>
ပြောင်းလဲခြင်းတွေကို မြင်တွေ့ ချင်ပေမဲ့ မငြိမ်းချမ်းသေးသော စစ်ပွဲများနဲ့ အဖိနှိပ်ခံ မြန်မာပြည်သူလူထုဘ၀ကတော့
ပြည်တွင်းပြည်ပ ဘယ်နေရာမှာ မဆို ထိုနည်း၎င်း အဆင့်က မတက်သေးတာ အမှန်အတိုင်း တွေ့ မြင်နေရတယ်..။
ခေတ်အဆက်ဆက် မြန်မာအစိုးရ တွေရဲ့ ဖောက်ပြန်ခြစားမှုများ၊
လူထုအပေါ်ဖိနှိပ်ချုပ်ချယ် ဗိုလ်ကျမှုတွေရဲ့ အကျိုးဆက်တွေက
အခုအချိန်ထိ မပြောင်းမလဲ လက်သံပြောင်ပြောင် ပုံရိပ်ထင်နေတယ်..။
အတိတ်ကလို ပြဿသနာနဲ့ ပဋိပက္ခတွေကြား တိုင်းပြည်နဲ့ လူမျိုးကို
ပစ်ထားခဲ့ တဲ့ ပြောင်းလဲခြင်းကို အမွေဆိုးအဖြစ်ရမဲ့ ကိန်းအား တိုင်းပြည် ရှေ့ အနာဂတ်မှာ မြင်တွေ့ နေရတယ်..။သံသယတွေ
ဘေးဖယ်ပြီး ယုံကြည်မှုကို လက်တွေ့ တည်ဆောက်ချင်ပါတယ်။
ဒါပေမဲ့ ဥပဒေကို လက်တလုံးခြား လှည့်စားတတ်တဲ့ တိုင်းပြည်မှာ ဖြစ်ပေါ်လာတဲ့ ပြဿသနာထဲ
အကြောင်းအကျိုးကို တိတိကျကျဝေဖန်ဆန်းစစ်ခြင်းမရှိပဲ ဆူပူအကြမ်းဖက်မှုဆီဦးတည်နိုင်တဲ့ အဖြစ်အပျက်မှာ
မျက်ကန်း မျိုးချစ် မဖြစ်ဖို့ နဲ့ အတိတ်ကလို ထောင်ခြောက်ထဲ
ရောက်မသွားဖို့ သိပ်အရေးကြီးတဲ့ အသွင်ကူးပြောင်းရေးကာလထဲ
ရောက်နေတယ် လို့ သုံးသပ်မိတယ်..။
အစိုးရ ၊ အတိုက်အခံ ၊ လက်နက်ကိုင် တိုင်းရင်းသား
လူမျိုးစုများကြား အမျိုးသားပြန်လည်သင့်မြတ်ရင်ကြားစေ့ရေးမူနဲ့ ကမ္ဘာ့အလယ် သိက္ခာကျမျက်နှာငယ်နေရတဲ့ တိုင်းပြည်နဲ့ လူမျိုးကို ကယ်တင်ရမဲ့အချိန်ရောက်ပါပြီ.။ ကိုယ့်လူမျိုးအချင်းချင်း
အာဃာတတွေ ဘေးဖယ်ပြီး တိုင်းပြည်ငြိမ်းချမ်းရေးနဲ့ပြန်လည်
တည်ဆောက်ရေးကို ဦးတည်ရမှာ မလွဲမသွေပါ..။ခေတ်က
တောင်းဆိုချက်နဲ့ လူထုရဲ့ လိုလားချက်ကတော့ ဆင်းရဲတွင်း
နက်ထဲက ရုန်းထွက်ချင်တဲ့ အပြင် တရားဥပဒေစိုးမိုးရေး
ပညာရေး ကျန်းမာရေး စီးပွားရေး ကောင်းမွန်တိုးတက်ရေးကို လိုလားနေတာ ကြာမြင့်လှပါပြီ..။
တချိန်ထဲမှာ ပဲ မြန်မာပြည်ရဲ့ နိုင်ငံခြားရေးမူဝါဒအပါအ၀င် သံတမန်ရေးရာမှာ အပြောထက် လက်တွေ့ ကျကျ ဖြေရှင်းရမဲ့
ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုကိစ္စမှာ သေဒဏ်ကျခံရမဲ့
