါသာ မင်းနေရာမှာဆိုရင် ဒီလိုယူလာမှာပဲ" လို့ ကြောင်ကပြောတယ်။ "အဆောင် ဟုတ်လား" "အင်း ဟုတ်တယ်၊ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် … " ကြောင်က ပြောနေတာကို ရပ်လိုက်ပြီး စောစောက ဒီနေရာမှာ မရှိတဲ့ အရာတစ်ခုခုကို သေသေချာချာ စူးစူးစိုက်စိုက် ကြည့်နေတယ်။ ပြီးတော့ အသာလေး ခပ်နိမ့်နိမ့် ၀ပ်နေပြီး အရှေ့ကို နှစ်လှမ်း၊ သုံးလှမ်းလောက် ဖြည်းဖြည်းချင်းစီ တိုးသွားနေတယ်။ ကိုရာလိုင်း မမြင်ရတဲ့ ကြွက်တစ်ကောင်ကို ခုပ်ဖို့လုပ်နေတာနဲ့ တူတယ်။ ရုတ်တရက်ပဲ ကြောင်က ကြောက်လန့်တကြားဖြစ်သွားတဲ့ပုံနဲ့ သစ်ပင်တွေကြားထဲကို တဟုန်ထိုးပြေးသွားတယ်။ ပြီးတော့ သစ်ပင်တွေကြားထဲမှာ ပျောက်ကွယ်သွားတယ်။ ကြောင် ဘာကိုဆိုလိုသွားသလဲလို့ ကိုရာလိုင်း စဉ်းစားနေမိတယ်။ ပြီးတော့ တကယ် သူမလာခဲ့တဲ့ အပြင်မှာရော ကြောင်တွေက စကားပြောနိုင်ရဲ့သားနဲ့ စကားမပြောကြတာလား၊ ဒါမှမဟုတ် သူတို့ ဒီနေရာမှာ ရှိနေတုန်းပဲ စကားပြောနိုင်ကြတာလား စဉ်းစားနေမိတယ်။ ဒီနေရာက ဘယ်လိုနေရာမျိုးပါလိမ့် …. ။

 (Neil Gaiman ရေးတဲ့ Coraline ၀တ္ထု Chapter IV ကနေ တတ်နိုင်သလောက် ဆီလျော်သလို ကောက်နုတ် ဘာသာပြန်ပါတယ်။) 

................. 

+ မိုးရဲ +

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)