ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, July 2, 2015

==လှိုင်းလေကြားက ကိုတံငါ===

>
အို.×. ငကြင်း..တွေ ဆန်.×× ငတန်တွေ ×….သောင်ရေစီး ..မှာ..လ ကို တံငါ.×….လှေယာဉ် … စိး…..ပါလို့.. ပိုက်ကြီး×…ကို..ရေချလာ… အို..နဒီတွင်း မှာလ နှင်းငွေဆော်..ချမ်းလို့ တုန်..မလုံကွေး××တယ် ....ကိုယ်ရေးငယ်…ကြုံပေါ့ . နော် .. ဒေါင်ဒင်းငယ် သံသာသာ နှင့်..တံငါ ..လှေလောင်း..ဆင်း… ရွှေငါးကြင်းငယ်တို့ …ပိုက်တွင်း မှာ သူတို့ ခုန်××-… (ယမုန်နာပတ်ပျိုး)

တုန်လီဆက်ပ် ရေအိုင်ကြီးဟာ အာရှမှာ အကြီးဆုံးဖြစ်ပါတယ်။သန့်ရှင်းလတ်ဆတ်တဲ့ရေ အမြဲစီးဝင်နေတာမို့ လူ သုံးသန်းကျော် အတွက် ပြည့်ပြည့်၀၀ မှီခိုအားထားရတဲ့ ရေအိုင်ကြီးပါ။ငါးပုဇွန်စတဲ့ ရေထွက်ပစ္စည်းပေါကြွယ်ဝတာကြောင့် စားနပ်ရိက္ခာအတွက်လဲ ပူပင်စရာမလိုဘဲ ဖူလုံနေတယ်။ လို့ ကမ္ဘောဒီးယား တံငါသည်ကလေး ဗွန်ဗုသ် က ဆိုပါတယ်။ တုန်လီဆက်ပ်ရေအိုင်ကြီးမှာ ဟို ရှေးရှေးအခါကတည်းက ကျေးငှက် သာရကာတွေ ပျော်မြူး တွန်ကျူးနေကြတာမို့ သိပ်ကိုသာယာလှပါတယ်။ ဇန်န၀ါရီ လဆိုရင် မိုးလင်းပြီဆိုတာနဲ့ ကျီးတွေက ဖြိုးဖြိုးဖြတ်ဖြတ် အိပ်တန်းထလာပြီး လှုပ်လှုပ်ရှားရှား ဆူဆူညံညံ အော်မြည်ကြတော့တယ်။ သူတို့အော်ပီဆိုတော့ ကဲမ်ပွန်ခါလိန်ရွာကလေးဟာ ပျားတွေလို တစီစီ တ၀ီဝီ သက်ဝင်လှုပ်ရှုားလာရတော့တာဘဲ။နေအရုဏ်ပြူထွက်ကာစ နံနက်ခင်းကလေးကို တံငါလှေတွေရဲ့အင်ဂျင်စက်သံက ထိုးဖေါက် ပြစ်လိုက်တတ်တယ်။ ငါးညှီနံ့ ဒီဇယ်ဆီညှော်နံ့ တွေကလည်း လေနဲ့ ရေနဲ့ ရောနှော ပါရှိလာပြီး ၀န်းကျင် တ၀ိုက် ပျံ့နှံ့ဝင်ရောက်သွားတာပေါ့။ ဗွန်ဗုသ်က ဆင်းရဲတော့ သူ့လှေကို ထိုးဝါးနဲ့ လှော်ခတ်ရတာပါ။ တံငါသည်တွေ ညည ကမ်းခြေကို ပြန်ရောက်လာရင် ဖမ်းယူ ရရှိထားတဲ့ ငါးတွေ ပုဇွန်တွေကို ရေခဲနဲ့ရောပြီး အိပ်တွေထဲ ပြွတ်သိပ်ထိုးထည့်ဖို့ သူတို့ရဲ့ ဇနီးတွေ သားသမီးတွေက အသင့် စောင့်ကြိုနေကြတာပါ။ ပြီးရင် အိပ်တွေကို ကားပေါ်တင် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ကို အရောက် မောင်းနှင် ရောင်းချကြရတယ်။ကားခကိုတော့ တံငါသည်က ပေးချေကြရတာပေါ့။ “သေရင်လဲ လှေပေါ်မှာ နေရင်လဲ လှေပေါ်မှာပေါ့ဗျာ .. ဒီရေကန်ကြီးမရှိရင် စားစရာမရှိဘူး။ပိုက်ဆံလဲမရှိဘူးပေါ့။လုံးဝ ကျွန်တော်တို့က ဒီရေကန်ကိုဘဲ အားကိုးနေရတာပါ ။” လို့ ဗွန် က ငါးဖမ်း လှောင့်ချိုင့် အကျိုးအပဲ့လေးတွေ ဖါထေး ပြုပြင်ရင်း မဲ့ပြုံးကလေးနဲ့ ပြောပါတယ်။ပြီးတော့ သူနေတဲ့ ကုလားမခြေထောက်လို ခြေတံရှည်ရှည် ဒယီးဒယိုင်နဲ့ သူ့အိမ်ကို လက်ညျိးးညွှန်ြပပြီး ပြောနေတယ် ။ လှိုင်းပုတ်ခတ်မှုကြောင့်လဲ နုံနုံနဲ့နဲ့ ရှိလွန်းလှတဲ့ သူ့အိမ်ကလေး က ဟိုဘက်ဒီဘက်ယိမ်းနွဲ့နေတယ်။ သိမ့်သိမ့်တုန် ပြိုလုမတတ်လို့ ဆိုနိုင်ပါတယ်။ “ဒါပေမဲ့ ကျွန်တော်တို့ နေရာသစ်ထူထောင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး “တဲ့။ ဟုတ်လဲဟုတ်ပါတယ်။ အနေဆင်းရဲပေမဲ့ အနည်းဆုံး လူသုံးသန်းကျော် ကို တုန်လီဆက်ပ် ရေကန်ကြီးက အဓိက ပံ့ပိုးနေတာပါ။ ၇၅ရာခိုင်နှုံး မျှသော ငါးပုဇွန်တွေကို တုန်လီဆက်ပ်က ထုတ်လုပ်ဖြန့်ချီပေးနေခြင်းဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ငါးအထွက်နှုံး အများဆုံးလို့ ကျော်ကြားနေတာပါ။ နှစ်စဉ်နှစ်တိုင်း ဇွန်လကနေ စက်တင်္ဘာ မိုးတွင်းတလျှောက်လုံး အားကောင်းမောင်းသန်စီးဝင်လာတဲ့ မြစ်ရေက ပြန်လည်ဖြည့်ဆီးပေးနေတဲ့အတွက် ရေလျော့ပါးသွားတာမျိုး မတွေ့ရပါဘူး။ တုန်လီဆက်ပ်ရေကန်က ထုတ်ယူသုံးစွဲသမျှ ရေပမာဏကို တုန်လီဆက်ပ်ဟာ အလျော်အစား ပြန်လည် ရရှိနေတယ်လို့ ဆိုရမှာပါ။မြစ်ရေကပေါင်းကူးဆက်သွယ် ဖြန့်ဖြူးပေးနေတာဖြစ်တယ်။ ဒါ့ကြောင့် ရေအိုင်ရဲ့ မျက်နှာပြင် ဟာ တဖြည်းဖြည်း 25,00km2 ကနေ 16,000 km2 အထိ ကျယ်ပြန့်လာနေတာပါ။ဒီလိုရေကြောင်းပြောင်းလဲမှုကြောင့်လဲ ငါးပုဇွန်ထွက်ရှိမှု က ပိုမို တိုးမြှင့်လာနိုင်ပါတယ်။ ရေကန်ကြီးရဲ့ ၀န်းကျင်တ၀ိုက် မှီတင်းခိုလှုံ အခြေချနေထိုင်ကြတဲ့ လူမှု အသိုက်အ၀န်းဟာလဲ ကျယ်ပြန့်သည်ထက်ကျယ်ပြန့်လာနေတယ်။ သို့ ကျယ်ပြန့်လာသည်နှင့်အမျှ ရေအိုင်ကြီးကို အမှီပြုပြီး စီးပွားရေး အမြင် ကျယ်ပြန့်လာကာ ကူးသန်းရောင်းဝယ်မှု လမ်းပန်းဆက်နွယ် သွားလာမှု စသည် နက်နက်ရှိုင်းရှိုင်း တိုးတက်ဖွံ့ဖြိုးလာရစမြဲမဟုတ်လား။ “ဒါပေမဲ့ မိုးတွင်းကျရင်မြေပြင်ကနေ ရှစ်မီတာအထိရေက တက်လာတတ်တာပါ။မိုးတကြိမ်ရွာရင် ဘယ်လောက် ဒုက္ခရောက်သလဲ ဆိုတာ မပြောချင်ဘူး။ ဒီနှစ်ထဲ ဆိုးချက်က အိမ်ထဲအထိရေ၀င်လာတယ်။ခြောက်သွေ့တဲ့ နေရာကို ရှာမမြင်ဘူး”လို့ ဗွန်က ပြောတယ်။ “၂၀၀၀ ခုနှစ်ကများဗျာ ..