ဇော်လင်း နှင့် ဝင်းဇော်ထွန်း အရေးကိစ္စကို မြန်မာအစိုးရမှ ဘယ်လို ဆောင်ရွက်မလဲဆိုတာ စိတ်ဝင်စားစရာဖြစ်သလို အပြောင်းအလဲဆီ ဦးတည်နေတဲ့ကာလမှာ ကိုယ့်လူမျိုးကို
ဥပဒေအရ ဘယ်လို အကာအကွယ်ပေးနိုင်ကြောင်း ပြသရမဲ့
မြန်မာအစိုးရရဲ့ တာဝန်ဝတ္တရားနဲ့ ပြည်သူလူထုရဲ့ ယုံကြည်မှုကို
ရယူရမဲ့ အချိန်အခါကောင်းလည်း ဖြစ်ပါတယ်..။
၂၀၁၅ ခုနှစ်ထဲ ပူပူနွေးနွေးဖြစ်ခဲ့တဲ့ ကနေဒါနိုင်ငံသားတယောက်
အီဂျစ်မှာ ဖမ်းဆီးခံရမှုမှာ ကနေဒါအစိုးရရဲ့ သံတမန်ရေးရာ ကောင်းမွန်စွာ ဆောင်ရွက်မှုကြောင့်
အဆိုပါနိုင်ငံသားကို အီဂျစ်အစိုးရက ပြန်လည် လွှတ်ပေးခဲ့ပါတယ်..။အစိုးရဆိုတာ ပြည်သူပြည်သားတွေကို အခွန်ကောက်ယုံသာလုပ်ပြီး တရားဥပဒေအရ အကာအကွယ်
မပေးတဲ့ အစိုးရကို ဘယ်ပြည်သူမှ လိုလားမယ် မထင်ပါဘူး..။တခြားတဖက်မှာလည်း အခြားနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒတွေ လေ့လာပြီး
အိမ်နီးချင်းနိုင်ငံချင်း အကျဉ်းသား လဲလှယ်မှုများကြောင့် အမေရိကန်နဲ့ ကနေဒါနိုင်ငံတို့ ရဲ့ ချစ်ကြည်ရင်းနှီးမှုအား ပိုမိုကောင်းမွန်စေခဲ့ပါတယ်..။မြန်မာအစိုးရအနေဖြင့်လည်း အတိတ်မှာ မြန်မာနိုင်ငံ၌ အကျဉ်းကျနေတဲ့ ထိုင်းငါးဖမ်းသမား
တွေ ကို လွှတ်ပေးခဲ့တဲ့သာဓကများ ရှိခဲ့ဘူးပါတယ်..။
အခုကိစ္စရပ်ဟာ ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ သန်းပေါင်းများစွာသော မြန်မာရွှေ့ ပြောင်းအလုပ်သမားများရဲ့ အနာဂတ်နဲ့ လည်း တိုက်ရိုက်သက်ဆိုင်နေတဲ့ အတွက်
မြန်မာအစိုးရမှ မျက်နှာလွှဲ ခဲပစ်လို့ မရတာ ကျိန်းသေပါတယ်။
ထိုင်းနဲ့ မြန်မာပြည်တို့ ရဲ့ အိမ်နီးချင်းကောင်းပီသမှုကို
ပြသရမဲ့ အချိန်မှာ အပြစ်မဲ့ မြန်မာနိုင်ငံသား ( ၂ )ဦး
အသက် မဆုံးရှုံးရေးကလည်း အဓိကကျပါတယ်..။မြန်မာနိုင်ငံ
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က
လိပ်ကျွန်းအမှု သက်သေ အထောက်အထားခိုင်လုံမှု ရှိမရှိ ပြန်လည်ဆန်းစစ်ပေးဖို့ ထိုင်းဒုဝန်ကြီးချုပ်၊
ကာကွယ်ရေး ၀န်ကြီးနဲ့ စစ်ဦးစီးချုပ် တို့ဆီ တောင်းဆိုခဲ့မှုကို
