ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, September 14, 2015

==မန်ယူတို့ ချန်ပီယံလိဂ်တာအထွက်မှာမျက်နှာပန်းလှပါ့မလား==

>
၂၀၁၅ -၂၀၁၆ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွေကို စက်တင်ဘာ ၁၅ ရက်မှာ စတင်ယှဉ်ပြိုင်တော့မှာ ဖြစ်ပါတယ်။ အုပ်စု( A )က ပီအက်စ်ဂျီနဲ့ မယ်လ်မို၊ ရီရဲ မက်ဒရစ်နဲ့  ရှက်တာဒိုးနက်၊ အုပ်စု( A)က ပီအက်စ်ဗွီနဲ့ မန်ယူ၊ ၀ုဖ်ဘတ်နဲ့ စီအက်စ် ကေအေမော်စကိုတို့ ပွဲတွေက ပရိသတ်တွေကို ရသစုံပေးပြီး ရင်ခုန်သံကို မြန်စေနိုင်ဦးမှာ ဖြစ်ပါတယ်။ ထိပ်တန်းအသင်းတွေ တာထွက်လှဖို့ အတွက် အုပ်စုအဖွင့်ပွဲစဉ်ကစပြီး အမှတ်ပြည့် သိမ်းပိုက်ရေး အပြိုင်အဆိုင်အားထုတ် ကြမယ့်  ပုံရိပ်တွေကို မြင်တွေ့ ကြရဦးမှာ ဖြစ်ပါတယ်။

**ပီအက်စ်ဗွီနှ င့် မန်ယူ**

အုပ်စု(B)မှာ မန်ယူတို့  ပွဲချောင်တယ်လို့  ဆိုပေမယ့်  စိတ်တိုင်းကျစရာမရှိ သေးတဲ့  ခြေစွမ်းကြောင့်  အဝေးကွင်းမှာ ရင်ပူစရာ ဖြတ်သန်းရဦးမှာဖြစ်ပါတယ်။ မန်ယူရဲ့  ဒီနှစ်အသင်းမှာ ခေါ်ယူထားတဲ့ ကစားသမားသစ်တွေရဲ့  လုပ်အားနှုန်းက လည်း အားရစရာတော့မရှိသေးပါဘူး၊ ပီအက်စ်ဗွီတို့ကတော့ နောက်ဆုံး ကစားခဲ့ တဲ့ ငါးပွဲရလဒ်ကို ကြည့် ရင်ရှုံးပွဲမရှိခဲ့ ပါဘူး၊ ခံစစ်ပိုင်းအားနည်းမှု ရှိနေတဲ့  ပီအက်စ်ဗွီတို့ ဟာ အိမ်ကွင်းမှာ မန်ယူကို သေသေချာချာ ပြင်ဆင် ပြီးကစားပါလိမ့်မယ်။ မန်ယူတို့အတွက် အခုပွဲဟာ ခက်ခဲမှာဖြစ်ပေမယ့် အနိမ့် ဆုံးတစ်မှတ်လောက်တော့ရအောင် နည်းပြဗန်ဟားလ် ကြိုးစားခင်းကျင်း လိမ့် မယ်လို့ ယူဆပါတယ်။

**၀ု ဖ်ဘတ် နှ င့် စီအက် စ် ကေအေ**

 အုပ်စု( B )မှာတော့တာထွက်ကောင်းမယ့်  အသင်းတွေထဲမှာ ၀ုဖ်ဘတ်တို့ ပါဝင် နေပါတယ်။ ခြေစွမ်းပြနေတဲ့  ၀ုဖ်ဘတ်တို့ ဟာ တိုက်စစ်လည်း ကောင်းသလို ခံစစ်ပိုင်းကလည်း အမှားအယွင်းနည်းပါတယ်။ အသင်းလိုက်ကစားအား ကောင်းတဲ့ ၀ုဖ်ဘတ်ကို စီအက်စ်ကေအေတို့  နိုင်ဖို့ မလွယ်ပါဘူး၊ ဒါပေမယ့်  စီအက်စ်ကေအေရဲ့ နောက်ဆုံးငါးပွဲကစားခဲ့ တဲ့  ခြေစွမ်းက တစ်ပွဲသာရှုံးထား တာမို့ လျှော့တွက်လို့ မရတာအမှန်ပါပဲ။ တိုက်စစ်စွမ်းရည်မှာ ၀ုဖ်ဘတ် တို့ ထက်အားနည်းပေမယ့်  ခံစစ်ပိုင်းတောင့် တင်းတာမို့  ၀ုဖ်ဘတ်တိုက်စစ်မှူးတွေ ခက်ခဲပါလိမ့် မယ်။ ဒီပွဲမှာ အိမ်ရှင်တို့ အတွက် သုံးမှတ်အပြည့် ရမယ့် ပွဲဖြစ်သွား နိုင်ပါတယ်။

