ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, July 29, 2015

==ရွှံ့ရုပ်နှလုံးသားနှင့် မသိစိတ်ရဲ့ခြေရာ==

>
လူတစ်ယောက်ရဲ့ ဖြစ်ပျက်နေတဲ့အခြေအနေပေါ်မှာ သိမှု ရှိပါက အရာရာကို ဖြေရှင်းပြီး ပဲကိုင်လို့ရတတ်ပါတယ် ။ ဘယ်လိုသိမှုလဲဆိုရင် ကိုယ့်မှာ ဖြစ်နေတဲ့ စိတ်အမျိုးမျိုးအထွေထွေ စတဲ့ သောကတွေကို အမှန်သိမှုနဲ့ ခွဲခြားနိုင်ခြင်းပါ ။ ထိုသို့ခွဲခြားနိုင်တဲ့ လူဟာ လူ့ဘဝမှာ နေတတ်သွားတဲ့ သတ္တဝါ ဖြစ်သွားပါလိမ့်မယ် ။ ဥပမာ – လူတစ်ယောက် စိတ်ဆိုးတယ်ဆိုပါစို့ ထိုသူဟာ သူ့စိတ်ဆိုးခြင်း အကြောင်းအရာကို တကယ်မသိဘူးဆိုရင် စိတ်ဆိုးခြင်ကို မရပ်နိုင်ပဲ ဆက်လက်ဆိုးနေအုံးမှာပါပဲ ။ ထိုသို့မဟုတ်ပဲ သူစိတ်ဆိုးနေတဲ့ အကြောင်းအရာကို သေချာခွဲခြားနိုင်ပြီဆိုရင်တော့ စိတ်ဆိုးခြင်းဟာလည်း အလိုလို ငြိမ်းသွားမယ်လို့ ယူဆမိပါတယ် ။ လူတိုင်းမှာ စိတ်ဆိုးစိတ်ညစ်ဆိုတာကတော့ မကင်းပါဘူး သို့သော် ဖြစ်သင့်တဲ့နေရာ နဲ့ မဖြစ်သင့် တဲ့နေရာတွေ လွဲနေမှာ စိုးသောကြောင့် တင်ပြခြင်းပါ ။ ကျနော်တို့ နေ့စဉ် ဖြတ်သန်းနေကြတဲ့ အဖြစ်အပျက်တွေမှာ .. ဒေါသဖြစ်စရာများ ၊ စိတ်ညစ်စရာများ ၊ သောက တွေများ ၊ ကိုယ်နဲ့ မဆိုင်တဲ့ အပူအပင်များ .. စသဖြင့် အနည်းနဲ့အများဆိုသလို ကြုံတွေ့ရတတ်ပါတယ် ။ ပျော်စရာတွေလည်း ရှိပါမယ် .၊ ကျေနပ်စရာတွေလည်း ရှိပါမယ် ၊ ထို့အတူ ဘာမှ မဖြစ်ပဲ ပုံမှန်အတိုင်းလည်း ဖြစ်ချင်ဖြစ်နေပါမယ် ။ ထို့သို့ ဖြစ်ပေါ်မှုများဟာ ကျနော်တို့ ပိုင်ဆိုင်တဲ့ ခံစားမှု နှလုံးသား တစ်ခုထဲပေါ်မှာချည်းပဲ ဆိုတာကတော့ သေချာပါတယ် ။ ပျော်စရာတွေရင်ပျော် နေတတ်ပြီး ညစ်စရာတွေ့ရင်လည်း ညစ်နေတတ်တဲ့ ဒီခံစားမှုဟာ သိစိတ်နဲ့ တွဲစပ်ပြီး လက်ရှိ လူ့ဘဝမှာ အမျိုးအမျိုးအဖုံဖုံ ပတ်ဝန်းကျင်ရဲ့ ကြိုးဆွဲရာအတိုင်း လိုက်ကနေကြရတာပါ ။ ခုနေ ပျော်နေပြီး ခဏနေ ညစ်ချင်ညစ်သွားတတ်ပါတယ် ။ ဒါဆိုရင် ကျနော်တို့ နှလုံးသားတွေဟာ ပုံစံပြောင်းလို့ရတဲ့ နှလုံးသားတွေပါဆိုတာ သေချာသွားပြီပေါ့ …။ ကျနော်တို့ရဲ့ စိတ်တစ်ခုထဲမှာကိုပဲ သိစိတ်နဲ့ ခံစားချက်ဟာ .. တွဲဆက်နေ ပါတယ် ။ သိစိတ်က ဦးနှောက်မှာ အခြေတည်ပြီး သူ့ဆီမှာ မှတ်သားထားတဲ့ မှတ်ဥာဏ်ရဲ့ အတိုအရှည်အတိုင်း ဆုံးဖြတ်တယ် သိရှိတယ် ။ ခံစားချက် ကတော့ လူမှာ ပါရှိတဲ့ သဘောတရား အာရုံခံ ပေါ့ ။ ထိုနှစ်ခုဟာ တခါတခါ သီးခြားစီရှိတတ်ပြီး တခါတခါ ပေါင်းစပ်ပြီး ဖြစ်တည်နေတတ်တယ် ။ ခံစားမှုရဲ့ အရိပ်က မှတ်ဥာဏ်သိစိတ်ကို သက်ရောက်တယ်။ မှတ်ဥာဏ်သိစိတ်ရဲ့ စေညွှန်ရာကိုလည်း ခံစားမှုက လိုက်လုပ်နေနိုင်တယ် ။ ဒီလိုတစ်ခုနဲ့တစ်ခု ဆက်နွယ်ခြင်း ရှိပါတယ် ။ ကျနော်တို့ အများစုရဲ့ စိတ်အိမ်မှာ ခံစားချက်ကို မတွန်းလှန်နိုင်ပဲ သွားနေကြ လမ်းလေးအတိုင်း ကျနော်တို့ သွားနေရတာ များပါတယ် ။ အလိုဆန္ဒများဟာ ခံစားချင်တဲ့ စိတ်ကနေ တဆင့် ဖြစ်တည်လာကြပါတယ်။ ထိုအရာတွေကို ထိန်းခြင်း မထိန်းခြင်းကြောင့် အများသတ်မှတ်တဲ့ စရိုက် လက္ခဏာများဟာလည်း ကွဲပြားသွားကြပါတယ် ။ စရိုက်လက္ခဏာနဲ့  ပတ်သက်လို့ ဥပမာ တစ်ခု ပြောချင်ပါတယ် ။ ကျနော် စာရွက် အလွတ် တစ်ခုမှာ .. ကောက်ကြောင်းအနည်းငယ်နဲ့ ဝလုံးတွေ ကျနော် ရေးနိုင်သမျှ ရေးလိုက်မယ်ဆိုပါစို့ ..စာမျက်နှာ တပြင်လုံး ဝလုံးတော်တော်များများ ပျံ့နှံ့နေပါလိမ့်မယ် ။ ထိုစာရွက်ကို တခြားသူတစ်ယောက်အား ပြပြီး ဘာစာရွက်လဲဟု အမည်ထိုးခိုင်း မည်ဆိုပါက .. ထိုသူရဲ့ အဖြေဟာ ဒီစာရွက်သည် ဝ လုံးများရေးထားသော စာရွက် ဖြစ်သည်ဟု ပြန်ဖြေပါလိမ့်မယ် ။ ဆိုလိုချင်တာကတော့ စရိုက်တစ်ခုဖြစ်လာဖို့မှာ ……… ထို စရိုက်ဟု ခေါ်တွင်စေဖို့ ထိုစရိုက်နဲ့ သက်ဆိုင်တဲ့ သေးမွှားသော အရာတွေကို များများ လုပ်ဆောင်ခဲ့ခြင်းကြောင့်လို့ ယူဆမိပါတယ် ။ အဲ့ဒီအရာတွေ စုပြီး စရိုက်တစ်ခု ဖြစ်လာခြင်းဟာ ဝလုံးများ ရေးထားတဲ့စာရွက်လိုပဲ သတ်မှတ် ပုံပေါ်စေလာတာပါပဲ ။ ကျနော်တို့ ရဲ့ ဘဝ တနေ့တာ- ၂၄နာရီဖြင့်ပြီးသော ထိုတစ်နေ့တာကို စာတစ်ရွက်အဖြစ် သတ်မှတ်ကြည့်စေချင်ပါတယ် ။ ထို တနေ့အတွင်း ဝလုံးများ ကဲ့သို့သော ပြုမူမှုတွေမှာ အကောင်းတွေ များနေရင် ထိုသူ့ရဲ့ စရိုက်က စရိုက်ကောင်းဟု သတ်မှတ်ခံရပြီး .. အဆိုးတွေ များနေရင်တော့ မကောင်းတဲ့စရိုက်လို့ သတ်မှတ်ခံရပါလိမ့်မယ် ။ ဒါဟာ မှန်ကန်သော နည်းလမ်းအတိုင်းပါ ။ သို့သော် ဘဝတိုင်းဟာ အမှာဟာ အမှား မကင်းကြပါဘူး။ ဒါပေမဲ့ အမှားနည်းသော ဘဝများ အဖြစ်လည်း ဖြစ်ပေါ်လာနိုင်ပါတယ် ။ ကျနော်ဆိုလိုချင်တာကတော့ ထိုစရိုက်လက္ခဏာတွေနဲ့ ပတ်သက်ပြီး လူတစ်ယောက်ရဲ့ အနာဂတ် ဖြစ်စဉ်ကို လည်း လက်ရှိအခြေအနေကနေ ပြောင်းလဲ နိုင်တယ်ဆိုတာကို မြင်သာစေချင်တာပါ ။ တနေ့တာအတွင်း လူတစ်ယောက်ရဲ့ စိတ်ခံစားချက်တွေသည် ထိုသူရဲ့ အနာဂတ်လမ်းကြောင်းကို ပံ့ပိုးနေသည်ဟု သိရှိသူတွေ ယနေ့ခေတ်မှာ နည်းမည်ထင်ပါတယ် ။ကျနော်တို့ သိထားသင့်ပါတယ် ။ “လူတစ်ယောက်ဟာ သူ့စိတ်ထဲမှာ တွေးထင်နေတဲ့အတိုင်း အမှန်တကယ် ဖြစ်လာမည် ဟု ယူဆချက် တင်ပြချက်ကို” စာအုပ်စာပေ တက်ကျမ်း တချို့မှာ ဖော်ပြထားတာကို လည်း ဖတ်ဖူးမှာပါ ။ သို့သော် ဖတ်တုံးခဏ လက်ခံရုံနဲ့ မှတ်မိတာလောက်ပဲ ရှိပါလိမ့်မယ် ။ လိုက်လုပ်တဲ့အထိ ပြုမူတဲ့သူ ရှားနေပါလိမ့်မယ် ထင်ပါတယ် ။ ဒါဘာကြောင့်လဲဆိုရင် ကျနော်တို့ စိတ်သဘော သက်ရောက်မှုကို နားမလည်သေးသောကြောင့် လို့ ကျနော် ယူဆမိပါတယ် ။ တည်ငြိမ်မှု ဖြစ်တည်လာသူများ ၊ တရားဓမ္မများဖြင့် ရင့်ကျက်နေသူများ ၊ နိဗ္ဗာန်သို့ မျက်မှောက် ပြုသူများကို ကျနော်တို့ ယခုခေတ်မှာ တွေ့ရပါလိမ့်မယ် ။ ထိုသူတွေ ဘာလို့ အဲ့ဒီလိုဖြစ်ပြီး ကျနော်တို့ တတွေကလည်း ဘာလို့ အဲ့ဒီလို မဖြစ်ပဲ နေနိုင်တာလဲ ဆိုတာ တွေးကြည့် စေချင်ပါတယ် ။တည်ငြိမ်မှု ဖြစ်စေဖို့ အကြောင်းတွေကို ကျနော်တို့ ထပ်ကာ ထပ်ကာ မလုပ်လို့ လို့ အလွယ် ဆိုချင်ပါတယ် ။ နောက် စိတ်နဲ့ ပတ်သက်ပြီး စိတ်ပညာရှင်များ သတ်မှတ်ထားကြတာက လူတစ်ယောက်မှာ သိစိတ်နဲ့ မသိစိတ်ဆိုပြီး ရှိတယ်လို့ သတ်မှတ်ထားပါတယ် ( စာဖတ်ဝါသနာ ရှိသူများ နားလည်မည်ထင်ပါသည်) ။ ကျနော်ဆိုချင်တာကတော့ မသိစိတ်ဟာ စိတ်အတွင်း အနည်ကျနေတဲ့ မှတ်ဥာဏ်လို့ ယူဆချင်မိတာပါပဲ ။ ဘာလို့လဲဆို အပေါ်ယံပြေးလွှားနေတဲ့ သိစိတ်က အပြောင်းအလဲ ရှိပြီး အနည်ကျနေတဲ့ မသိစိတ်က အပြောင်းအလဲ ဖြစ်ဖို့ တော်တော်ခဲယဉ်းတတ်တယ်လို့ ဆိုချင်ပါတယ် ။ ကျနော်တို့ စိတ်အိမ်တစ်ခုလုံးကို အိုးကြီးတစ်လုံးသဖွယ် သတ်မှတ်ကြည့်စေချင်ပါတယ် ..