ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, October 11, 2015

=လူထုကျန်းမာရေး(ခေါင်းကိုက်တဲ့အခါ သင်သိထားသင့်တဲ့ အချက်များ)==

>
**Public Health**
 ဦးခေါင်းက ခန္ဓာကိုယ်မှာ နာကျင်မှုအဖြစ်ဆုံး အစိတ် အပိုင်းဖြစ် ပါတယ်။ ခေါင်းကိုက်ခြင်း လို့ ခေါင်းစဉ် တပ်နိုင်တဲ့ နာကျင်မှုကလူတွေမှာ အဖြစ်အများဆုံး ကျန်းမာရေးပြဿသနာတစ်ခုလည်း ဖြစ်ပါတယ်။ ခေါင်းကိုက်ရတဲ့ အကြောင်းအရင်းတွေကတော့ ဦးနှောက်ကို ၀န်းရံထားတဲ့ ကြွက်သားတွေ၊ အမြှေးပါးတွေ ရောင်ရမ်းလာတဲ့အခါမှာ နာကျင်မှုကို ခံစားရတာဖြစ်ပြီး ဦးနှောက်မှာ နာကျင်မှုကို ခံစားနိုင်တဲ့ နာ့ဗ်ကြောတွေ မရှိတဲ့ အတွက်ကြောင့် ဦးနှောက်ကိုယ်တိုင်ကတော့ မနာကျင်နိုင်ပါဘူး။ ခေါင်းကိုက်ဝေဒနာကို အမျိုးမျိုးခွဲခြားနိုင်ပြီး အဖြစ်အများဆုံး အမျိုးအစားတွေက Tension Headache နဲ့ Migraine အမျိုးအစား ဝေဒနာများလို့ ဆိုနိုင်ပါတယ်။ ခေါင်းကိုက်ဝေဒနာကို သင်စတင်ခံစားရတဲ့ အချိန်မှာ ဘယ်လိုအရာတွေကို သတိပြုရမလဲ၊ ဘယ်လိုအချိန်မှာ သက်ဆိုင်ရာ ဆရာဝန်တွေနဲ့ ပြသသင့်သလဲ၊ သင့်ခံစားရတဲ့ ဝေဒနာကို ကိုယ်တိုင်ဘယ်လို ဆန်းစစ်နိုင်မလဲဆိုတဲ့ အကြောင်းအရာ တွေကို ဦးနှောက်နှင့်အာရုံကြော အထူးကု ပါမောက္ခဒေါက်တာ ဦးတင်ထွန်းအောင် နဲ့ တွေ့ဆုံမေးမြန်းပြီး ဖော်ပြပေးလိုက်ပါတယ်။

 **ဘယ်လိုခေါင်းကိုက်သလဲ**

 ခေါင်းကိုက်တာက အရေးကြီးတဲ့ ကျန်းမာရေးပြဿသနာ ဖြစ်တယ်။အမှတ်တမဲ့မနေပါနဲ့။ ခေါင်းကိုက်ရာက တစ်ဆင့် အသက်ဆုံးရှုံးသွားနိုင်ပါတယ်။ ခေါင်းရဲ့အပြင်မှာကိုက်တာလား၊ တစ်နည်း ကြွက်သားမှာ ကိုက်ခဲနေတာလား။ ကြွက်သားတွေ တင်းလွန်းပြီး အဲဒီဒဏ်ကြောင့် ခေါင်းကိုက်တာ ရှိတယ်။ ဦးနှောက်ရဲ့ အမြှေးပါး၊ အရိုးရဲ့ အမြှေးပါး ဒီနှစ်ခုထဲက တစ်ခုခုချို့ယွင်း ရင်လည်း ခေါင်းကိုက်တတ်တယ်။ ဦးနှောက်မှာတော့ နာတာ၊ ကိုက်တာ မရှိပါဘူး။ ဦးနှောက်မှာ နာကျင်မှုကို ခံစားနိုင်မယ့် ဋ္ဌာနမရှိဘူးလို့ ဆိုနိုင်တယ်။ ခေါင်းကိုက်လို့ ဆရာဝန်ဆီလာပြတဲ့ လူနာကို အသေးစိတ်မေးခွန်းတွေ မေးရပါတယ်။ သူ့ရဲ့ဝေဒနာ လက္ခဏာတွေ ဘယ်လိုရှိသလဲ။ ခေါင်းထဲမှာ ညှစ်ထားသလိုမျိုး ကိုက်တာလား၊ ခဲပြီးကိုက်နေတာလား၊ ဆွဲထားသလို ကိုက်နေတာလား၊ အထဲက တစ်ခုခုပေါက်ကွဲနေသလိုမျိုး ကိုက်နေတာလား စသဖြင့် ခံစားရတဲ့ဝေဒနာ ဘယ်လိုရှိသလဲ မေးရတယ်။ တစ်ခါမှ ဒီလိုခေါင်းကိုက်တာမျိုး မကြုံဖူးဘူးလို့ ပြောလာရင် သတိထားရတယ်။ လူနာက သူ့ဝေဒနာကိုဖော်ပြတဲ့ စကားအသုံးအနှုန်းကိုလည်း သေချာ နားထောင်ဖို့လိုတယ်။  

