ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, November 27, 2015

=လွဲလွဲလေးနဲ့ကျမ=

>
လောကမှာ အချိန် -အသက်အရွယ်နုပျိုမှု့ ဆိုတာကို ငွေနဲ့ဝယ်ယူလို့မရပါဘူး ။ ဒါပေမဲ့ ကျမတို့တွေ အားလုံး ဟာ ငွေရှာဖို့အတွက် အချိန်ဆိုတာနဲ့ အသက်အရွယ် ဆိုတာကို သတိမထားမိဘဲ ငွေ ..ငွေ.. ဆိုတဲ့ အသိတခုနဲ့ ဖြတ်ကျော်လာကြပြန်သည် ။ လူတိုင်းတော့ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မည်။ မိဘအသိုင်းအဝိုင်း ချမ်းသာတဲ့သူအဖို့ကတော့ ငယ်စဉ်ကထဲက အပူပင်ကင်းကင်းနဲ့ ဘဝကိုစတင်လို့ရပါလိမ့်မည် ။ လူဦးရေ ပမာဏနဲ့ အချိုးကျရင် သုံးပုံနှစ်ပုံသော လူတွေဟာ ကျမဆိုသလိုပါဘဲ ငွေဆိုတာကို အချိန်နဲ့ အသက်အရွယ်ကို မေ့ထားပြီး ရှာခဲ့ကြတာပါ ။ ငွေတခုထဲနဲ့ဘဝ တခုတည်ဆောက်လို့ရလားဆိုတော့လည်း မဟုတ်ပြန်ဘူး ။ဒါဆိုငွေထက်ပိုအရေးကြီးတာ ကဘာလည်းဆိုတော့ စစ်တမ်းကောက်သလိုရေတွက်ကြည့်ပြန်ရင်လည်း ငွေနဲ့ ဝယ်လို့မရ ငွေထက်အရေးပါတာတွေက ရှိနေပြန်ရော ။ မုန့်လုံးနဲ့ဂျာအေး အပြန်အလှန် စက္ကူကပ်နေသလိုပါဘဲ ။ပထမအရွယ် ပညာရှာ.. အခုခေတ်မှာတော့ ပထမ ပညာရှာတဲ့အရွယ်မှာတင် တချို့တွေကပညာရှာရင်းနဲ့အလုပ်တဘက်တွဲလုပ်လို့ ပညာနဲ့အတူ ငွေပါ ရှာနေကြရသည် ။ ငွေဆိုတာကလည်း အလွယ်တကူရှာလို့မရတဲ့ အရာဝတ္ထု တခုဖြစ်လေတော့ ပညာရှာရမဲ့အရွယ် ပညာသာသေချာရှာပါလို့ မပြောရဲကြဘူး ။ ကျမဆို ပညာရှာတဲ့အရွယ်မှာ direction တခုသေချာမထားဘဲ flow တခုအတိုင်းဘဲ စီးဆင်းခဲ့တာ ။ ဘွဲ့လေးတခုရတော့ သူများနည်းတူ ငွေ ..ငွေ ဆိုပြီးငွေနောက် လိုက်ခဲ့တယ် ။ တကယ်တမ်း ဘဝကိုသေချာနားလည် ဆန်းစစ် မိတဲ့အချိန်မှာတော့ ကျမဖြစ်ခဲ့တဲ့ ဆန္ဒနဲ့ ကျမ ရွေးချယ်လိုက်မိတဲ့ ဘဝက လွဲနေခဲ့ပြီ ။ဒီအချိန်ကျမှ တည့်မတ်အောင် ပြန်လုပ်လို့လည်း မဖြစ်နိုင်တော့ပြန်ဘူး ။ကျမရှာဖွေနေတယ်ဆိုတဲ့ ငွေကလည်း ကျမလိုချင်သမျှ ဆန္ဒတွေအကုန်ပြည့်အောင် ဖန်တီးပေးနိုင်သလားဆိုတော့လည်း .... လိုအပ်နေတာတွေကတခုမဟုတ်တခု ရှိနေခဲ့တာဘဲ ။ ဒီအချိန်ကျမှ ဘာဆက်လုပ်မလည်းဆိုပြီး အစအဆုံး ပြန်လှန်ကြည့်ပြန်ရင်လည်း အသက်အရွယ်ကလည်း နောက်ပြန် လှည့်လို့မရ .... အချိန်တွေကလည်း တော်တော်လေး ကုန်ခဲ့ပြီး ..