ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, September 23, 2015

==အမှတ်ပြည့်ရဖို့ ခြေကုန်ထုတ်ရမယ့်ဘာစီလိုနာ၊ အဝေးကွင်းမှာနိုင်ပွဲဆက်ဦးမယ့်ရီးရဲမက်ဒရစ်==

>

 စပိ န် လာလီ ဂါပွဲစဉ် (၅)ကိုစက်တင်ဘာ ၂၄ ရက် နဲ့  ၂၅ ရက် တွေမှာယှ ဉ်ပြိုင် ကစားဦးမှာဖြစ်
ပါတယ် ။ ဒီ တစ်ပတ် ကြားရက် မှာယှ ဉ် ပြိုင် ကြမယ့်  လာလီ ဂါပွဲစဉ် တွေမှာ ရီးရဲမက် ဒရစ် က အဝေးကွင်းမှာသွားရာက် ကစားရမှာဖြစ် ပေမယ့်  နို င်ပွဲဆက် နို င်မယ့်  အလားအလာရှိ နေပြီး
 ဘာစီ လို နာတို့ ကတော့ ဆဲလ် တာဗီဂိုနဲ့ ဆုံရမှာမို့  ကျပ်ကျပ် တည်းတည်းနဲ့ အားထုတ် ရမယ့်  ပွဲစဉ် ဖြစ် နေပါတယ် ။ လျှော့တွက် လို့ မရတဲ့ အသင်းငယ် တွေရဲ့ ရုန်းကန် အားကို ထိ ပ် တန်းအသင်းတွေ ရင် ဆိုင် ကျော်လွှားရဦးမှာဖြစ် ပါတယ် ။

 **ဘီဘာအို နှ င့်  ရီးရဲမက်ဒရစ်**

အခုတစ်လော နိုင်ပွဲတွေရနေတဲ့  ရီးရဲမက်ဒရစ် တို့ဟာ အဝေးကွင်းမှာ ကစားရမှာဖြစ်ပေမယ့် ဘီဘာအိုကို အနိုင်ကစားပါလိမ့် မယ်။ ဘီဘာအို ဟာ ရီးရဲမက်ဒရစ်နဲ့  နောက်ဆုံးငါးပွဲကစားခဲ့ တဲ့  ရလဒ်ကိုကြည့် ရင် တစ်ပွဲမှ နိုင်ပွဲမရခဲ့ ပါဘူး။ ဒါ ပေမယ့်  ဒီနှစ်လာလီဂါမှာဘီဘာအိုရဲ့  ခြေစွမ်း က ကောင်းနေပြီး အနိုင်ရလဒ်တွေကို ဖော် ဆောင်နိုင်နေပါတယ်။ လေးပွဲဆက်နိုင်ပွဲရနေတဲ့  ရီးရဲမက်ဒရစ်တို့ က တန်းစီဇယားဦးဆောင်နေမှု ကို ဆက်လက်ခိုင်မြဲဖို့  ကြိုးစားမှာ သေချာနေပါ တယ်။

 **ဆဲလ်တာဗီဂို နှင့်  ဘာစီလိုနာ**

 ဘာစီလိုနာကို အမြဲတမ်းခက်ခဲအောင် ကစား နိုင်ပြီး နိုင်ပွဲ၊ သရေပွဲတွေရအောင် အားထုတ် နိုင်တဲ့  ဆဲလ်တာဗီဂိုကွင်းမှာဘာစီလိုနာတို့  ခြေ ကုန်ထုတ်ရဦးမှာ ဖြစ်ပါတယ်။ ဒီနှစ်သင်းရဲ့  နောက်ဆုံးငါးပွဲကစားခဲ့ တဲ့  ရလဒ်မှတ်တမ်းတွေကို ကြည့်ရင် ဘာစီလိုနာတို့က သုံးပွဲနိုင်ထားပြီး သရေတစ်ပွဲနဲ့  ရှုံးပွဲတစ်ပွဲဖြစ်ထားပါတယ်။ တိုက် စစ်ကောင်းမွန်သလို ခံစစ်ပိုင်းလည်း ပြင်ဆင် ထားမှုရှိတဲ့ ဆဲလ်တာဗီဂိုတို့ဟာ အိမ်ကွင်းမှာ အနိမ့်ဆုံးအမှတ်ရအောင် ကြိုးစားပါလိမ့်မယ်။ ဘာစီလိုနာဟာ အမှတ်ပြည့်ရအောင် ခြေကုန် ထုတ်ရမှာဖြစ်ပြီး နိုင်ပွဲရရင်တောင် ရလဒ်ပြတ်သားဖို့  မလွယ်ပါဘူး။  