**အချိန်** 

 နောက်တစ်ချက်က အချိန်၊ ဘယ်အချိန်တွေမှာ ခေါင်းကိုက်တတ်သလဲ။ မနက်အိပ်ရာထ ခေါင်းကိုက် တာကတော့ အိပ်တဲ့အခါ ခေါင်းအထားအသိုမမှန်လို့ ကိုက်တာလည်း ဖြစ်နိုင်တယ်။ အဲလို မဟုတ်ဘဲ ဒီအချိန်ရောက်ရင် ခေါင်းကိုက်ပြီ၊ အန်ပြီဆိုရင်တော့ တော်တော်အရေးကြီးတဲ့ အခြေအနေကို ရောက်နေပြီ ခေါင်းလည်းကိုက်တယ်။ မနက်မှာ အန်တယ်ဆိုတာက ဦးနှောက်ထဲမှာ တစ်ခုခုအကြီးအကျယ်ဖြစ်နေတဲ့ လက္ခဏာဖြစ်တယ်။ ဖြစ်ဖြစ်ချင်းသိမယ်၊ ကုသနိုင်မယ်ဆိုရင် သက်သာဖို့ အလားအလာ အများကြီးရှိတယ်။ အဲလိုမဟုတ်ဘဲရောဂါလက္ခဏာပြတဲ့အချိန် ဂရုမစိုက်ဘဲ ထားလိုက်တယ်၊ ဝေဒနာကလည်း သက်သာသလို ဖြစ်သွားတာကြောင့် ဆရာဝန်နဲ့ မပြမိဘူး၊ ကုသမှုမခံယူလိုက်ဘူး ဆိုရင်တော့ နောက်တစ်ကြိမ် ဖြစ်လာတဲ့အခါ အချိန်နှောင်းသွားပြီး အသက်ဆုံးရှုံးသွားနိုင်ပါတယ်။ တစ်ချို့ကျတော့ ဦးနှောက်သွေးကြောပေါက်သွားတယ်။ ဦးနှောက် ထဲမှာ သွေးထွက်နေတယ်၊ သွေးကြာပေါက်ပေါက်ခြင်း လူက လဲကျသွားမယ်။ ဒါပေမဲ့ ပြန်ထလာနိုင်ပြီး ကိုယ့်မှာ ဖြစ်သွားတာကို ဂရုမစိုက်မိဘူး။ ဒါမျိုးမဖြစ်အောင် သတိထားရပါမယ်။
**Tension Headache** 

ဖိစီးမှုကြောင့် ဖြစ်တဲ့ Tension Headache ဆိုတာကတော့ ဦးခေါင်းရိုးကို ဖုံးထားတဲ့ ကြွက်သားတွေ ဖိစီးမှုကြောင့် ဆွဲသလိုဖြစ်ပြီး နာတာ၊ ခေါင်းကိုက်လာတာပေါ့။ စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ ရောဂါဖြစ်တဲ့အတွက်ကြောင့် ဦးနှောက်၊ အာရုံ ကြောနဲ့ မပတ်သတ်ပါဘူး။ သင့်တော်တဲ့ ဆေးဝါးကုသမှုပေးပြီး ကုလို့ရပါတယ်။ ဦးနှောက်နဲ့ ပတ်သတ်ပြီး လူနာကိုပေးရတဲ့ ဆေးဝါးအမျိုးအစားအများကြီး မရှိပါဘူး။ မလိုအပ်ပဲနဲ့ဆေးအများကြီးသောက်ဖို့ မလိုအပ်ဘူးလို့ ပြောချင်တယ်။ အထိုင်းများတဲ့ ၀န်ထမ်းတွေ၊ ကွန်ပျူတာရှေ့မှာအချိန်ကြာကြာ အာရုံစိုက်ပြီး အလုပ်လုပ်ရတဲ့ လူတွေမှာ Tension headache အမျိုးအစား ခေါင်းကိုက်ဝေဒနာ ဖြစ်လေ့ရှိတယ်။ ဒီလို ခေါင်းကိုက်တာ အတွက်ကျတော့ လိုအပ်မယ်ထင်တဲ့ ဆေးမျိုးပေးကြည့်မယ်။ ဒီဆေးနဲ့ မသက်သာရင် နောက်တစ်မျိုး ပြောင်းပေးမယ်။ အဲလို ကုသရပါတယ်။ 

