ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, August 31, 2015

=အနုပညာလုပ်ငန်းများပြန်လည်စတင်ခဲ့သည့်စလင်းဒီယွန် နှင့် ယခုလအတွင်းဟိုအကြောင်း၊ဒီအကြောင်း၊သူတို့ အကြောင်း==

>
**အနုပညာလုပ်ငန်းများပြန်လည်စတင်ခဲ့သည့်စလင်းဒီယွန်**

 ကမ်္ဘာကျော် ““]Titanic”” ရုပ်ရှင်ဇာတ်ကား၏ ဇာတ်ဝင်တေးကို သီဆိုခဲ့  သော နာမည်ကျော်အဆိုတော် စလင်းဒီယွန်သည် သူ၏အမျိုးသားနာမကျန်းဖြစ်သည့်အတွက် အနုပညာလုပ်ငန်းများကိုရပ်နားထားခဲ့ ရာမှ သြဂုတ်လ၂၇ရက်နေ့ ညပိုင်းတွင် ပြုလုပ်ခဲ့ သော ဖျော်ဖြေပွဲတွင် စင်မြင့်ပေါ်ပြန်လည်တက်လှမ်းလာ ခဲ့သည်။အသက်(၄၇)နှစ်အရွယ် အဆိုတော်သည် အမေရိကန်ပြည်ထောင်စုလက်စ်ဗီးဂက်စ်ရှိဆီဆာပဲလေ့စ် ကော်လို ဆီယမ်၌ သြဂုတ်လ၂၇ရက်နေ့ ညက ပြုလုပ်ခဲ့ သောတေးဂီတဖျော်ဖြေပွဲတွင် သူ၏နာမည်ကျော်သီချင်း ““My Heart Will Go On””ဖြင့်  ပါဝင်သီဆိုဖျော်ဖြေခဲ့သည်။ အဆိုပါဖျော်ဖြေပွဲသည် တစ်နှစ်အတွင်းပထမဦးဆုံးသော သူ၏ဖျော်ဖြေပွဲလည်းဖြစ်သည်။ သူသည် ပြီးခဲ့ သည့် နှစ်တွင် အသက်(၇၃)နှစ် ရှိပြီဖြစ်သော သူ၏အမျိုးသားလည်ချောင်းကင်ဆာရောဂါသည် ရန်နေးအန်ဂျလီကိုပြုစုခြင်း ဖြင့်သာ သူ၏အချိန်များကိုကုန်လွန်စေခဲ့ ခြင်းဖြစ်သည်။ ဖျော်ဖြေပွဲအပြီးတွင်သူက ““ဒီည အားပေးမှုအတွက် ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်။ ဒီညဟာကျွန်မအတွက်သစ်လွင်တဲ့ညတစ်ညပါ။ ကျွန်မအတွက်အနုပညာလမ်းကြောင်းပေါ် ပထမဦးဆုံး ခြေချခဲ့ တဲ့ညမဟုတ်ပေမယ့်  အနုပညာလမ်းကြောင်းပေါ် နောက်တစ်ကြိမ်အစပျိုးလျှောက်လှမ်းခဲ့ တဲ့ ညပါ””ဟု သူ၏လူမှုကွန်ရက်မီဒီယာတွင်ရေးသားဖော်ပြခဲ့ သည်။
သူ့ကိုယခုကဲ့သို့ အနုပညာလမ်းကြောင်းပေါ်သို့  ပြန်လည်တက်လှမ်းရန် တွန်းအားပေးခဲ့ သူမှာသူ၏ခင်ပွန်းဖြစ်ကာသူ့ ခင်ပွန်း၏ဆန်္ဒမှာသူမကွယ်လွန်မီ စလင်းဒီယွန်အနုပညာလုပ်ငန်းများ ပြန်လည်စတင်ကာ စင်မြင့်ထက်တွင် ဖျော် ဖြေနေသည်ကို တွေ့မြင်လိုခြင်းဖြစ်ကြောင်းလည်း သူက အီးတီအွန်လိုင်း ဒေါ့ကွန်းသို့ ပြောခဲ့ သည်။ စလင်းဒီယွန်နှင့် ရန်နေးတို့နှစ်ဦးသည် ၁၉၉၄ခုနှစ် ဒီဇင်ဘာလတွင် လက်ထပ်ခဲ့ ကြခြင်းဖြစ်ကာ သူတို့နှစ်ဦးတွင် ရင်သွေးလေးများဖြစ်ကြသော (၁၄)နှစ်အရွယ်သား ရန်နေးချာလီစ်နှင့်  (၄)နှစ်အရွယ် အမြွှာလေးများဖြစ်သည့်အက်ဒီနှင့်နယ်လ်ဆင်တို့ ကိုရရှိခဲ့ပြိးဖြစ်သည်။ (အေးပြည့်)

**မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇတ်အားဖြုတ်ချရန် ပြည်သူ့အင်အား လိုအပ်ဟု ၀န်ကြီးချုပ်ဟောင်း မဟာသီယာပြောကြား**
 (ဂျကာတာ သြဂုတ် ၃၀)

မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇတ်အား အကျင့်ပျက်ခြစားမှု ကြောင့် ရာထူးမှဆင်းပေးရန် ဒုတိယနေ့အဖြစ် ဆက်လက်ဆန်္ဒထုတ်ဖော်ခဲ့ ကြသည့်  ပြည်သူများကြား တွင် မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီမိုဟာမက်လည်း ပါဝင်ခဲ့ ကြောင်း သိရသည်။ ““ပြည်သူတွေအတွက် သန့် ရှင်းတဲ့  အုပ်ချုပ်ရေးစနစ် ပြန်လည်ရရှိဖို့ တစ်ခုတည်းသော နည်းလမ်းမှာ ဒီဝန်ကြီးချုပ်ကို ဖြုတ်ချဖို့ သာဖြစ်တယ်။ ဒီလိုဖြုတ်ချဖို့ ဆိုတာ ဆန်္ဒထုတ်ဖော်တဲ့ ပြည်သူ့အင်အား လိုအပ်တယ်””ဟု ၀န်ကြီးချုပ်ဟောင်း မဟာသီက ဆန်္ဒထုတ်ဖော်သူ ပြည်သူ့အင်အားကိုတောင်းခံဆော်သြလျက် ရိုက်တာသတင်းဌာနကိုပြောကြားခဲ့သည်။ 

ဝန်ကြီးချုပ်နာဂျစ်သည် နိုင်ငံခြားအလှူရှင်များ၏ ဘဏ်စာရင်းများထဲမှသူ၏ဘဏ်စာရင်းထဲသို့ အမေရိကန် ဒေါ်လာ သန်း ၆၀၀ ကျော်ကိုခိုင်မာ သည့်  အကြောင်းအရင်းမရှိဘဲ လွှဲပြောင်းခဲ့ရာမှ ပြည်သူများ၏မကျေနပ်မှုကို မြင့်တက်စေခဲ့ခြင်း ဖြစ်သည်။ သို့ သော် ၀န်ကြီးချုပ်က သူ့ အားစွပ်စွဲမှုကိုပယ်ချခဲ့သည်။ ယခုဆန်္ဒထုတ်ဖော်မှုသည် ၀န်ကြီး ချုပ်အား ရာထူးမှနုတ်ထွက်သွားရန် ဖိအားပေးနိုင်မည့်  ပြည်သူ့ အင်အားကို စေ့ဆော်ပေးသော ခေါင်းဆောင် တစ်ဦးလိုအပ်နေကြောင်း စောင့် ကြည့်  လေ့လာသူများက ဆိုသည်။ ထို့ပြင် ယခုဆန်္ဒထုတ်ဖော်မှုတွင် မလေးလူမျိုး အနည်းငယ်သာပါဝင်ပြီး ဆန်္ဒ ထုတ်ဖော်သူအများစုမှာတရုတ်နှင့်  အိနိ္ဒယနိုင်ငံသားများဖြစ်သည့် အတွက် ၎င်းတို့၏ဆန်္ဒထုတ်ဖော် တောင်းဆိုမှုမှာ ထိရောက်မှုမရှိ ကြောင်း တွေ့ ရှိရသည်။(ရိုက်တာ) 