  **ရီးရဲမက်ဒရစ် နှ င့်ရှက် တာဒိုးနက်**

အုပ်စု( A )မှာ ရီရဲမက်ဒရစ်တို့  နိုင်ပွဲစတင်နိုင်မလား ကြည့် ရမှာဖြစ်ပါတယ်။ ရီရဲမက်ဒရစ်တို့ရဲ့  ဒီနှစ်ခြေစွမ်းက အားရစရာမရှိသလို ပြိုင်ဘက်တွေကို မခြိမ်းခြောက်နိုင်သေးတဲ့အနေအထားပဲ ရှိပါသေးတယ်။ ရှက်တာဒိုးနက် တို့ ကလည်း သရေပွဲ၊ ရှုံးပွဲတွေနဲ့  လုံးထွေးနေတာမို့ အခုပွဲမှာ အမှတ်ရဖို့  တောင်ခက်ခဲပါလိမ့် မယ်။ ဒီပွဲမှာ ရီရဲမက်ဒရစ်တို့  အိမ်ကွင်းလည်းဖြစ်တာမို့  တိုက်စစ်ဖွင့်ပြီး ဖိအားပေးကစားဖို့  ကြိုးစားပါလိမ့်မယ်။ ရီရဲမက်ဒရစ်တိုက်စစ် မှူးတွေရဲ့  ထိုးဖောက်ဖြတ်ကျော်မှုတွေကို ခံစစ်ကြောင်းကျိုးပေါက်တတ်တဲ့  ရှက်တာဒိုးနက် နောက်တန်းလူတွေဘယ်လိုဟန့် တားထိန်းချုပ်နိုင်မလဲဆိုတာ ကြည့် ရမှာဖြစ်ပေမယ့်  ဒီပွဲမှာရီးရဲမက်ဒရစ်တို့  အိမ်ကွင်းမှာအောင်ပွဲခံနိုင်ရေး စွမ်းဆောင်ပါလိမ့် မယ်။ 

 **ပီအက် စ် ဂျီ နှ င့် မယ်လ် မို **

ထိပ်တန်းကစားသမားတွေကို ခေါ်ယူအားဖြည့် ထားတဲ့  ပီအက်စ်ဂျီရဲ့  ဒီနှစ် ခြေစွမ်းက ကောင်းမွန်နေပါတယ်။ ပြိုင်ဘက်တွေကို အနိုင်ယူနိုင်စွမ်းရှိတဲ့ ပီအက်စ်ဂျီကစားသမားတွေဟာ နိုင်ပွဲတွေဆက်ပြီး အောင်ပွဲခံစိတ်ဓာတ်တွေ ဆူဝေနေပါတယ်။ မယ်လ်မိုတို့ က အိမ်ကွင်းမှာ ခြေစွမ်းပြပေမယ့်  အဝေးကွင်း မှာ ရလာဒ်မကောင်းတတ်တာမို့ သေသေချာချာပြင်ဆင် ကစားမှ ရပါ လိမ့် မယ်။ မယ်လ်မိုတို့ က နောက်ဆုံးငါးပွဲ ကစားခဲ့ တဲ့  ရလဒ်မှတ်တမ်းကို ကြည့်ရင်း သုံးပွဲနိုင်နှစ်ပွဲရှုံးထားတာမို့  
အခုပွဲမှာ ပြိုင်ဘက်က ပီအက်စ်ဂျီ ဖြစ်နေတာကြောင့်  ပွဲကျပ်ဖြစ်နေပါတယ်။ မယ်လ်မိုတို့ အတွက် ဒီပွဲဟာ အမှတ်ရဖို့  ရုန်းကန်ရမယ့်အနေအထားရှိပြီး အိမ်ရှင်ကိုကျော်ဖြတ်ဖို့မလွယ်ပါဘူး။ 

+မိုးမြင့်လင်းလက်+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)