မိတ်ဆွေတစ်ဦးသည် လုပ်ငန်းကြီးများ လုပ်ကိုင်ပြီး အောင်မြင်နေသော စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်သည်။ သူသည် စိုပြည်ဝဖြိုးသော ဥပဓိရုပ်ပိုင်ရှင်ဖြစ်ပြီး အပြင်ပန်းအားဖြင့်ကြည့်လျှင် ကျန်းမာသော လူကြီးတစ်ဦးဖြစ်သည်။ သို့သော် သူနှင့်အနီးကပ်နေသောအခါမှ သိလာရသည်မှာ သူ့တွင် ရောဂါကြီးကြီး မားမား သုံးမျိုးခန့်ရှိနေသည်။ သူသည် အသည်းအဆီဖုံးသည်ဟု စတင်သိရသည့်အချိန်မှစ၍ အထူးကုဆရာဝန်ကြီးများနှင့် ပြသနေခဲ့ သည်မှာ သုံးနှစ်၊ လေးနှစ်ရှိခဲ့ပြီ။ သို့သော် ထိုရောဂါများမှာ ပျောက်ကင်းမသွားသည့်အပြင် တစ်ခုပြီးတစ်ခု တိုးလာခဲ့သည်။ နောက်ဆက်တွဲ နှလုံးသွေးကြောကျဉ်းဝေဒနာ၊ သွေးတိုးဝေဒနာနှင့် ကျောက်ကပ်
ကျောက်တည် ဝေဒနာများပါ ထပ်မံတိုးလာခဲ့သည်။ တစ်ခါက သူ့အိမ်တွင်ကြုံ၍ ထမင်းဝင်စားဖြစ်သည်။ သူစားသော အစားအသောက်များမှာ အိမ်မှချက်သော အစားအစာများမဟုတ်။ ဆိုင်များမှ ကောင်းနိုးရာရာ ခံတွင်းတွေ့မည့် ဟင်းလျာများကို သူ၏တပည့်တစ်ဦးမှ ဝယ်၍ စားကောင်းအောင် စီစဉ်ပေးခြင်းဖြစ်သည်။ ထိုအစားအသောက်များမှာ အဆီနှင့် ဟင်းချိုမှုန့် အရောင်ဆိုးဆေးများပါနေသည်ကို တွေ့ရသဖြင့် သူ့ကို ဖြစ်ပါ့မလားဟု မေးကြည့်မိသည်။ သူက ''ဖြစ်ပါတယ်၊ အစာစားပြီးရင် ဆေးသောက်လိုက်ရုံပဲ၊ အစာ များများစားမှ ကျန်းမာမယ်၊ အစာလည်းဆေး ဆေးလည်းအစာပဲ'' ဟု ပြောပါသည်။သူသည် ထမင်းစားပြီး နောက် ဆေးတောင့် ဆေးပြားများ မျိုးစုံ လက်တစ်ခုပ်စာမျှ ရေအေးနှင့်သောက်ချလိုက်သည်ကို တွေ့ရသည်။ မည်သို့ အကျိုး
ဖြစ်မည်မသိသော်လည်း သူသောက်ရသည့်ဆေးမှာ အစာနှင့်တန်းတူဖြစ်တော့မည်။
များလွန်းသည်ဟု ထင်မိသည်။ သူ့မှာ မနက်စာစားပြီး သောက်သည့်ဆေး၊
ညစာစားပြီးသောက်သည့်ဆေး၊ အိပ်ရာဝင် သောက်သည့်ဆေး စသည်ဖြင့်
ဆေးကိုးမျိုး၊ ဆယ်မျိုးသောက်နေရသည်မှာ အလုပ်တစ်ခုလိုမျိုး ဖြစ်နေသည်။
လမ်းလျှောက်ချိန်ဟူ၍လည်း မရှိ၊ အလုပ်ထဲမှာပင် တစ်နေကုန် နစ်မျောနေသည်ကို
တွေ့ရသည်။ ရုပ်ကို အာဟာရကစောင့်သည်ဆိုသော စကားရှိသည်။
သူ၏ စိုပြည်ဝဖြိုးနေသောရုပ်မှာ သူစားသော အစာအာဟာရများကြောင့် ဖြစ်သည်။
သို့သော် ထိုအစာ အာဟာရများ၏ နောက်ကွယ်တွင် မကြေ ညက်ခြင်း၊ အဆီတိုးခြင်း၊ အသားတိုးခြင်းတို့သည် နှစ်ရှည်ကြာသောအခါ စုမိလာပြီး မိမိခန္ဓာကိုယ်ကို မိမိမနိုင်သောအခြေအနေသို့ ရောက်ရှိသွားနိုင်ပေသည်။ မည်သည့်ရောဂါဖြစ်ဖြစ် ငါ့မှာဆေးရှိသည်။ ဆေးမှန်မှန် မှီဝဲလျှင် ပျောက်သည်။ ရောဂါရှိလျှင် ဆေးရှိသည်ဟု
ယူဆပြီး ဆေးကို မျက်စိမှိတ်အားကိုးနေသူများ ရှိသည်။ ထိုသူများသည် ဆေးယဉ် ဆေးရိုး သော၊ ဆေးမတိုးသောရောဂါများဖြင့် ဒုက္ခတွေ့ကြရသည်ကို တွေ့ရဖူးသည်။ အစာလည်းဆေး၊ ဆေးလည်းအစာ
ဆိုသောစကားမှာ တရားသေဆုပ်ကိုင်ထားသင့်သော စကား မဟုတ်ပေ။ အစားများလွန်းလျှင်လည်းမကောင်း၊ ဆေးများလွန်းလျှင်လည်း မကောင်းဟု
သတိပြုသင့်ပေ သည်။
+MOI Webportal Myanmar+
**Public Health**

No comments:
Post a Comment