>
နှလုံးသားကန်ရေပြင်ထဲမှာ ခဲတစ်လုံးနှစ်မြှုပ်ဖူးပါတယ်။ ခဲ ကျနေစဉ် ခဏလေးအတွင်း လှိုင်းဂယက်တို့ မြူးခဲ့ပေမယ့် အဲ့ဒီခဲလေး ဟိုးအောက်ဆုံးတနေရာသို့ ရောက်ရှိသွားချိန်မှာတော့ နဂိုအတိုင်းတည်ငြိမ် အေးချမ်းတဲ့ ကန်ရေပြင်လေးကို ပြန်လည်ပိုင်ဆိုင်ရရှိသွားပြီ ဖြစ်ပါ တော့တယ်။
* * * * * * * * * * * * * * * * * * *
“A+ တက်မယ့်သူတွေ ဆရာ့နောက်လိုက်ခဲ့ကြပါ ”
အင်ဖော်မေးရှင်း ကောင်တာရှေ့ ထိုင်ခုံတွင် Computer စက်ပြင်သင်တန်း တက်ရန်စောင့်နေသော ကျွန်မအားလှုပ်ရှားသွားစေ၏။ အသံရှင်အားလှမ်း အကြည့် နောက်ကျောသာမြင်ရပြီး ရှေ့မှ ဦးဆောင်ကာ တက်ရမည့်အခန်း သို့ ။ ကောင်လေးအချို့လည်း ထိုသူနောက်မှ လိုက်ပါသွားသည်။ ကျွန်မ လည်း ကောင်တာမှပေးထားသော စာအုပ်ဖိုင်လေးကို ကောက်ကိုင်လျက် ထိုသူတို့နောက် အပြေးလေးလိုက်ပါသွားသည်။
အခန်းတွင် စက် ၆ လုံးသား ဆင်ထား၏. ကျွန်မ က နောက်ဆုံးခုံ ထောင့် တွင်နေရာယူလိုက်ပြီး အခြားအတန်းဖော်များအား မျက်စိကစားကြည့်လိုက် သည်။ မိန်းကလေးဆိုလို့ ကျွန်မတစ်ယောက်ထဲ သာဖြစ်နေလေသည် ။ ကွန်ပျူတာပြင်ဆင်သည့်သင်တန်းသည် အများအားဖြင့် ယောကျာံလေးများ သာ အတတ်များသော အတန်းသာဖြစ်လေသည်. ကျွန်မကတော့ ကွန်ပျူ တာတစ်လုံးဝယ်သောကြောင့် စက်ပြင်A+ သင်တန်း အခမဲ့တက်ခွင့် ကူပွန် ရရှိသောကြောင့် လာရောက်တက်ဖြစ်သွားခြင်းဖြစ်လေသည်။ ထို့နောက် ကျွန်မ ထိုင်ခုံစားပွဲရှေ့ပေါ်သို့ စာရွက်လေးတစ်ရွက် လှမ်းပေး၏။ အတွေး နှင့် စပ်စုနေသော ကျွန်မ လှမ်းပေးသော စာရွက်ကို ယူလိုက်ကာ.. ပေးသူ အားမော့ကြည့်မိသည်. ခုနက အတန်းတက်ရန် လာခေါ်သောသူ ကျွန်မတို့ ကို သင်မယ့်ဆရာဖြစ်မည်ဟု တွေးလိုက်၏
“ဟိတ် ကလေး အတန်းချိန်မှာ ပီကယ် မစားပါနဲ့ ”
ပါးစပ်တလှုပ်လှုပ်နှင့် ပီကယ်ဝါးတတ်သော အကျင့်ရှိသည့်ကျွန်မ ထိုအသံ ကြောင့် ကြောင်အမ်းအမ်းဖြစ်သွားသည်. အခြားသူများကို လှမ်းကြည့်လိုက် တော့ ပြောသူအပါအ၀င် ကျွန်မကို အာရုံစိုက်နေကြလေသည်။ အဲ့ဒီတော့မှ အော် ငါ့ကိုပြောနေတာပါလား လို့ သိကာ ပီကယ်အား ထွေးထုတ်လိုက်ပြီး နှုတ်ခမ်းတင်းတင်းစေ့ထားလိုက်သည်။ ထိုနေ့ကျွန်မ၏ အတန်းစတက် သော နေ့တွင် အဆူခံလိုက်ရသည်။ ပထမ နေ့မို့ ဘာမှပြန်မပြောတော့ပဲ မကျေနပ်ကြောင်းကိုတော့ စာသင်ချိန် တစ်ချိန်လုံး မျက်နှာကို ဆူပုတ်ထား လိုက်တော့၏။
