>
အိမ်ပြန်ရောက်လာတော့ သမီးလေးက ပြေးကြိုတယ်။
အကောင်းတော့မဟုတ်ဘူး။ သူ့ဖိနပ်တဘက် အောက်ကသားရေခံပြုတ်သွားတာကို ပြတာ ။
မေမေ ဟေမာ ကစားတာ ဖိနပ်ပြုတ်သွားပြီတဲ့ ။
အဲ့ဒါနဲ့ သူ့ကိုထိန်းတဲ့ ညီမလေးကို ဘာဖြစ်လို့ အဲဒီဖိနပ်ပြန်ယူ
လာတာလဲ လွှင့်ပစ်လိုက် ပြီးရော ဆိုတော့ အမသမီးက လွှင့်မပစ်ရဘူး။ မေမေ့ကိုပြဖို့ ယူလာရမယ်လို့ ပြောတယ် တဲ့ ။
အဲ့ဒါနဲ့ ပြီးခဲ့တဲ့အခေါက်အပြင်သွားတုန်းကလဲ ကြာမယ်မထင်လို့
သူ့ဖို့ အ၀တ်ပိုမပါတာ သူ ဘွတ်ဘွတ်ပါချင်တာ အောင့်ထားပြီး မနေနိုင်ထွက်သွားတော့ အဲဒီဘောင်းဘီကို ကိုယ်ကလွှင့်ပစ်ဖို့ ပြောတုန်းကလဲ ဒါက လွှင့်ပစ်စရာမလိုဘူးလေ အိမ်ကျတီတီ့ကို လျော်ခိုင်းလို့ရတယ် လို့ သူ ပြန်ပြောဖူးတာကို
သတိရတယ် ။
သမီး အသက် ငါးနှစ်မပြည့်သေးဘူး ဒါပေမယ့် သူ့ရဲ့ ကိစ္စတော်တော်များများမှာ သူ ကိုယ်တိုင် ဆုံးဖြတ်တာများတယ် ။
ဒီညနေ ကျောင်းအပြန်လာကြိုရင် ဘာစားမယ် ဘာယူလာပါ လို့ ကျောင်းမသွားခင် သူ့ကိုကြိုမယ့် သူ့တီတီကို ကြိုမှာလေ့ရှိတယ် ။
ညနေမှာ ဘာဝတ်မယ်။ ညစာကို ဘာနဲ့စားချင်တယ်။ ကစားပြီးမှ အိမ်စာလုပ်မယ်၊ သို့ မနက်ကျောင်းမသွားခင်မှ လုပ်တော့မယ်
ဒီညတော့ မလုပ်တော့ဘူး စသဖြင့်ပေါ့ ။ အလှအပ နဲ့ ဘရန်း မက်တဲ့ သမီးဟာ စနေလို့ သူဝတ်ချင်ရာဝတ်ရတဲ့နေ့တွေမှာ ကျောင်းမပျက်မကွက်သွားတယ် ။
အဲဒီနေ့ ၀တ်ဖို့ အ၀တ်အစားကိုလဲ သူကိုယ်တိုင်ရွေးတယ် ၊ မအေ က တခါတလေ ကိုယ်ဝတ်စေချင်တဲ့ဟာလေး ၀တ်ဖို့ ပြောရင် မဟုတ်ဘူးမေမေ ဒီနေ့ ဒါဝတ်မယ်လို့ ဟယ်လင် နဲ့ ပြောထားတယ်၊ ဒီနေ့ နေပူတယ်လေ ဟေမာ လက်ရှည်ကြီးမ၀တ်ချင်ဘူးတို့ စသဖြင့် ပြန်ပြောတတ်တယ် ..မအေ အဆိုပြုချက်တိုင်းကိုတော့ လက်ခံလိမ့်မယ်မဟုတ်ဘူး ။
ပိတ်ရက်တွေမှာ ဘယ်ကိုသွားချင်တယ် ဆိုတာလဲ သူ့အဖေ ကို ပြောပြတယ် ။
တခါတလေ သူ့ ဖေဖေ က ဟင်း ဆို သက်ပြင်းချရင် ဖေဖေ မောနေတာလား မသွားချင်ဘူးလား နဲ့ ပြန်မေးတတ်တယ်။ ဇွတ်မပူဆာတတ်ဘူး ။
