ဒေသခံကော်မတီဝင်ဦးကျော်သူ၊ဒေါါ်ဇာခြည်အပါအ၀င် အမျိုးသမီးအကျိုးဆောင်များက(၂၇၇၀)ဘတ်အား ယင်းတို့ ၏အထည်ချုပ် စက်ရုံငယ်ရှေ့ မှာအခုလိုပေးအပ်ခဲ့)
**ဒို့ ပြည်----ဒို့ အရေး--ဒို့ ရေဘေးကို-----ဒို့ လက်လေးတွေနဲ့ ကူညီကြပါစို့ ** မြန်မာနိုင်ငံရေဘေးအတွက်မဲဆောက်ဒေသအကျိုးဆောင်ကော်မတီဝင်- ဦးဇော်ကြီး၏အဆက်အသွယ်ဖြင့်ဘန်ကောက်မြို့ မှမောင်မင်းသူနှင့်ဇနီးက (၁၉၀၀)ဘတ်အားလည်းကောင်း၊အကျိုးဆောင်ကော်မတီဝင်-ဒေါါ်ကြူ ၏အဆက်အသွယ်ဖြင့်ဘန်ကောက်မြို့ မှကိုခင်မောင်ကျော်က(၂၀၀)ဘတ် အားလည်းကောင်း၊မဲဆောက်မြို့ မြောက်ဘက်မယ်ရမတ်မြို့ သို့  ရှောင်တခင်ကွင်းဆင်းကြသောဆရာမိုးနှင့်ဦးကိုဦးတို့ အား ဒေသခံကော်မတီဝင်ဦးကျော်သူ၊ဒေါါ်ဇာခြည်အပါအ၀င်အမျိုးသမီး အကျိုးဆောင်များက(၂၇၇၀)ဘတ်အားလည်းကောင်းအသီးသီး ပေးအပ်ခဲ့ကြပါသည်။
ယနေ့ ညတွင်မယ်ရမတ်မြို့ နယ်ဘက်မှကွင်းဆင်းကာပြန်လာကြသော ဆရာမိုးနျင့်င့်ဦးကိုဦးတို့ သည်မြန်မာငွေနှင့်ထိုင်းငွေလဲလှယ်နှုန်းသိသာစွာ မပြောင်းလဲမီလက်ဝယ်ရှိနေသော(ထိုင်းငွေ(၈၁၀၀)ဘတ်အားမဲဆောက်မြို့  ဘက်ပေါက်ဈေးမြန်မာငွေ၁သိန်းအတွက်(၂၈၇၀)ဘတ်ဈေးဖြင့်အခြေအနေအရ လဲလှယ်ခဲ့ရာတွင်မိမိတို့ သည်မြန်မာငွေ(၂၈၂၀၀၀)ကျပ်လဲလှယ် ရရှိခဲ့ပါသည်။
(ခမောက်ဆောင်းကာတခေတ်ပြောင်းလိုသည့် အကျိုးဆောင်ကော်မတီဝင်-ဥိးဇော်ကြီးကဆရာမိုး-ဒေါါ်ကြူ ဦးသန်းစိုးစသည့်အကျိုးဆောင်ကော်မတီဝင်များထံ ဘန်ကောက်မြို့ မှမောင်မင်းသူ၏အလှူငွေ(၁၉၀၀)ဘတ်အား တဆင့်လှူဒါန်းပေးနေစဉ်)
ထို့ ကြောင့်ယနေ့ ၉ရက်မြောက်အလှူခံနေ့ အထိစုစုပေါင်း အလှူခံကောက်ခံရရှိမှုသည် လဲလှယ်ပြိးသားမြန်မာငွေ(၂၁၁၈၃၀၀)ကျပ်နှင့်ယနေ့ ညရရှိခဲ့သော၂၀၀ဘတ်တို့ ကို လက်ခံရရှိထားသကဲ့သို့ ဖြစ်ပါသည်။ အကျိုးဆောင်ကော်မတီဝင်တွေကလာမယ့်သြဂုတ်လ(၁၆)ရက်နေ့ မှာ အထူးအစည်းအဝေးပြုလုပ်ပြီးတနဂံနွေနေ့ ဖြစ်သဖြင့်အိုတီဆင်းရန်မလိုသောအလှူရှင်မြန်မာအလုပ်သမားတို့ စုပေါင်းပြီး**မြန်မာနိုင်ငံနေရာဒေသအသိးသိးမှရေဘေးသင့်မြန်မာပြည်သူ များကျန်းမာပါစေကြောင်းနှင့်ထိုင်းဥပဒေအရနေ့ စားခ(၃၀၀)ဘန်-အချိန်ပို၁နာရီလျှင် ၅၆ဘတ်အမှန်တကယ်မရရှိကြပဲထိုင်းနိုင်ငံတွင်လုပ်အားခအနည်းဆုံးရရှိကြသည့်(၀ါ) နီးစပ်ရာမှရှာကြံလှူဒါန်းကြကုန်သောမဲဆောက်ဒေသ (မဲဆောက်-ဖုတ်ဖရာ့-မယ်ရမတ်)၃မြို့ နယ်ရှိမြန်မာရွှေ့ ပြောင်းအလုပ်သမား အလွှာပေါင်းစု့တို့ ကျန်းမာပါ စေကြောင်းဆုတောင်းပွဲပြုလုပ်ခြင်း၊သြဂုတ်လ၁၇ရက်(တနလာံနေ့ တွင်) ပထမဆုံးငွေလွှဲလှူဒါန်းမှုကိုမြ၀တီမြို့ ဘဏ်တစ်ခုမှာပြုလုပ်မှာဖြစ်ပြီး မလှူဒါန်းမီတွင်မြ၀တီမြို့ ရှိရွှေ မြင်းဝန်ဘုရားမှာကွင်းဆင်းလှူဒါန်းကြသောအကျိုးဆောင် ကော်မတီဝင်
အနည်းဆုံး(၁၂)ဦးက**မြန်မာနိုင်ငံနေရာဒေသအသီးသီးမှ ရေဘေးသင့်မြန်မာပြည်သူများ
ကျန်းမာပါစေကြောင်းဆုတောင်းပွဲပြုလုပ်ပြီးမှသာ မြ၀တီမြို့ ကမ္ဗောဇဘဏ်ခွဲမှမြန်မာနိုင်ငံကပရဟိတ
လူမှုရေးအဖွဲ့ တစ်ခုထံကိုရည်ရွယ်ပြီး *ထိုင်းနိုင်ငံမဲဆောက်ဒေသမှမြန်မာရွှေ့ ပြောင်းလုပ်သားအလွှာပေါင်းစုံတို့ ၏ ချွေးနည်းစာကောင်းမှု**
လို့ ကင်ပွန်းတပ်ကာမှတ်တမ်းလွှာပြန်တောင်းမှာ ဖြစ်ပါသည်။
(မယ်ရမတ်မြို့ မှမြန်မာအလုပ်သမားတွေက ဒီလိုလှူဒါန်းခဲ့)
ဒိမှတ်တမ်းလွှာကိုလည်းကော်ပီများမျးဆွဲပြီးကာယကံရှင်အလှူရှင်တွေ သိနိုင်လောက်တဲ့လက်ဘက်ရည်ဆိုင်၊စက်ရုံနံရံ၊စက်ရုံ့အသီးသီးကကိုယ်စားလှယ်တွေ လက်ထဲကိုထည့်ပေးကာအများသိစေရပါမယ်။ပြီးတော့တစ်ခါ နေ့ စဉ်တင်နေတဲ့*-thaungyin nagar...... sayar moe*ဖေ့စ်ဘွတ်၊မြန်မာပြည်သားဘလော့၊ လစဉ်ထုတ်မြန်မာပြည်သားစာစောင်-စတဲ့နည်းပေါင်းစုံကနေရှင်းလင်းစွာ ဖော်ပြအသိပေးမှာဖြစ်ပါကြောင်းလေးစားစွာအစီရင်ခံတင်ပြအပ်ပါတယ်။
**ခွန်အားမျှဝေ----ဒို့ တတွေသည်---မလွှဲမသွေ----ပြည်သူတွေအတွက်**
မြန်မာနိုင်ငံရေဘေးကူညီရေး (မဲဆောက်ဒေသအကျိုးဆောင်ကော်မတီ)
မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)
ခင်မင်လေးစားစွာဖြင့်
ဦးမိုးကြိုး(ဆရာမိုး)
ထိုင်းဖုန်း---၀၈၅၆၀၂၃၅၇၃
e-mail----jacbaburmese@gmail.com
င်္Facebook-----thaungyin nagar......sayar moe
........................................
သတင်းနဲ့ ဓာတ်ပုံ--ကိုဦး--မသီတာ
(မဲဆောက်မြို့ မြောက်ဘက်မယ်ရမတ်မြို့ သို့ 
ရှောင်တခင်ကွင်းဆင်းကြသောဆရာမိုးနှင့်ဦးကိုဦးတို့ အား
ဒေသခံကော်မတီဝင်ဦးကျော်သူ၊ဒေါါ်ဇာခြည်အပါအ၀င်
အမျိုးသမီးအကျိုးဆောင်များက(၂၇၇၀)ဘတ်အား
ယင်းတို့ ၏အထည်ချုပ်
စက်ရုံငယ်ရှေ့ မှာအခုလိုပေးအပ်ခဲ့)

No comments:
Post a Comment