ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, July 5, 2015

==လူထုကျန်းမာရေး(ဝမ်းပျက် ဝမ်းလျှောနျင့် ဓာတ်စာ)==

>
**Public Health** 
ဝမ်းပျက်ဝမ်းလျှောခဏခဏ ဖြစ်တတ်တဲ့ ကလေးတွေ အတွက် မိခင်တစ်ယောက် အနေနဲ့ ဘယ်လို ပြုစုသင့် ပါသလဲ ဆရာ။ အိမ်က စီးပွားထွက် ရှာရတာ ဆိုတော့ ဆိုင်ထမင်း ဆိုင်ဟင်းနဲ့ တစ်ခါတလေ ပြီးခဲ့ရတာတွေ ရှိပါတယ်။ အဲဒါ ပုံမှန် ဖြစ်အောင် ဘယ်လို စားသောက်
 နေထိုင်သင့် ပါသလဲ ဆရာ။ (ဒေါ်စုစုရီ-အင်္ဂပူ)

 ဝမ်းပျက် ဝမ်းလျှောတာဟာ ကူးစက်ရောဂါပိုးကြောင့် ဖြစ်တယ်။ ရောဂါပိုး ရှိသူရဲ့ မစင်၊ အန်ဖတ် စတာ တွေမှာ ယင်ကနားပြီး လူစားဖို့ ပြင်ဆင်ထားတဲ့ အစားအစာပေါ်မှာ လာနားတာပဲ ဖြစ်ဖြစ်၊ ရောဂါပိုးတွေနဲ့ ထိတွေ့ထားတဲ့ မသန့်ရှင်းတဲ့ လက်နဲ့ အစားအစာကို စားသုံးကြရင်ပဲ ဖြစ်ဖြစ် (Faces, Fly, Flight, Food, Fingers) ဖိုက်အက်ဖ်လို့ ခေါ်တဲ့ ဝမ်းပျက်ဝမ်းလျှော ဖြစ်စေ ပါတယ်။ အိမ်မှာ အစားအစာ ပူပူနွေးနွေး ချက်ပြုတ် မစားနိုင်ရင် လမ်းဘေး ထမင်းဆိုင်က ယင်နားစာ၊ မသန့်ရှင်းတဲ့ အစားများ စားမိ တတ်ကြတယ်။ အဲဒီ အစာတွေဟာ ကျန်းမာရေး အစာနဲ့ ဆေးအဖွဲ့ (FDA) က စစ်ဆေးခြင်း မပြုရသေး သလို ပါဝင်တဲ့ ပစ္စည်း အမျိုးအမည်၊ ဓာတုဆိုးဆေးနဲ့ မကင်းတဲ့ အရောင်တင်မှုန့်၊ အချိုမှုန့်နဲ့ မနူးမနပ် ချက်ပြုတ်ထားလို့ ပိုးမသေသေး သို့မဟုတ် ရက်လွန် ချက်ပြုတ် စီစဉ်ထားတာက ကလေး မဆိုထားနဲ့ လူကြီးတွေလည်း ဝမ်းပျက်ဝမ်းလျှော ဖြစ်စေပါတယ်။ ဝမ်းပျက်ဝမ်းလျှောကူးစက်မှု မရှိစေဖို့ သန့်ရှင်းတဲ့ သန့်လေးသန့် (အစားသန့်၊ ရေသန့်၊ လက်သန့်၊ ပန်းကန် ခွက်ယောက်သန့်) အစားအစာ အပြင် လုံလေးလုံ အိမ်သာ (အရှက်လုံ၊ အနံ့လုံ၊ ယင်လုံ၊ ရေအရင်းမြစ်နဲ့ အကွာအဝေး လုံခြုံ) စိတ်ချရမယ့် အိမ်သာ စတာတွေကို သုံးစွဲမှ ဝမ်းလျောမှု မဖြစ်မှာပါ။ အစားအစာတွေကို ယင် မနားအောင် ဖုံးအုပ် ကာကွယ်ရမယ်။ ယင်နားစာနဲ့ အမှည့်လွန် အသီးတွေ မစားသင့်ပါ။ ချောင်းအတွင်း ရေချိုးခြင်း၊ ရေကူးခြင်းနဲ့ အဝတ်လျှော်ခြင်း၊ တိရစ္ဆာန် ထိန်းကျောင်းခြင်းမျိုး မလုပ်သင့် ပါဘူး။ ရေသန့် မရရင် ရေကို ကျိုချက်ပြီး သောက်သင့် ပါတယ်။ ရေလှောင်ကန်များထဲက ရေကို ပုံးနဲ့ မခပ်ဘဲ ရေဘုံဘိုင်က တစ်ဆင့် ခပ်ရမယ်။ အိမ်သာတက်ပြီး သို့မဟုတ် အစာမစားမီ သို့မဟုတ် အစာစားပြီး လိုအပ်ရင် လိုအပ်သလို လက်ကို ဆပ်ပြာ၊ ရေတို့နဲ့ သေချာစွာ ဆေးကြောရမယ်။ ဝမ်းပျက်ဝမ်းလျှောလူနာများကို ပြုစုသူများဟာ လက်ကို စင်ကြယ်စွာ ဆေးကြောပြီးမှ အစားအသောက် ကိုင်တွယ်ရမယ်။
**ဝမ်းပျက်ဝမ်းလျှောလက္ခဏာတွေ ကတော့ **