သင်တန်းကာလ တစ်ပတ်လောက်ကြာတော့ ကျွန်မ အတန်းဖော်များနှင့် နေသားတကျဖြစ်လာသည်။ တစ်တန်းလုံးတွင် မိန်းကလေးတစ်ယောက်ထဲ မို့လည်း အတော်အရေးပေးကြသည်။ သို့သော် တစ်ယောက်သောသူတော့ မပါဝင်ပေ။ ပုံမှန်ချိန်တွင် မျက်နှာချိုသလောက် စာသင်လျှင်မျက်နှာထား တည်တည်နှင့် စာသင်တတ်သေးသည်။ A+သင်တန်းဖြစ်သောကြောင့် စာတွေ့နည်းကာ စက်ကို အဖုံးဖွင့်၊ ဖြုတ်၊ ပြန်တတ်နှင့် ၀က်အူလှည့်ကိုင် မူလီကြပ်ဖြင့် ကျွန်မတို့သင်ကြားရသည်။ ထိုသို့လုပ်ရတိုင်း ပြောသည့်အ တိုင်းမလုပ်ပဲ အမြဲတလွဲကို တမင်တကာ လျှောက်လုပ်ပစ်သည်။ တစ်ခါ၊ နှစ်ခါ၊ ခနခန ကြာလာတော့ မျက်မှောင်ကုတ်ကာ ဒီကလေး ကတော့ကွာဟု သူညည်းညူတတ်၏။ ဘာကြောင့်မှန်းမသိ ထိုသူကို ကျွန်မ အရွဲ့တိုက်ချင် နေသည်။
* * * * * * * * * * * * * * * * * * *
တည်ကြည်သောမျက်နှာထားဖြင့် အမြဲပြုံးရွှင်နေတတ်သော သူသည် ခန့် မှန်းရခက်လောက်အောင် လှို့ ဝှက်လွန်းပြန်၏။ အချိန်ပြည့်စာသင်ခန်းတွင် ကုန်ဆုံးတတ်ပြီး၊ ကျောင်းတွင်မည်သည့်မိန်းကလေးနှင့်မျှ အရောဝင် စကား ပြောခြင်းမျိုးကို သင်တန်းကာလတစ်လျှောက်လုံး မမြင်ဖူးခဲ့ပေ။ ထို့အတူ သင်တန်းသူ၊ သင်တန်းသားများကိုလည်း လိုအပ်သည်ထက်ပိုမပြောပဲ သင် မြဲအတိုင်း ပြုမူဆောင်ရွက်တတ်သူ ဖြစ်သည်။
သင်တန်းအလယ်လောက်ရောက်တော့ ကျွန်မတို့အဖွဲ့ ပိုရင်းနှီးလာသည်. နားချိန်ဆို ကော်ဖီ တူတူဆင်းသောက်ကြသည်။ သူနှင့်လည်း အနည်းငယ် ရယ်ရယ်မောမော စကားပြောနှင့် စာသင်ရတာ တော်လေးပျော်လာရသည်။ စာသင်ချိန်တွင် ပါးစပ်တလှုပ်လှုပ်ဖြင့် ကျွန်မ၏ အကျင့်လေးပြန်ပေါ်လာ၏။ ပထမတော့ သူပြောသေးသည်။ နောက်တော့ ပြောမရရ ထုံးစံအတိုင်း ဒီ ကလေးကတော့ကွာ ဟု သူညည်းနေတတ်သည်။ စာသင်လျှင် စာကိုစိတ် မ၀င်စား၊ ကျွန်မစိတ်ဝင် စားသည်က သူ့မျက်နှာ၊ လစ်လျှင် ထိုမျက်နှာလေး ငေးကြည်၊့ ပြန်ကြည့်လျှင် မသိသလိုနေနှင့် ပီကယ်ဟန်မပျက်ဝါးနေတတ်၏။ ပရယ်ရီကယ် လုပ်ချိန်တွင်လည်း အမြဲ ပေါက်ကရလုပ်ကာ၊ ဟိုမေး ဒီမေးနှင့် သူ့ ကို အနားတွင်ခေါ်ထားတတ်သေး၏။ တစ်ခန်းလုံးတွင် တစ်ယောက်ဆို တစ်ယောက် ဆိုသလောက်အောင်ပင် ကျွန်မ သောင်းကျန်းခဲ့ပါ၏။ ထိုသို့ လုပ် နေရသည်ကို ဘာ့ကြောင့်မှန်းမသိ ပျော်နေမိသည်။ ကျွန်မ သတိထား မိသောအချိန်တွင် သူသည်ကျွန်မ၏ရင်ထဲ အနက်ရှိုင်းဆုံးသို့ ရောက်ရှိနေ ပြီ ဖြစ်လေသည်။