**အက်သလက်တီကိုအသင်းသို့ ပြန်လည်ခြေချလိုသည့်ုကော်စတာ၊ ပေါ့ဘာအားခေါ်ယူရန် အပြောင်းအရွှေ့ ကာလ ပိတ်သိမ်းသည်အထိ ချယ်လ်ဆီးလက်လျှောံမည်မဟုတ်** 

ချယ်လ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာသည် သူ၏ ရွှေရောင်နေ့ရက်များဖြတ်သန်းရာ အက်သလက်တီကိုအသင်းသို့ ပြန်လည်ခြေချလိုသဖြင့်  လျှို့ ဝှက်ချိတ်ဆက်မှုများပြုလုပ် နေသည်ဟု ဒေးလီးအိပ်စ်ပရက်စ်ကဖော်ပြသည်။ဒီယေဂိုကော်စတာသည် ပရီမီယာလိဂ်သို့ ပြောင်းရွှေ့ရောက်ရှိလာ သည်မှာတစ်နှစ်သာရှိသေးသော်လည်း ချယ်လ်ဆီးတွင် ဒဏ်ရာပြဿသနာအပြင် အင်္ဂလန်မီဒီယာများ၏ လူမှုရေးကိစ်္စရပ်များအထိပါ အသားပေးရေးသားဖော်ပြချက်များကြောင့်  အင်္ဂလန်မြေတွင် မပျော်ပိုက်တော့ဘဲ အက်သလက်သို့ တစ်ကျော့ပြန်သွားရောက် ကစားလိုခြင်းဖြစ်သည်။ 

 ကော်စတာသည် ပြီးခဲ့ သည့်သြဂုတ်၂၈ရက်က အက်သလက်တီကိုဥက်္ကဋ္ဌမီဂွဲလ်အိန်ဂျယ်ဂေးလ်နှင့် တွေ့ ဆုံခဲ့ ပြီး ၎င်းအနေဖြင့်  အက်သလက်တီကိုသို့ ပြန်လည်ပြောင်းရွှေ့ကစားလိုကြောင်းပြောကြား ခဲ့ သည်ဟု မာကာသတင်းစာ၌ဖော်ပြသည်။ ထို့ ပြင် ပေါ့ဘာအားခေါ်ယူရန် အပြောင်းအရွှေ့ ကာလ ပိတ်သိမ်းသည်အထိ လက်လျှောံမည်မဟုတ်ကြောင်းလည်း ချယ်လ်ဆီးတာဝန်ရျီသူများကပြောကြားခဲ့ သည်။ ပေါ့ဘာအား ပထမအကြိမ်အဖြစ်ပေါင်သန်း၇၀အထိပေးကာ ကမ်းလှမ်းခဲ့  သော်လည်း ဂျူဗင်တပ်ဘက်မှပယ်ချခဲ့ ကာ အသင်းမှာငွမလိုအပ်ကြောင်း၊ ပေါ့ဘာမှာရောင်းချမည့် ကစားသမား မဟုတ်ကြောင်းအကြောင်းကြားခဲ့ သည်။ ထို့ နောက် ချယ်လ်ဆီးဘက်မှ ဒုတိယအကြိမ်အဖြစ်ပေါင် ၈၃ဒသမ၇သန်းအထိပေးကာ ထပ်မံကမ်းလှမ်းခဲ့ ပြီး ဂျူဗီ၏ အကြောင်းပြန်ကြားချက်အား စောင့်ဆိုင်းနေဆဲဖြစ်သည်ဟု ဖော်ပြသည်။ ချယ်လ်ဆီးသည် ဂျွန်စတုန်းနှင့်  ပေါ့ဘာနှစ်ဦးထဲမှ တစ်ဦးကိုယခုနှစ်နွေဈေးကွက်တွင် အရောက်ခေါ်ယူနိုင်မည်ဟု ယုံကြည်နေသည်။ ချယ်လ်ဆီးသည် သြဂုတ်၃၀ရက်က ယှဉ်ပြိုင်ကစားခဲ့ သည့်  ပရီမီယာလိဂ်ပွဲစဉ်၌ ခရစ်္စတယ်ပဲလေ့စ်အားနှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရာပရီမီယာလိဂ်ဖလားအား ယခုနှစ်တွင်ရယူရန် အခွင့်အလမ်းနည်းသွားပြီဆိုသော ဝေဖန်မှုများအပေါ်မှားယွင်း ကြောင်း မကြာမီသက်သေပြသွား နိုင်မည်ဖြစ်ကြောင်းဆိုခဲ့ သည်။(မေလဲ့သင်း) 

