**ဒို့ ပြည်----ဒို့ အရေး--ဒို့ ရေဘေးကို-----ဒို့ လက်လေးတွေနဲ့ ကူညီကြပါစို့ **
မြန်မာနိုင်ငံရေဘေးအတွက်ရနောင်းမြို့ နေကိုဇော်ဝင်းနိုင်+မဇာဇာစိုးတို့က မဲဆောက်ဒေသအကျိုးဆောင်ကော်မတီသို့အလှူငွေ(၇၂၃၀)ဘတ် ယနေ့ညပိုင်းလှူဒါန်းခဲ့ပါသည်။ယနေ့၆ရက်မြောက်အလှူငွေစုစုပေါင်းမှာ ၉၂၈၀ ဘတ်ဖြစ်ပါသည်။ကော်မတီဝင်ဦးဇော်ကြီး၏အဆက်အသွယ်ဖြင့် ရနောင်းမှအလှူရှင်-ကိုဇော်ဝင်းနိုင်+မဇာဇာစိုးတို့က ၇၁၃၀ ဘတ်အား လည်းကောင်း။အကျိုးဆောင် ကော်မတီဝင်ဦးနေနိုင်ကမဲဆောက်မြီု့ ရှမ်းလစ်သံပန်းသံတံခါးလုပ်ငန်းမှ
မြန်မာလုပ်သားများကောင်းမှုအလှူငွေ(၁၁၅၀)ဘတ်အားလည်းကောင်း။အကျိုးဆောင်
ကော်မတီဝင်ဒေါါ်မေသူကမဲဆောက်မြီု့ နောင်ဘွား၇ွာဝပ်ရှော့မှ ကိုမျိုးလေးထံကအလှူငွေ(၁၀၀၀)ဘတ်အားလည်းကောင်း။အသီးသီး လက်ခံခဲ့ကြတာဖြစ်ပါသည်။
,
ယနေ့ အလှူငွေလက်ခံရရှိမှုသည်၆ရက်မြောက်အတွင်းအလှူငွေစာရင်းမှာ အများဆုံးရရှိမှုဖြစ်ပါသည်။ယနေ့ စုစုပေါင်း(၉၂၈၀ )ဘတ်ဖြစ်ပါသည်။ ယခုအခါမိမိတို့ မြန်မာနိုင်ငံရေဘေးကူညီရေးမဲဆောက်ဒေသ အကျိုးဆောင်ကော်မတီလက်ဝယ်တွင် ဒိနေ့ 6ရက်မြောက်အထိကျနော်တို့ မြန်မာနိုင်ငံရေဘေးကူညီရေး (မဲဆောက်ဒေသအကျိုးဆောင်ကော်မတီ)ရဲ့ စုစုပေါင်းအလှူခံကောက်ခံရရှိမှုဟာ လဲလှယ်ပြိးသားမြန်မာငွေ(၄၈၈၈၀၀)ကျပ်၊ယနေ့ ရရှိသောထိုင်း ငွေ(၉၂၈၀ ဘတ်)၊ ယခင်နေ့ များကရရျိသောမလဲလှယ်ရသေးသော ထိုင်းငွေ(၁၅၄၃၄)ဘတ်စသဖြင့်ဖြစ်ပါကြောင်းလေးစားစွာ အသိပေးကြေညာအပ်ပါတယ်။
(အကျိုးဆောင်ကော်မတီဝင်ဒေါါ်မေသူကမဲဆောက်မြီု နောင်ဘွားရွာဝပ်ရှော့မှ ကိုမျိုးလေးရဲ့ အလှူငွေ(၁၀၀၀)ဘတ်အားတဆင့်ပေးအပ်ပွဲမှာပါ။)
အကျိုးဆောင်ကော်မတီဝင်တွေကလာမယ့်သြဂုတ်လ(၁၅)ရက်နေ့ မှာ အထူးအစည်းအဝေးပြုလုပ်ပြီးပထမဆုံးငွေလွှဲလှူဒါန်းမှုကိုမြ၀တီမြို့ ဘဏ်တစ်ခုမှာ
ပြုလုပ်မှာဖြစ်ပြီးမြန်မာနိုင်ငံကပရဟိတလူမှုရေးအဖွဲ့ တစ်ခုထံကိုရည်ရွယ်ပြီး *ထိုင်းနိုင်ငံမဲဆောက်ဒေသမှမြန်မာရွှေ့ ပြောင်းလုပ်သားအလွှာပေါင်းစုံတို့ ၏ ချွေးနည်းစာကောင်းမှု**
လို့ ကင်ပွန်းတပ်ကာမှတ်တမ်းလွှာပြန်တောင်းမှာဖြစ်ပါတယ်။ ဒိမှတ်တမ်းလွှာကိုလည်းကော်ပီများများဆွဲပြီးကာယကံရှင်အလှူရှင်တွေ သိနိုင်လောက်တဲ့ လက်ဘက်ရည်ဆိုင်၊စက်ရုံနံရံ၊စက်ရုံ့အသီးသီးကကိုယ်စားလှယ်တွေလက်ထဲကိုထည့်ပေးကာ
အများသိစေရပါမယ်။ပြီးတော့တစ်ခါနေ့ စဉ်တင်နေတဲ့*-thaungyin nagar...... sayar moe*ဖေ့စ်ဘွတ်၊မြန်မာပြည်သားဘလော့၊ လစဉ်ထုတ်မြန်မာပြည်သားစာစောင်-စတဲ့နည်းပေါင်းစုံကနေရှင်းလင်းစွာဖော်ပြ အသိပေးမှာဖြစ်ပါကြောင်းလေးစားစွာအစီရင်ခံတင်ပြအပ်ပါတယ်။
(အကျိုးဆောင်ကော်မတီဝင်ဦးဇော်ကြီးက ရနောင်းမြီုနေကိုဇော်ဝင်းနိုင်+မဇာဇာတို့ ရဲ့  အလှူငွေ(၇၁၃၀)ဘတ်အားတရားဝင်လက်ခံပွဲမှာ ဆရာမိုး-ဒေါါ်ကြူ-ကိုမင်းသူတို့ ကကွင်းဆင်းအားပေးခဲ့) **ခွန်အားမျှဝေ----ဒို့ တတွေသည်---မလွှဲမသွေ----ပြည်သူတွေအတွက်**
မြန်မာနိုင်ငံရေဘေးကူညီရေး (မဲဆောက်ဒေသအကျိုးဆောင်ကော်မတီ)
မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)
ခင်မင်လေးစားစွာဖြင့် ဦးမိုးကြိုး(ဆရာမိုး)
ထိုင်းဖုန်း---၀၈၅၆၀၂၃၅၇၃
e-mail----jacbaburmese@gmail.com င်္
Facebook-----thaungyin nagar......sayar moe
........................................
သတင်းနဲ့ ဓာတ်ပုံ-မင်းသူ-နေနိုင်
'
(အကျိုးဆောင်ကော်မတီဝင်ဦးနေနိုင်ကမဲဆောက်မြီု့ ရှမ်းလစ်
သံပန်းသံတံခါးလုပ်ငန်းမှမြန်မာလုပ်သားတွေရဲ့ အလှူငွေ(၁၁၅၀)ဘတ်အားလက်ခံပွဲမှာဆရာမိုး-ကိုမင်းသူ
တို့ အားပေး)

No comments:
Post a Comment