သံတမန်ရေး ပထမခြေလှမ်းအဖြင့် အကောင်းမြင်သလို လိပ်ကျွန်းလူသတ်မှုအတွက် မြန်မာ ၂ ဦးကို သေဒဏ် အပြစ်ပေးလိုက်ပြီးတဲ့နောက် ရဲတပ်ဖွဲ့ရဲ့ ညှဉ်းပန်းနှိပ်စက်မှုကို လွတ်လပ်ပွင့်လင်းစွာ စုံစမ်းပေးဖို့ ထိုင်းနိုင်ငံတာဝန်ရှိသူ
တွေကို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာအဖွဲ့ (အေအိုင်)က တောင်းဆိုလိုက်ခြင်းကလည်း နိုင်ငံတကာက တရားမျှတမှုမရှိတဲ့ ဆုံးဖြတ်ချက်ကို လစ်လျူရှုမှု မရှိကြောင်း ပြသလိုက်တာလည်း ဖြစ်ပါတယ်..။
တချိန်ထဲမှာပဲ အတိတ်ကလို ထိုင်းစစ်တပ်က မြန်မာအစိုးရနဲ့ လက်ဝါးချင်းရိုက်ပြီးဖြစ်စေ မသိကျိုးကျွံဖြစ်စေ ပြည်သူလူထုမှ ယုံကြည်မှုကင်းမဲ့ နေတဲ့
( ၂ )နိုင်ငံစစ်တပ်က စစ်ရေးဖန်တီးခြင်းဖြင့် စစ်တပ်ကို
လူထုက အားကိုးလာအောင် နိုင်ငံရေး မျက်လှည့် မပြဘူးဟု မည်သူအာမခံမည်လဲ။မည်သည့်အရာမဆို လျှော့တွက်လို့ 
မရသလို ပိုတွက်လို့ မရကြောင်း တောင်ကုန်းသိမ်း စစ်ပွဲလို
( ၂ )နိုင်ငံ နယ်ခြားပြဿသနာများက ထိုင်းလူထုကိုရော
မြန်မာလူထုကိုပါ နူရာဝဲစွဲ လဲရာသူခိုးထောင်းခဲ့သော
အဖြစ်အပျက်များ ရှိခဲ့ကြောင်း အတိတ်သမိုင်းက
သက်သေပြနေပါတယ်..။
တခြားတဖက်မှာလည်း စစ်တပ်က အာဏာသိမ်းထားတဲ့
ထိုင်းစစ်အစိုးရက ထိုင်းလူထုကို အကြောင်းအမျိုးမျိုးပြပြီး
ဒီမိုကရေစီအစား စစ်တပ်အုပ်ချုပ်ရေးကို သက်ဆိုးရှည်ဖို့ ကြိုးစားနေတာကြောင့် ထိုင်းသတင်းစာတွေရဲ့ 
အဆိုအရ ဒီအမှုဟာ တရားမျှတမှုမရှိကြောင်း ထိုင်းပြည်သူတွေက အခိုင်အမာ ယုံကြည်နေတယ်ဆိုတဲ့ အချက်အလက်ပါပဲ။
အဲဒီအထဲမှာ အမျိုးသားရေးအကြောင်းပြချက်နဲ့အပြစ်မဲ့
မြန်မာလူငယ် ( ၂ )ဦးက ဓားစာခံဖြစ်ရတယ်.။
၁၉၉၀ ခုနှစ် ၀န်းကျင် တိုင်းစစ်တပ် အာဏာသိမ်းစဉ်က မြန်မာကျောင်းသားတွေကို ဖမ်းဆီးထိမ်းသိမ်းခဲ့ပုံနဲ့ ခပ်ဆင်ဆင်တူတယ်..။ထိုင်းအစိုးရရဲ့ 
မျိုးချစ်စိတ်ကို ဗန်းပြပြီး ထိုင်းလူထုကို ထိုင်းစစ်တပ်က ဖိနှိပ်တာ အာရုံလွှဲနိုင်အောင် ကမ္ဘာကုလသမဂ္ဂ က အသိအမှတ်ပြုထားတဲ့ မြန်မာကျောင်းသားများအား
အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးထောင်ချခဲ့တယ်..။