**ခေါင်းတစ်ခြမ်းကိုက်ခြင်း(Migraine)** 

 နောက်တစ်ခုကတော့ ခေါင်းတစ်ခြမ်းကိုက်ခြင်း(Migraine)၊ လက္ခဏာတွေက ခေါင်းတစ်ခြမ်းတည်း ကိုက်တာ၊ ခေါင်းကိုက်တဲ့အခါမှာလည်း တစ်ခါတစ်ရံ မျက်စိမှုန်သွားတာ၊ အလင်းရောင်တွေ တွေ့တာ ဒီလိုမျိုးခေါင်းကိုက်ရင်တော့ ဒါ Migraine ပေါ့။ ဖြစ်ရတဲ့အကြောင်းအရင်းကတော့ ဦးနှောက်ထဲက သွေးကြောတွေ တင်းလာလို့ ဖြစ်တာ။ သွေးကြောတွေ တင်းလာတဲ့အခါမှာ အမြှေးပါးကိုသွားထိတယ်။ နာကျင်နိုင်တဲ့အပိုင်းမှာ ဦးနှောက်ရဲ့ အမြှေးပါးလည်း ပါတာကြောင့် နာတာ၊ခေါင်းကိုက်တာပေါ့။ ဒါက အတွင်းပိုင်းထဲမှာဖြစ်တဲ့ ပြဿသနာပါ။ 

**အခြားအကြောင်းအရင်းများ**

 တုပ်ကွေးမိတဲ့ အခါမှာလည်း ခေါင်းကိုက်နိုင်တယ်။ တုပ်ကွေးက ဗိုင်းရပ်စ် ကူးစက်ခံရတာ ဖြစ်တဲ့ အတွက် အဲဒီဗိုင်းရပ်စ်က အစာအိမ်ကိုရောက်မယ်။ လည်ချောင်းကို ရောက်မယ်။ ခေါင်းထဲကို ရောက်မယ်။ အဲဒီအခါမှာလည်း ခေါင်းကိုက်တယ်။ နှာစီး၊ ချောင်းဆိုး ရာက ခေါင်းကိုက်လာတယ်ဆိုရင်တော့ ဒါက သိပ်အရေးကြီးတဲ့ ပြဿသနာ မဟုတ်ပါဘူး။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ လက္ခဏာတစ်ခုဖြစ်လို့ သိပ်စိုးရိမ်စရာ မလိုပါဘူး။ 

**ဂရုစိုက်သင့်တဲ့ အချက်များ**

 အဓိကကတော့ ခေါင်းကိုက်တာကို အမှတ်တမဲ့ မထားရဘူး။ တစ်ရက်စောင့်ကြည့်တယ်။ မသက်သာဘူးဆိုရင် သက်ဆိုင်ရာ ဆရာဝန်နဲ့ ပြသရမယ်။ ကုသတဲ့နေရာမှာလည်း လူနာရဲ့ History ကို သေသေ ချာချာသိအောင်မေးရမယ်။ ဘယ်လိုကိုက်တာလဲ၊ ဘယ်အချိန်တွေမှာ ကိုက်တတ်လဲ၊ ဒဏ်ရာရတာလား၊ မျိုးရိုးကြောင့်လား၊ မွေးကတည်းက ခေါင်းကိုက်တာလား၊ ဦးနှောက်သွေး ကြောပေါက်လို့ ခေါင်းကိုက်တာလား၊ အကြိတ်ရှိလား၊ အမြှေးပါးတွေရောင်ပြီး ခေါင်းကိုက်တာလား၊ မျိုးရိုးဗီဇကြောင့်လား စသည်ဖြင့် ခွဲခြားနိုင်ဖို့ လူနာရဲ့ အခြေအနေကို သေသေချာချာ စစ်ထုတ်ရတယ်။ ခေါင်းကိုက်လာတဲ့အခါ တစ်ခါမှမကြုံဖူးသလိုနာတယ်၊ ပေါက်ကွဲထွက်တော့မလို ကိုက်တယ်ဆိုရင် ဦးနှောက်ဆရာဝန်ဆီ တန်းသွားပါလို့ပြောချင်တယ်။ အရမ်းအရေးကြီးပါတယ်။ ပထမအကြိမ်ကို မမိလိုက်ဘူးဆိုရင် ဒုတိယအကြိမ်မှာ အသက်အန္တရာယ် ရှိနိုင်ပါတယ်။ ဦးနှောက်ထဲက သွေးကြောလေးတွေ ပေါက်သွားပြီး အတွင်းထဲမှာသွေးထွက်နေတာမျိုး ဖြစ်နိုင်ပါတယ်။ ဦးနှောက်ထဲမှာ အကြိတ်အခဲ ဖြစ်နေတဲ့အချိန် ခေါင်းကိုက်တာမဟုတ်ဘဲ တတ်တဲ့လက္ခဏာလည်း ပြတတ်တယ်။ မျက်စိလည်း မှုန်လာနိုင်တယ်။ ခေါင်းလည်းကိုက်မယ် မျက်စိလည်း မှုန်လာမယ်ဆိုရင် ဦးနှောက်နဲ့ အာရုံကြောဆရာဝန်နဲ့ ကု သဖို့လိုပြီလို့ ပြောချင်တယ်။ 

Credit ----People Magazine

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)