လေကြီးမိုးကြီးကျ ဖျက်ဆီးတာကြောင့် လူနေအိမ်ခြေ အများအပြားပျက်စီးခဲ့ရတယ်။ ရေအတက်ကြမ်းလွန်းလို့ သွားရေးလာရေး ခက်ခဲတယ်။ ငါးမရှာနိုင်ဘူး။ ငါးမရောင်းရဘူး ။ကျွန်တော်တို့ပိုက်ဆံမရဘူး စားစရာ မရှိဘူး “ တဲ့။ ၁၉၇၅ခုနှစ်တုံးက ဗွန် က အသက်၁၃နှစ် လောက်ဘဲ ရှိသေးတာပါ။ တဲ့။ ရှေးဟောင်းနှောင်းဖြစ်တွေ ဗွန်က ပြောပြနေတယ်။ “ဒီတုံးက ပိုပေါ့တို့ ခေတ်ကောင်းတုံးပေါ့။ ကျွန်တော်က ရာဘာအလုပ်သမားဝင်လုပ်ရတယ်။ ဘ၀ဟာ ကြမ်းလွန်းလှတယ်။ အစာေ၇စာက ခေါင်းပါးလွန်းတယ်။ဆံပြုတ်ကြဲကြဲပဲ သောက်နေရတယ်။ နောက် ဗိုက်ပြည့်အောင် ငှက်ပျောသီးတွေ ခိုးစားရတယ်။ တဲ့။နောက် ဗီယက်နာမ်တွေ ၀င်လာတယ်။ကျွန်တော်တို့ ထွက်ပြေးကြတယ်။အသက်ကြီးကြီး မိန်းမကြီးတယောက်က လွတ်ရာကျွတ်ရာ ဦးဆောင်ခေါ်သွားတယ်။ ၁၉၇၀ခုနှစ်မှာကမ္ဘာဒီးယား ပြည့်သူ သမတနိုင်ငံဖြစ်လာတယ်။လူလွတ်တွေ စစ်မှု မထမ်းမနေရ ဆင့်တယ်။ ကျွန်တော်က စစ်ကို ရှောင်ချင်တာကြောင့် မိန်းခလေးတယောက်ကို ကောက်ယူလိုက်တယ်။ကျွန်တော့်အဖေနဲ့ဇာတိမြေမှာ ပြန်ဆုံကြတယ်. ခလေးသုံးယောက်ရတယ်။ ကျွန်တော်က ငါးဖမ်းလုပ်ငန်းလုပ်တော့ ဇနီးနဲ့ သားသမီးတွေက သူတို့ နိုင်သရွေ့ ၀င်ကူကြတယ်ဗျ။တရားဝင် ငါးဖမ်းခွင့်လဲ တောင်းကြရတယ်။ အန္တရယ်တော့ အများသားဗျာ။ မိုးကလဲရွာမယ် လေပြင်းလဲကျမယ်ဆိုရင် လှေကတော့ ဂျွမ်းထိုးမှောက်ခုံဘဲဗျို့။လျှပ်စီးတွေကလဲ သိပ်ကြောက်ဖို့ကောင်းပါတယ်။ မကြာခဏ တံငါသည်တွေ သေကြရတယ်။”တဲ့။ ဗွန် က လမ်းကိုဖြတ်ပြီး လက်နဲ့ ညွှန်ပြရင်း “အဲဒီအိမ်ကပေါ့။ မိုးကြိုးပြစ်ခံရလို့ သေသွားတယ်။ မိုးကြိုးပြစ်လို့ သေတာလဲ ခဏခဏဗျ။ ကျွန်တော်တို့ ကိုယ့်ဘာသာတရားအလိုက် တချို့က ဗုဒ္ဓကို ကိုးကွယ်တယ်။ တချို့က ကောင်းကင်နတ်ကို ပူဇော်ပသတယ်။ငါးများများရအောင် အန္တရယ်ကင်းအောင် ဆုတောင်းကြရတာပေါ့ “လို့ သူက အားသွန်ခွန်စိုက် ရှင်းပြတယ်။ “ကျွန်တော်တို့ ငါးဖမ်းမထွက်မှီ နတ်ဘုရားအိမ်တော်မှာ ၀က်ခေါင်း သို့ မဟုတ် သစ်သီး ငှက်ပျောသီးတွေ ဆက်သပြီး ဆုတောင်းကြရတယ် “လို့ လဲ သူက ဆက်ပြောတယ်။ 
“ကျွန်တော်တို့ ငါးဖမ်းထွက်ရာမှာ ငါးများများပေးကမ်းပါလို့ ၀ိညာဉ်တွေဆီမှာ တောင်းခံကြရတယ်”။ တဲ့။ 

