ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, December 15, 2015

" ဘုန်းကြီးကျောင်းမှာခြောက်တဲ့ တစ္ဆေ"

>
ဘုန်းကြီးကျောင်းမှာခြောက်တဲ့ တစ္ဆေ ၂၀၁၅ ခုနှစ် ၇ လပိုင်းကျော် ၈ လပိုင်းအတွင်းက မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများအတွင်း စံချိန်တင်ရေကြီးရေလျှံမှု ကြီး ဖြစ်ပွားနေစဉ် ကာလအတွင်းမှာ မကွေးတိုင်း ရေစကြို မြို့နယ် အတွင်းရှိ ချင်းတွင်းမြစ် တစ်ဖက်ကမ်း က ရွာလေးတစ်ရွာမှာအမှန်တစ်ကယ်ဖြစ်ပွားခဲ့သော ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါသည်။ "ဟေ့ ရေတွေအရမ်းတက်ပြီကွ ခုရွာ သင်္ချိင်းမှာထားထားတဲ့ အလောင်းစင် နဲ့ သေတ္တာ တွေတစ်စစီရေထဲမှာ မျောနေပြီ သွားဆယ်ကြရအောင်လာလိုက်ခဲ့ကြ "
 ရပ်ရွာအုပ်ချုပ်ရေးမှုးက ရွာကာလသားများကို စုဝေးစေပြီးနောက် ရွာသင်္ချိင်းကုန်းရှိရာသို့ လာခဲ့ကြသည်။ ထို့နောက် တစ်စီပြန့်ကျဲနေသော လူသေကောင်တင်ရာ အလောင်းစင် နှင့် လူသေကောင်ထည့်သည့် အခေါင်း တို့ကို လိုက်လံသိမ်းစည်းပြီးနောက် ရွာဦးဘုန်းကြီးကျောင်းသို့ သယ်လာခဲ့ကြသည်။ "ဘုန်းဘုန်း ဘုရား တပည့်တော်တို့ ပစ္စည်းတွေ ကျောင်းမှာ ခဏထားချင်ပါတယ်ဘုရားရွာသင်္ချိင်းကစင်နဲ့ သေတ္တာပါဘုရား ရေတွေကြီးလို့ ရေထဲမျောနေလို့ပါဘုရား" "အေးအေး ဒကာတို့ ခြံထဲမှာထားခဲ့ကြလေဒါပေမယ့် အဲ့ဒီအခေါင်းကြီးတော့ပြန်သယ်သွားကြ ဘုန်းကြီးကျောင်းလာကြတဲ့ လူတွေကြောက်နေကြလိမ့်မယ် အလောင်းစင်ကတော့အရှင် ဆိုတော့ ခု တစ်စစီဖြစ်နေတာဆိုတော့ အမှတ်တမဲ့သိမှာမဟုတ်ဘူး""တင်ပါ့ဘုရား ဒါဆိုလည်း အခေါင်းကိုတော့ သင်္ချိင်းမှာပဲ ဖြစ်သလိုကြိုး ချည်ထားလိုက်ပါ့မယ် ဒါဆိုတပည့်တော်တို့ ထားခဲ့ပြီဘုရာ့ " "အေး အေး ဒကာတို့" ရွာဘုန်းကြီးက ကျောင်းကြီးတစ်ကျောင်းလုံးမှာ တစ်ပါးတည်း ကျောင်းထိုင်သည်။ ညဘက် ကျိန်းတော့လည်း ဗိမ္မာန်ထဲမှာတစ်ပါးတည်းကျိန်းသည်။ ပထမည။ထိုည ၇ နာရီ ၈ နာရီလောက်ပင်ရှိလိမ့်ဦးမည်။သော့ခတ်ထားသော သံဘာဂျာ တံခါး ကိုဖောက်၍ အရပ်ရှည်ရှည် အသားမည်းမည်း လူတစ်ယောက် ဝင်လာသည်ကို အိပ်မပျော်သေးသော ဘုန်းဘုန်းမှ မြင်လိုက်ရသည်။ ထိုလူမှ ဘာမပြောညာမပြောနှင့် ဘုန်းကြီးအား