+(စက်တင်ဘာလ၆ရက်၊၂၀၁၅-သောင်ရင်းနဂါး)+
မြန်မာနိုင်ငံအလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေး
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအေးမြင့်၊ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး-ဦးဝင်းမောင်၊မြန်မာနိုင်ငံအလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးမျိုးအောင်တို့ အဖွဲ့ ပါဝင်သောအဖွဲ့ သည် မဲဆောက်မြို့ နှင့်မြ၀တီမြို့ ရှိမြန်မာရွှေ့ ပြောင်းအလုပ်သမားများနှင့်ပတ်သက်သော ရုံးဌာနများကိုယနေ့ ကွင်းဆင်းစစ်ဆေးသည်။ ပြည်ထောင်စုဝန်ကြီးဦးအေးမြင့်သည်မဲဆောက်မြို့ ရှိ
တာ့ခ်ခရိုင်(ပြည်နယ်) လ၀ကဦးစီးအရာရှိများနှင့်တွေ့ ဆုံရာတွင်-*ဘန်ကောက်နှင့်မဲဆောက်အသွား-အပြန်လမ်းများတွင်ထိုးရဲတို့ ၏အဖမ်းအဆီးများမှာအထောက်အထားရှိကြသော ၊မြန်မာရွှေ့ ပြောင်းအလုပ်သမားတို့ ကိုဖမ်းနေဆဲဖြစ်ကြောင်း၊ အလှူငွေကိုလည်းပုံစံတစ်မျိုးဖြင့်ကောက်ခံနေဆဲဖြစ်ကြောင်း၊၂နိုင်ငံဆက်ဆံရေးတွင် မလိုအပ်ပဲဖမ်းဆီးနေတာတွေကိုသတိထားကြရန်လိုပါကြောင်း၊ ၊မြန်မာရွှေ့ ပြောင်းအလုပ်သမားတို့ ထိုင်းနိုင်ငံသို့ မလာချင်လျှင်ထိုင်းစီးပွားရေး ထိခိုက်မည်ဖြစ်ကြောင်း၊သို့ အတွက်ကြောင့်ထိုင်းနိုင်ငံတွင်မဲဆောက်ကဲ့သို့ သော လုပ်အားခအပြည့်အ၀မရသည့်နေရာဒေသတွင်၊မြန်မာရွှေ့ ပြောင်းအလုပ်သမားတို့  အပေါါ်ကောင်းကောင်းမွန်မွန်ဆက်ဆံစေလိုကြောင်း** အလေးအနက်ပြောကြားသွားသည်။
ထို့ နောက်ပြည်ထောင်စုဝန်ကြီးဦးအေးမြင့်နှင့်အဖွဲ့ သည်မြ၀တီမြို့ ကျောက်လုံးကြီး စခန်း(ခေါါ်)သာမာန်နိုင်ငံလက်မှတ်ထုတ်ပေးရေးရုံးသို့ ဆက်လက်ထွက်ခွာကြပြီး ဌာနဆိုင်ရာတို့ ၏လုပ်ငန်းဆောင်တာနှင့်အခက်အခဲများကိုမေးမြန်းသည်။
ပြည်ထောင်စုဝန်ကြီးဦးအေးမြင့်
က**MOUဖြင့်ပို့ လွှတ်တဲ့အေဂျင်စိတွေ မမှန်မကန်လုပ်ရင်ထိထိရောက်ရောက်အရေးယူတာရှိတယ်။အဲ..ကြားပွဲစားနဲ့  ဘာအာမခံချက်မှမရှိပဲသွားလာနေကြတာလည်းအ များကြီးပါပဲ။ဒိတော့ဌာနဆိုင်ရာ တွေအနေနဲ့ မိမိတို့ ဆီကိုဆက်သွယ်အကြောင်းကြားလာသူတွေကိုသေချာ
စိစစ်ပါ။ အဂတိမလိုက်ကြပါနဲ့ ။၊မြန်မာရွှေ့ ပြောင်းအလုပ်သမားတွေသူများနိုင်ငံမှာ ပင်ပင်ပန်းပန်းအသက်မွေးပြီးမိဘတွေ၊မိသားစုတွေကိုလုပ်ကျွေးနေရတာကိုစာနာ စိတ်ထားကြပါ**ဟုတိုက်တွန်းပြောကြားသွားပါသည်။ ထို့ အပြင်အမြဲတမ်းအတွင်းဝန်-ဦးမျိုးအောင် ၏စီစဉ်ပေးမှုအရပြည်ထောင်စုဝန်ကြီးဦးအေးမြင့်ထံသို့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ ပြောင်းအလုပ်သမား
တို့ ၏ အခက်အခဲအကျပ်တည်းများအကြောင်းဦးမိုးကြိုးကအစီရင်ခံစာ၁စောင်ပေးအပ် ပါသည်။
(ပြည်ထောင်စုဝန်ကြီးဦးအေးမြင့်-----ဦးမိုးကြိုး- အမြဲတမ်းအတွင်းဝန်ဥင်္ီးမျိုးအောင်တို့ ၃ဦးအမှတ်တရ)
(ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး-ဦးဝင်းမောင်နှင့် မဲဆောက်မြို့ မှာအမှတ်မထင်တွေ့ ဆုံကြရာဝယ်)
(မြ၀တီမြို့ နယ်ကျောက်လုံးကြီးစခန်းတွင် ပြညိထောင်စုဝန်ကြီးဦးအေးမြင့်ဌာနဆိုင်ရာ အစုံကိုမေးမြန်းနေစဉ်)
(မြ၀တီမြို့ နယ်ကျောက်လုံးကြီးစခန်းတွင် ပြညိထောင်စုဝန်ကြီးဦးအေးမြင့်အားထိုင်းနိုင်ငံရောက်
မြန်မာရွှေ့ ပြောင်းအလုပ်သမားတို့ ၏အခက်အခဲ အကျပ်တည်းများနှင့်ပတ်သက်သောအစီရင်ခံစာကို ဦးမိုးကြိုး(ဆရာမိုး)ကပေးအပ်နေစဉ်)
(မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာနပြည်ထောင်စု ၀န်ကြီးဦးအေးမြင့်၊သံအမတ်ကြီး-ဦးဝင်းမောင်၊အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်တို့ အဖွဲအာ့း မဲဆောက်မြို့ ရှိတာ့ခ်ခရိုင်One Stop Serviceရုံးမှလက်ဆောင်များပေးအပ်နေကြစဉ်)
(မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး
ဦးအေးမြင့်၊သံအမတ်ကြီး-ဦးဝင်းမောင်၊အမြဲတမ်းအတွင်းဝန်ဦးမျိုးအောင်
တို့ အဖွဲ့ မဲဆောက်မြို့ ရှိတာ့ခ်ခရိုင်One Stop Serviceသို့ ရောက်ရှိပြီးလုပ်ငန်းဆောင်တာများ
လေ့လာနေကြစဉ်)

No comments:
Post a Comment