ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, October 13, 2015

==ကိုရီးယားရုပ်သံဇာတ်လမ်းတွဲများကိုဂျပန်NHKရပ်ဆိုင်းပြီနဲ့  ယခုလအတွင်းဟိုအကြောင်း။ဒီအကြောင်း၊သူတို့ အကြောင်း==

>
**ကိုရီးယားရုပ်သံဇာတ်လမ်းတွဲများထုတ်လွှင့် ခြင်း ကိုရပ်ဆိုင်းတော့မည့်NHK**

ဂျပန်နိုင်ငံ၏ ရုပ်သံလိုင်းတစ်ခုဖြစ်သည့် NHK မိမိတို့ရုပ်သံလိုင်းအနေဖြင့်  တောင် ကိုရီးယားရုပ်သံဇာတ်လမ်းတွဲများထုတ်လွှင့် ခြင်း ကို ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း
 ထုတ်ဖော်ပြောကြား ခဲ့ သည်ကိုအောက်တိုဘာ ၁၁ ရက်တွင် ဂျပန် မီဒီယာများက ရေးသားဖော်ပြခဲ့ ကြသည်။

ထိုသို့တောင်ကိုရီးယားရုပ်ရှင်များထုတ်လွှင့်  ခြင်းကို ရပ်နားလိုက်ရသည့်  အကြောင်းအရင်းနှင့်  ပတ်သက်၍မီဒီယာများက အမျိုးမျိုးဖော်ပြခဲ့ ကြသည်။ NHKရုပ်သံလိုင်း၏ မှတ်တမ်းများအရ ယင်းရုပ်သံလိုင်းမှ ၂၀၀၃ ခုနှစ် ဧပြီလတွင် စတင်ကာ တောင်ကိkရီးယားရုပ်သံဇာတ်လမ်းတွဲ   “Winter Sonata”(ဟေမန်ဆောင်းရဲ့  ချစ်သံစဉ် ) ကို ထုတ်လွှင့် ခဲ့ သည်။ သို့ သော်
“Empress Ki”ရုပ်ရှင်ထုတ်လွှင့် မှုအပြီးတွင် တောင်ကိုရီးယားရုပ်သံ ဇာတ်လမ်းတွဲများ ထုတ်လွှင့်ခြင်းကို ရပ်နားခဲ့ ပြီး နောက်ပိုင်းတွင် ယခုကဲ့ သို့  ကိုရီးယားရုပ်သံ ဇာတ်လမ်းတွဲများ ထပ်မံထုတ်လွှင့်တော့မည် မဟုတ်ကြောင်း ကြေညာခဲ့ ခြင်းဖြစ်သည်။
ယင်းရုပ်သံဌာနမှ ကျွမ်းကျင်ဝန်ထမ်းတစ်ဦး၏ ပြောကြားချက်အရ ဂျပန်ပရိသတ်များအနေဖြင့်  မကြာသေးမီက ထုတ်လွှင့် ခဲ့ သော ကိုရီးယားရုပ်သံ ဇာတ်လမ်းတွဲများသည် စံယူအားကျဖွယ်ရာအချစ် ဇာတ်လမ်းများမှ သွေဖည်လာခဲ့ပြီး ပထမဆုံး ထုတ်လွှင့် ခဲ့ သည့်  ဟေမန်ဆောင်း၏ ချစ်သံစဉ် ရုပ်ရှင်မှ မင်းသားနှင့် မင်းသမီးတို့ ၏ အချစ်လောက် လေးနက်မှုမရှိတော့သည်ကို ခံစားလာရသည့်  အတွက် ရုပ်သံဇာတ်လမ်းတွဲများ ထုတ်လွှင့့် ခြင်းကို ရပ်နားခဲ့ ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဂျပန်စာရေးဆရာတစ်ဦးကမူ တောင်ကိုရီးယား ရုပ်သံဇာတ်လမ်းတွဲအများစုတွင် လူငယ် သရုပ်ဆောင်များက ရေပန်းစားလာခဲ့ ပြီး ယင်း လူငယ်သရုပ်ဆောင်များသည် ဂျပန်နိုင်ငံ၏ ရုပ်ရှင် ပရိသတ်ဖြစ်သော အသက်အရွယ်ကြီးသူများနှင့်  သဟဇာတမဖြစ်တော့ကြောင်း ရေးသားဖော်ပြခဲ့  သည်။ (အေးပြည့်) 