အတင်းဝင်လုံးတော့ သည်။ဘုန်းကြီးလည်း ရုန်းရင်းကန်ရင်း နှင့် လုံးထွေးသတ်ပုတ်ပြီးခဏအကြာ ထိုလူပျောက်သွားသည်။ ထိုသို့ဖြစ်ပြီးမကြာမှီအချိန်တွင်းမှာပင် မိန်းမတစ်ယောက် ကတံခါးကို အတင်းတွန်းပြီး "တံခါးဖွင့်ပေး ပါ တံခါးဖွင့်ပေးပါ"ဟုအော်ဟစ်ပြီး သံဘာဂျာတံခါးကိုတွန်းလိုက်ဆွဲလိုက်နှင့် တစ်ဝုန်းဝုန်းနှင့် ဆူညံနေတော့သည်။ သူ့နောက်မှ ခလေးများ ငိုသံကိုလည်း ကြားလိုက်ရပြန်သည်။ထိုမိန်းမမှပင် "ဟဲ့ကလေးတွေ တိတ်ကြစမ်း ဘာလို့အင်္ကျီ တွေ ချွတ်နေကြတာတုန်း ခုပြန်ဝတ်စမ်း" မိန်းမ၏သဏ္ဏန်ကိုသာမြင်ရပြီး ကလေးများကိုတော့မမြင်ရပေ။ ဘုန်းကြီးလည်း မျက်စိမှိတ်၍ ဘုရားစာသာရွတ်နေလိုက်တော့သည်။ထိုညတော့ ဘာသံမှထပ်မကြားရတော့ပေ။ ဒုတိယည။ မနေ့ကအချိန်မှာပဲ မိန်းမတစ်ယောက်တံခါးပေါက်သို့ရောက်လာခဲ့ပြန်သည်။ "ဘုန်းဘုန်း တံခါးဖွင့်ပါဘုရား တံခါးဖွင့်ပေးပါ" သံတံခါးကို လှုတ်၍ ဖွင့်ခိုင်းပြန်သည်။မိန်းမလို့ဆိုပေမယ့် တစ်ကိုယ်လုံးကို မြင်ရသည် မဟုတ်။ ခါးအောက်ပိုင်းထမီဝတ်ထားသည်ကို သာမြင်ရခြင်းဖြစ်သည်။ဒီတစ်ခါတော့ခလေးငိုသံများလည်း မကြားရတော့။နောက်တစ်ယောက်ဖြစ်မည် ထင်သည်။ ဘုန်းကြီးလည်း မတ်တပ်ထရပ် ၍ထိုတံခါးပေါက်ဆီသို့လျှောက်သွားလိုက်တော့သည်။ ထိုသို့လျှောက်လာသောအခါမှ ထိုမိန်းမက နောက်ပြန်လှည့်၍ ခြံတံခါးဝသို့ ပြန်သွားသည်။ ဘုန်းကြီးလည်း နောက်မှလိုက်သွားကြည့်ရာ တံခါးအပြင်သို့အရောက် ထိုမိန်းမ နှစ်ခြမ်းကွဲ၍ တစ်ခြမ်းက အရှေ့ဘက်သို့၎င်း၊တစ်ခြမ်းက အနောက်ဘက်သို့ ၎င်း နှစ်ခုကွဲ၍ ထွက်သွားသည်ကိုမြင်လိုက် ရလေတော့သည်။ ထိုအခါမှ ဘုန်းကြီးလည်း ကျောင်းထဲသို့ပြန်ဝင် ခဲ့သည်။တတိယည။ ဟိုနှစ်ညကထက် နည်းနည်းနောက်ကျသည်။ဘုန်းကြီးအိပ်မပျော့် တစ်ပျော် အချိန် မှာ ဘုန်းကြီးကျိန်းနေရာ ရှေ့တည့်တည့်တွင် ကိုရင်သာမဏေ လေး နှင့်ကျောင်းသားတစ်ယောက် ကျုံ့ ကျုံ့ လေးထိုင်နေသည်ကို တွေ့လိုက်ရသည်။ ကျောင်းသားမှာ အသားဖြူဖြူ နှင့် ဂျင်းဘောင်းဘီရှည်ကိုဝတ်ဆင်ထားသည်ကို ထင်ထင်ရှားရှားမြင်ရသည်။ ကိုရင်လေးကိုတော့ကိုရင်သာမဏေ လေးတစ်ပါးဟုသာအကြမ်းဖျင်းတွေ့ရသည်။ ဘုန်းကြီးလည်း ဒီတစ်ခါတော့ အိပ်လျက်နှင့်ပင် ပဌာန်းကို"ဟေတုပစ္စရော"ကို