မဲဆောက်မြို့ ကအို--မာစီ
ခွေးမလေးတစ်ကောင်ဖြစ်ပါသည်။
မမာစီအမေပါလာသဗျား
အလုပ်ပြုတ်လာတဲ့အလုပ်သမား။
ဒီအလုပ်သမားတွေအတူနေ
ဆရာမိုးတို့ ဂေဟာမလေ။
ခွေးနီမကြီးကလေးမွေး
ဖြူနက်စပ်ကြားမာစီလေး။
မာစီလေးကလိမ္မာပြ
ပတ်ဝန်းကျင်ကလည်းချစ်ကြသဗျ။
တသွေးတမွေးနှင့်သမီးမာစီ
ဆေးထိုးအပျိုကြီးဖြစ်ပါသည်။
လေးလတစ်ကြိမ်သူဆေးထိုး
ဖွံ့ ထွားလှပအားယိုးယိုး။
ဆရာမိုးသခင်ကသိပ်ချစ်သည်
သမီးလေးကဲ့သို့ ပမာညီ။
ပြေးကြိုပွတ်ခါ ကလူကစား
နေ့ စဉ်နေ့ တိုင်းသခင့်အနား။
သခင်ခရီးသွားသော်လိုက်ပို့ သည်
ကားဆိုင်ကယ်တွေအကြားမကြောက်မရွံ့ အတည်။
လူတစ်ဦးမှမကိုက်ဖူး
လိမ္မာလှတဲ့သမီးထူး။
သူနေမကောင်းစဉ်သခင်မှာ
အကြောင်းရှိလို့ ခရီးသွားစဉ်ခါ
အစာမစားပါခွေကာလဲ
လွမ်းဆွတ်တသသတိရမြဲ။
မလိုသူတွေအစာကျွေးတယ်
စားချင်စဖွယ်အဆိပ်နှင့်နယ်။
မာစီလေးဟာအဆိပ်ပျော့ထိ
သူမျောနေမှဆရာဝန်ပြကြည့်။
ဆရာဝန်ပြမှသိကြသည်
အဆိပ်ပျော့နှင့်နှလုံးမညီ ။
ဘန်ကောက်ကားဂိတ်ကသခင်သည်
ဖုန်းဆက်မေးလို့ အားပေးသည်
**သမီးမာစီရေ..အားတင်းထား
ဒီနေ့ ညအဖေ နဲ့ တွေ့ မယ်ဗျား။
ကျီကျီအီအီအသံပြန်ပေးသည်
သမီးမာစီလေးစိတ်လျှော့ပြီ
သခင့်အသံကိုသူလေကြား
တုံးကနဲပဲလဲလို့ သွား။
မဲဆောက်မြို့ သို့ သခင်မရောက်မီ
သမီးမာစီဆုံးရှာသည်။
သခင်မှာတစ်ညလုံးအိပ်မရ
သူ့ မြေပုံလေးမှာတသသ။
မနက်ကြတော့ပြန်ဖော်သည်
**သမီးမာစီရေ..အဖေရောက်ပြီ**
ပါးစပ်ဆီကထွက်တဲ့သွေး
အဆိပ်ပျော့မိတာသေချာသလေး။
သူမသေတာ၁၀လကြာ
မကြာမကြာသတိရတာ။
တစ်ခါတစ်ခါမျက်ရည်စို့ 
သူ့ ဓာတ်ပုံလေးရှေ့ ချလို့ ။
လိမ္မာလှတဲ့သမီးရယ်
အသက်ကဖြင့်တိုလွန်းတယ်
သတိရချိန်မှာ ဆုချွေတောင်း
ဘ၀ကူးလေးကောင်းစေကြောင်း။
ဘ၀ကူးလေးကောင်းစေကြောင်း။
ဘ၀ကူးလေးကောင်းစေကြောင်း။ ၊၊ ၊
၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊
+ဒီလျှပ်စီး+
မှတ်ချက်။ ။
သူမမာစီလေး(၃နှစ်ခွဲ)၏သေဆုံးသည့်နေ့ မှာ ပြီးခဲ့သည့် ၂၀၁၄ခုနှစ်နိုဝင်ဘာလ(၁၃)ရက်နေ့ ဖြစ်ပြီးကွယ်လွန်ပြီးချိန်မှစပြီး သူမအတွက်ရည်စူးလျက် ၇ရက်ရက်လည်။ ၁လပြည့်၊၂လပြည့် ၊ ၃လပြည့်၎လပြည့်၊၅လပြည့်။၆လပြည့်၊၇လပြည့်၊၈လပြည့်၊ ၉လပြည့် ၊ယခုလ-၁၀လပြည့် စသဖြင့်အမှတ်တရကို တနိုင်တပိုင်ကုသိုလ်ပြုပေးခဲ့ပါသည်။ ( ကျနော့်ကင်မရာတဂျစ်ဂျစ်နဲတနေကုန့် ဖွင့်မရဖြစ်နေလို့  အခုညမှတင်လိုက်ပါတယ်ဗျို့ ။)