သင်တန်းကာလပြီးဆုံးခါနီးလေ အတန်းတွင်းလူပျောက်လေ၊ ကျွန်မအဖို့ ပျော်လေဖြစ်လေသည်။ တစ်ခါတစ်ရံ သူနှင့်နှစ်ယောက်တည်း စာသင်ရ သည်က ကျွန်မအဖို့ အမှတ်တရ ဖြစ်ရသော အချိန်များဖြစ်ခဲ့သည်။ သူ့အ ကြောင်းကို စပ်စုသည်၊ စာသင်လျှင်ဂျီတိုက်သည်။ စာလုပ် စေချင်လျှင် မုန့်ကျွေးခိုင်းသည်။ မျက်မှောင်ကျုံ့ ကာ ဒီကလေးကတော့ကွာ ဆိုသည့် လက်သုံး စကားအောက် အပြုံးမျက်နှာကို ပိုနှစ်သက်မိ၏။ ကော်ဖီတူတူ သောက်ခဲ့ရသော်လည်း သူ့နာမည်က လွဲရအခြားတော့ ကျွန်မ ပိုမသိခဲ့ရ။ ကျွန်မအဖို့လည်း သူကလွဲရ ကျန်တာစိတ်မ၀င်စားခဲ့ဖူးပေ။ သင်တန်းပြီးမှာ ကိုပင်စိုးရိမ်နေမိသည်။ အတန်းပြီးလျှင် သူ့ကို တွေ့ရတော့မည်မဟုတ်ပေ။
“ကလေး ဘာတွေတက်နေတုန်း အခု”
“ဟာ.. ဆရာ၊ ကလေး အတန်းလာစုံစမ်းတာ ဘာတတ်ရင်ကောင်းမလဲလို့ ” အမှန်တကယ်တော့ သူ့ကိုတွေ့ချင်လွန်းလှသဖြင့် အကြောင်းရှာကာ
ကွန်ပျူ တာသင်တန်းသို့ လာခဲ့တာလေ။ သူက သိမှမသိပဲကို. မသိလက်စနဲ့ ညာပြီး ရွီးခဲ့တာက ကျွန်မပေါ့။ “စက်ပျက်ပြန်ပီ လုပ်ပါဦး၊ ” ဆိုပြီး
မပျက်လဲ ပျက်ချင်ယောင်ဆောင်ပြီး တစ်လ တစ်ခေါက် အရောက်လာရတာလဲ မမောနိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ သူ့ကိုကျွန်မ တစ်ဖက်သတ်ချစ်လာလိုက်တာဟာ နှစ်ပေါက်လာခဲ့ပါတယ်။ သူကတော့ အပြုံးမပျက် တပည့်မလို ဆက်ဆံမြဲပဲ။ ကျွန်မကလည်း လေးစားဆဲ နှစ်သက်မြဲ နှစ်သက်ဆဲ ။
* * * * * * * * * * * * * * * * * * *
လက်ဆောင် ထည့်လာသော ပန်းရောင်ပါကင်ဘူးလေးကိုကြည့်ပြီး ကျွန်မ ပျော်ရွှင်နေမိသည်။ သူ့ဆီမရောက်တာ ၂နှစ်ကျော်တောင်ရှိနေပီ။ စင်္ကာပူ သို့ ကျောင်းသွားတတ်ခါနီး ကျွန်မ နှုတ်မဆက်ဖြစ်ခဲ့။ သူ ရှိမှ ရှိပါ့ဦးမလား ဆိုသော စိုးရိမ်စိတ်ဖြင့် ကျွန်မ ကျောင်းပေါ်တလှမ်းချင်း ရင်ခုန်စွာ တက်လာ မိသည်။ အခန်းရှေ့အရောက် တစ်ဘက်လှည့်ကာ စာသင်နေသော နောက် ကျောကို အတွေ့ မှင်သက်သွားမိသည်။ ကျွန်မ ပထမဆုံးစတွေ့တုန်းက ဒီနောက်ကျော ဟုတ်ပါသည် မှတ်မိသည်။ သူမှ သူအစစ်၊ သူရှိသေးသည်မို့ ထခုန်မတတ် ၀မ်းသာမိသွား၏။ စာသင်နေချိန်မို့ အနှောက်အယှက်မပေး တော့ပဲ အတန်းရှေ့ ထိုင်ခုံလေးတွင် ထိုင်ကာ မှင်သက်ကာ ငေးကြည့်နေမိ သည်။ စာသင်ခန်းအတွင်းမှ အံ့သြသောမျက်နှာနှင့် နှစ်လိုဖွယ်ကောင်းသော
အပြုံး ကို သူပြုံးပြ၏ ထိုအပြုံးကို ကျွန်မမည်မျှ လွမ်းနေသည် ကို သူသိမှ မသိပဲလေ။ လက်ပြနှုတ်ဆက်ကာ စာသင်အပြီးကို စောင့်နေလိုက်သည်။
“ကလေး မတွေ့တာကြာပြီနော် ဘယ်ပျောက်နေလဲ” တဲ့  အရင်အတိုင်းပါပဲ၊ သူကျွန်မကို ခေါ်တာ၊ စကားပြောတာ၊ ပြုံးပြတာ ဘာမှမပြောင်းလဲ . အဲ့ ပြောင်းလဲတာဆိုလို့ သူနည်းနည်းဝလာတာကိုသတိပြုမိတယ်။
