ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, September 10, 2015

==လူထုကျန်းမာရေး(ခြေနံ့မနံအောင် ဘယ်လိုဖြေရှင်းမလဲ)==

>

**Public Health** 
ယနေ့ခေတ်မှာ လူတွေ အတော် များများက ခြေအိတ်နဲ့ ရှူးဖိနပ်တွေ ၀တ်ဆင်လာ ကြပါတယ်။ အဲဒီအခါမှာ ချွေးတွေအောင်းပြီး ဘက်တီးရီးယားတွေ ပေါက်ဖွားကာ ခြေနံ့ ထွက်ပါတယ်။ ခြေနံ့နံတာက အရမ်းကို စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလှပါတယ်။ ခြေနံ့ကို အမွှေးရနံ့တွေ သုံးပြီး လွယ်လွယ်နဲ့ ဖျောက်ဖျက် မရနိုင်ပါဘူး။ ဒါဆို ဒီနည်းတွေနဲ့ ခြေထောက် အနံ့ဆိုးတွေကို တိုက်ထုတ် လိုက်ကြရအောင်။

၁။ ခြေဖ၀ါးတွေကို နေ့တိုင်း ပွတ်တိုက် ချေးချွတ်ပေးပါ။

 ခြေနံ့ ထွက်တယ်ဆိုတာ ဆဲလ် အသေတွေ အရမ်းများနေလို့ပါ။ ဆဲလ် အသေတွေများရင် ဘက်တီးရီးယားတွေ ပိုပွားတတ်ပါတယ်။ ဒါကြောင့် ပိုးမွှားသေစေတဲ့ ဆပ်ပြာ (Antibacterial soap) ကိုသုံးပါ။ ရေချိုးတဲ့ အခါမှာလည်း အ၀တ်စပဲ ဖြစ်ဖြစ် ချေးတွန်း ကျောက်နဲ့ပဲ ဖြစ်ဖြစ် ချေးချွတ်ပါ။ ခြေချောင်းကြား နေရာတွေလည်း မကျန်ပါစေနဲ့။

၂။ ခြေဖ၀ါး ခြောက်သွေ့နေပါစေ။

 ချွေးကြောင့်ပဲ ဖြစ်ဖြစ်၊ ရေကြောင့်ပဲ ဖြစ်ဖြစ် ခြေဖ၀ါး စိုစွတ်နေရင် ဘက်တီးရီးယားတွေ ပေါက်ဖွား လာတတ်ပါတယ်။ ဒါကြောင့် ခြေဖ၀ါးကို သန့်ရှင်း ခြောက်သွေ့အောင် ထားပါ။

၃။ ချိုင်းနံ့ ပျောက်ဆေးကိုလည်း ခြေနံ့ မနံအောင် သုံးနိုင်ပါတယ်။

ချိုင်းနံ့ ပျောက်ဆေးကိုသန့်ရှင်း ခြောက်သွေ့သော ခြေဖ၀ါးကို လိမ်းပါ။ ခြေဖ၀ါး ချွေးမထွက်အောင် ထိန်းပေးပြီး တစ်နေ့လုံး လန်းဆန်း နေပါလိမ့်မယ်။  

၎။ ကိုယ်လိမ်း ပေါင်ဒါ (သို့) မုန့်ဖုတ်ဆော်ဒါ။

 ခြေဖ၀ါးကို ကိုယ်လိမ်း ပေါင်ဒါ လိမ်းပေးပါ။ ခြေဖ၀ါး ခြောက်သွေ့ သန့်ရှင်း နေပါလိမ့်မယ်။ မုန့်ဖုတ် ဆော်ဒါကလည်း ဘတ်တီးရီးယား ပိုးတွေကို ဖယ်ရှားပေးတဲ့ အတွက် အနံ့ဆိုးကို တားဆီးပေးပါတယ်။ ရေလေးပုံ တစ်ပုံနဲ့ မုန့်ဖုတ် ဆော်ဒါ လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ရောပြီး လိမ်းပေးပါ။ 

၅။ နေ့စဉ် ခြေအိတ်လဲပါ။ 

သန့်ရှင်း ခြောက်သွေ့သော ခြေအိတ်ကိုသာ ၀တ်ဆင်ပါ။ သင့်ခြေထောက် ချွေးထွက်တဲ့ အချိန်မှာ ခြေအိတ်က ချွေးစုပ် ထားပါတယ်။ ထိုခြေအိတ်ကို နောက်တစ်ရက် ပြန်ဝတ်တဲ့ အခါမှာ စုပ်ယူထားတဲ့ ချွေးကို အပူပြန်ပေးသလို ဖြစ်ကာ အနံ့ဆိုး ထုတ်လွှတ်တတ်ပါတယ်။ 

(၁) ဒါကြောင့် ခြေအိတ်ကို နေ့စဉ်လဲပေးပါ။ 

(၂) ခြေအိတ်လျှော်လျှင်င် အတွင်းအပြင် ပြောင်းပြန်လှန်ပြီး လျှော်ပါ။ 

(၃) ချည်၊ သိုးမွေးတို့နှင့် လုပ်ထားသော ခြေအိတ်ကိုသာ ရွေးချယ် ၀တ်ဆင်ပါ။

 ၆။ ခြေညှပ် ဖိနပ်များကိုလည်း စီးပါ။

 ခြေညှပ် ဖိနပ်တွေက ခြေထောက်ကို လေ၀င် လေထွက် ကောင်းစေပါတယ်။ ဒါကြောင့် ခြေဖ၀ါး ချွေးထွက် နည်းစေပြီး အေးမြ နေစေပါတယ်။ အေးတဲ့ ရာသီမှာ ရှူးဖိနပ် ၀တ်ဆင်မည် ဆိုပါက သားရေ၊ ကင်းဗတ် ရှူးဖိနပ်များကို ရွေးချယ်ပါ။ ရော်ဘာ (သို့) ပလတ်စတစ် ရှူးများကို လုံးဝ မ၀ယ်ပါနှင့်။ 

၇။ ရှူးဖိနပ်များကို တစ်လှည့်စီ စီးပါ။ 

ရှူးဖိနပ် တစ်ရံတည်းကိုပဲ နှစ်ရက် ဆက်တိုက် မစီးပါနဲ့။ ရှူးဖိနပ်တွေ ခြောက်သွေ့ဖို့ အချိန်ပေးပါ။ သူတို့တွေ ခြောက်သွေ့ဖို့က (၂၄) နာရီလောက် ကြာပါတယ်။ ဒါ့အပြင် ရှူးဖိနပ်တွေကို မကြာခဏ ဆေးကြောပါ။ ရှူးဖိနပ်တွေကို ဘယ်တော့မှ ဗီရိုထဲ မထည့်ထားပါနဲ့။ 

+Messenger Myawady Health'+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)