မဲဆောက်မြို့ ကအို--မာစီ
ခွေးမလေးတစ်ကောင်ဖြစ်ပါသည်။
မမာစီအမေပါလာသဗျား
အလုပ်ပြုတ်လာတဲ့အလုပ်သမား။
ဒီအလုပ်သမားတွေအတူနေ
ဆရာမိုးတို့ ဂေဟာမလေ။
ခွေးနီမကြီးကလေးမွေး
ဖြူနက်စပ်ကြားမာစီလေး။
မာစီလေးကလိမ္မာပြ
ပတ်ဝန်းကျင်ကလည်းချစ်ကြသဗျ။
တသွေးတမွေးနှင့်သမီးမာစီ
ဆေးထိုးအပျိုကြီးဖြစ်ပါသည်။
လေးလတစ်ကြိမ်သူဆေးထိုး
ဖွံ့ ထွားလှပအားယိုးယိုး။
ဆရာမိုးသခင်ကသိပ်ချစ်သည်
သမီးလေးကဲ့သို့ ပမာညီ။
ပြေးကြိုပွတ်ခါ ကလူကစား
နေ့ စဉ်နေ့ တိုင်းသခင့်အနား။
သခင်ခရီးသွားသော်လိုက်ပို့ သည်
ကားဆိုင်ကယ်တွေအကြားမကြောက်မရွံ့ အတည်။
လူတစ်ဦးမှမကိုက်ဖူး
လိမ္မာလှတဲ့သမီးထူး။
သူနေမကောင်းစဉ်သခင်မှာ
အကြောင်းရှိလို့ ခရီးသွားစဉ်ခါ
အစာမစားပါခွေကာလဲ
လွမ်းဆွတ်တသသတိရမြဲ။
မလိုသူတွေအစာကျွေးတယ်
စားချင်စဖွယ်အဆိပ်နှင့်နယ်။
မာစီလေးဟာအဆိပ်ပျော့ထိ
သူမျောနေမှဆရာဝန်ပြကြည့်။
ဆရာဝန်ပြမှသိကြသည်
အဆိပ်ပျော့နှင့်နှလုံးမညီ ။
ဘန်ကောက်ကားဂိတ်ကသခင်သည်
ဖုန်းဆက်မေးလို့ အားပေးသည်
**သမီးမာစီရေ..အားတင်းထား
ဒီနေ့ ညအဖေ နဲ့ တွေ့ မယ်ဗျား။
ကျီကျီအီအီအသံပြန်ပေးသည်
သမီးမာစီလေးစိတ်လျှော့ပြီ
သခင့်အသံကိုသူလေကြား
တုံးကနဲပဲလဲလို့ သွား။
မဲဆောက်မြို့ သို့ သခင်မရောက်မီ
သမီးမာစီဆုံးရှာသည်။
သခင်မှာတစ်ညလုံးအိပ်မရ
သူ့ မြေပုံလေးမှာတသသ။
မနက်ကြတော့ပြန်ဖော်သည်
**သမီးမာစီရေ..အဖေရောက်ပြီ**
ပါးစပ်ဆီကထွက်တဲ့သွေး
အဆိပ်ပျော့မိတာသေချာသလေး။
သူမသေတာ၁၀လကြာ
မကြာမကြာသတိရတာ။
တစ်ခါတစ်ခါမျက်ရည်စို့ 
သူ့ ဓာတ်ပုံလေးရှေ့ ချလို့ ။
လိမ္မာလှတဲ့သမီးရယ်
အသက်ကဖြင့်တိုလွန်းတယ်
သတိရချိန်မှာ ဆုချွေတောင်း
ဘ၀ကူးလေးကောင်းစေကြောင်း။
ဘ၀ကူးလေးကောင်းစေကြောင်း။
ဘ၀ကူးလေးကောင်းစေကြောင်း။ ၊၊ ၊
၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊
+ဒီလျှပ်စီး+
မှတ်ချက်။ ။
သူမမာစီလေး(၃နှစ်ခွဲ)၏သေဆုံးသည့်နေ့ မှာ ပြီးခဲ့သည့် ၂၀၁၄ခုနှစ်နိုဝင်ဘာလ(၁၃)ရက်နေ့ ဖြစ်ပြီးကွယ်လွန်ပြီးချိန်မှစပြီး သူမအတွက်ရည်စူးလျက် ၇ရက်ရက်လည်။ ၁လပြည့်၊၂လပြည့် ၊ ၃လပြည့်၎လပြည့်၊၅လပြည့်။၆လပြည့်၊၇လပြည့်၊၈လပြည့်၊ ၉လပြည့် ၊ယခုလ-၁၀လပြည့် စသဖြင့်အမှတ်တရကို တနိုင်တပိုင်ကုသိုလ်ပြုပေးခဲ့ပါသည်။
No comments:
Post a Comment