**သရုပ်ဆောင်ကြေးထက်ဇာတ်လမ်းကိုပဲကြည့်ကာရွေးချယ်တဲ့ကရန်နာကပူးလ်** 

 ဘောလိဝုဒ်ကြယ်ပွင့်  ယရုပ်ရှင်မင်းသမီး ကရန်နာကပူးလ်က မိမိအနေဖြင့်  ရုပ်ရှင်တစ်ခုကို လက်ခံရိုက်ကူးပေးရန်စဉ်းစားသည့်  အခါတွင် အဆိုပါရုပ်ရှင်အတွက် မိမိရရှိမည့် သရုပ်ဆောင်ကြေးထက် ရုပ်ရှင်၏ဇာတ်အိမ်တည်ဆောက်ပုံနှင့်  မိမိ ပါဝင်သရုပ်ဆောင်ရမည့် ဇာတ်ကောင်၏ ဓလေ့စရိုက်တို့ ကိုသာ ကြည့် ပြီးရွေးချယ်လေ့ရှိကြောင်း ပြောကြားခဲ့ သည်။ လတ်တလောတွင် ဘောလိဝုဒ် ရုပ်ရှင်လောကရှိ မင်းသမီးများအနေဖြင့်  သရုပ်ဆောင်ကြေးနှင့်  ပတ်သက်၍ ထိုက်သင့် သလောက်မရရှိဟုဆိုကာ မကြာခဏပြဿသနာများဖြစ်လေ့ရှိသော်လည်း သူ့  အနေဖြင့် မူ သရုပ်ဆောင်ကြေးအနည်းအများသည် ပြဿသနာမဟုတ်ကြောင်းနှင့်  ကိုယ်နှစ်သက်သည့်  ဇာတ်ကောင်တွင် ပါဝင်သရုပ်ဆောင်ရသည်ကသာ သူ့ အတွက် စိတ်ချမ်းမြေ့ဖွယ်၊ ကျေနပ်ဖွယ် ဖြစ်ကြောင်း အသက် (၃၅)နှစ်အရွယ်မင်းသမီးက ဆိုခဲ့ သည်။ 

ထို့ ပြင် သူက အနုပညာခရီးတစ်လျှောက် သူပါဝင်သရုပ်ဆောင်ခဲ့ သော ရုပ်ရှင်များတွင် သူ၏ဇာတ်ကောင်ရွေးချယ်ခြင်းနှင့်ပတ်သက်သည့်တိုးတက်မှုများကို အမြဲပြန်လည်သုံးသပ် လေ့လာလေ့ရှိကြောင်းလည်း မကြာသေးမီကပြုလုပ်ခဲ့ သော အင်တာဗျူးတစ်ခုတွင် ထုတ်ဖော်ပြောကြားခဲ့ သည်။ (အေးပြည့်) 

**ဂျာမနီအနေဖြင့်ယခုထက်ပိုမိုပီပြင်သော အဆုံးသတ် ကောင်းမွန်မှုလိုအပ်နေသည်ဟု ဟမ်းမဲလ်ဝေဖန်ခဲ့**

 ဂျာမနီအသင်းသည် ဂျော်ဂျီယာအား နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိ ပြီးနောက် အုပ်စု(ဃ)တွင် ပိုလန်အသင်းနှင့် အတူခြေစစ်ပွဲအောင်မြင် ခဲ့သော်လည်း ဂျာမနီအနေဖြင့်  ယခုထက်ပိုမိုပီပြင်သော အဆုံးသတ် ကောင်းမွန်မှုလိုအပ်နေသည်ဟု နောက်တန်းကစားသမား ဟမ်းမဲလ်က ဝေဖန်ခဲ့ သည်။ ဂျာမနီသည် လွန်ခဲ့ သည့် တစ်နှစ်ကျော်ကာလက ကမ်္ဘာ့တိုက်စစ်အကောင်းဆုံး အသင်းအဖြစ်ရပ်တည်နိုင်ခဲ့ သော်လည်း ၂၀၁၄ ကမ်္ဘာ့ချန်ပီယံဖြစ်ပြီးနောက်ပိုင်းခြေစွမ်းအနည်းငယ်ကျဆင်းလာခဲ့ ကာ ပြီးခဲ့ သည့်  အောက်တိုဘာ၈ရက်က ယှဉ်ပြိုင်ခဲ့ သော ယူရိုခြေစစ်ပွဲ၌လည်း အိုင်ယာလန်အား တစ်ဂိုး-ဂိုးမရှိဖြင့် အရေးနိမ့် ခဲ့ ရာ ခြေစစ်ပွဲအောင်ရန် နောက်ဆုံးပွဲအထိရုန်းကန်ခဲ့ရသည်။ ဂျာမနီသည် ၂၀၁၄ ကမ်္ဘာ့ဖလားတွင် ဘရာဇီးကဲ့ သို့ အသင်းမျိုးကို ခုနစ်ဂိုးအထိသွင်းယူနိုင်ခဲ့သော်လည်း လက်ရှိတွင်မူ မူလာနှင့်  ဂေါ့ဇီ တို့ ဂိုးမသွင်းနိုင်လျှင်ရုန်းကန်နေရသော အနေအထားတွင်ရှိနေသည်။ ယခင်က ဂျာမနီတွင် ကလိုဆေး၊ ဂိုးမက်စ်တို့ မှာဗဟိုတိုက်စစ်မှူးအဖြစ် ပီပီပြင်ပြင်ကစားနိုင်ကြပြီး လက်ရှိတွင် တိုက်စစ်မှူးစစ်စစ်အနေဖြင့်  ကစားနိုင်သော ကစားသမားရှားပါးနေရာ ဂိုးရရန်တောင်ပံတိုက်စစ် သမားများကိုသာ အားကိုးနေရသော အနေအထားတွင်ရှိသည်။ ကွင်းလယ်ကစားသမားအင်အားကောင်းမွန်သော ဂျာမနီမှာဘောလုံး ပိုင်ဆိုင်မှု၊ကစားကွက်ပုံဖော်မှုတို့ တွင် ပြိုင်ဘက်အသင်းကို သိသိသာသာ အသာရအောင်ကစားနိုင်သော်လည်း အဆုံးသတ်ကောင်းမွန်သော တိုက်စစ်မှူးမရှိသဖြင့်  သွင်းဂိုးတစ်ဂိုးရရန်ပင် ရုန်းကန်နေရသည်။ ““တိုက်စစ်က ဒီထက်ပိုပြီး အဆုံးသတ်ကောင်းမွန်ဖို့လိုပါတယ်။ တိုက်စစ်ပီပြင်ရင် ပွဲတစ်ပွဲကို သက်သက်သာသာအနိုင်ယူနိုင်မှာပါ။ ဂျော်ဂျီယာက ကမ်္ဘာ့အဆင့် သတ်မှတ်ချက်သိပ်မမြင့် ပေမယ့်  နည်းစနစ်ကောင်းတဲ့အသင်းပါ။ ဒါကြောင့် ဥရောပဖလားတကယ်ဝင်ပြိုင်တဲ့  အချိန်ကျရင် အခုထက်ပိုပြီး အဆုံးသတ်ကောင်းဖို့  လိုအပ်တာပေါ့”” ဟု ဟမ်းမဲလ်က ပြောကြားခဲ့ သည်။(မေလဲ့သင်း) 

**နယူးကာဆယ်အသင်းမှ ဂိုးသမားတင်ခရူးလ်..ယခုနှစ်ဘောလုံးရာသီကုန်အထိ အနားယူရမည်** 

ပရီမီယာလိဂ်ကလပ် နယူးကာဆယ်အသင်းမှ ဂိုးသမားတင်ခရူးလ်သည် ဒူးဒဏ်ရာ ပြင်းထန်စွာရရှိ ခဲ့ ခြင်းကြောင့်  ယခုနှစ်ဘောလုံးရာသီကုန်အထိ အနားယူရမည်ဖြစ်ကြောင်း သိရသည်။ဂိုးသမားတင်ခရူးလ်သည် အောက်တိုဘာ ၁၀ ရက်က ယှဉ်ပြိုင်ကစားခဲ့ သည့်  ကာဇက်စတန်အသင်းအား နယ်သာလန်အသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ သည့်  ယူရို ၂၀၁၆ ခြေစစ်ပွဲတွင် ညာဘက်ဒူးအရွတ် ပြင်းထန်စွာဒဏ်ရာရရှိခဲ့ ခြင်းဖြစ်သည်။ 

ထို့ ကြောင့်  အသက်(၂၇)နှစ်အရွယ်ရှိ နယ်သာလန်နှင့်  နယူးကာဆယ်ဂိုးသမား တင်ခရူးလ်သည် နောက်ထပ် ဆေးဝါးကုသမှုများခံယူရန်အတွက် နယူးကာဆယ်အသင်းသို့  ပြန်လာလိမ့် မည်ဖြစ်ကြောင်း နယူးကာဆယ်အသင်းက ပြောကြားခဲ့ သည်။ 

ဂိုးသမားတင်ခရူးလ်သည် ယခုနှစ်ဘောလုံးရာသီတွင် နယူးကာဆယ်အသင်းနှင့်အတူ
 ပရီမီယာလိဂ်ပွဲစဉ် ရှစ်ပွဲအထိ ပါဝင်ကစားပေးခဲ့ သော်လည်း နယူးကာဆယ်အသင်းမှာ လက်ရှိပဲ စဉ်(၈)ပြီးဆုံးချိန်အထိ နိုင်ပွဲတစ်ပွဲမျှရရှိထားခြင်းမရှိသေးဘဲ ပရီမီယာလိဂ် အမှတ်ပေးဇယား၏ အောက်ဆုတွင် ရပ်တည်လျက်ရှိကြောင်းသိရသည်။ 

လက်ရှိတွင် နယူးကာဆယ်အသင်းအနေဖြင့်  ပထမဦးစားပေးအဖြစ် သတ်မှတ်ထားသည့်  ဂိုးသမားတင်ခရူးလ်သည် ဒူးဒဏ်ရာရရှိခဲ့ ရာ ရာသီကုန်အထိ အနားယူရတော့မည် ဖြစ်သောကြောင့်  လိဂ်တူးကလပ်ခရောလီတောင်းအသင်းသို့ အငှားချထားခဲ့ သည့်  အရန်ဂိုးသမား ဖရီဒီးဝုဒ်မန်းအားအသင်းသို့  ပြန်လည်ခေါ်ယူသွားမည်ဖြစ်ကြောင်း လည်း သိရသည်။ (ငွေကြယ်)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)