ဗွန်တို့ မိသားစုဟာ မနက်၅နာရီကစလို့ ငါးဖမ်းလှောင်ချိုင့် အခု တထောင်လောက် ရေအိုင်ထဲမှာ ချထားပါတယ်။တခါတရံ အကုန်မရဘဲဗလာဖြစ်တာက ဖြစ်ပေါ့။ပျမ်းမျှ ညစဉ်ညတိုင်း လိုလို ၂၀ကီလိုဂရမ်လောက် ရရှိပါသတဲ့။ငါးဖမ်းလှေ ဆိုက်ကပ်လာရင် ပွဲစားတွေက ၀ိုင်းအုံပြီး သူ့ထက်ငါ လုယက်ဝယ်ယူကြပါသတဲ့။သူပင်ပန်းကြီးစွာ အသက်စွန့် ရလာတဲ့ငါးကို ပွဲစားကတဆင့် ရောင်းရတာပါ။ ဘ၀ဆိုတာ ငွေကြေးဥစ္စာကို ခေါ်ဆိုခြင်းလို့ သူကောင်းကောင်းနားလည်သွားပြီ။ ဥစ္စာရှာဖို့ ပညာဟာ အဓိက ဆိုတာလဲ သူကောင်းကောင်း သိရှိသွားတာပါ။ သူက နက်နက်ရှိုင်းရှိုင်းစဉ်းစားပြီး သားကြီးကို ပညာသင်ဖို့ ကမ္ဘောဒီးယားမြို့တော် ဖနွမ်းပင်ကို စေလွှတ်လိုက်ပါတယ်။ ဒါပေမဲ့ ဗွန်ကပြောပါတယ်။ ကျွန်တော်က ဘ၀ကို ရိုးရိုးစင်းစင်းဘဲ ထူထောင်ချင်ပါတယ်။ ငွေပိုငွေလျှံတွေ များများမလိုချင်ဘူး။ပျော်ရွှင်နှစ်သိမ့်မှု အတော်အတန်ရှိရင် ကျေနပ်ပါပြီ။ ပိုက်ဆံများများရဖို့ ကျွန်တော်တို့ ဘယ်လောက် ဒုက္ခခံနေရအုံးမလဲ။ ဘ၀ဆိုတာ ဒါဘဲ လို့ နားလည်ထားရင် ဖြေသိမ့်နိုင်ကြမယ်ထင်ပါတယ်တဲ့။ ကမ္ဘောဒီးယား တံငါသည်ကလေး ဗွန်ဗုသ်က ပြောလိုက်ပါတယ်။ 

 +ဘာသာပြန်-ဖြိုး+ 

Florist Reader's Digst, July 2012, Lake of Life

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)