အရင်အပတ်ကလဲ ညဘက် သူ့အဖေ နဲ့ ကစားကွင်းသွားတော့ ဟိုက စီးဆောမှာ သူကစားချင်တာ အရင်ကစားနေတဲ့နှစ်ယောက်ကို ခနစောင့်နေတယ်၊ ခနစောင့်လို့ ဟိုကမရပ်တော့ အဲဒီကလေးတွေ ဘေးမှာရပ်စောင့်တဲ့ လူကြီးကို သွားပြောတယ်တဲ့ I also want to play it. တဲ့ ။
အဲတော့ လူကြီးက သူ့ကလေးကို ဖယ်ခိုင်းတော့ သူ ၀င် ကစားတယ်တဲ့ ။ နောက် သူ့သူငယ်ချင်းလေးတွေ ထပ်ရောက်လာ အတူတူကစားကြတုန်း ဖအေ လုပ်သူက ပြန်ကြရအောင် အိမ်မှာ မေမေ ရောက်နေပြီလို့ပြောတော့ သူ့သူငယ်ချင်းလေးတွေကို သေချာနှုတ်ဆက် ၊ အခုနက စီးဆောမှာ ဖယ်ပေးခိုင်းတဲ့လူကြီးကိုလဲ သွားနှူတ်ဆက် ရှဲ့ရှဲ့ လို့ ပြောသတဲ့ ။
သမီးလေး သူ့ဘာသာ stand ဖြစ်တာကို ၀မ်းသာရပေမယ့် မေမေ က ဘေးကို ပိုပိုရောက်သွားမှာ လဲ စိတ်ပူမိပါတယ် ။
မဟေမာ ရဲ့ ကိစ္စတော်တော်များများမှာ ကိုယ်ဝင်မပါရပေမယ့် ကိုချစ်မောင်ရဲ့ နိစ္စဒူဝတွေမှာ ကိုယ်ဝင်ပါရတာများတယ် ။
ဒါ့ကြောင့်လဲ ကိုချစ်မောင်ကို ပိုပိုချစ်မိတာထင်ပါရဲ့ (ဟမ်)
အထူးသဖြင့် သူ စားသောက်ဖို့ ကိစ္စတွေမှာပေါ့ ။ ကိုယ်များ သေချာစီစဉ်မကျွေးလိုက်ရင်လေ မနက်စာဆိုတာ ၀ယ်မစားတတ်ဘူး ဗိုက်ဟောင်းလောင်းနဲ့နေတယ်။ အဲတော့ မနက်စာဆိုတာ မကျွေးမဖြစ်ကျွေးလွှတ်ရမယ့် ဟာမျိုး ။ တခါတလေ နေ့လည်စာ စားချိန် ဖုန်းဆက်သေးတယ် ဘာစားရမယ်မသိဘူးတဲ့ ၊ အဲောတ့ ဒီနေ့မိုးအေးတယ်လေ fish soup လေး သောက်ပါလား၊ နေ့ခင်း မီတင်ရှိတယ်ဆို ကုလားစာတွေမစားနဲ့နော်တို့ ။
လာသေးတယ် ညနေ အမြန်လမ်းကားကျပ်တာ သူက ဗိုက်ဆာလှပြီဆိုတာမျိုး အဲလိုဆို နောက်နေ့တွေ ကားပေါ် သူစားတတ်တဲ့ ဘီစကစ်လေး၊ ပန်းသီးလေး တင်ပေးလိုက်ဖို့တို့ ။ သူ့ရုံးက ဘယ်သူတော့ ဘာဖြစ်လို့ ဘာလေးပေးရမလဲတို့ အဲလိုဆို ဘာလေးညာလေးဝယ်ပေးရတာမျိုးတို့ ။
