မဂံလာပါမိတ်ဆွေတို့ ရေ....။ ပြီးခဲ့တဲ့စက်တင်ဘာလ၈ရက်နေ့ မှာမြန်မာနိုင်ငံရေဘေးအတွက် Wai Lu Kyawရဲ့ လက်ထဲကိုမဲဆောက်ဒေသ၃မြို့ နယ်ရှိမြန်မာရွှေ့ ပြောင်း အလုပ်သမားတွေရဲ့ ချွေးနည်းစာအလှူငွေ(၃၃သိန်းကျပ်)ကို သွားရောက်ပေးအပ်ခဲ့ကြပြီးပါပြီ။ဒါပေမယ့်လိုအပ်ချက်ရှိနေတာကို တတ်နိုင်သမျှဆက်လက်ဖြည့်စွက်ပေးချင်တဲ့အတွက်ဆက်လက် အလှူခံနေကြဆဲပါပဲ။
ဒီကနေ့ တော့မဲဆောက်မြို့ တောင်ဘက်ကမယ်ကုတိုက်နယ်ဘန့် ဖလက် ကျေးရွာမှာစတင်
အလှူငွေရရှိခဲ့ပါတယ်။အလှူငွေ(၇၀၀)ဘတ်ဖြစ်ပါတယ်။
ပြီးတော့ရှေ့ ဆက်ခရီးနှင်လာကြရာမှာ
မဲဆောက်မြို့ တောင်ဘက်က ကြယ်ဒီခို့ တိုက်နယ်(မဲဆောက်မြို့ တောင်ဘက်အဆုံးဧရိယာ)မှာ မခိုင်လက်ဘက်ရည်ဆိုင်က၁၀၀ဘတ်၊ပြီးတော့တစ်ခါဖုတ်ဖရာ့မြို့ နယ်၊ ချောင့်ခက်မြို့ နယ်ခွဲက
ဝက်သိုးလက်ဘက်ရည်ဆိုင်ပိုင်ရှင်ဝက်သိုးက ၁၀၀ဘတ်ထည့်ဝင်တော့ကာစုစုပေါင်း(၉၀၀)ဘတ်ရရှိခဲ့ပါတယ်။
မိုးထဲလေထဲမှာပဲခပ်ရဲရဲအလှူခံကြပြီးနေရာတော်တော်များများက လှူဒါန်းကြပြီးဖြစ်ပေမယ့်ရွှေဖလားကိုယ်စီနဲ့ မိမိတို့ ယုံကြည်ရသူတွေဆီကို ရှေ့ ကလိုမဟုတ်ရင်တောင်
နည်းနည်းဖြစ်ဖြစ်ထည့်ဝင်ကြဖို့ လှုံ့ ဆော်ခဲ့ကြပါတယ်။
-------------------------
+ဒီလျှပ်စိး+

No comments:
Post a Comment