ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, August 10, 2015

==ဘာစီလိုနာတို့ ဥရောပစူပါဖလားကိုကိုင်မျြောက်အောင်ပွဲခံနိုင်ပါ့မလား==

>

ယူအီးအက်ဖ်အေစူပါဖလားဘောလုံးပြိုင်ပွဲကို သြဂုတ် ၁၂ ရက်မှာ ဘာစီလိုနာနဲ့  ဆီဗီလာတို့ ယှဉ်ပြိုင် ကစားမှာဖြစ်ပါတယ်။ ရာသီအကြိုဖလားလုပွဲဖြစ်တာမို့  နှစ်သင်းစလုံးဟာ ခြေကုန်ထုတ်ပြီး အကြိတ်အနယ် ကြိုးစားကြပါလိမ့်မယ်။ ဘာစီလိုနာတို့ကတော့ ရာသီ အဖွင့်မှာဖလားတစ်လုံးပိုက်ပြီး ၂၀၁၅-၂၀၁၆ လာလီဂါ ကို ဖြတ်သန်းမှာမို့  ဒီဖလားကိုရအောင်အားထုတ်ပါလိမ့်  မယ်။ ကစားသမား အသစ်တွေခေါ်ယူထားတဲ့  ဘာစီလိုနာ တို့ ကတော့ မက်ဆီ၊ နေမာ၊ ဆွာရက်ဇ်တို့ ပါဝင်မယ့် တိုက်စစ် အတွဲနဲ့  ပွဲထုတ်လာဖို့သေချာနေပါတယ်။ အင်နီယေစတာကို အသင်းခေါင်းဆောင်တာဝန် ပေးထားတဲ့  ဘာစီလိုနာဟာ အသင်းမှာအားထားရတဲ့  ကစားသမားတွေဖြစ်တဲ့  ဇာဗီကအသင်းမှ ပြောင်းရွှေ့ သွားပြီဖြစ်သလို တိုက်စစ်မှူးးပတ်ထရိုကလည်း မန်ယူကို ပြောင်းရွှေ့ ဖို့ နီးစပ်နေပြီဖြစ်တာမို့ အသင်းဟာ စွမ်းအား စုတွေလျော့ နည်းသွားတာမို့ အင်နီယေစတာ ဘယ်လို ဦးဆောင်ကစားမလဲဆိုတာ ကြည့်ရမှာပါ။

ဘာစီလိုနာအသင်းဟာ နောက်ဆုံးကစားခဲ့ တဲ့  ငါးပွဲရလဒ်ကို ကြည့် ရင် ဂျူဗင်တပ်စ်ကို သုံးဂိုး-တစ်ဂိုးနဲ့  နိုင်ပြီး အယ်အေဂလက်စီအသင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့ ဆက် တိုက်နိုင်ခဲ့ ပေမယ့်  မန်ယူကိုသုံးဂိုး-တစ်ဂိုးနှင့်ရှုံးနိမ့် ခဲ့  ပါတယ်။ ချယ်လ်ဆီးအသင်းကိုတော့ နှစ်ဂိုးစီသရေဖြစ်ပြီး ဖီအိုရင်တီနားအသင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့  ရှုံးနိမ့် ခဲ့ ပါတယ်။ ခြေစွမ်းတည်ငြိမ်မှုမရှိသေးတဲ့  ဘာစီလို နာဟာ ဆီဗီလာကို ခက်ခက်ခဲခဲ ရင်ဆိုင်ရပါလိမ့် မယ်။ ဘာစီလိုနာအသင်းဟာ အမာခံဘောလုံးသမား တွေအကုန်ပြန်လည်ပါဝင်နိုင်ရင်တော့ ဆီဗီလာကို ဖိအားပေးကစားနိုင်ပါလိမ့် မယ်။ ဘာစီလိုနာတိုက်စစ်မှူး တွေ လူစုံပါဝင်ရင်တော့ ဆီဗီလာခံစစ်ကြောင်းဟာ ထိန်း ချုပ်တောင့် ခံနိုင်မှာမဟုတ်ပါဘူး။ ပြိုင်ဘက်အသင်းရဲ့  အရှိန်အဟုန်နဲ့ ထိုးဖောက်လာတဲ့ တိုက်စစ်ကို ဆီဗီလာခံ စစ်မှူးတွေ ဟန့် တားဖို့  ကြိုးစားရင်း အမှား အယွင်းတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ 