ငွေတွေရော အများကြီးရှိနေပြီလားဆိုတော့ ဦးနှောက်ရဲ့စာရင်းအင်းဌာနက သတင်းပို့တယ်... NOOOOOOOO တဲ့လေ ....။ ကဲ...အဲဒီတော့ ဟိုးအစကထဲက လွဲခဲ့တဲ့ အလွဲ တခုကို အခုချိန်မှ ပြန်တည့်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး... ။ အဲဒီတော့လည်း သက်ပြင်းလေး အသာချလို့ အခုအနေအထားလည်း ကိုယ်တိုင်ရွေးချယ်ခဲ့တာဘဲလေ.. သူများတွေလိုပါဘဲ..အေးအေးဆေးဆေး ဖြတ်သန်းလို့တော့ ရနေသားဘဲ..မဆိုးပါဘူးလေလို့ ကိုယ့်ဘာသာကို မချိပြုံးလေး ပြုံး ...ပြန်အားပေးရတယ်.. အဲဒီတော့မှ မချိသွားဖြဲ ဆိုတဲ့ စကားရဲ့ အနက်အဓိပ္ပါယ်ကို သေချာသဘောပေါက်သွားသည်။ တကယ်တော့ ဘဝမှာ ငွေ ..အသက်အရွယ်..အချိန်ကာလ ...ဒီသုံးခုက မျဉ်းပြိုင်လိုဘဲ... တခုနဲ့တခုက ပြိုင်ပြီးတာထွက်လာတာ..အဲဒီတော့ ပန်းတိုင်ကိုလည်း သုံးခုစလုံး ပြိုင်ပြီး ရောက်လာမှာ ။ ငွေကအရင်ရောက်ပြီး အသက်အရွယ်နဲ့ အချိန်က အများကြီးနောက်ချန်ပြီး နေခဲ့မှာတော့ မဟုတ်ဘူး.။ ငွေရှာရင်းနဲ့ အသက်တွေကြီးအချိန်တွေလည်း တဖြည်းဖြည်းတိုက်စားလာမှာ... ။ လွဲလွဲလေး ဖြစ်သွားတယ်ဆိုတဲ့ ကျမလိုအနေအထားနဲ့ စာရင် သေချာတွက်ချက်ထားတဲ့ စီစဉ်မှု့တခုနဲ့ ဖြတ်သန်းလာနိုင်တာပိုကောင်းပါတယ်။လွဲတယ်ဆိုတာ ..ရည်းစားနဲ့လွဲရင်လည်း မကောင်းဘူး..။ ဖြစ်ချင်တဲ့ဆန္ဒတွေလွဲရင်လည်း မကောင်းဘူး ။ သူငယ်ချင်း နဲ့ချိန်းထားပြီးလွဲရင်တောင် မကောင်းဘူး ။ အလွဲဆိုတာဘယ်အလွဲမှ မကောင်းဘူး ။ကျမကတော့ ဆန္ဒတွေတော်တော်များများလွဲခဲ့တယ် ။ အဲဒီတော့ လူငယ်တွေ ကိုကျမလို မလွဲစေချင်ဘူး .. ... ။ ကျမကတော့ ဒီအလွဲလေးအတိုင်းကိုဘဲ အကောင်းဆုံးဖြစ်အောင် ဖန်တီးဖို့ ကြိုးစား နေဆဲပါ ။။။ 

......................................................

 +ပစ်ပစ် +

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)