**မာလာဂါနှ င့်  ဗီလာရီးရဲ** 

ခံစစ်ပိုင်းကောင်းမွန်တဲ့  မာလာဂါကို ဗီလာရီးရဲတိုက်စစ်မှူးတွေ ဘယ်လိုကျော်ဖြတ်နိုင်မလဲ ကြည့်ရမှာဖြစ်ပါတယ်။ ဗီလာရီးရဲဟာ ဒီနှစ်လာလီဂါမှာ ခြေစွမ်းကောင်းပြသနေပြီး နိုင်ပွဲတွေ လည်း ရအောင်စွမ်းဆောင်ထားနိုင်ပါတယ်။ လာလီဂါတာအထွက်မှာ နိုင်ပွဲပျောက်ဆုံးနေတဲ့  မာလာဂါကို အမှတ်ရအောင် ကြိုးစားနိုင်တာမို့  အခု ပွဲမှာအိမ်ကွင်းလည်းဖြစ်တာမို့  အနိမ့် ဆုံး တစ် မှတ်တော့ရအောင် ရှာဖွေပါလိမ့် မယ်။

 **လီဗန်တေးနှ င့် အီ ဘာ** 

အိမ်ကွင်းမှာခြေစွာပြီး အဝေးကွင်းမှာရလဒ် မကောင်းတတ်တဲ့  အီဘာတို့ အတွက် အခုပွဲမှာလီဗန်တေးရဲ့  ဖိအားပေးမှုကို ခံစားရပါလိမ့် မယ်။ လီဗန်တေးကွင်းမှာကစားတိုင်း အီဘာတို့  ရှုံးပွဲတွေချည်းကြုံတွေ့ ရတာများတာမို့  အခုပွဲမှာလည်း လီဗန်တေးတို့  အသာစီးရဖို့  များနေပါတယ်။ ဒီ နှစ် လာလီဂါမှာ သရေပွဲတွေများနေတဲ့ လီဗန် တေးတို့ ဟာ အခုတစ်လောနိုင်ပွဲတွေဆက်နေတဲ့  အီဘာတို့ တစ်မှတ်ရအောင် ခြေကုန်ထုတ်ရပါ လိမ့် မယ်။ 

** ဗယ်လီကာနို နှ င့်  ဂီဂျွန်**

 နောက်ဆုံးတွေ့ ဆုံခဲ့ တဲ့ ပွဲမှာဂီဂျွန်တို့  နှစ်ဂိုး- တစ်ဂိုးနဲ့  နိုင်ပွဲရထားတာမို့  အခုပွဲမှာတော့ ဗယ် လီကာနိုတို့  ရှုံးကြွေးပြန်ဆပ်ပါလိမ့် မယ်။ လော လောဆယ်နိုင်ပွဲတွေ ပျောက်ဆုံးနေတဲ့  ဗယ်လီ ကာနိုအတွက် အခုပွဲဟာ အခွင့်အရေးကောင်း တစ်ရပ်အဖြစ် အသုံးချနိုင်မလားကြည့်ရမှာပါ။ ဂီဂျွန်ဟာ အဝေးကွင်းမှာအမှတ်ရဖို့  ရုန်းကန်ရတတ်တာမို့  အခုပွဲဟာ အိမ်ရှင်တို့  အမှတ်ပြည့် ရ နိုင်တဲ့ ပွဲပါ။ 

**လက်စ်ပယ်ကစ် နှ င့်  ဆီဗီလာ** 

အိမ်ကွင်းမှာ ခြေစွမ်းပြနိုင်တဲ့ တန်းတက် လက်စ်ပယ်ကစ်ဟာ ဆီဗီလာကို အ၀င်အထွက် ရဲရဲနဲ့  ရင်ဆိုင်ပါလိမ့် မယ်။ ဒီနှစ်မှာကစားအား ကောင်းလာတဲ့  ဆီဗီလာတို့ ဟာ ပွဲတိုင်းအမှတ်ရ ယူရေး ကြိုးစားနေတာမို့  အဝေးကွင်းဆိုပေမယ့်  အခုပွဲမှာဆီဗီလာတို့  အနိမ့် ဆုံးတစ်မှတ်ရယူဖို့  စွမ်းဆောင်မှာဖြစ်ပြီး အနိုင်ဆိုရင်တောင် ဧည့်  သည်တို့ပဲ ဖြစ်ပါလိမ့်မယ်။ ။ 

+မိုးမြင့်လင်းလက်+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)