ထိုင်းနိုင်ငံမှာ တရားဥပဒေကို လိုတမျိုး မလိုတမျိုး ပိုက်ဆံရှိရင်တမျိုး ကျောမွဲဆိုတမျိုးလုပ်နေတာကြောင့်
မြန်မာပြည်က တရားဥပဒေလို သူမသာ ကိုယ် အသုဘလို့ ပြောနိုင်တယ်..။ထိုင်းအစိုးရရဲ့ ဒီမိုကရေစီလိုလားတဲ့ ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသားတွေကို
မြန်မာစစ်အစိုးရ လက်ထဲ ဖမ်းဆီး လွှဲပြောင်းခဲ့မှုတွေ
အတိတ်မှာ အထင်အရှား ရှိခဲ့တယ်..။ဒီနေရာမှာ အဓိက တင်ပြချင်တဲ့အချက်ကတော့ ကိုယ့်လူမျိုးကို ကိုယ်တိုင်ဖိနှိပ်တဲ့ မြန်မာအစိုးရရဲ့ လုပ်ရပ်ကြောင့်
ဥပဒေရဲ့ အကာအကွယ်မဲ့ဘ၀ကို မြန်မာပြည်သူပြည်သား
တွေ ပြည်တွင်းမှာကော ပြည်ပမှာပါ ခါးခါးသီးသီး ကြုံတွေ့ ခဲ့ရတဲ့အပြင် ပြည်ပနိုင်ငံများက မြန်မာနိုင်ငံသားဆို တိရိစ္ဆာန်သာသာ ဆက်ဆံတာ ခံခဲ့ရတယ်..။
ထိုင်းနိုင်ငံအကျဉ်းစခန်းတွေမှာ ချုပ်ရက်စေ့ပြီး ဆက်လက်ထိမ်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသားတွေ
ထောင်သောင်းမက ရှိတာကိုထိုင်းနိုင်ငံမှာနေထိုင်စဉ် နိုင်ငံရေးမှုနဲ့ 
ထောင်ကျခံရစဉ် ကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့ မြင်ခဲ့ရတယ်..။
အာဏာရှိစဉ် ပွင့်လင်းမြင်သာမှု မရှိပဲ ဦးသိန်းစိန်.မြန်မာအစိုးရရဲ့ လူထုအပေါ်တာဝန်ယူမှု ကင်းမဲ့ မှုတွေအား နောက်တက်လာမဲ့ အစိုးရက ဆိုးကျိုးတွေ အမွေဆိုးရနေတယ်..လိပ်ကျွန်းလူသတ်မှုဖြစ်စဉ်ကို မြန်မာအစိုးရမှ အတိတ်ကာလမှာ တာဝန်ယူမှု ပျက်ကွက်ခဲ့တယ်ဆိုတဲ့ သတင်းများထွက်ပေါ်နေသလို ၊ အပစ်အခတ် မရပ်နိုင်သေးသော ပြည်တွင်းစစ် ၊ တရားမျှတမှု မရှိတဲ့
အကြမ်းဖက် ဖြိုခွင်း ဖမ်းဆီး ထိမ်းသိမ်းခံ လက်ပန်တန်း
ကျောင်းသားအရေး ၊တပ်မှ သိမ်းပိုက်ထားတဲ့ လယ်မြေများပျောက်ဆုံးယုံမက အရောင်းစားခံ သံယံဇာတတွေထဲက အပါအ၀င်ဖြစ်တဲ့ လက်ပံတောင်းတောင် ၊ မြစ်ဆုံ ပြဿသနာတွေ တန်းစီပြီး စောင့်နေတယ်....။
မျက်ကန်း မျိုးချစ် မဖြစ်ဖို့ နဲ့  ထောင်ခြောက်ထဲ ရောက်မသွားဖို့ 
သိပ်အရေးကြီးတဲ့ အသွင်သူးပြောင်းရေးကာလထဲ
