**ဒို့ ပြည်----ဒို့ အရေး--ဒို့ ရေဘေးကို-----ဒို့ လက်လေးတွေနဲ့ ကူညီကြပါစို့ **
မြန်မာနိုင်ငံရေဘေးအတွက်
မဲဆောက်မြို့ တီကေဖက်ရှင်စက်ရုံမြန်မာလုပ်သားများထံမှ အကျိုးဆောင်ကော်မတီဝင်ကိုဇင်ဗိုလ်နှင့်မသဖင်ဦးတို့ ၏ စုစည်းကောက်ခံမှုဖြင့်အလှူငွေ(၃၃၁၄)ဘတ်ကိုဆရာမိုးထံသို့လည်းကောင်း အကျိုးဆောင်ကော်မတီဝင်ဒေါါ်ခင်ရတနာကြူ၏အဆက်အသွယ်ဖြင့် ဖေ့စ်ဘွတ်မိတ်ဆွေ
*ဘာဘာဘာမှမသိဘူး*သည်ဘဏ်စာရင်းမှတဆင့် အလှူငွေ(၃၀၀၀)ဘတ်အားလည်းကောင်းယနေ့ ညပိုင်းထိုင်းစံတော်ချိန် (၈-၉)ကြားနာရီတွင်ဆရာမိုးဦးဆောင်သောမဲဆောက်ဒေသအကျိုးဆောင် ကော်မတီသို့
အသီးသီးလှူဒါန်းခဲ့ပါသည်။
(အကျိုးဆောင်ကော်မတီဝင်ဒေါါ်ခင်ရတနာကြူရဲ့  ဖေ့စ်ဘွတ်မိတ်ဆွေ*ဘာဘာဘာမှမသိဘူး**မှ အလှူငွေ(၃၀၀၀)ဘတ်ကိုယနေ့ ည၉နာရီမှာလှူဒါန်း)
ယခုအခါမိမိတို့ မြန်မာနိုင်ငံရေဘေးကူညီရေးမဲဆောက်ဒေသ အကျိုးဆောင်ကော်မတီလက်ဝယ်တွင် ဒိနေ့ ၇ရက်မြောက်အထိစုစုပေါင်းအလှူခံကောက်ခံရရှိမှုသည် လဲလှယ်ပြိးသားမြန်မာငွေ(၁၁သိန်းကျပ်)ယနေ့ ရရှိသောထိုင်း ငွေ(၆၃၁၄) ဘတ်ဖြစ်ပါသည်။(ယနေ့ ငွေလဲလှယ်နှုန်းအရထိုင်းငွေ (၂၈၅၀)ဘတ်သည်မြန်မာငွေ၁သိန်းဖြစ်ပေရာမိမိတို့  အကျိုးဆောင်ကော်မတီ၏လက်တွင်မြန်မာငွေ(၁၃သိန်း)ကျပ်ကျော် လက်ခံရရှိထားသကဲ့သို့ ဖြစ်ပါသည်။ အကျိုးဆောင်ကော်မတီဝင်တွေကလာမယ့်သြဂုတ်လ(၁၆)ရက်နေ့ မှာ အထူးအစည်းအဝေးပြုလုပ်ပြီးသြဂုတ်လ၁၇ရက်(တနလာံနေ့ တွင်) ပထမဆုံးငွေလွှဲလှူဒါန်းမှုကိုမြ၀တီမြို့ ဘဏ်တစ်ခုမှာပြုလုပ်မှာဖြစ်ပြီးမြန်မာနိုင်ငံက ပရဟိတလူမှုရေးအဖွဲ့ တစ်ခုထံကိုရည်ရွယ်ပြီး *ထိုင်းနိုင်ငံမဲဆောက်ဒေသမှမြန်မာရွှေ့ ပြောင်းလုပ်သားအလွှာပေါင်းစုံတို့ ၏ ချွေးနည်းစာကောင်းမှု**
လို့ ကင်ပွန်းတပ်ကာမှတ်တမ်းလွှာပြန်တောင်းမှာဖြစ်ပါသည်။ ဒိမှတ်တမ်းလွှာကိုလည်းကော်ပီများမျးဆွဲပြီးကာယကံရှင်အလှူရှင်တွေ သိနိုင်လောက်တဲ့လက်ဘက်ရည်ဆိုင်၊စက်ရုံနံရံ၊စက်ရုံ့အသီးသီးကကိုယ်စားလှယ်တွေ လက်ထဲကိုထည့်ပေးကာအများသိစေရပါမယ်။ပြီးတော့တစ်ခါ နေ့ စဉ်တင်နေတဲ့*-thaungyin nagar...... sayar moe*ဖေ့စ်ဘွတ်၊မြန်မာပြည်သားဘလော့၊ လစဉ်ထုတ်မြန်မာပြည်သားစာစောင်-စတဲ့နည်းပေါင်းစုံကနေရှင်းလင်းစွာ ဖော်ပြအသိပေးမှာဖြစ်ပါကြောင်းလေးစားစွာအစီရင်ခံတင်ပြအပ်ပါတယ်။
**ခွန်အားမျှဝေ----ဒို့ တတွေသည်---မလွှဲမသွေ----ပြည်သူတွေအတွက်**
မြန်မာနိုင်ငံရေဘေးကူညီရေး (မဲဆောက်ဒေသအကျိုးဆောင်ကော်မတီ)
မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)
ခင်မင်လေးစားစွာဖြင့် ဦးမိုးကြိုး(ဆရာမိုး)
ထိုင်းဖုန်း---၀၈၅၆၀၂၃၅၇၃
e-mail----jacbaburmese@gmail.com င်္
Facebook-----thaungyin nagar......sayar moe .
.......................................
သတင်းနဲ့ ဓာတ်ပုံ-မင်းသူ-ဒီပ
(မဲဆောက်မြို့ တီကေဖက်ရှင်စက်ရုံ့မှ
အကျိုးဆောင်ကော်မတီဝင်မမေနှင့်မသင်းတို့ က
အတူတကွရေတွက်ပြီးသောစာအိတ်များထဲမှ
အလှူငွေ(၃၃၁၄)ဘတ်ကိုယနေ့ ညအိုတီဆင်းပြီး
ည၈နာရီကျော်မှာဆရာမိုးနှင့်
ကိုဇင်မောင်ထံအခုလိုလှူဒါန်းခဲ့)

No comments:
Post a Comment