ရဲ့ အလှူငွေ၄၅၀ဘတ်ထည့်ဝင်မှုအမှတ်တရပါ။)
မဂံလာပါပရိသတ်ကြီှးရှင့်။ကျမတို့ မြန်မာနိုင်ငံရေဘေးကူညီရေး မဲဆောက်ဒေသကြီး၃မြို့ နယ်အကျိုးဆောင်ကော်မတီအဖွဲ့ ဟာ ပထမအကျော့အနေနဲ့ အခုလစက်တင်ဘာလ၈ရက်နေ့ ကရန်ကုန်မြို့ ရှိ ဝေဠုကျော်ဖေါင်ဒေးရှင်းသို့ဆရာမိုး၊
ဥိးဆောင်တဲ့ကိုယ်စားလှယ်၅ဦး သွားရောက်ပြီး ဝေဠုကျော်လက်ထဲကိုအလှူငွေ(၃၃သိန်း)ကျပ်ပေးအပ် ခဲ့ပြီးဖြစ်ပါတယ်ရှင့်။
(မဲဆောက်မြို့ ရဲ့ သီးခြားကမ္ဘာလေးဖြစ်နေတဲ့ ၀မ်းသခီးယန်းကျေးရွာ*မယ့်ပင်းကျောက်ခွဲစက်ကမြန်မာလုပ်သားတွေဆီမှာပါ)
မနေ့ က(စက်တင်ဘာလ၁၉ရက်နေ့ မှာဆရာမိုးနဲ့ အဖွဲ့ ဝင်၅ဦးဟာမြ၀တီမြို့ ကို ကွင်းဆင်းရောက်ရှိလာတဲ့ဦးဝေဠုကျော်စွာ(ခ)ဝေဠုကျော်လက်ထဲကို့ မြန်မာငွေ၃သိန်း၁သောင်ကျပ်
လှူဒါန်းပါတယ်ရှင့်။
သြော်..ဆရာမိုးနဲအကျိုးဆောင့် အဖွဲ့ ဝင်၅ဦးဆိုတာကဆရာမိုး(ခ) ဦးမိုးကြိုး။ကိုမင်းသူ၊မသီရိ၊ဒေါါ်ကြူ၊ဦးသန်းအောင်နဲ့ မခိုင်သီတာ တို့ ပဲဖြစ်ပါတယ်ရှင်။ဒါကြောင့်ပထမအကျော့၃၃သိန်းနဲ့ အခု- ဒုတိယအကျော့၃သိန်း၁သောင်းပေါင်းလိုက်ရင်၃၆သိန်း၁သောင်း လှူပြီးတဲ့သဘောပါပဲနော်။
မြန်မာနိုင်ငံရေဘေးအတွက်တကယ်ပဲစွန့် စွန့် စားစားကူညီကယ်ဆယ်ရေး လုပ်နေတဲ့ဝေဠုကျော်လက်ထဲကိုဆက်လက်ထည့်နိုင်ဖို့ လိုအပ်ချက်အရ ကျမတို့ ဆက်လက်အလှူငွေကောက်ခံနေဆဲပါပဲရှင်။
(မဲဆောက်မြို့ ရဲ့ သီးခြားကမ္ဘာလေးဖြစ်နေတဲ့
ဝမ်းသခီးယန်းကျေးရွာ*မယ့်ပင်းကျောက်ခွဲစက်)
ဟော..ဒီနေ့ စက်တင်ဘာလ၂၀ရက်နေ့ မှာမနက်ပိုင်းကဆရာမိုးတစ်ဦးတည်း မဲဆောက်မြို့ မယ်ပတိုက်နယ်ကမြန်မာစိုက်ပျိုးရေးလုပ်သားသူမတို့ က (၄၅၀)ဘတ်လှူပါတယ်။ အဲ....ဒီနေ့ ညနေနဲ့ ညပိုင်းမှာမဲဆောက်မြို့ ရဲ့ သီးခြားကမ္ဘာလေးဖြစ်နေတဲ့ ၀မ်းသခီးယန်းကျေးရွာ*မယ့်ပင်းကျောက်ခွဲစက်ကမြန်မာလုပ်သားတွေဆီက (၂၃၅၀)ဘတ်နဲ့ မြန်မာငွေ၁၀၀၀ကျပ်ရရျိခဲ့ပါတယ်ရှင့်။ ဒါကြောင့်ဒီနေ့ တနဂံနွေတစ်ရက်တည်း(၂၈၀၀)ဘတ်နဲ့ မြန်မာငွေ၁၀၀၀ကျပ် ရရျိတဲ့သဘောဖြစ်တော့ခ့် မှန်းခြေငွေလဲလှယ်နှုန်းအရ-ကျမတို့ အကျိုးဆောင် ကော်မတီလက်ထဲ
မှာမြန်မာငွေ၁သိန်းဖြစ်ပါတယ်ရှင့်။
(မိုးစုန်းစုန်းချုပ်ပေမယ့်အလှူခံနေကြဆဲပါ)
ကျမတို့ အကျိုးဆောင်ကော်မတီအဖွဲ့ ဝင်တွေဟာမဲဆောက်ဒေသကြီး ၃မြို့ နယ်မှာအခုလိုအခက်အခဲမရှိပဲစက်ရုံအလုပ်ရုံ့ဝင်းထဲ၊အခြားလုပ်ငန်းခွင်တွေထဲ အထိဝင်နိုင်၊ထွက်နိုင်နေတာဟာမြန်မာရွှေ့ ပြောင်းလုပ်သားတွေရဲ့ အချစ်တော်ဖြစ်တဲ့ ဆရာမိုးကိုသူတို့ ၊သူမတို့ သိနေကြလို့ ၊ဆရာမိုးအသံကိုမြန်မာရွှေ့ ပြောင်း လုပ်သားအများစုဟာရင်းရင်းနှီးနှီးကျက်မိနေကြလို့ ဖြစ်မှာပါရှင်။ မဲဆောက်မြို့ မက်ပ်ရေဒီယိုမှာ၈နှစ်ကျော် ဆက်တိုက်အသံလွှင့်ခဲ့တာမို့ လူမမြင်ဖူးသူတွေတောင်*ဆရာမိုး-ဟေ့* ဆိုရင်ကြားဘူးကြ၊အသံမှတ်မိကြလို့ ပါပဲရှင့်။
အလှူရှင်အားလုံးပင်ပန်းသမျှ-အစဉ်ချမ်းမြကြပါစေရှင်...
**ခွန်အားမျှဝေ..ဒို့ တတွေသည်...မလွဲမသွေ....ပြည်သူတွေအတွက်..**
မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)
......................................
သတင်းနဲ့ ဓာတ်ပုံ---သီရိ---ခင်ရတနာကြူ
(ဖိုးပြု့းချို-လို့ တင်စားကြတဲ့ဆရာမိုးနဲ့ သူ့ ကို
ချစ်ခင်ကြတဲ့မဲဆောက်မြို့ ကစိုက်ပျိုးရေးအလုပ်သမတွေ

No comments:
Post a Comment