ရောက်နေတယ် လို့ သုံးသပ်မိတယ်..ဆိုလိုတာက
အာဏာမှာ ယစ်မူးချင်သေးတဲ့ မီးစတဖက် ရေမှုတ်တဖက် အစိုးရဟာ လှေနံ နှစ်ဖက်နင်းချင်နေသလား ဆိုတာ ကမ္ဘာကြီးက စောင့်ကြည့်နေရသလို အာဏာရှင်
လက်ကိုင်ဒုတ်တွေဟာ အစိုးရသစ်တက်လာရင် ခုံနေရာပျောက်မှာမို့ ဆင်ကြံကြံနိုင်တဲ့ အခြေအနေများ မြင်တွေ့ နေရတယ်..ပြည်တွံင်း ပြည်ပ
စွမ်းအားရှင်တွေဟာ မုန်တိုင်းမလာခင် ငြိမ်သက်မှုမျိုးနဲ့ 
တိုင်းပြည်ကို လမ်းကြောင်းလွဲထဲတွန်းပို့ ချင်နေသေးသလို
ပြဿသနာအသစ်တွေကို ဖန်တီးပြီး အမေကျော် ဒွေးဒေါ်
လွမ်းချင်နေသေးတယ်..။
၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေထဲက တိုင်းပြည်ရဲ့ အချုပ်အခြာ
အာဏာကို ကြိုးကိုင်မဲ့ ကာလုံ အခန်းကဏ္ဍက တိုင်းပြည်ကို ခြိမ်းခြောက်နေသလို အတိတ်က လက်ညှိုးထိုး
ရောင်းချခဲ့တဲ့ သယံဇာတတွေက နိုင်ငံရဲ့ အနာဂတ် အိမ်မက်အား တစ္ဆေခြောက်တာခံနေရပါတယ်..။
မည်သို့ ပင် ဖြစ်စေကာမူ လူထုမှ ပြတ်ပြတ်သားသား
မဲပေးပြီး ၂၀၁၅ ရွေးကောက်ပွဲက တက်လာတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား
ဒီမိုကရေစီအဖွဲ့ ချုပ်ကို လူထုက ၀ိုင်းရံပြီး ဖယ်ဒရယ် ဒီမိုကရေစီနိုင်ငံတော်သစ်ကို တည်ဆောက်ဖို့ ပြည်သူလူထုမှ ဆုံးဖြတ်ပြီးသားဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်အတိုင်း အစိုးရနဲ့ အတိုက်အခံအကြား အာဏာလွှဲပြောင်းရေး မစတင်မီ စပ်ကူးမတ်ကူးကာလမှာ့ မည်သည့်အခက်အခဲမဆို အခြေအနေ အချိန်အခါကို ကြည့်ပြီး ငြိမ်းချမ်းရေးကို ရှေ့ ရှုကာ နိုင်ငံရေး
အသိ မျိုးချစ်စိတ် သတိဖြင့် ပညာသားပါပါ ပူးပေါင်းဆောင်ရွက်အဖြေရှာသွားဖို့ လိုကြောင်း တိုက်တွန်းရေးသားလိုက်ရပါတယ်..။
နှစ်သစ်မှာ အမိမြန်မာပြည် ငြိမ်းချမ်းသာယာ ပြောင်းလဲ
တိုးတက်ပါစေ..။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
+အောင်ခိုင်မြင့်+
၃၀ ဒီဇင်ဘာလ ၂၀၁၅

Wednesday, December 30, 2015
Subscribe to:
Post Comments (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)
No comments:
Post a Comment