အရည်ဝမ်းများ သွားခြင်း၊ အော့အန်ခြင်းတို့ကြောင့် ခန္ဓာကိုယ်မှာ ရေနဲ့ ဆားဓာတ် ကုန်ခန်း သွားတတ်တယ်။ အားအင် ကုန်ခန်းခြင်း၊ ကြွက်တက်ခြင်း၊ သတိလစ်ခြင်း ဖြစ်ပွားပါက သေဆုံးတဲ့ အထိ ဖြစ်နိုင်တယ်။ ဆုံးရှုံးတဲ့ ရေနဲ့ ဓာတ်ဆားကို အချိန်မီ ဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်။ ဓာတ်ဆားရည် သောက်ရမယ်။ ဓာတ်စာတွေကတော့ ဝမ်းလျှောချိန်မှာ ကြေညက်လွယ်တဲ့ အစားအစာ ပျော့ပျော့တွေ စားရမယ်။ ရေခန်း ချက်ထားတဲ့ ထမင်း၊ ပေါင်မုန့်ခြောက်၊ ပန်းသီး၊ ဟင်းသီးဟင်းရွက် ဖျော်ရည်တို့ စားနိုင်တယ်။ မုန်လာဥနဲ့ တရုတ်နံနံ ဖျော်ရည် သောက်သုံး သင့်တယ်။ အဆီပါဝင်မှုများတဲ့ အစားအစာ၊ ရနံ့မွှေးကြိုင်တဲ့ အစားအစာ၊ နို့ထွက်ပစ္စည်း၊ နွားနို့၊ သကြားနဲ့ချိုတဲ့ အစားအစာ၊ လက်ဖက်ရည်၊ ကော်ဖီနဲ့ အရက် ရှောင်သင့်တယ်။ အစာ ချေဖျက်ရာမှ ထွက်ပေါ်လာတဲ့ ပစ္စည်းတွေ ခါတိုင်းထက် ပိုပြီး လျင်မြန်အောင် ဖြတ်သန်းနိုင်လို့ ဝမ်း အပြင်မစွန့်ခင် ခန္ဓာကိုယ်က အရည်တွေ ပြန်စုပ်ယူနိုင်မှာ မဟုတ်ပါဘူး။

**အစာအတွက်အကြံပြုချက်**

 အရည်ဆုံးရှုံးမှု များရင် အိမ်သုံးဆေးဝါး မက်ထရိုနှင့် စီဖရန် တစ်နေ့ နှစ်ကြိမ်မှ သုံးကြိမ် လေးရက်မှ ခုနစ်ရက် သောက်သင့်တယ်။ ဓာတ်ဆားရည်ကို သောက်ရင်လည်း မြန်မာနိုင်ငံ ဆေးဝါးစက်ရုံက ထုတ်တဲ့ ဓာတ်ဆားရည်ပဲ သောက်သင့်တယ်။ အချိုကဲ ရွိုင်ရယ်ဒီ ဓာတ်ဆားဟာ ကလေးတွေ ပိုပြီး ဝမ်းလျှော စေတယ်။ ဝမ်းပျက်ဝမ်းလျှောပျာက်ကင်းပြီးမှ ပုံမှန် အစားအစာ စားရမယ်။ အိမ်မှာချက်တာကိုပဲ စားသင့်ပါတယ်။ ။

Written by ရွှေတည်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)