အသံထွက်၍ ရွတ်ဆိုလိုက်ရာ ထိုသူများမှ"အာရမ္မဏ ပစ္စရော"ဟု ရှေ့မှကျော်၍ ရွတ်ဆိုတော့လေရာဘုန်းကြီးမှာ ထိုနေရာမှ ထ၍ ဖုန်းကိုယူကာရွာအုပ်ချုပ်ရေးမှုးကို ဖုန်းဆက်ခေါ်တော့သည်။ "ဒကာ ဒကာခု ကျုပ်ကျောင်းကိုမြန်မြန်လာမှဖြစ်မယ် ခုချက်ချင်လာခဲ့ပါ" "တင်ပါ့ဘုရား တပည့်တော်တို့သားဖလာခဲ့ပါ့မယ်ဘုရား ဘာလို့လဲဘုရာ့ ဘာအကြောင်းများရှိလို့လဲဘုရာ့" "မေးမနေနဲ့ ဒကာ မြန်မြန်သာရောက်အောင်လာခဲ့" "တင်ပါ့ ခုလာပါပြီဘုရာ့" ဖုန်းပြောပြီးလှည့်ကြည့်လိုက်တော့ ဟိုကိုရင် နဲ့ ကျောင်းသားမရှိတော့။ ရွာအုပ်ချုပ်ရေးမှူးမှာ သူ့သားတစ်ယောက်ကို ချက်ချင်းနှိုး၍ ဘုန်းကြီးကျောင်းသို့ အမြန်ဆုံးရောက်ချလာတော့သည်။ "ဘုန်းဘုန်း ဘာဖြစ်လို့လဲဘုရာ့ ကျန်းမာရေးမကောင်းလို့လား" "ကျန်းမာရေးက ဘာမှမဖြစ်ဘူးဟေ့မင်းတို့လာထားတဲ့ပစ္စည်းတွေခုချက်ချင်း ပြန်သယ်သွားကြတော့"
 "ဗျာ ဘာဖြစ်လို့လဲဘုရာ့""ဘာဖြစ်ရမလဲ ဒီပစ္စည်းတွေကြောင့် ငါကောင်းကောင်းမကျိန်းရတာ သုံးရက်ရှိနေပြီအခုမခံနိုင်တော့တဲ့အဆုံး မင်းဆီဖုန်းဆက်ရတာပဲ"
 "ဟာ ဒါဆိုရင်တော့ တပည့်တော်တို့ နှစ်ယောက်တည်းတော့မဖြစ်ဘူး ရွာထဲကကောင်တွေ လှမ်းခေါ်လိုက်ဦးမယ်ဘုရာ့" 
ရွာထဲမှာကာလသား ၁၀ ယောက် ၁၅ ယောက်လောက်အားဖုန်းဆက် လှမ်းခေါ်ပြီးနောက် 
ထိုပစ္စည်းများကို သင်္ချိင်းသို့ပြန်သွားပို့ရန်ပြင်ရတော့သည်။
 "ဒကာကြီး မင်းတို့ကောင်တွေတစ်ကောင် မကျန်အကုန်လုံးပြန်ခေါ်သွားကြ "
"တင်ပါ့ ကဲဒီဝင်းထဲကို လိုက်လာကြတဲ့သူတွေ မင်းတို့အားလုံးကိုယ့်နေရာကိုယ်ပြန်လိုက်ခဲ့ကြ ငါရွာအုပ်ချုပ်ရေးမှုးက ခေါ်နေတယ်တစ်ယောက်မှမကျန်ခဲ့စေနဲ့" 
ထိုညတွင်းချင်းပင် ထိုပစ္စည်းများကို သူ့နေရာသူသွားပြန်ထားကြရလေသည်။ ရေကအကုန်လုံး မဟုတ်တောင် သုံပုံနှစ်ပုံလောက်ပြန်ကျသွား၍တော်သေးတော့သည်။နောက်နေ့ညမှစ၍ ဘုန်းကြီးကျောင်းတွင် ဘာသံမှမကြားရတော့ပဲ ယခင်အတိုင်းငြိမ်းငြိမ်းချမ်းချမ်းအိပ်စက်၍ ရပြီဖြစ်ကြောင်း ဘုန်းဘုန်းမှမိန့်တော်မူပါသည်။သူတို့တစ်ကယ်ရှိကြပါတယ်တဲ့။ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ 

+ရောသမမွှေမောင်စိုး+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)