ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, October 4, 2015

==လူထုကျန်းမာရေး(သွေးလေးဖက်နာအကြောင်း သိကောင်းစရာ)==

>
**Public Health**

 အခုပြောမယ့် လေးဖက်နာကတော့ ပိုးကြောင့်ဖြစ်တဲ့ လေးဖက်နာ မဟုတ်ပါဘူး။ သွေးကြောင့် ဖြစ်တာ၊ ပိုးသတ်ဆေးတွေ စားလို့ မပျောက်ပါဘူး။ သွေးကို ပြန်ပြီးသန့်ပေးတဲ့ ဆေးစားရပါမယ်။ သွေးလေးဖက်နာဟာ ကြာရင်၊ မကုသရင် အဆစ်အကောက် ကွေးသွားတက်ပါတယ်။ ခန္တာကိုယ်ထဲမှာ ပြေင်ကရောဂါပိုးမွှားတွေ ၀င်လာရင် ခုခံဓာတ်ရှိပါတယ်။ ဒီခုခံဓာတ်က တစ်ခါတလေမှာ မျက်စိလည်ပြီးတော့၊ ပိုးကိုမတိုက်ဘဲ ကိုယ့်ပစ္စည်း ကိုယ်ပြန်တိုက်တာရှိတယ်။ အဲဒီအခါမှာ ထွက်လာတဲ့ဓာတ်ကို RHEUMATOID FACTOR (RF) လို့ခေါ်ပါတယ်။ အဲဒီဓာတ်က အရိုးအဆစ်တွေကို တိုက်ခိုက်တဲ့အခါ သွေးလေးဖက်နာဖြစ်ပွားရပါတယ်။ အရွယ်မရွေး၊ ကျားမ မရွေးဖြစ်နိုင်ပါတယ်။ အသက် (၃၀)မှ (၅၀)ကြား အဖြစ်များပါတယ်။ မိဘမျိုးရိုးထဲမှာ ဖြစ်ဖူးတဲ့ လူရှိရင်လည်း ဖြစ်နိုင်ချေရှိပါတယ်။ ကင်ဆာရောဂါလိုပဲ ကံဆိုးတဲ့လူတွေမှာ ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ လူ ၁၀၀ မှာ ၁ ယောက် နှုန်းလောက် ဖြစ်ပွားပါတယ်။ အဓိကလက္ခဏာကတော့ အဆစ်နာတာပဲ။ အဆစ်တစ်ဆစ်တည်း မဟုတ်ဘဲ လေးခုလောက်နာပါတယ်။ ဒူးအဆစ်တစ်ခု ပဲ နာတယ်ဆိုရင်တော့ အရိုးကျီးပေါင်း ဖြစ်ဖို့များပါတယ်။ အဆစ်ဟာနာရုံတင်မကဘဲ ရောင်ရမ်းနေမယ်။ ဖောင်းနေမယ်ဆိုရင် စမ်းသပ်စစ်ဆေးရပါမယ်။

 နောက်တစ်ခုကတော့ နာတဲ့အဆစ်ကို လက်ညှိုးနဲ့ လက်မကြားမှာ ဖျစ်ညှစ်ကြည့်လိုက်လို့ ပိုမနာဘူး ဆိုရင် ကိစ္စမရှိဘူး။ မခံနိုင်အောင် နာတယ်ဆိုရင်တော့ သွေးလေးဖက်နာ ဖြစ်နိုင်ချေပိုများပါတယ်။ တတိယတစ်ချက်ကတော့ အဆစ်နာတာက လှုပ်လိုက်ရှားလိုက်ရင် ပိုမနာဘဲ သက်သာပြီး၊ မနက်စောစောမှာ တစ်နာရီကျော်နာနေတာပါပဲ။ အဲဒီလိုလူမျိုးကို သွေးဖောက်စစ်ရပါမယ်။ (RF) RHEUMATOID FACTOR လို့ခေါ်တဲ့ လေးဖက်နာဓာတ်ကို တွေ့ရပါမယ်။ ဓာတ်မှန်ရိုက်ကြည့်ရင် အရိုး တွေစားနေတာကိုလည်း တွေ့ရပါမယ်။ အခြားရောဂါတွေလို သိပ်ပြီး ရှုပ်ထွေးတဲ့ စမ်းသပ်မှုတွေ မလိုပါဘူး။ လူနာကို လက်တွေ့ စမ်းသပ်စစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း၊ သွေးထဲမှာ (RF) ရှာဖွေခြင်းတို့်ဖြင့် ရောဂါဟုတ်မဟုတ် သိနိုင်ပါတယ်။ တစ်ကမ္ဘာလုံးမှာ လည်း အတူတူပါပဲ။ လေးဖက်နာဟာ အဓိကသုံးမျိုးရှိပါတယ်။ အဆစ်နာတိုင်း လေးဖက်နာဆိုပြီး ပင်နီဆလင်တွေသောက်ပြီး နောက်ပိုင်း အဆစ်ကောက်ကွေးသွားတာတွေ အများကြီးတွေ့ရပါတယ်။ လေးဖက်နာမှ ပိုးလေးဖက်နာ (RHEUMATIC ARTHRITIS)၊ သွေးလေး ဖက်နာ (RHEUMATOID ARTHRITIS) SLE (SYSTEMIC LUPUS ERYTHEMATOSUS) ဆိုပြီး သုံးမျိုးရှိပါတယ်။ အဲ့ဒီရောဂါသုံးခုရဲ့ နောက်ဆက်တွဲ ရှုပ်ထွေးမှုတွေ မတူကြပါဘူး။ ပိုးကြောင့်ဖြစ်သော လေးဖက်နာ နောက်ဆက်တွဲ ရှုပ်ထွေးမှု အဖြစ် နှလုံးအဆို့ရှင် ပျက်စီးတာတို့လို ရောဂါတွေဖြစ်နိုင်ပြီး၊ သွေးလေးဖက်နာရဲ့ ရှုပ်ထွေးမှုက အဆစ်တွေ ကောက်ကွေးသွား တက်ပြီး အိပ်ရာပေါ် လဲသွားနိုင်ပါတယ်။ အရေပြားလေးဖက်နာကျတော့ ကျောက်ကပ်ပျက်စီးသွားနိုင်ပါတယ်။ အဆစ်နာတယ် ဆိုပြီး ကိုယ်ဟာကိုယ် ထင်ရာကုရင် ရောဂါနဲ့ ဆေးမကိုက်ညီပါက အနာကသက်သာပေမယ့် နောက်ဆက်တွဲ ဆိုးကျိုးတွေကို မကာ ကွယ်နိုင်တဲ့အတွက် အဆစ်သုံးခု အထက်ရောင်တယ်ဆိုရင် ကျွမ်းကျင်မှုဆိုင်ရာ ဆရာဝန်နဲ့ စောစော စီစီး ကုသဖို့ လိုအပ် ကြောင်း မှာကြားချင်ပါတယ်။

 Credit to Mg Mandalay စာကြည့်ခန်း

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)