**မာကိုရူးစ်အား ခေါ်ယူခွင့်ရရန် ပေါင် ၄၈သန်း ပေးချေရန် အသင့် ရှိနေသည့်အာဆင်နယ်** 

ယခုနောက်ပိုင်းအပြောင်းအရွှေ့ဈေးကွက်တွင် ငွေသုံးကြမ်းနေသည့်  အာဆင်နယ်က ဂျာမနီကြယ်ပွင့်မာကိုရူးစ်အား ခေါ်ယူခွင့် ရရန် ပေါင် ၄၈သန်း ပေးချေရန် အသင့် ရှိနေသည်ဟု အင်္ဂလန်မှလာသည့်သတင်းများ၌ ဖော်ပြသည်။ နည်းပြ၀င်းဂါးသည် ယခင်က ပြင်သစ်ကစား သမားများကိုသာ ဦးစားပေးခေါ်ယူလေ့ရသော်လည်း နောက်ပိုင်းနှစ်များတွင် မာတီဆက်ကာ၊ ပိုဒေါစကီး၊ အိုဇေးလ်တို့ ကိုအမ်းစ်မရိတ်ကွင်းဆီကိုခေါ်ယူနိုင်ခဲ့ပြီး နောက်၌ ဂျာမန်များကိုပိုမိုမျက်စိကျလာသည့် အနေ အထားပင်ဖြစ်သည်။ 

မာကိုရူးစ်အနေဖြင့်လည်း ဂျာဂင်ကလော့ မရှိတော့သည့်  ဒေါ့မွန်ကနေယခုနှစ်နွေဈေးကွက်မှာပဲ ထွက်ခွာဖို့  ပြင်ဆင်နေပြီး သူ့ ကိုလီဗာပူးနှင့် အာဆင်နယ်တို့က ခေါ် ယူဖို့ကြိုးပမ်းနေကြခြင်းဖြစ်သည်။ သို့သော် ဒေါ့မွန် တာဝန်ရှိသူများကမူ ကလပ်အသင်းမှမည်သည့်ကစားသမားကိုမျှရာင်းချမည်မဟုတ်ဟု အစောပိုင်းကတည်းက ပြောထားပြီးဖြစ်သည်။ အာဆင်နယ်အနေဖြင့်  ကမ်္ဘာ့အဆင့် ထိပ်တန်းတိုက်စစ်မှူးးတစ်ဦးကိုခေါ်ယူဖို့ကြိုးပမ်းနေပြီး ယခင်ကရီးယဲလ်တိုက်စစ်မှူးဘင်ဇီမာအား ခေါ်ယူရန်ကြိုးပမ်းခဲ့ သော်လည်း အဆင်ပြေမှုမရှိခဲ့ သည့်အတွက် မာကိုရူးစ်အားချဉ်းကပ် လာခြင်းဖြစ်သည်။ ၀င်းဂါးသည် တိုက်စစ်မှူး ၀ဲလ်ဘတ်နှင့်  ၀ဲလ်ကော့တို့၏ နောက်ချန်တိုက်စစ်နေရာအတွက် မာကိုရူးစ်ကိုခေါ်ယူလိုနေပြီး လိဂ်ဖလားရရှိဖူးသော မာကိုရူးစ်၏ အတွေ့ အကြုံက အာဆင်နယ်ကိုအထောက်အပံ့များစွာ ဖြစ်စေနိုင်မည်ဟု ၀င်းဂါးက ယုံကြည်နေသည်။(မေလဲ့ သင်း)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)