“ကလေး ဆရာ့ကို သတိရလို့ မြန်မာပြည်ခနပြန်လာတာ” လို့ ပြောမိတော့ သူ တွေဝေ သွားသည်။ သူ ကျွန်မ နိုင်ငံခြားမှာ ကျောင်းသွားတတ်တာ သူမှမသိ ပဲလေ။ “ကော်ဖီသောက်တိုင်း ကလေး ဆရာ့ကို သတိရနေတာ တကယ်” လို့ပြောတော့၊ “အင်း ဒီကလေးကတော့ကွာ” တဲ့ ဒီအသံလေး ကျွန်မ လပေါင်းများစွာ တန်းတနေတာ၊“ဆရာ ကလေးကိုကော သတိမရဘူးလား”. လို့ အရဲစွန့်မေးတော့.. “ကလေး အရင်အတိုင်းပဲ ဘာမှမပြောင်းလဲသေးဘူး နော်” တဲ့. စကားလမ်းလွှဲကာ ဆေးလိပ်ကိုမီးညှိလျှက် တဖက်သို့လှည့်ကာ ရှိုက်ဖွာနေသတဲ့။
ကျွန်မနားများ အကြားမှားသလား…
“ရှင်”
“အိမ်က သမီးကို တွေ့တိုင်း ကလေးကို သိပ်သတိရတာ၊ ကလေးကို စိတ်ပူသလိုမျိုး သမီးလေးကိုလည်း စိတ်ပူနေရတယ်၊” တဲ့ ” တူတာ ရှိသေးတယ် သမီးလေးကသိပ်ဆိုးတာ ပြောစကားနားမထောင် တဲ့ နေရာ မှာ ကလေးနဲ့တော်တော်ကို့တူတယ်၊ ဒါပေမယ့် တအားချစ်တယ် ! “ ဆက်တိုက်ဆိုသလို ဆရာ့စကားသံများကြား ကျွန်မမှင်သက်ကာ ကြားတစ် ချက်၊ မကြားတစ်ချက်နဲ့ နားထောင်နေမိတယ် ”အော် ဆရာရယ် မိဘတစ်ယောက်ဖြစ်လာပြီဆိုတော့ သားသမီးကိုစိတ်ပူနေတာ မဆန်းပါဘူး” လို့ ဟန်မပျက်သာ ပြန်ပြောနေရသည်.
ကျွန် မ ရင်ထဲတွင် ပူလောင်နေတာ ကို သူ သိမည်မထင်။
“သမီးလေးက အသက် ဘယ်လောက်ရောက်နေပီလဲ “ ဆိုတော့ “ဒီနှစ်ကျောင်းစတတ်မည် “ တဲ့ ။ တည်ငြိမ်ရင့်ကျက်ပြီး အနေမှန်တာ ဒါကြောင့်ကိုလို့တွေးမိကာ “ အော် ဒါဆို ဆရာအိမ်ထောင် ကျတာ ကလေး အတန်းလာမတတ်ခင် တည်းကပေါ့နော် “ ၊ ကျွန်မ နှစ်သက်လှပါသော အပြုံးတပွင့် လက်ဆောင်ထပ်ရခဲ့၏။
“ဆရာ.. ရော့ ဒီမှာ လက်ဆောင် ” ဆိုတော့ “အာ.. ဘာတွေလဲ “တဲ့ “ဆရာ့အတွက် ကျွန်မနှလုံးသားထဲကလာတဲ့ စကားတွေကို ဒီချောကလတ် ဘူးလေးထဲမှာ ထည့်ထားပါတယ် “ လို့လှိုက်လှဲစွာ စိတ်ထဲကပြော နေပေမယ့် တည်ငြိမ်အေးချမ်းနေတဲ့ ကန်ရေပြင်ကို ဂယက်ထအောင် ကျွန်မရဲ့ဆန္ဒခဲနဲ မပစ်ရက်တော့ပါဘူး၊ “ဆရာ့သမီးလေးအတွက် မုန့်ပါ ဆရာ ”လို့ အချိုသာဆုံး မုသားသုံးခဲ့မိလိုက်ပါတော့တယ်။
ကျွန်မရင်ထဲက ဆန္ဒ အမှန်ကတော့ဖြင့်. .
. Y_Y
///////////////////////////////////////////////
ကြိုးစားပါဦးမည်။
+ဒီကောင်မလေး+

Friday, September 4, 2015
Subscribe to:
Post Comments (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)
No comments:
Post a Comment