။ ထိုအိုးထဲကို ရေကြည်ရော ရေနောက်ပါ ရောထည့်ကြည့်လိုက်တဲ့အခါ … ။ ရေကြည်တာကိုမမြင်ရပဲ ရေနောက်နဲ့ရောနေတဲ့ ရေကိုသာ မြင်ရပါလိမ့်မယ် ။ ထို့အတူပဲ ကောင်းတဲ့စိတ်နဲ့ မကောင်းတဲ့ စိတ် ပေါင်းစပ်ပြီး ဖြစ်လာမှုတွေဟာလည်း ကိုယ့်အမြင် သူတပါးအမြင်မှာ ရေနောက်ကိုပဲ မြင်နေပါလိမ့်မယ် ။ ထိုသို့နောက်နေသော ထိုရေအိုးထဲကို နောက်ထပ် ကြည်တဲ့ရေများ ထပ်ကာ ထပ်ကာ ဖြည့်ကြည့်လိုက်ပါ ..။ ရေများလျှံကျနေအောင် ထပ်ဖြည့်ဖြည့်ကြည့်ပါ .. ထို ရေအိုးထဲက ရေဟာ တဖြည်းဖြည်းနဲ့ ကြည်လာတဲ့ ရေ ဖြစ်လာပါလိမ့်မယ် ။ လူ့စိတ်ဟာလည်း ထို့အတူပါပဲ ဘယ်လောက်ပဲ စရိုက်ကြမ်းပြီး ညစ်နေပါစေ ထိုသူရဲ့ စိတ်အိမ်ထဲကို ကောင်းတဲ့စိတ်တွေဖြင့် ထပ်ကာ ထပ်ကာ ဖြည့်ရင်းဖြည့်ရင်းနဲ့ ကြည်လင်လာတာမျိုးပါ ။ ဒီလိုနဲ့ စရိုက်ဟာ ကူးပြောင်းလာနိုင်ပါတယ် .. ။ ကျနော်တွေးမိတယ် .. ယခုအချိန်ကစပြီး ကျနော်တို့ ခံစားချက်တွေနဲ့ အတွေးတွေကို ဖြစ်ချင်တဲ့ ဇာတ်အိမ်အတွင်း ထည့်ထားပြီး ခံစားခြင်း တွေးခြင်း တွေကို ပြုမူပါက တဖြည်းဖြည်း ဖြစ်ချင်တာတွေဆီ နီးကပ်သွားလိမ့်မယ်…. ။ ယခု ကျနော်တို့ဟာ လက်ရှိဖြတ်သန်းနေတဲ့ ပစ္စုပ္ပန်ရဲ့ အဖြစ်အပျက်ကို သတိထားမကြည့်မိလို့သာ ကျနော်တို့ လျှောက်နေတဲ့ ဘဝလမ်းတွေဟာ ရှည်နေတာပါလို့ ထင်မိပါတယ် ။ အဓိကကတော့ များများ တွေး ၊ များများ ပြုမူရင် ပြောင်းလဲ နိုင်တဲ့ အကြောင်းကို ပြောချင်တာပါ ။ လူတစ်ယောက်မှာ ကိုယ်ဖြစ်နေတာတွေကို သတိထားကြည့်မိနိုင်ပြီဆိုရင် ကိုယ့်စိတ်ကို ထိန်းသိမ့်မှုများ ဟာလည်း အလိုလို ပေါ်လာပါလိမ့်မယ် ။ နောက်ဆုံး ကျနော်တို့ လိုချင်တဲ့ ပန်းတိုင်ဆိုတာဟာလည်း … သေချာလာပြီး ကိုယ်ရောင် ဖျောက်နိုင်တော့မှာ မဟုတ်ပါဘူး ။

 +ဘာနေ+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)