ဘာစီလိုနာအသင်းရဲ့  ဒီနှစ်ကစားသမားအသစ် ခေါ်ယူမှုမှာဆီဗီလာအသင်းရဲ့  ကွင်းလယ်ကစားသမား ဗီဒယ်ကို ပြောင်းရွှေ့ ကြေး ယူရိုသန်း ၂၀ နဲ့  ခေါ်ယူထား တာမို့  အသင်းဟောင်းနဲ့  ပြန်တွေ့ မယ့်  ဗီဒယ်ရဲ့  ခြေစွမ်း ကိုလည်း အကဲခတ်ခွင့် ရမှာဖြစ်ပါတယ်။ ဒါ့အပြင် အသစ် ခေါ်ယူထားတဲ့  အက်သလက်တီကိုအသင်းမှ အာဒါတူရန် ကလည်း ဘာစီလိုနာမှာ ပါဝင်ကစားမလားကြည့်ရမှာပါ။ အသင်းလိုက် ကစားအားရော တစ်ဦးချင်း စွမ်းရည်ပါ မြင့်မားတဲ့  ဘာစီလိုနာကို ဆီဗီလာတို့ အနိုင်ယူဖို့ ဆိုတာ သိပ်တော့မလွယ်ပါဘူး။ 

ရာသီကြိုခြေစမ်းပွဲတွေမှာ ခြေစွမ်းအတက်အကျရှိပြီး ရလဒ်မတည်မငြိမ်ဖြစ်နေတဲ့  ဆီဗီလာတို့ ကလည်း ဘာစီလိုနာကို အကောင်းဆုံးထိန်းချုပ်ကစားဖို့  ပြင်ဆင်ပါ လိမ့် မယ်။ ဒီနှစ်နွေရာသီအပြောင်းအရွှေ့ ကာလမှာ ဆီဗီလာအသင်းက အသစ်ခေါ်ယူထားတဲ့  စတုတ်အသင်း မှ အန်ဇွန်ဇီ၊ ဒေါ့မွန်အသင်းမှ အမ်မိုဘိုင်း၊ အေစီမီလန်မှ ရာမီ၊ ချယ်လ်ဆီးအသင်းမှ ကာကူတာ၊ ဘောဒိုးအသင်းမှာ ဖာရီရာ၊ ဂီတာဖေးအသင်းမှ ဒီယိုစတဲ့  ကစားသမားအသစ် တွေ ခေါ်ယူအားဖြည့် ထားတာမို့  အင်အားကောင်းမွန် နေပါတယ်။ 

ဘာစီလိုနာနဲ့  ဆီဗီလာတို့ ရဲ့  ထိပ်တိုက်တွေ့ ဆုံခဲ့ တဲ့  နောက်ဆုံးငါးပွဲရလဒ်ကို ကြည့် ရင် ဆီဗီလာတို့  လေးပွဲရှုံး ပြီး သရေတစ်ပွဲသာ ကစားထားနိုင်တာတွေ့ ရပါတယ်။ ဒါပေမယ့်  ဆီဗီလာဟာ ဘာစီလိုနာနဲ့  ဆုံတိုင်း ဂိုးတွေရ အောင် စွမ်းဆောင်နိုင်မှုမျိုးတော့ ရှိခဲ့ ပါတယ်။ ဒါကြောင့်  ဘာစီလိုနာတို့  အရန်ကစားသမားတွေနဲ့  ခင်းကျင်း ကစားရင်တော့ မထင်မှတ်တဲ့ ရလဒ် ထွက်ပေါ်သွားနိုင် ပါတယ်။ ဒါပေမယ့် တွေ့ ဆုံမှုအစဉ်အလာအရရော ကစား သမားများရဲ့  စွမ်းဆောင်မှု အပိုင်းတွေမှာပါ မယှဉ်နိုင်တဲ့  ဆီဗီလာတို့ ဟာ ဒီပွဲမှာဖလားရယူဖို့ ဆိုတဲ့ အိပ်မက် အကောင်အထည်ဖော်နိုင်ဖို့  မလွယ်ပါဘူး။ ဘာစီလိုနာတို့  ဟာ အခုဖလားကို ကိုင်မြှောက်အောင်ပွဲခံဖို့  အခွင့် အရေး များနေတာ အမှန်ပါပဲ။  

 +မိုးမြင့်လင်းလက်+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)