နောက်ဆုံး စနေ ကိုယ်နားရက်မှာ သူအလုပ်သွားရမယ်ဆို ကားမောင်းတာအဖော်လုပ်ဆို လိုက်သွားရတာမျိုးတို့ ၊ဟိုကျ ကိုယ့်မှာအလုပ်အပြင်ဘက်က လဖေ့ရည်ဆိုင်မှာ ထိုင်စောင့်ရတာမျိုး တို့ ။ အကျီဟောင်းနေပြီ ခြေအိတ်မရှိတော့ဘူးတို့ အမျိုးမျိုးအဖုံဖုံ ပေါ့ ( ၀ဋ်ကျွေးရှိရင် ဒီဘ၀နဲ့ ကျေပါစေတော့မောင်)
ဒါတောင် အခုနောက်ပိုင်း နေ့လည်ဘက် ထမင်းစားချိန်မတူတာရော ၊ အလုပ်က များ အလုပ်ကလဲ များသောအားဇြင့် ဖုန်းပြောရတာ များတော့ သူနဲ့ ဖုန်းပြောရမယ်ဆို ကိုယ်သိပ်စိတ်မရှည်ချင်တော့တာမျိုး နဲ့ နေ့ဘက်တွေ အဆက်ပြတ်နေတယ် ။
အဲဒါ မနေ့က မင်းနဲ့ကိုယ်နဲ့ relation ပြတ်နေပြီနော် နေ့လည်တွေ ဘာလို့ ဖုန်းမဆက်တာလဲ ဘာလဲ နဲ့ ။
ကိုယ်လဲ စိတ်လိုလက်ရ စကားပြန်ပြော ရယ်မောနေရင်း သူများလင်မယားတချို့ ကတောက်ကစဖြစ်ကြတာစိတ်ညစ်စရာ တဲ့ တို့တွေ ဒီလိုပဲ အမြဲအဆင်ပြေနေရင် ကောင်းမယ် လို့ ပြောတယ် ။
ကိုယ်သတိထားမိတာတော့ နီးစပ်ရာ လင်မယားတွေ စကားများကြတဲ့ အဓိက အကြောင်းအရာဟာ ငွေကြေးကိတ်စဖြစ်တယ်လို့ သူ့ဘက်ကိုတော့ ပိုပေးပြန်ပြီ ကိုယ့်ဘက်တော့ ပိုပေးတယ် ။ သူ သု့းံတဲ့ ဘတ်ဂျတ်ကများလို့ ကိုယ်သုံးတာများလို့ ငွေကို သူ့ဘဏ်ကတ်မှာထားလို့ ကိုယ့်ကိုမလွှဲလို့မပေးလို့ နဲ့ အဲလိုကိစ္စတွေများတယ်လို့ ။ ကိုယ်တို့မှာ အဲလို ဖြစ်စရာငွေမှ မရှိသေးတာ ။ ယူပြီးထဲက ကိုယ်တွေလက်ထဲမှာ အပိုသုံးစရာရယ်လို့ ပို နေတာမရှိတော့ မဖြစ်သေးဘူး ၊ နောက်ပိုင်း ငွေရှိလာရင်တော့ ကိုယ်တွေလဲ တည့်ချင်မှ တည့်မှာပေါ့ လို့ ပြောမိတယ် ။
အဲတော့ သူ က မင်း တသက်ငွေကရော ရှိမှာမို့လားတဲ့ ငွေက လက်ထဲမရောက်သေး တခုခုဝယ်ဖို့ အကြံအစည်က အရင်ရှိနေတာကိုး လို့ ပြောတယ် ။ ဒါလဲ ဟုတ်တာပဲ လို့။
+Thandar Lwin+

Monday, September 7, 2015
Subscribe to:
Post Comments (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)
No comments:
Post a Comment